ပုံစံခွက်များ
အပြုအမူဆိုင်ရာ ပုံစံခွက်တစ်ခုခုထဲမှာ ပိတ်မိနေဖို့ဆိုတာ အင်မတန် လွယ်ကူပါတယ်။ သင့်ပတ်ဝန်းကျင်က လူတွေကို စဉ်းစားကြည့်ပါ။ သူတို့ဟာ အရာရာကို ထပ်ခါတလဲလဲပဲ လုပ်နေကြတာ မဟုတ်လား။ အစားအသောက်၊ အသောက်အစား၊ ကြည့်တဲ့ ရုပ်ရှင်၊ ဖတ်တဲ့ စာအုပ်... အားလုံးက ပုံစံတူတွေချည်းပါပဲ။ အိပ်ချိန်၊ ထချိန်တွေကလည်း အတူတူပဲ။ ပြောတဲ့စကားတွေ၊ တွေးတဲ့ အတွေးတွေကလည်း ပုံစံတူတွေပဲလား။ မိတ်ဆွေ ၊ ကျွန်တော်ရော ဟုတ်ပါတယ်။ လူသားတစ်ယောက်ဖြစ်ရတာ အသက်ရှင်နေရတာဟာ အပြုအမူဆိုင်ရာ ပုံစံခွက်တွေထဲကို ကျဆင်းသွားတာပါပဲ။
ဒီပုံစံခွက်တချို့ကတော့ ကောင်းပါတယ်။ ကျွန်တော်တို့ဟာ ပုံမှန်လုပ်ဆောင်နေကျအရာတွေ ရဲ့ သက်သောင့်သက်သာရှိမှုကို နှစ်သက်ကြပြီး အခြေချနေထိုင်တတ်ကြတယ်။ ဒါပေမဲ့ တစ်ပုံစံတည်း ဖြစ်နေတဲ့ လှုပ်ရှားမှုတွေကိုပဲ ထပ်ခါတလဲလဲ လုပ်နေရတာဟာလည်း စိတ်မသက်မသာ ဖြစ်စရာပါ။ နာရီပေါင်းများစွာ ပုံစံတစ်မျိုးတည်းနဲ့ ထိုင်နေတာက ကျောရိုးအတွက် မကောင်းသလိုပဲ... အမြဲတမ်း ရိုးအီနေတဲ့ လမ်းဟောင်းအတိုင်း လျှောက်နေခြင်းကလည်း ကျွန်တော်တို့ရဲ့ ဘဝကို တစ်နေရာတည်းမှာ ရပ်တန့်နေစေပါတယ်။ ကျွန်တော်တို့ဟာ Update လုပ်ဖို့ လိုအပ်နေတဲ့ အယ်လ်ဂိုရီသမ် (Algorithm) ဟောင်းကြီးတွေလို ဖြစ်သွားတတ်ကြတယ်။
ကျွန်တော်တို့ရဲ့ လုပ်ရိုးလုပ်စဉ်တွေကို ပြောင်းလဲပစ်ခြင်းက ကျွန်တော်တို့အတွက် ကောင်းမွန်ပါတယ်။ ဖုန်းထဲက App လေးတွေကို နေရာရွှေ့လိုက်တာမျိုးလောက်ပဲ ဖြစ်ဖြစ်... အဲ့ဒီလို သေးငယ်တဲ့ အပြောင်းအလဲလေးကတောင် ကျွန်တော်တို့ရဲ့ အလိုအလျောက် ဖြစ်နေတဲ့ ကြွက်သားမှတ်ဉာဏ် (Muscle memory) ကို ပြန်လည်နှိုးဆွပေးနိုင်ပါတယ်။
Tara Brach ပြောခဲ့သလိုပါပဲ
"ကျွန်တော်တို့ ဘဝရဲ့ အကြီးမားဆုံး အလွဲကတော့... လွတ်လပ်ခွင့်ဆိုတာ ရှိနေပါလျက်နဲ့ ကျွန်တော်တို့ဟာ ပုံစံခွက်ဟောင်းတွေထဲမှာပဲ နှစ်နဲ့ချီပြီး ပိတ်မိနေကြတာပါပဲ။ ကျွန်တော်တို့ဟာ တခြားသူတွေကို အတားအဆီးမရှိ ချစ်ချင်ကြတယ်၊ စစ်မှန်ချင်ကြတယ်။ ပတ်ဝန်းကျင်က အလှတရားတွေကို ခံစားချင်ကြတယ်။ ကချင်သီဆိုချင်ကြတယ်။ ဒါပေမဲ့ နေ့စဉ်နေ့တိုင်းမှာတော့ ကျွန်တော်တို့ရဲ့ ဘဝကို သေးသိမ်သွားအောင် လုပ်နေတဲ့ အတွင်းစိတ်က အသံတွေကိုပဲ နားထောင်နေမိကြပါတယ်။"
Comments
Post a Comment