Skip to main content

စကားလုံးများ (အပိုင်း - ၂)





စကားလုံးများ (အပိုင်း - ၂)

ဟုတ်ပါတယ်။ စကားလုံးတွေဟာ အရေးကြီးပါတယ်။

စကားလုံးတွေက နာကျင်စေနိုင်သလို၊ ကုသပေးနိုင်ပြီး နှစ်သိမ့်မှုလည်း ပေးနိုင်ပါတယ်။

ကျွန်တော့်ဘဝမှာ စကားမပြောနိုင်ခဲ့တဲ့ အချိန်ကာလတစ်ခု ရှိခဲ့ဖူးတယ်။ ကျွန်တော့်ရဲ့ စိတ်ကျဝေဒနာက အရမ်းကို လေးလံလွန်းလို့ လျှာတောင် မလှုပ်နိုင်ခဲ့တဲ့ အချိန်ပေါ့။ ကျွန်တော့်ရဲ့ ပွင့်ဟနေတဲ့ နှုတ်ခမ်းဝနဲ့ စိတ်ထဲက မုန်တိုင်းထန်နေတဲ့ နေရာကြားက အကွာအဝေးဟာ အရမ်းကို ဝေးကွာလွန်းနေသလို ခံစားခဲ့ရတဲ့ အချိန်ပါ။

တစ်ခါတလေမှာတော့ စကားလုံးတစ်လုံးတိုလေးတွေကိုတောင် အနိုင်နိုင် ပြောခဲ့ရတယ်။ ခေါင်းညိတ်ပြနိုင်တယ် ။ တိုးတိုးလေးပဲ ရေရွတ်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အသံဟာ ရေအောက်ထဲမှာ ရောက်နေသလိုမျိုး ဒါမှမဟုတ် ရုပ်ရှင်ထဲက အနှေးပြကွက်တွေအတိုင်း ဖြစ်နေခဲ့တယ်။ ကျွန်တော် လမ်းပျောက်နေခဲ့တာပါ။

စကားပြောချင်စိတ် ရှိလာတယ်ဆိုတာ ရှင်သန်ချင်စိတ် ရှိလာတာနဲ့ အတူတူပါပဲ။ အဲ့ဒီလို စိတ်ဓာတ်အကျဆုံး အချိန်တွေမှာတော့ ကျွန်တော်ဟာ အဲ့ဒီနှစ်ခုစလုံးကို မလိုချင်ခဲ့ဘူး။ ကျွန်တော် ဖြစ်ချင်ခဲ့တာက... အဲ့ဒီလို ရှင်သန်ချင်စိတ် ရှိချင်တဲ့ ဆန္ဒလေး ရှိလာဖို့ပါပဲ ။ 

မိတ်ဆွေ ...ဒါကို နားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

ကျောင်းတုန်းက Maya Angelou ရဲ့ I Know Why the Caged Bird Sings စာအုပ်ကို ဖတ်ခဲ့ရတာ သတိရမိတယ်။ သူဟာ ငယ်စဉ်ကလေးဘဝတုန်းက သူမရဲ့ မိခင်ဖြစ်သူရဲ့ ရည်းစားဖြစ်သူ Mr. Freeman ရဲ့ အဆိုးဝါးဆုံး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခြင်းကို ခံခဲ့ရပြီးတဲ့နောက် ငါးနှစ်တိုင်တိုင် စကားမပြောဘဲ နေခဲ့တဲ့အကြောင်း ဖတ်ခဲ့ရတယ်။ အဲ့ဒီလူကို သူမရဲ့ ဦးလေးတွေက သတ်ပစ်လိုက်တဲ့အခါမှာ အသက် ၈ နှစ်အရွယ် Maya လေးဟာ အဲ့ဒီလူသေဆုံးမှုအတွက် အပြစ်ရှိသလို ခံစားရပြီး နှစ်ပေါင်းများစွာ စကားမပြောတော့ဘဲ ဆွံ့အသူတစ်ယောက်လို ဖြစ်သွားခဲ့တာပါ။

