Skip to main content

Quote & A thing my dad said once when we were lost in a forest

 

Nothing is stronger than a small hope that doesn’t give up.

"အရှုံးမပေးတဲ့ မျှော်လင့်ချက်လေးထက် ပိုပြီး အစွမ်းထက်တဲ့ အရာဆိုတာ လောကမှာ မရှိပါဘူး။"



တောထဲမှာ လမ်းပျောက်စဉ်က ဖေဖေပြောခဲ့တဲ့ စကားတစ်ခွန်း


တစ်ခါတုန်းက ပြင်သစ်နိုင်ငံက တောအုပ်တစ်ခုထဲမှာ ကျွန်တော်နဲ့ ဖေဖေ လမ်းပျောက်ခဲ့ဖူးတယ်။ အဲ့ဒီတုန်းက ကျွန်တော့်အသက် ၁၂ နှစ် ၁၃ နှစ်လောက်ပဲ ရှိဦးမယ်။ လက်ကိုင်ဖုန်းတွေ မရှိသေးတဲ့ ခေတ်ပေါ့။ ကျွန်တော်တို့လူသူဝေးတဲ့ တောရွာလေးတစ်ခုမှာ မိသားစုလိုက် အားလပ်ရက် အပန်းဖြေခရီး ရောက်နေကြတာရယ်။ တစ်နေ့မှာတော့ ကျွန်တော်တို့သားအဖနှစ်ယောက် တောထဲကို အပြေးလေ့ကျင့်လုပ်ဖို့ ထွက်ခဲ့ကြတယ်။ နာရီဝက်လောက် ကြာတဲ့အခါမှာတော့ ဖေဖေက "အို့... ငါတို့ လမ်းပျောက်သွားပြီ ထင်တယ်" လို့ အမှန်တရားကို ဝန်ခံလာခဲ့တယ်။

ကျွန်တော်တို့ လမ်းပြန်ရှာဖို့ ပတ်ချာလည် လျှောက်နေခဲ့ပေမဲ့ ကံမကောင်းခဲ့ဘူး။ ဖေဖေက တောလိုက်သမား နှစ်ယောက်ကို လမ်းမေးကြည့်ပေမဲ့ သူတို့က လမ်းမှားကို ညွှန်လိုက်ကြတယ်။ ဖေဖေဟာ ကျွန်တော့်ကို ဖုံးကွယ်ထားပေမဲ့ သူလည်း တကယ်ထိတ်လန့်နေမယ်ဆိုတာ ကျွန်တော် သိတယ်။ ကျွန်တော်တို့ တောထဲမှာ နာရီပေါင်းများစွာ ကြာနေပြီမို့ အိမ်မှာကျန်ခဲ့တဲ့ မေမေလည်း အရမ်းစိုးရိမ်နေတော့မှာကို ကျွန်တော်တို့ သိနေကြတယ်။ ကျောင်းမှာတုန်းက အစ္စရေးလူမျိုးတွေ ကန္တာရထဲမှာ သေဆုံးခဲ့ရတဲ့ ကျမ်းစာပုံပြင်ကို သင်ထားရတော့ ကျွန်တော်တို့လည်း ဒီလိုပဲ ဖြစ်တော့မလားလို့ တွေးကြောက်မိခဲ့တယ်။ အဲ့ဒီအချိန်မှာ ဖေဖေက "ငါတို့သာ လမ်းကြောင်းတစ်ခုတည်းအတိုင်း တည့်တည့် ဆက်လျှောက်သွားရင် ဒီထဲကနေ လွတ်မှာပါ" လို့ ပြောခဲ့တယ်။

ဖေဖေ ပြောတာ မှန်ပါတယ်။ နောက်ဆုံးမှာတော့ ကားသံတွေကို ကြားလိုက်ရပြီး လမ်းမကြီးပေါ်ကို ရောက်သွားခဲ့တယ်။ ကျွန်တော်တို့ စထွက်လာခဲ့တဲ့ ရွာနဲ့ ၁၁ မိုင်လောက် ဝေးသွားပေမဲ့ အနည်းဆုံးတော့ လမ်းညွှန်ဆိုင်းဘုတ်တွေကို တွေ့လိုက်ရပြီလေ။ တောအုပ်ထဲကနေ လွတ်မြောက်ခဲ့ပြီပေ့ါ...

တကယ်တော့ ကျွန်တော်ဟာ စာသားအရဖြစ်စေ တင်စားချက်အရဖြစ်စေ လမ်းပျောက်နေတဲ့ အခါတိုင်းမှာ အဲ့ဒီနည်းဗျူဟာကို အမြဲပြန်တွေးမိပါတယ်။ ကျွန်တော် စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုတွေကြုံရချိန်  စိုးရိမ်စိတ်လွန်ကဲမှုတွေနဲ့ စိတ်ဓာတ်ကျမှုတွေကြားမှာ ရှင်သန်နေရချိန်၊ ကြောက်စိတ်ကြောင့် နှလုံးခုန်မြန်နေပြီး ဘယ်သူဘယ်ဝါမှန်းတောင် မသိတော့ဘဲ ဘယ်လိုဆက်ရှင်သန်ရမလဲလို့ တွေးနေရချိန်တွေမှာ ဒီစကားကို ပြန်ကြားယောင်မိပါတယ်။ 

"လမ်းကြောင်းတစ်ခုတည်းအတိုင်း တည့်တည့် ဆက်လျှောက်သွားရင် ဒီထဲကနေ လွတ်မှာပါ" 

လမ်းကြောင်းတစ်ခုတည်းအတိုင်း ခြေလှမ်းတစ်လှမ်းချင်းစီကို တည်တည်ငြိမ်ငြိမ် လျှောက်လှမ်းခြင်းဟာ ပတ်ချာလည် ပြေးလွှားနေတာထက်စာရင် မိတ်ဆွေကို ပိုပြီး ခရီးရောက်စေမှာ အမှန်ပါပဲ။ 

အဓိကကတော့ ရှေ့ကို ဆက်လျှောက်ဖို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ရှိဖို့ပဲ လိုတာပါ။


Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...