Skip to main content

အနာဂတ်အတွက် မှတ်စုတို





အနာဂတ်အတွက် မှတ်စုတို

ကျွန်တော်တို့ရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ မလုံခြုံမှုတွေဟာ အထူးသဖြင့် အနောက်နိုင်ငံတွေမှာပေါ့ 
"အနာဂတ်မှာ ဘာပြဿနာမှ မရှိစေရဘူး" ဆိုတဲ့ ကျွန်တော်တို့ရဲ့ တောင်းဆိုချက်ကြောင့် ဖြစ်ပေါ်လာတာပါ။ ဒါပေမဲ့ အဲ့ဒီလို အာမခံချက်မျိုးကို ကျွန်တော်တို့ ဘယ်တော့မှ ရနိုင်မှာမဟုတ်ပါဘူး။ အနာဂတ်ဆိုတာ... သူ့လက်ထဲမှာ ဘောပင်ကို ကိုင်ထားပြီး အဲ့ဒီလို ပြဿနာမရှိစေရဘူးဆိုတဲ့ စာချုပ်မျိုးကို လက်မှတ်ထိုးပေးဖို့ အပြတ်အသတ် ငြင်းဆိုနေတဲ့သူတစ်ယောက်လိုပါပဲ။

အရှေ့တိုင်း ဒဿနနဲ့ ဝိညာဉ်ရေးရာတွေရဲ့ လွှမ်းမိုးမှုကို အများကြီးခံထားရတဲ့ ဗြိတိသျှ ဒဿနပညာရှင် အလန် ဝပ်တ်စ် (Alan Watts) က အနာဂတ်ဆိုတာ ပင်ကိုယ်သဘာဝအရကို "မသိနိုင်တဲ့အရာ" ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ကို သတိပေးခဲ့ပါတယ်။ 

"တကယ်လို့... ကျွန်တော်တို့ဟာ အာမခံချက်ရှိတဲ့အနာဂတ် ရှိမှပဲ ပျော်ပျော်ရွှင်ရွှင် နေနိုင်မယ်ဆိုရင်တော့... ကျွန်တော်တို့ဟာ ဒီကမ္ဘာလောကကြီးမှာ ရှင်သန်ဖို့အတွက် အံဝင်ခွင်ကျ မဖြစ်သေးပါဘူး။ ဘာလို့လဲဆိုတော့ ဒီလောကမှာ ဘယ်လောက်ပဲ အစီအစဉ်ကောင်းတွေ ဆွဲထားပါစေ... မတော်တဆမှုတွေက ဖြစ်လာနိုင်သလို၊ နောက်ဆုံးမှာလည်း သေခြင်းတရားက ရောက်လာဦးမှာမို့လို့ပါပဲ" တဲ့။

တစ်နည်းအားဖြင့် ပြောရရင်တော့... 
ပျော်ရွှင်ဖို့အတွက် "အနာဂတ်မှာ ဆင်းရဲဒုက္ခတွေ ကင်းစင်နေရမယ်" လို့ ကျွန်တော်တို့က တောင်းဆိုနေသရွေ့ ကျွန်တော်တို့ ပျော်နိုင်မှာ မဟုတ်ပါဘူး။ 

အဲ့ဒါဟာ ပင်လယ်ပြင်ကြီး လုံးဝငြိမ်သက်သွားတော့မှ ရွက်လွှင့်မယ်လို့ ဇွတ်အတင်း တောင်းဆိုနေတာနဲ့ တူတူပါပဲ။

TN // မြတ်စွာ ဘုရား ပြောသလိုပေ့ါ ။ ဒုက္ခက နေရာတိုင်းမှာ ရှိတယ်။ မရှိတော့ အောင် လုပ်လို့မရဘူး။ ရှိနေတဲ့ ဒုက္ခကြောင့် အရမ်း မခံစားရအောင်ပဲ ကြိုးစားလို့ရမှာ။
ဒီခေတ်အနေနဲ့ ကတော့ Dancing with the problems ပေ့ါ 😁


Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...