သင့်ရဲ့ ချပ်ဝတ်တန်ဆာကို စစ်ဆေးကြည့်ပါ
မိတ်ဆွေရဲ့ စိတ်ပိုင်းဆိုင်ရာ ချပ်ဝတ်တန်ဆာဟာ သင့် ကို တကယ်ပဲ ကာကွယ်ပေးနေတာလား၊ ဒါမှမဟုတ် သင် လှုပ်ရှားလို့မရအောင်အထိ လေးလံလွန်းနေတာလားဆိုတာကို ပြန်ပြီး စစ်ဆေးကြည့်ပါ။
________________________________________________________________________
"သင့်ရဲ့ ပြဿနာကတော့... သင့်ဆီကို ထုတ်ပေးလိုက်တဲ့ ဒီတစ်ခုတည်းသော အဖိုးတန်လှတဲ့ ဘဝကို ဘယ်လိုမျိုး အသုံးချမလဲဆိုတဲ့ နည်းလမ်းပါပဲ"
ကြည့်ကောင်းအောင် ဟန်ဆောင်ရင်း၊ အခြေအနေအရပ်ရပ်အပေါ်မှာ ငါထိန်းချုပ်နိုင်စွမ်းရှိတယ်ဆိုတဲ့ လှည့်စားမှုတွေကို ဖန်တီးရင်းနဲ့ပဲ အချိန်ကုန်ဆုံးမလား။ ဒါမှမဟုတ် ဘဝရဲ့ အရသာကို တကယ်ပဲ မြည်းစမ်းကြည့်မလား၊ ပျော်ပျော်ရွှင်ရွှင် နေထိုင်မလား။ ပြီးတော့ သင်ဟာ တကယ်တမ်း ဘယ်သူလဲဆိုတဲ့ အမှန်တရားကို ရှာဖွေသွားမလား... အဲ့ဒါပါပဲ။"
Anne Lamott, Berkeley commencement address
_______________________________________________________________________
လူသားတစ်ယောက်၏ ဖြစ်တည်မှု
မိတ်ဆွေ...
သင့် ရဲ့ တန်ဖိုးဆိုတာ...သင် ကိုယ်တိုင်ပါပဲ။ သင့်ရဲ့ တန်ဖိုးဟာ သင့်ရဲ့ ဖြစ်တည်မှုထဲမှာ ရှိနေတာပါ။ သင့်ရဲ့ တန်ဖိုးဟာ အဲ့ဒီနေရာမှာတင် အသင့်ရှိနေပြီးသား ဖြစ်ပါတယ်။ သင့်ရဲ့ တန်ဖိုးဆိုတာ... ကြိုးစားအားထုတ်ပြီးမှ ရယူရမယ့်အရာ မဟုတ်ပါဘူး။ သင့်ရဲ့ တန်ဖိုးဆိုတာ... ငွေနဲ့ ဝယ်ယူရမယ့်အရာ မဟုတ်ပါဘူး။
သင့်ရဲ့ တန်ဖိုးဆိုတာ... ရာထူးဂုဏ်ရှိန်တွေ၊ လူကြိုက်များမှုတွေ၊ ဝမ်းဗိုက်လေ့ကျင့်ခန်းတွေ လုပ်တာတွေ ဒါမှမဟုတ် ခေတ်မီဆန်းသစ်တဲ့ မီးဖိုချောင်တစ်ခု ပိုင်ဆိုင်ထားတာတွေကနေ ရရှိလာတဲ့အရာ မဟုတ်ပါဘူး။
သင့်ရဲ့ တန်ဖိုးဟာ သင့်ရဲ့ ရှင်သန်နေထိုင်မှု ပုံစံပါပဲ။ ကလေးငယ်တိုင်းမှာ တန်ဖိုးအပြည့်အဝ ပါလာသလိုမျိုး... သင်ဟာလည်း တန်ဖိုးတွေနဲ့အတူ မွေးဖွားလာခဲ့တာပါ။ အဲ့ဒီတန်ဖိုးဟာ သင် အသက်ကြီးလာရုံနဲ့တင် ပျောက်ကွယ်သွားမယ့်အရာ မဟုတ်ပါဘူး။ သင်ဟာ... အသက်ရှင်သန်ဖြစ်တည်နေတဲ့ လူသားတစ်ယောက်သာ ဖြစ်ပါတယ်။
_____________________________________________________________________
သင်ဟာ ရေစိုမခံနိုင်တဲ့သူ မဟုတ်ပါဘူး
မိုးရွာတာကို တားဆီးဖို့ သင်ယူနေရတာထက်... မိုးရေထဲမှာ စိုရွှဲနေရင်းနဲ့ပဲ ပျော်ရွှင်အောင်နေတတ်ဖို့ သင်ယူရတာက ပိုပြီး လွယ်ကူပါတယ်။
Comments
Post a Comment