နိုး
နိုး ၊ ကျွန်တော် မလုပ်ချင်ဘူး။
နိုး ၊ အဲ့ဒီဆောင်းပါးကို အလကား မရေးပေးချင်ဘူး။
နိုး ၊ အင်္ဂါနေ့မှာ ကျွန်တော် အားမနေဘူး။
နိုး ၊ နောက်ထပ် သောက်စရာ မလိုတော့ဘူး။
နိုး ၊ အဲ့ဒီအချက်မှာတော့ ကျွန်တော် ခင်ဗျားနဲ့ သဘောမတူဘူး။
နိုး ၊ ကျွန်တော် ခံစားနေရတဲ့ ဝေဒနာကနေ ချက်ချင်းကြီး ရုန်းထွက်နိုင်ဖို့ဆိုတာ အမြဲတမ်း မဖြစ်နိုင်ဘူး။
နိုး ၊ ကျွန်တော် မမြင်လိုက်တဲ့ မက်ဆေ့ခ်ျကို ပြန်မဖြေမိတာဟာ ရိုင်းပျတာ မဟုတ်ဘူး။
နိုး ၊ အဆင်ပြေမယ်ဆိုရင် ခင်ဗျားနဲ့ အတူတူ အလုပ်မတွဲလုပ်ချင်ဘူး။
နိုး ၊ ကျွန်တော်က အရည်အချင်း လျှော့ချနေတာ မဟုတ်ဘူး။
နိုး ၊ ဇူလိုင်လထဲမှာ ဘယ်ရက်မှ မအားဘူး။
နိုး ၊ ခင်ဗျားရဲ့ လက်ကမ်းစာဆောင် တွေ မလိုချင်ဘူး။
နိုး ၊ ဆက်ပြီး မကြည့်ချင်တော့ဘူး။
နိုး ၊ ကျွန်တော့်ရဲ့ ကြင်နာတတ်မှုဟာ အားနည်းချက် မဟုတ်ဘူး။
နိုး ၊ သူတို့က နောက်ထပ် ဘီးတဲလ်စ်အဖွဲ့ မဟုတ်ကြပါဘူး။
နိုး ၊ ခင်ဗျားရဲ့ အဓိပ္ပာယ်မရှိတဲ့ စော်ကားမှုတွေကို ကျွန်တော် အောက်ကျို့ခံမှာ မဟုတ်ဘူး။
နိုး ၊ ကျွန်တော်ဟာ ယောကျာ်းတစ်ယောက် ဖြစ်နေလို့ မငိုရဘူးဆိုတာမျိုး မဟုတ်ဘူး။
နိုး ၊ ခင်ဗျားရောင်းနေတာကို ကျွန်တော် ဝယ်ဖို့ မလိုဘူး။
နိုး ၊ ကိုယ့်အတွက်ကိုယ် အချိန်ပေးရတာကို ကျွန်တော် မရှက်ဘူး။
နိုး ၊ ကျောင်းတုန်းကတောင် စကားတစ်ခွန်းမှ မပြောခဲ့ကြတဲ့ ခင်ဗျားတို့ရဲ့ ကျောင်းကန်တော့ပွဲကို ကျွန်တော် လာမှာ မဟုတ်ဘူး။
နိုး ၊ ကျွန်တော်ဟာ ကျွန်တော်ဖြစ်နေရတဲ့အတွက် ဘယ်တော့မှ ထပ်ပြီး တောင်းပန်နေမှာ မဟုတ်တော့ဘူး။
နိုး
"နိုး " ဆိုတာ ကောင်းမွန်တဲ့ စကားလုံးတစ်လုံးပါ။ အဲ့ဒါက မိတ်ေဆွကို စိတ်ကျန်းမာအောင် ထိန်းကျောင်းပေးပါတယ်။ အရာရာ စံလွန်နေတဲ့ ဒီခေတ်ကြီးထဲမှာ "နိုး " လို့ ပြောလိုက်ခြင်းဟာ တကယ်တော့ ကိုယ့်ကိုယ်ကိုယ်အတွက် "ရက်စ်" လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။ အဲ့ဒါဟာ သင့်ဘဝအတွက် လိုအပ်တဲ့ ကိုယ်ပိုင်နေရာ ရရှိဖို့အတွက် "ရက်စ်" လို့ ဝန်ခံလိုက်ခြင်းပါပဲ။
Comments
Post a Comment