နိဒါန်း
တစ်ခါတလေမှာ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးနှစ်သိမ့်ပေးဖို့အတွက် အကြောင်းအရာတချို့ကို
ချရေးလေ့ရှိပါတယ်။ ခက်ခဲတဲ့အချိန်တွေမှာ သင်ယူရရှိခဲ့တဲ့ အရာတွေပေါ့။ အတွေးအမြင်တွေ၊ ဆင်ခြင်တုံတရားတွေ၊ မှတ်စုတိုလေးတွေ၊ ဥပမာတွေနဲ့ ကျွန်တော့်ကိုယ်ကျွန်တော် ပြန်သတိပေးချင်တဲ့ အရာတွေပေါ့။ ဒါမှမဟုတ် တခြားလူတွေဆီကရယ် မတူညီတဲ့ ဘဝတွေဆီကနေ သင်ယူခဲ့ရတဲ့ အရာတွေလည်း ပါပါတယ်။
ဒါဟာ ထူးဆန်းတဲ့ ဝိရောဓိတစ်ခုပါပဲ။ ဘဝရဲ့ အရှင်းလင်းဆုံးနဲ့ စိတ်အသက်သာဆုံးဖြစ်စေမယ့် သင်ခန်းစာအများစုကို ကျွန်တော်တို့ ဘဝရဲ့ အနိမ့်ဆုံးအချိန်တွေမှာမှ သင်ယူမိတတ်ကြတာပါ။ စဉ်းစားကြည့်ရင် ကျွန်တော်တို့ဟာ ဆာလောင်နေတဲ့အချိန်မှပဲ အစားအစာအကြောင်းကို အပြင်းအထန် စဉ်းစားမိကြတာဖြစ်ပြီး လှေပေါ်ကနေ ရေထဲကို ပြုတ်ကျသွားတဲ့အချိန်မှာမှ အသက်ကယ်ဖောင်က အလိုအပ်ဆုံးဖြစ်သွားတတ်ကြတာမလား။
ဒါကြောင့် ဒီစာအုပ်ထဲက အချက်အလက်တွေဟာ ကျွန်တော့်ရဲ့ အသက်ကယ်ဖောင်တွေပါပဲ။ ကျွန်တော့်ကို ရေမနစ်အောင် ဆွဲထူပေးထားတဲ့ အတွေးစလေးတွေပေါ့။ ဒီအရာတွေက စာဖတ်သူမိတ်ဆွေတို့ကိုလည်း ဘေးကင်းရာဆီ ရောက်အောင် ပို့ဆောင်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။
Matt Haig
Comments
Post a Comment