အဆင်ပြေပါတယ်
စိတ်ဓာတ်တွေ ပြိုလဲနေလည်း အဆင်ပြေပါတယ်။
ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကြောင့် ရလာတဲ့ အမာရွတ်တွေကို ဝတ်ဆင်ထားရလည်း အဆင်ပြေပါတယ်။
ဘဝက ရှုပ်ထွေးနေလည်း အဆင်ပြေပါတယ်။
အနားလေး ပဲ့နေတဲ့ လက်ဖက်ရည်ပန်းကန်လေး ဖြစ်နေလည်း အဆင်ပြေပါတယ်။ အဲ့ဒီပန်းကန်လေးမှာမှ ပြောပြစရာ ပုံပြင်တစ်ပုဒ် ရှိနေတာမျိုးလေနော်။
ခံစားချက် ပြင်းထန်နေတာ၊ စိတ်ကူးယဉ်ဆန်နေတာ၊ ဒါမှမဟုတ် တခြားလူတွေ သိပ်မကြိုက်ကြတဲ့ သီချင်းတွေ၊ ရုပ်ရှင်တွေကို ကြည့်ပြီး ဝမ်းနည်းဝမ်းသာ မျက်ရည်ကျမိတာမျိုးကလည်း အဆင်ပြေပါတယ်။
ကိုယ်ကြိုက်တဲ့အရာကို ကိုယ်ကြိုက်နေရင်လည်း အဆင်ပြေပါတယ်။
အရာဝတ္ထုတစ်ခုခုကို ကြိုက်တာဟာ အဲ့ဒါက လူကြိုက်များလို့ လန်းလို့ ဒါမှမဟုတ် စမတ်ကျလို့ မဟုတ်ဘဲ... ဘာအကြောင်းပြချက်မှ မရှိဘဲ ကိုယ်ကြိုက်ချင်လို့ ကို ကြိုက်တာမျိုးကလည်း တကယ်ကို အဆင်ပြေပါတယ်။
လူတွေက သင့်ကို လာရှာခွင့်ပေးလိုက်တာလည်း အဆင်ပြေပါတယ်။ သင့်ကိုယ်သင် မမြင်နိုင်လောက်အောင်အထိ လူတိုင်းဆီ လိုက်ပြီး ဖြန့်ကျက်ရောက်ရှိနေဖို့ မလိုပါဘူး။
အမြဲတမ်း ကိုယ်ကပဲ အရင်ဦးအောင် ဆက်သွယ်နေရတဲ့သူ ဖြစ်နေဖို့ မလိုပါဘူး။ တစ်ခါတလေမှာ အခြားသူတွေရဲ့ ဆက်သွယ်မှုကို လက်ခံတဲ့သူအဖြစ် နေလိုက်တာလည်း အဆင်ပြေပါတယ်။
စာရေးဆရာကြီး Anne Lamott ပြောသလိုပေါ့
"မီးပြတိုက်တွေဆိုတာ သင်္ဘောတွေကို လိုက်ကယ်ဖို့ ကျွန်းပတ်ပြီး ပြေးလွှားမနေပါဘူး။ သူတို့က ဒီအတိုင်း မတ်တပ်ရပ်ပြီး အလင်းဖြာပေးနေရုံပါပဲ။"
အချိန်တိုင်းကို အကျိုးရှိအောင် အမြဲအသုံးမချနိုင်လည်း အဆင်ပြေပါတယ်။
သင်ဟာ သင်ဖြစ်နေတာဟာ အဆင်ပြေပါတယ်။
Comments
Post a Comment