Skip to main content

သက်သောင့်သက်သာမရှိသော နယ်ပယ်




သက်သောင့်သက်သာမရှိသော နယ်ပယ်


အရာရာနဲ့ ရင်းနှီးကျွမ်းဝင်လွန်းတဲ့အခါ... ကြောက်ရွံ့တုံ့ဆိုင်းမှုတွေ ဝင်လာတတ်ပါတယ်။ အပြောင်းအလဲကို ကြောက်ရွံ့တဲ့စိတ်ပေါ့။ အဲ့ဒီအခါမှာ ကျွန်တော်တို့ဟာ မနှစ်သက်တဲ့ အလုပ်တွေ၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ လူမှုဆက်ဆံရေးတွေနဲ့ အကျိုးမရှိတဲ့ အပြုအမူတွေထဲမှာ ပိတ်မိနေတတ်ကြပါတယ်။


ကျွန်တော်တို့က ဒါကို "Comfort Zone" လို့ ခေါ်ကြပေမဲ့ တကယ်တမ်းမှာတော့ အဲ့ဒါဟာ ပြောင်းပြန်ဖြစ်နေတတ်ပါတယ်။ အဲ့ဒါဟာ သက်သောင့်သက်သာမရှိတဲ့ နယ်ပယ်၊ တန့်နေတဲ့နယ်ပယ်နဲ့ မပြည့်စုံတဲ့ နယ်ပယ်တစ်ခုသာ ဖြစ်ပါတယ်။ ဒါပေမဲ့ အံ့သြစရာကောင်းတာက... ကျွန်တော်တို့သာ တစ်ခါလောက် ဆုံးဖြတ်ချက်ချလိုက်မယ်ဆိုရင် အဲ့ဒီနေရာကနေ လမ်းလျှောက်ထွက်သွားဖို့ဆိုတာ အင်မတန် လွယ်ကူပါတယ်။


အဲ့ဒီ သက်သောင့်သက်သာမရှိတဲ့ နယ်ပယ်ရဲ့ အပြင်ဘက်မှာ ကျွန်တော်တို့ မြင်တွေ့ရမှာကတော့... ပိုမိုနက်ရှိုင်းတဲ့ "သက်သောင့်သက်သာရှိမှု" တစ်မျိုးပါပဲ။ အဲ့ဒါကတော့ ပုံသေကားချပ်တွေနဲ့ အပြုအမူဟောင်းတွေရဲ့ အပြင်ဘက်မှာ... "အကောင်းဆုံးသော ကျွန်တော်တို့ရဲ့ ပုံစံသစ်" အဖြစ် ရှင်သန်ရခြင်းပါပဲ။ ပရိုဂရမ်သွင်းထားတဲ့ စက်ရုပ်တစ်ရုပ်လို မဟုတ်ဘဲ၊ ပိုပြီး လူသားဆန်တဲ့ ဖြစ်တည်မှုမျိုးပေါ့။
________________________________________________________________________


အရာရာ 

သင်ဟာ အမြဲတမ်း တစ်ခုခုကို လုပ်နေဖို့ မလိုပါဘူး။ ဒါမှမဟုတ် တစ်ခုခုကို အောင်မြင်အောင် လုပ်ဆောင်နေဖို့လည်း မလိုပါဘူး။ သင့်ရဲ့ အားလပ်ချိန်တွေကို အကျိုးရှိရှိ အသုံးချနေဖို့ ၊ Productive ဖြစ်နေဖို့မလိုအပ်ပါဘူး။

