ကိုယ်တိုင်ကသာ ပန်းတိုင်ပါ
အဆွေ...
သင့်ကိုယ်သင် ချစ်ဖို့အတွက် သင့်ကိုယ်သင် အမြဲတမ်း တိုးတက်ကောင်းမွန်အောင် လုပ်နေဖို့ မလိုအပ်ပါဘူး။
ချစ်ခြင်းမေတ္တာ ဆိုတာကလေ ပန်းတိုင်တစ်ခုခုကို ရောက်မှသာ ရပိုင်ခွင့်ရှိတဲ့ ဆုလာဘ်တစ်ခု မဟုတ်ပါဘူး။
ဒီလောကကြီးက ဖိအားတွေနဲ့ ပြည့်နှက်နေပေမဲ့ အဲ့ဒီဖိအားတွေက အဆွေ့ရဲ့ မိမိကိုယ်ကိုယ် ကြင်နာသနားစိတ် (Self-compassion) ကို ညှစ်ထုတ်ဖျက်ဆီးပစ်တာမျိုး အဖြစ်မခံပါနဲ့။
အဆွေဟာ မွေးဖွားလာကတည်းက အချစ်ခံရဖို့ ထိုက်တန်ပြီးသားဖြစ်သလို အခုလည်း အချစ်ခံရဖို့ ထိုက်တန်နေဆဲပါပဲ။ မိမိကိုယ်ကိုယ် ကြင်နာပါ။
Comments
Post a Comment