Skip to main content

သင့်စိတ်အာရုံထဲကနေ ရုန်းထွက်ရာလမ်းဟာ ပြင်ပလောကကြီးဆီမှာ ရှိပါတယ်





သင့်စိတ်အာရုံထဲကနေ ရုန်းထွက်ရာလမ်းဟာ ပြင်ပလောကကြီးဆီမှာ ရှိပါတယ်

လူဒဝစ် ဗန် ဘီသိုဗင် (Ludwig van Beethoven) အသက် ၃၂ နှစ်အရွယ်မှာ သူ၏ နားမကြားခြင်းဝေဒနာဟာ အရှိန်အဟုန်နဲ့ ပိုဆိုးလာခဲ့ပါတယ်။ သူဟာ သူ့ရဲ့ ညီအစ်ကိုတွေဆီကို စာတစ်စောင်ရေးခဲ့ပြီး... လူတွေက သူ့ကို "စိတ်ပုပ်သူ၊ ခေါင်းမာသူ ဒါမှမဟုတ် လူမုန်းတီးသူ" လို့ ဝိုင်းပြီး အပြစ်တင်နေကြတဲ့အပေါ် သူခံစားရတဲ့ စိတ်ပျက်အားငယ်မှုကို ဖွင့်ပြောခဲ့ပါတယ်။ တကယ်တမ်းမှာတော့ သူဟာ သူ့ရဲ့ နားမကြားတော့မယ့် အခြေအနေကြောင့် အတွင်းစိတ်ထဲမှာ အလွန်အမင်း ရုန်းကန်နေရရှာတာ။

ဂီတတွေ အများကြီး မဖန်တီးနိုင်တော့တဲ့အတွက် သူကိုယ်သူ မျှော်လင့်ချက်မရှိတော့သူ လို့တောင် ရေးသားခဲ့ပါသေးတယ်။ (ဒါဟာ ရှိတ်စပီးယားက Hamlet ပြဇာတ်ကို ရေးဖို့ အချိန်နည်းနည်း ကြာနေတာကြောင့် သူကိုယ်သူ အပျင်းထူတဲ့သူလို့ ခေါ်နေတာနဲ့ အတူတူပါပဲ။) ဘီသိုဗင်ဟာ သူတောရွာတွေဘက် ရောက်နေတုန်းက သိုးကျောင်းသားတစ်ယောက် သီချင်းဆိုနေတာ ဒါမှမဟုတ် တစ်ယောက်ယောက် ပုလွေမှုတ်နေတာကို သူတစ်စက်မှ မကြားခဲ့ရတဲ့ အချိန်တွေကို ပြန်သတိရမိပါတယ်။ အဲ့ဒီလို အဖြစ်အပျက်တွေက သူ့ကို စိတ်ပျက်အားငယ်စေပြီး...

"ကျွန်တော့်ဘဝကို ကျွန်တော် ကိုယ်တိုင် အဆုံးသတ်ပစ်မိတော့မလိုပါပဲ။ ဒါပေမဲ့ အနုပညာ တစ်ခုတည်းကသာ ကျွန်တော့်ကို ဆွဲထားခဲ့တာပါ။ ကျွန်တော့်ရဲ့ အတွင်းသန္တာန်ကနေ ဖန်တီးပေးဖို့ တောင်းဆိုနေတဲ့ အနုပညာတွေ အားလုံးကို မဖန်တီးရသေးဘဲနဲ့ ဒီလောကကြီးကနေ ထွက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျွန်တော် ခံစားခဲ့ရတယ်..."

'အနုပညာ' တစ်ခုတည်းကသာ သူ့ကို ဆွဲထားခဲ့တာပါ။

ဒါကြောင့် သူဟာ အသက်ရှင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဂီတပညာရှင်တစ်ယောက်အတွက် အဆိုးရွားဆုံး နှိပ်စက်မှုဖြစ်တဲ့ နားမကြားခြင်း ဝေဒနာ ပိုဆိုးလာချိန်မှာတောင် သူဟာ ဆက်လက်ဖန်တီးခဲ့ပါတယ်။ တကယ်တမ်းတော့ သူရဲ့ အကောင်းဆုံးလက်ရာတွေထဲက တစ်ခုဖြစ်တဲ့ "Moonlight Sonata" လိုမျိုး နက်ရှိုင်းပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ဂီတတွေကို သူလုံးဝ နားမကြားတော့တဲ့ အချိန်မှာမှ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

• • •

ကမ္ဘာပေါ်မှာ လူသိအများဆုံး ဂီတတွေကို ဖန်တီးခဲ့တဲ့သူဟာ အဲ့ဒီဂီတတွေရဲ့ အသံကို ကိုယ်တိုင်မကြားခဲ့ရဘူးဆိုတာ တကယ့်ကို ဝမ်းနည်းစရာ အတွေးတစ်ခုပါ။ ဒါပေမဲ့ သူ့မှာ စိတ်အားထက်သန်မှု (Passion) ရှိခဲ့တယ်။ အနုပညာသမိုင်းတစ်လျှောက်မှာ Emily Dickinson ကနေ Georgia O’Keeffe အထိ နုနယ်တဲ့ စိတ်နှလုံးရှိသူတွေဟာ သူတို့ဖန်တီးတဲ့ အနုပညာတွေကနေတစ်ဆင့် စိတ်သက်သာရာရမှုနဲ့ ဘဝရည်မှန်းချက်တွေကို ရရှိခဲ့ကြတာချည်းပါပဲ။