ဒါပေမဲ့ မိသားစုသူငယ်ချင်းလည်းဖြစ်၊ ဆရာမလည်းဖြစ်တဲ့ Bertha Flowers ကတစ်ဆင့် Maya ဟာ စာရေးဆရာကြီးတွေရဲ့ လက်ရာတွေနဲ့ ထိတွေ့ခွင့်ရခဲ့တယ်။ သူမဟာ Edgar Allan Poe, Charles Dickens, Shakespeare တို့အပြင် ကဗျာဆရာမတွေဖြစ်တဲ့ Georgia Douglas Johnson နဲ့ Frances Harper တို့ရဲ့ စာတွေကို ဖတ်ရှုခဲ့တယ်။ တဖြည်းဖြည်းနဲ့ စာဖတ်ခြင်း၊ သင်ယူခြင်းတွေကတစ်ဆင့် Maya ဟာ သူမရဲ့ အသံကို ပြန်ရှာတွေ့ခဲ့ပြီး အဲ့ဒီအသံကို ဘယ်တော့မှ လက်မလွှတ်တော့ပါဘူး။ ၁၉၆၀ ခုနှစ်တွေရဲ့ နှောင်းပိုင်းမှာတော့ တစ်ချိန်က ဆွံ့အခဲ့တဲ့ မိန်းကလေးဟာ လူမည်းအခွင့်အရေး လှုပ်ရှားမှု (Civil Rights Movement) ရဲ့ အဓိက အသံရှင်ကြီး ဖြစ်လာခဲ့ပါတယ်။ သူမရဲ့ အသံဟာ သူမကိုယ်တိုင်အတွက်တင်မကဘဲ လူမျိုးရေး ခွဲခြားမှုကို ရင်ဆိုင်နေရတဲ့ သန်းပေါင်းများစွာသော လူသားတွေအတွက်ပါ ကိုယ်စားပြု ပြောဆိုပေးခဲ့တာ ဖြစ်ပါတယ်။

ဘာသာစကားဟာ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေကို ထုတ်ဖော်ပြောဆိုဖို့၊ လောကကြီးနဲ့ ပြန်လည်ချိတ်ဆက်ဖို့၊ ကိုယ့်ဘဝနဲ့ တခြားသူတွေရဲ့ ဘဝကို ပြောင်းလဲပစ်ဖို့အတွက် အစွမ်းသတ္တိကို ပေးပါတယ်။ "ကိုယ့်အတွင်းစိတ်ထဲမှာ ထိန်ချန်ထားရတဲ့ ပြောမထွက်တဲ့ ပုံပြင်တစ်ပုဒ်ကို သယ်ဆောင်ထားရတာထက် ပိုပြီး ဆိုးဝါးတဲ့ ဝေဒနာဆိုတာ မရှိတော့ဘူး" လို့ Maya Angelou က ရေးခဲ့ပါတယ်။ တိတ်ဆိတ်ငြိမ်သက်နေခြင်းဟာ နာကျင်မှုတစ်ခုပါပဲ။ ဒါပေမဲ့ အဲ့ဒီနာကျင်မှုမှာ ထွက်ပေါက်ရှိပါတယ်။ ကျွန်တော်တို့ စကားမပြောနိုင်တဲ့အခါ စာရေးနိုင်ပါတယ်။ စာမရေးနိုင်တဲ့အခါ စာဖတ်နိုင်ပါတယ်။ စာမဖတ်နိုင်တဲ့အခါ တခြားသူတွေရဲ့ စကားကို နားထောင်နိုင်ပါတယ်။ စကားလုံးတွေဟာ မျိုးစေ့တွေပါပဲ။ ဘာသာစကားဟာ ဘဝဆီကို ပြန်သွားမယ့် လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ အဲ့ဒါဟာ တစ်ခါတလေမှာ ကျွန်တော်တို့မှာ ရှိနေတဲ့ အရေးကြီးဆုံးသော နှစ်သိမ့်မှုလည်း ဖြစ်ပါတယ်။

TN // ဒါကြောင့် ပန်းဆက်လမ်းက ဆောင်ပုဒ်လေးကို မီသဘောကျတာ။ စာဖတ်ပါ။ မျှော်လင့် ချက်ထားပါ ဆိုတာ... ဘာမှ မလုပ်နိုင်ရင်တောင် AUDIO DRAMA လေးတွေပဲ ဖြစ်ဖြစ် ၊ အဆုံးဆို ပါချုပ်ဆရာတော် ကြီးတရားတွေ နားထောင်တာမျိုး ၊ မဟုတ်ရင်လည်း အသံအေးအေးလေးနဲ့ ရွတ်နေတဲ့ သုတ္တံတွေ နားထောင်တာမျိုး အခုနောက်ပိုင်းဆို တိဗက်က တရားသံတွေ နားထောင်ရတာလည်း သဘောကျလာတယ်။ 

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...