"သင်ဟာ မြေကြီးနဲ့ ဖန်တီးထားတာမို့ နှိမ့်ချမှုရှိပါ။ သင်ဟာ ကြယ်စင်တွေနဲ့ ဖန်တီးထားတာမို့ မြင့်မြတ်မှုရှိပါ။" (ဆားဘီးယား စကားပုံ)
__________________________________________________________________________________
ဝင်္ကပါ
ဝင်္ကပါတစ်ခုထဲကနေ ပထမဆုံးအကြိမ် ကြိုးစားရုံနဲ့ လွတ်မြောက်ဖို့ဆိုတာ ခဲယဉ်းလွန်းပါတယ်။ ကျွန်တော်တို့ ဝင်္ကပါထဲမှာ ပိတ်မိနေတဲ့အခါ လမ်းပျောက်အောင် လုပ်ခဲ့တဲ့ လမ်းဟောင်းအတိုင်း လိုက်နေရုံနဲ့တော့ လွတ်မြောက်မှာ မဟုတ်ဘူး။ လမ်းကြောင်းသစ်တွေကို ကြိုးစားကြည့်မှသာ ဝင်္ကပါထဲကနေ လွတ်မြောက်နိုင်မှာပါ။
လမ်းပိတ်နေတဲ့နေရာကို ရောက်သွားတဲ့အခါ ကျွန်တော်တို့ဟာ ရှုံးနိမ့်သွားတယ်လို့ မခံစားသင့်ပါဘူး။ တကယ်တော့ အဲ့ဒီလို ကြုံရတာကိုတောင် ကျေးဇူးတင်ရမှာပါ။ ဘာလို့လဲဆိုတော့... နောက်ထပ် ထပ်ပြီးသွားစရာ မလိုတော့တဲ့ လမ်းပိတ်တစ်ခုကို ကျွန်တော်တို့ သိသွားပြီလေ။ လမ်းပိတ်တွေ၊ လမ်းဆုံးတွေ တစ်ခုချင်းစီဟာ ကျွန်တော်တို့ကို ဝင်္ကပါထဲကနေ လွတ်မြောက်အောင် ကူညီပေးနေတာပါ။ ဘယ်လမ်းက မှန်သလဲဆိုတာ သိဖို့အတွက် လမ်းအမှားအချို့ကို အရင်လျှောက်ကြည့်ဖို့ လိုအပ်ပါတယ်။
Comments
Post a Comment