မိတ်ဆွေရဲ့ စိတ်ကို ပွတ်ဆွဲကြည့်ပါ
ဆိုရှယ်မီဒီယာဆိုတာ... အဆွေ မရှင်သန်နေရတဲ့ ဘဝတွေ၊ မစားဖြစ်တဲ့ အစားအသောက်တွေ၊ မတက်ဖြစ်တဲ့ ပါတီပွဲတွေ၊ မရောက်ဖြစ်တဲ့ အားလပ်ရက်ခရီးစဉ်တွေနဲ့ မိတ်ဆွေ မရရှိတဲ့ ပျော်ရွှင်မှုတွေရဲ့ ပြခန်းတစ်ခုပါပဲ။
ဒါကြောင့်... ကိုယ့်ကိုယ်ကိုယ် ခဏလောက် အနားပေးလိုက်ပါ။ ဖုန်းကို ပွတ်ဆွဲနေမယ့်အစား မိတ်ဆွေရဲ့ "စိတ်" ကိုပဲ ပွတ်ဆွဲကြည့်လိုက်ပါ။
သင်ဟာ "သင်" ဖြစ်နေရတာကို ကျေးဇူးတင်နိုင်မယ့် အကြောင်းပြချက်တွေကို သင့်ရဲ့ အသိစိတ်ထဲမှာ လိုက်လံရှာဖွေကြည့်ပါ။ တကယ်တမ်း အရေးကြီးဆုံးဖြစ်တဲ့ လက်လွတ်သွားမှာ ကြောက်ရမယ့်အရာ ကတော့...
တခြားသူတွေရဲ့ ဘဝမဟုတ်ဘဲ ကိုယ်ပိုင်တဲ့ ကိုယ့်ဘဝ ကိုပါပဲ။
Comments
Post a Comment