Skip to main content

အဆင်ပြေပါတယ်

 


အဆင်ပြေပါတယ်


စိတ်ဓာတ်တွေ ပြိုလဲနေလည်း အဆင်ပြေပါတယ်။

ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကြောင့် ရလာတဲ့ အမာရွတ်တွေကို ဝတ်ဆင်ထားရလည်း အဆင်ပြေပါတယ်။

ဘဝက ရှုပ်ထွေးနေလည်း အဆင်ပြေပါတယ်။

အနားလေး ပဲ့နေတဲ့ လက်ဖက်ရည်ပန်းကန်လေး ဖြစ်နေလည်း အဆင်ပြေပါတယ်။ အဲ့ဒီပန်းကန်လေးမှာမှ ပြောပြစရာ ပုံပြင်တစ်ပုဒ် ရှိနေတာမျိုးလေနော်။

ခံစားချက် ပြင်းထန်နေတာ၊ စိတ်ကူးယဉ်ဆန်နေတာ၊ ဒါမှမဟုတ် တခြားလူတွေ သိပ်မကြိုက်ကြတဲ့ သီချင်းတွေ၊ ရုပ်ရှင်တွေကို ကြည့်ပြီး ဝမ်းနည်းဝမ်းသာ မျက်ရည်ကျမိတာမျိုးကလည်း အဆင်ပြေပါတယ်။

ကိုယ်ကြိုက်တဲ့အရာကို ကိုယ်ကြိုက်နေရင်လည်း အဆင်ပြေပါတယ်။

အရာဝတ္ထုတစ်ခုခုကို ကြိုက်တာဟာ အဲ့ဒါက လူကြိုက်များလို့ လန်းလို့ ဒါမှမဟုတ် စမတ်ကျလို့ မဟုတ်ဘဲ... ဘာအကြောင်းပြချက်မှ မရှိဘဲ ကိုယ်ကြိုက်ချင်လို့ ကို ကြိုက်တာမျိုးကလည်း တကယ်ကို အဆင်ပြေပါတယ်။

လူတွေက သင့်ကို လာရှာခွင့်ပေးလိုက်တာလည်း အဆင်ပြေပါတယ်။ သင့်ကိုယ်သင် မမြင်နိုင်လောက်အောင်အထိ လူတိုင်းဆီ လိုက်ပြီး ဖြန့်ကျက်ရောက်ရှိနေဖို့ မလိုပါဘူး။ 

အမြဲတမ်း ကိုယ်ကပဲ အရင်ဦးအောင် ဆက်သွယ်နေရတဲ့သူ ဖြစ်နေဖို့ မလိုပါဘူး။ တစ်ခါတလေမှာ အခြားသူတွေရဲ့ ဆက်သွယ်မှုကို လက်ခံတဲ့သူအဖြစ် နေလိုက်တာလည်း အဆင်ပြေပါတယ်။ 

စာရေးဆရာကြီး Anne Lamott ပြောသလိုပေါ့ 

"မီးပြတိုက်တွေဆိုတာ သင်္ဘောတွေကို လိုက်ကယ်ဖို့ ကျွန်းပတ်ပြီး ပြေးလွှားမနေပါဘူး။ သူတို့က ဒီအတိုင်း မတ်တပ်ရပ်ပြီး အလင်းဖြာပေးနေရုံပါပဲ။"

အချိန်တိုင်းကို အကျိုးရှိအောင် အမြဲအသုံးမချနိုင်လည်း အဆင်ပြေပါတယ်။

သင်ဟာ သင်ဖြစ်နေတာဟာ အဆင်ပြေပါတယ်။

NEXT

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

1

ညင်းသဲ့လေသွေး ခေါ်ဆောင်ယူရာ အရပ်၌… မြတ်နိုးခြင်းများ ဦးဆွေးဆံမြည့် *** အပိုင်း (၁) အာ...သူ သေဆုံးသွားခဲ့ပြီပဲ... မြူတွေဆိုင်းနေတဲ့ ဝန်းကျင်မှာ လဲလျောင်းငြိမ်သက်နေတဲ့ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တယ်။ ပါးနှစ်ဖက်ဟာ ချိုင့်ခွက်လျက်...မျက်ကွင်းတွေက ခပ်နက်နက် ဖြစ်နေပြီးညိုမည်းနေတယ်။ နှုတ်ခမ်းတွေဟာလည်း အအေးဓာတ်ကြောင့်ပြာနှမ်းလို့... အမြဲတမ်း ပန်းရောင်ဆားခဲလို ဖြစ်ခဲ့တဲ့ သူ့အသားအရေတွေဟာလည်း သွေးမရှိသလို ဖြူဆုတ်ပြီး...သူ့ဆံပင်တွေဟာ ကျဲပါးလွန်းတာ‌ကြောင့် ဦးရေပြားကိုတောင် မြင်နေရတယ်။ သူငိုချင်သွားတယ်။ ဒီလို ပုံဆိုးပန်းဆိုးပုံစံကြီးနဲ့ ခမ်းလျန်နား နေခဲ့တာတဲ့လား။ ဒါကိုတောင် ခမ်းလျန်က ကြင်ကြင်နာနာ နဲ့ အနမ်းလေးတွေပေးခဲ့တာတဲ့လား။ ဘုရားရေ...ခမ်းလျန် ။ ခမ်းလျန် သူနဲ့တူတူရှိနေခဲ့တာ။ မြူတွေကြားထဲမှ သူ့ခန္ဓာကိုယ်ကို ဖက်ထားဆဲဖြစ်တဲ့ လက်ဖြူဖြူလေး။ လက်သည်းတွေဟာ တုံးတိတိဖြစ်လျက် ပိုးသတ်ဆေးတွေကြောင့် အရေခွံတွေ လန်ကာ ခပ်ကြမ်းကြမ်းဖြစ်နေတဲ့ လက်ချောင်းထိပ်လေးတွေ။ မဖြစ်ရဘူး။ မဖြစ်ရဘူး လို့ သူ့စိတ်ထဲ အော်ဟစ်ပြီး ခမ်းလျန်ကို ငုံ့မိုးကြည့်မိတယ်။ ထိတ်လန့်တုန်လှုပ်စိတ်နဲ့ သူ့ကို ကျစ်နေအောင် ဖက်ထားတဲ့ ခမ်းလျန်ကိုပုတ်နှိုး...