Skip to main content

တောင်တန်း နဲ့ ချိုင့်ဝှမ်း









တောင်တန်း


ပြဿနာတစ်ခုကို ကျော်လွှားနိုင်ဖို့ဆိုရင် အဲ့ဒီပြဿနာကို မျက်နှာချင်းဆိုင် ရင်ဆိုင်ကြည့်ဖို့ လိုအပ်ပါတယ်။ တကယ်မရှိသလိုမျိုး ဟန်ဆောင်နေတဲ့ တောင်တစ်လုံးကို သင် ဘယ်တော့မှ တက်နိုင်မှာ မဟုတ်ပါဘူး။


ချိုင့်ဝှမ်း

သင် စိတ်ဓာတ်ကျနေတဲ့အခါ အဲ့ဒီခံစားချက်တွေကနေ မြစ်ဖျားခံလာတဲ့ အတွေးတွေဟာ ပြင်ပက အရှိတရားတွေ ဒါမှမဟုတ် ခိုင်လုံတဲ့ အချက်အလက်တွေမဟုတ်ဘူးဆိုတာကို သတိပြုမိဖို့ အရေးကြီးပါတယ်။ ဥပမာ - ကျွန်တော့်အသက် ၂၄ နှစ်တုန်းက ကျွန်တော့်ရဲ့ ၂၅ နှစ်မြောက် မွေးနေ့ကို ဘယ်တော့မှ မြင်တွေ့ရတော့မှာမဟုတ်ဘူးလို့ အခိုင်အမာ ယုံကြည်ခဲ့ဖူးတယ်။ ရုတ်တရက် ကြုံတွေ့လိုက်ရတဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေနဲ့ ရက်သတ္တပတ်တွေ လတွေအကြာကြီး ဆက်ပြီး မရှင်သန်နိုင်တော့ဘူးလို့လည်း ကျွန်တော် သေချာပေါက် သိနေခဲ့တယ်။ ဒါပေမဲ့ အခုကြည့်ပါ... အသက် ၄၅ နှစ်အရွယ် ကျွန်တော်ဟာ ဒီစာပိုဒ်ကို ရေးနေနိုင်တုန်းပါပဲ။ စိတ်ဓာတ်ကျခြင်း  ဆိုတာ လိမ်ညာတတ်ပါတယ်။ 

အဲ့ဒီခံစားချက်တွေကတော့ တကယ့်လက်တွေ့ဖြစ်နိုင်ပေမဲ့ အဲ့ဒီခံစားချက်တွေကြောင့် ကျွန်တော်ယုံကြည်မိသွားတဲ့ အရာတွေကတော့ လုံးဝ အမှန်တရားတွေ မဟုတ်ခဲ့ပါဘူး။

ကျွန်တော် ဘာကြောင့် ဒီလို အဆုံးစီရင်ချင်လောက်အောင် စိတ်ဓာတ်ကျခဲ့ရလဲဆိုတာကို ကိုယ်တိုင်လည်း သေချာနားမလည်ခဲ့တဲ့အတွက် ဒီထဲကနေ ဘယ်တော့မှ ပြန်ထွက်နိုင်မှာမဟုတ်ဘူးလို့ စိတ်ကူးခဲ့မိတယ်။ စိတ်ဓာတ်ကျခြင်းထက် ပိုပြီးကြီးမားတဲ့အရာတစ်ခု ရှိနေတယ်ဆိုတာကို ကျွန်တော် သတိမထားမိခဲ့ဘူး။ အဲ့ဒီအရာကတော့ အချိန် ပါပဲ။ အချိန်ဟာ စိတ်ဓာတ်ကျခြင်းက ပြောတဲ့ အလိမ်အညာတွေကို မှားယွင်းကြောင်း သက်သေပြပေးပါတယ်။ စိတ်ဓာတ်ကျခြင်းက ကျွန်တော့်အတွက် ကြိုတင်တွေးတောထားတဲ့ အရာတွေဟာ ကြိုတင်နိမိတ်ဖတ်ချက်တွေ မဟုတ်ဘဲ မှားယွင်းတဲ့ အယူအဆတွေ သာဖြစ်ကြောင်း အချိန်က ကျွန်တော့်ကို ပြသပေးခဲ့ပါတယ်။

ဒါဟာ အချိန်က စိတ်ကျန်းမာရေးပြဿနာအားလုံးကို အလိုအလျောက် ပျောက်ကွယ်သွားစေတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ စိတ်အပေါ်ထားတဲ့ သဘောထားနဲ့ ချဉ်းကပ်ပုံတွေဟာ ပြောင်းလဲသွားနိုင်ပြီး စိတ်ပျက်အားငယ်မှုနဲ့ ကြောက်ရွံ့မှုတွေက မပေးနိုင်တဲ့ အမြင်သစ် တွေကို ရရှိဖို့အတွက် အချိန်တစ်ခုလောက်အထိ တောင့်ခံရှင်သန်နေဖို့ လိုတယ်လို့ ဆိုလိုတာပါ။

လူတွေက စိတ်ကျန်းမာရေးနဲ့ ပတ်သက်ရင် တောင်ထိပ်တွေနဲ့ ချိုင့်ဝှမ်းတွေအကြောင်း ပြောလေ့ရှိကြတယ်။ 
ဒီလို မြေမျက်နှာသွင်ပြင်ဆိုင်ရာ တင်စားချက်တွေက အဓိပ္ပာယ်ရှိပါတယ်။ ဘဝရဲ့ မတ်စောက်တဲ့ အဆင်း  အတက်တွေအတွက် ရုန်းကန်ရမှုတွေကို အဆွေ မှန်တကယ် ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ တစ်ခုအရေးကြီးတာက ချိုင့်ဝှမ်းရဲ့ အောက်ခြေမှာ ရှိနေချိန်မှာ အမြင်က ဘယ်တော့မှ ရှင်းလင်းပြတ်သားမှု မရှိနိုင်ဘူးဆိုတာပါပဲ။ တစ်ခါတလေမှာ တစ်ဖန်ပြန်ပြီး မြင့်တက်လာနိုင်ဖို့ မိတ်ဆွေလုပ်ရမယ့် တစ်ခုတည်းသော အရာကတော့ ရှေ့ကိုသာ ဆက်ပြီး ရွေ့လျားနေဖို့ပဲ ဖြစ်ပါတယ်။

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...