သင်ဟာ ထိုက်ကြည့်ကစားတာမျိုး၊ အိမ်ပြင်တာမျိုး ဒါမှမဟုတ် ပေါင်မုန့်ဖုတ်တာမျိုးတွေကို အမြဲတမ်း လုပ်နေစရာ မလိုပါဘူး။ တစ်ခါတလေမှာ သင်ဟာ ဒီအတိုင်းလေးပဲ တည်ရှိနေပြီး၊ ခံစားချက်တွေကို ခံစားရင်း၊ အားလပ်ချိန်တွေကို ဖြတ်သန်းရင်း၊ အာလူးကြော်လေး စားရင်းနဲ့တင် ရှင်သန်နေလို့ ရပါတယ်။ အဲ့ဒါဟာကိုက လိုအပ်တာထက်တောင် ပိုပြီး ပြည့်စုံလုံလောက်နေပါပြီ။

TN // တစ်ခါတလေ ဘာမှမလုပ်ဘဲ ၊ ဖုန်း လည်း မသုံး ၊ ဘာဆိုဘာမှ မလုပ်ဘဲ အိပ်ရာပေါ် ပက်လက် ကြီး ဖြစ်နေတာပဲ ဖြစ်ဖြစ် ၊ မဟုတ်လည်း ပန်းခြံထဲ သွားထိုင်ပြီး တောင်တောင်အီအီ တွေးနေတာပဲ ဖြစ်ဖြစ် ၊ အဲ့ဒါတွေ လုပ်နေရရင်ကို အဆင်ပြေတယ်။ 

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

1

ညင်းသဲ့လေသွေး ခေါ်ဆောင်ယူရာ အရပ်၌… မြတ်နိုးခြင်းများ ဦးဆွေးဆံမြည့် *** အပိုင်း (၁) အာ...သူ သေဆုံးသွားခဲ့ပြီပဲ... မြူတွေဆိုင်းနေတဲ့ ဝန်းကျင်မှာ လဲလျောင်းငြိမ်သက်နေတဲ့ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တယ်။ ပါးနှစ်ဖက်ဟာ ချိုင့်ခွက်လျက်...မျက်ကွင်းတွေက ခပ်နက်နက် ဖြစ်နေပြီးညိုမည်းနေတယ်။ နှုတ်ခမ်းတွေဟာလည်း အအေးဓာတ်ကြောင့်ပြာနှမ်းလို့... အမြဲတမ်း ပန်းရောင်ဆားခဲလို ဖြစ်ခဲ့တဲ့ သူ့အသားအရေတွေဟာလည်း သွေးမရှိသလို ဖြူဆုတ်ပြီး...သူ့ဆံပင်တွေဟာ ကျဲပါးလွန်းတာ‌ကြောင့် ဦးရေပြားကိုတောင် မြင်နေရတယ်။ သူငိုချင်သွားတယ်။ ဒီလို ပုံဆိုးပန်းဆိုးပုံစံကြီးနဲ့ ခမ်းလျန်နား နေခဲ့တာတဲ့လား။ ဒါကိုတောင် ခမ်းလျန်က ကြင်ကြင်နာနာ နဲ့ အနမ်းလေးတွေပေးခဲ့တာတဲ့လား။ ဘုရားရေ...ခမ်းလျန် ။ ခမ်းလျန် သူနဲ့တူတူရှိနေခဲ့တာ။ မြူတွေကြားထဲမှ သူ့ခန္ဓာကိုယ်ကို ဖက်ထားဆဲဖြစ်တဲ့ လက်ဖြူဖြူလေး။ လက်သည်းတွေဟာ တုံးတိတိဖြစ်လျက် ပိုးသတ်ဆေးတွေကြောင့် အရေခွံတွေ လန်ကာ ခပ်ကြမ်းကြမ်းဖြစ်နေတဲ့ လက်ချောင်းထိပ်လေးတွေ။ မဖြစ်ရဘူး။ မဖြစ်ရဘူး လို့ သူ့စိတ်ထဲ အော်ဟစ်ပြီး ခမ်းလျန်ကို ငုံ့မိုးကြည့်မိတယ်။ ထိတ်လန့်တုန်လှုပ်စိတ်နဲ့ သူ့ကို ကျစ်နေအောင် ဖက်ထားတဲ့ ခမ်းလျန်ကိုပုတ်နှိုး...