ကျွန်တော်တို့ဟာ ဘီသိုဗင်လိုမျိုး ပီယာနိုတေးသွားတွေ ရေးစပ်နေဖို့ မလိုပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ လိုအပ်တာကတော့ ကိုယ့်ရဲ့ ဝါသနာတစ်ခုခုထဲမှာ စိတ်နှစ်ထားဖို့ပါပဲ။ အဲ့ဒါဟာ ကိုယ့်ရဲ့ အတွင်းထဲက စိတ်ပူပန်မှုတွေ ရဲ့ အပြင်ဘက်မှာရှိတဲ့ ဘယ်အရာမဆို ဖြစ်နိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော် စိတ်ပူပန်မှုတွေ (Anxiety) အရမ်းများနေတဲ့အချိန်မှာ Game of Thrones ဇာတ်လမ်းတွဲကို အသည်းအသန် စွဲစွဲမြဲမြဲ ကြည့်လိုက်ခြင်းအားဖြင့် အဲ့ဒီဝေဒနာထဲကနေ ရုန်းထွက်နိုင်ခဲ့တာ တကယ်ပါပဲ။

"စူးစမ်းလိုစိတ်" (Curiosity) နဲ့ "စိတ်အားထက်သန်မှု" (Passion) တို့ဟာ စိတ်ပူပန်မှု (Anxiety) ရဲ့ ရန်သူတွေပါပဲ။ ကျွန်တော် စိတ်ပူပန်မှုတွင်းထဲကို နက်နက်ရှိုင်းရှိုင်း ကျဆင်းနေချိန်မှာတောင်... ကျွန်တော့်ရဲ့ အပြင်ဘက်က အရာတစ်ခုခု ဂီတ၊ အနုပညာ၊ ရုပ်ရှင်၊ သဘာဝတရား၊ စကားစမြည်ပြောခြင်း သို့မဟုတ် စာသားများအပေါ်မှာ အလုံအလောက် စူးစမ်းလိုစိတ် ရှိလာပြီဆိုရင် အဲ့ဒါက ကျွန်တော့်ကို ပြန်ဆွဲတင်ပေးနိုင်ပါတယ်။

သင့်ရဲ့ အကြောက်တရားလောက် ကြီးမားတဲ့ ဝါသနာတစ်ခုကို ရှာဖွေလိုက်ပါ။

သင့်စိတ်အာရုံထဲကနေ ရုန်းထွက်ရာလမ်းဟာ ပြင်ပလောကကြီးဆီမှာ ရှိပါတယ်။

TN // အဲ့ဒါကြောင့် တစ်ခုခု ကို သင်ယူ (stress မဖြစ်စေတဲ့ အသစ်တစ်ခုခုပေ့ါလေ) ၊ မဟုတ်လည်း ဘာတွေလုပ်ရတာ ကြိုက်လဲ ။ အဲ့ဒါတွေ လုပ်နေသ‌ရွေ့ ဟို မီးလောင်နေရင်တောင် ‌ဒန်းစီးနေတဲ့ မီမီလိုပဲ... ကိုယ့် 
ဘာသာကိုယ် ကိုယ့် ကမ္ဘာလေးထဲ သာယာနေစေတယ်။ 

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

1

ညင်းသဲ့လေသွေး ခေါ်ဆောင်ယူရာ အရပ်၌… မြတ်နိုးခြင်းများ ဦးဆွေးဆံမြည့် *** အပိုင်း (၁) အာ...သူ သေဆုံးသွားခဲ့ပြီပဲ... မြူတွေဆိုင်းနေတဲ့ ဝန်းကျင်မှာ လဲလျောင်းငြိမ်သက်နေတဲ့ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တယ်။ ပါးနှစ်ဖက်ဟာ ချိုင့်ခွက်လျက်...မျက်ကွင်းတွေက ခပ်နက်နက် ဖြစ်နေပြီးညိုမည်းနေတယ်။ နှုတ်ခမ်းတွေဟာလည်း အအေးဓာတ်ကြောင့်ပြာနှမ်းလို့... အမြဲတမ်း ပန်းရောင်ဆားခဲလို ဖြစ်ခဲ့တဲ့ သူ့အသားအရေတွေဟာလည်း သွေးမရှိသလို ဖြူဆုတ်ပြီး...သူ့ဆံပင်တွေဟာ ကျဲပါးလွန်းတာ‌ကြောင့် ဦးရေပြားကိုတောင် မြင်နေရတယ်။ သူငိုချင်သွားတယ်။ ဒီလို ပုံဆိုးပန်းဆိုးပုံစံကြီးနဲ့ ခမ်းလျန်နား နေခဲ့တာတဲ့လား။ ဒါကိုတောင် ခမ်းလျန်က ကြင်ကြင်နာနာ နဲ့ အနမ်းလေးတွေပေးခဲ့တာတဲ့လား။ ဘုရားရေ...ခမ်းလျန် ။ ခမ်းလျန် သူနဲ့တူတူရှိနေခဲ့တာ။ မြူတွေကြားထဲမှ သူ့ခန္ဓာကိုယ်ကို ဖက်ထားဆဲဖြစ်တဲ့ လက်ဖြူဖြူလေး။ လက်သည်းတွေဟာ တုံးတိတိဖြစ်လျက် ပိုးသတ်ဆေးတွေကြောင့် အရေခွံတွေ လန်ကာ ခပ်ကြမ်းကြမ်းဖြစ်နေတဲ့ လက်ချောင်းထိပ်လေးတွေ။ မဖြစ်ရဘူး။ မဖြစ်ရဘူး လို့ သူ့စိတ်ထဲ အော်ဟစ်ပြီး ခမ်းလျန်ကို ငုံ့မိုးကြည့်မိတယ်။ ထိတ်လန့်တုန်လှုပ်စိတ်နဲ့ သူ့ကို ကျစ်နေအောင် ဖက်ထားတဲ့ ခမ်းလျန်ကိုပုတ်နှိုး...