ပြောင်းလဲခြင်းဟာ အရှိတရားပါ
ကျွန်တော်တို့ဟာ သော့တွေကို အမြဲတမ်း လှည့်ဖွင့်နေကြတာပါ။ ဒါမှမဟုတ် အချိန် ကပဲ သော့တွေကို အမြဲလှည့်ဖွင့်ပေးနေတာလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အချိန်ဆိုတာ ပြောင်းလဲခြင်းကို ဆိုလိုလို့ပါပဲ။
ပြောင်းလဲခြင်းဆိုတာ ဘဝရဲ့ သဘာဝတရားပါ။ မျှော်လင့်ချက် ထားရှိရခြင်းရဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်။
ဦးနှောက်ရဲ့ ပြုပြင်ပြောင်းလဲနိုင်စွမ်းဆိုတာ ကျွန်တော်တို့ ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေအပေါ် မူတည်ပြီး ဦးနှောက်က သူ့ရဲ့ တည်ဆောက်ပုံကို ပြောင်းလဲပစ်တာကို ခေါ်တာပါ။ ကျွန်တော်တို့ထဲက ဘယ်သူမှ လွန်ခဲ့တဲ့ ဆယ်နှစ်က လူသားအတိုင်း မဟုတ်တော့ဘူးလေနော်။ ဆိုးဝါးတဲ့အရာတွေကို ခံစားကြုံတွေ့နေရတဲ့အခါ ဘယ်အရာမှ ထာဝရ မတည်မြဲဘူးဆိုတာကို သတိရနေဖို့က တကယ်လိုအပ်ပါတယ်။ အမြင်တွေ ပြောင်းလဲသွားမယ်ဆိုရင်... ကျွန်တော်တို့ကိုယ်တိုင်လည်း မတူညီတဲ့ ပုံစံအသစ်တွေ ဖြစ်လာကြပါလိမ့်မယ်။
ကျွန်တော် အမေးခံရဖူးသမျှထဲမှာ အခက်ခဲဆုံး မေးခွန်းကတော့
"ကျွန်တော့်မှာ ဘယ်သူမှမရှိတော့ရင် တခြားလူတွေအတွက်နဲ့ ငါ ဘယ်လိုဆက်ရှင်သန်ရမှာလဲ" ဆိုတဲ့ မေးခွန်းပါပဲ။
အဲ့ဒီအတွက် အဖြေကတော့...
"သင်ဟာ သင့်ရဲ့ အနာဂတ်မှာ ဖြစ်လာမယ့် ပုံစံအသစ်တွေအတွက် ရှင်သန်နေရတာပါ" ဆိုတာပါပဲ။
သင်တွေ့ဆုံရမယ့် လူသစ်တွေအတွက်လည်း ဟုတ်သလို သင်ကိုယ်တိုင် ဖြစ်လာမယ့် လူသစ် အတွက်လည်း ရှင်သန်နေရတာပါ။
Comments
Post a Comment