ဝါကျတစ်ကြောင်းရဲ့ ကတ္တား
ဟုတ်ပါတယ် အဆွေ ... တခြားလူတွေက ကျွန်တော်တို့ရဲ့ တန်ဖိုးကို ဝင်ငွေတွေ၊ Follower အရေအတွက်တွေ၊ ကိုယ်အလေးချိန်တွေ၊ ရင်အတိုင်းအတာတွေနဲ့ တခြားသော တိုင်းတာလို့ရတဲ့ အရာတွေနဲ့ ဆုံးဖြတ်နေကြတယ်လို့ ကျွန်တော်တို့ ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ တိုင်းတာလို့ရတဲ့ အရာတွေထက် ပိုပြီး ကြီးမားတယ်ဆိုတာကို အမြဲတမ်း သတိရပါ။
ကျွန်တော်တို့ ကိုယ်တိုင်ကိုက အသက်ရှင်ခြင်း ဆိုတဲ့ အနှစ်သာရပါ။ ကျွန်တော်တို့ဟာ အခိုက်အတန့်တစ်ခုစာအတွင်းမှာ ဖြစ်ပေါ်လာတဲ့ ကျဉ်းမြောင်းလှတဲ့ ခံစားချက်လေးတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ဘယ်လိုခံစားချက်မျိုးကိုမဆို ထည့်သွင်းထားနိုင်တဲ့ ခွက် တစ်ခုပါပဲ။
ကျွန်တော်တို့ဟာ ဝါကျတစ်ကြောင်းရဲ့ ပြုလုပ်သူနေရာ ကတ္တား ဖြစ်တယ်။ ကျွန်တော်တို့ဟာ ကိုယ်ရရှိခဲ့တဲ့ အောင်မြင်မှုတွေရဲ့ စုစုပေါင်းရလဒ်ထက် ပိုပါတယ်။ ကျွန်တော်တို့ဟာ ကိုယ်တွေ့မြင်နေရတဲ့ ခံစားချက်တွေထက် ပိုပါတယ်။ အဲ့ဒီအရာအားလုံးကို အောင်မြင်မှုနဲ့ ခံစားချက်တွေကို ဖယ်ထုတ်ပစ်လိုက်ရင်တောင် ကျန်ရစ်နေဦးမယ့် "အတိုင်းအဆမရှိတဲ့ ဖြစ်တည်မှု" ဟာ ကျွန်တော်တို့ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။
Comments
Post a Comment