ဆိုးဝါးတဲ့နေ့ရက်တွေမှာ သတိရနေဖို့
ဒီအခြေအနေဟာ ထာဝရ တည်မြဲနေမှာ မဟုတ်ပါဘူး။
မိတ်ဆွေကလေ တခြားသော ခံစားချက်တွေကိုလည်း ခံစားခဲ့ဖူးတယ်လေနော် ။ နောက်ထပ် ခံစားချက်အသစ်တွေကိုလည်း ထပ်ပြီး ခံစားရဦးမှာပါ။
စိတ်ခံစားချက်တွေဆိုတာ ရာသီဥတုလိုပါပဲ။ သူတို့က အမြဲတမ်း ပြောင်းလဲရွေ့လျားနေတတ်တာ။ တိမ်တိုက်တွေဟာ ကျောက်တုံးတွေလို ငြိမ်သက်နေတယ်လို့ ထင်ရတတ်ပါတယ်။ ကျွန်တော်တို့ သူတို့ကို ကြည့်တဲ့အခါ ဘာမှပြောင်းလဲမသွားသလို ထင်ရပေမဲ့... တကယ်တော့ သူတို့ဟာ အမြဲတမ်း ရွေ့လျားနေကြတာပါ။
ဘယ်လို အတွေ့အကြုံမျိုးမှာမဆို အဆိုးဝါးဆုံးအပိုင်းကတော့ "ငါတော့ ဆက်ပြီး တောင့်မခံနိုင်တော့ဘူး" လို့ ခံစားရတဲ့ အပိုင်းပါပဲ။ ဒါကြောင့်... မိတ်ဆွေက "ငါတော့ ဆက်ပြီး တောင့်မခံနိုင်တော့ဘူး" လို့ ခံစားနေရပြီဆိုရင်၊ အဆိုးဆုံးအမှတ်ကို ရောက်နေပြီလို့ ပြောလို့ရပါတယ်။ အဲ့ဒီနောက်မှာ မိတ်ဆွေ ထပ်ပြီး ကြုံတွေ့ရမယ့် ခံစားချက်မှန်သမျှဟာ အခုခံစားချက်ထက်စာရင် ပိုပြီး ကောင်းမွန်လာဖို့ပဲ ရှိပါတော့တယ်။
မိတ်ဆွေ ဟာ အခုထိ ဒီမှာ ရှိနေဆဲပါ။ အဲ့ဒီအချက်ကပဲ အရာရာကို ကိုယ်စားပြုပါတယ်။
သင် ရှိနေခြင်းဟာ အောင်မြင်မှုပါပဲ။
Comments
Post a Comment