သက်သောင့်သက်သာမရှိသော နယ်ပယ်
အရာရာနဲ့ ရင်းနှီးကျွမ်းဝင်လွန်းတဲ့အခါ... ကြောက်ရွံ့တုံ့ဆိုင်းမှုတွေ ဝင်လာတတ်ပါတယ်။ အပြောင်းအလဲကို ကြောက်ရွံ့တဲ့စိတ်ပေါ့။ အဲ့ဒီအခါမှာ ကျွန်တော်တို့ဟာ မနှစ်သက်တဲ့ အလုပ်တွေ၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ လူမှုဆက်ဆံရေးတွေနဲ့ အကျိုးမရှိတဲ့ အပြုအမူတွေထဲမှာ ပိတ်မိနေတတ်ကြပါတယ်။
ကျွန်တော်တို့က ဒါကို "Comfort Zone" လို့ ခေါ်ကြပေမဲ့ တကယ်တမ်းမှာတော့ အဲ့ဒါဟာ ပြောင်းပြန်ဖြစ်နေတတ်ပါတယ်။ အဲ့ဒါဟာ သက်သောင့်သက်သာမရှိတဲ့ နယ်ပယ်၊ တန့်နေတဲ့နယ်ပယ်နဲ့ မပြည့်စုံတဲ့ နယ်ပယ်တစ်ခုသာ ဖြစ်ပါတယ်။ ဒါပေမဲ့ အံ့သြစရာကောင်းတာက... ကျွန်တော်တို့သာ တစ်ခါလောက် ဆုံးဖြတ်ချက်ချလိုက်မယ်ဆိုရင် အဲ့ဒီနေရာကနေ လမ်းလျှောက်ထွက်သွားဖို့ဆိုတာ အင်မတန် လွယ်ကူပါတယ်။
အဲ့ဒီ သက်သောင့်သက်သာမရှိတဲ့ နယ်ပယ်ရဲ့ အပြင်ဘက်မှာ ကျွန်တော်တို့ မြင်တွေ့ရမှာကတော့... ပိုမိုနက်ရှိုင်းတဲ့ "သက်သောင့်သက်သာရှိမှု" တစ်မျိုးပါပဲ။ အဲ့ဒါကတော့ ပုံသေကားချပ်တွေနဲ့ အပြုအမူဟောင်းတွေရဲ့ အပြင်ဘက်မှာ... "အကောင်းဆုံးသော ကျွန်တော်တို့ရဲ့ ပုံစံသစ်" အဖြစ် ရှင်သန်ရခြင်းပါပဲ။ ပရိုဂရမ်သွင်းထားတဲ့ စက်ရုပ်တစ်ရုပ်လို မဟုတ်ဘဲ၊ ပိုပြီး လူသားဆန်တဲ့ ဖြစ်တည်မှုမျိုးပေါ့။
________________________________________________________________________
အရာရာ
သင်ဟာ အမြဲတမ်း တစ်ခုခုကို လုပ်နေဖို့ မလိုပါဘူး။ ဒါမှမဟုတ် တစ်ခုခုကို အောင်မြင်အောင် လုပ်ဆောင်နေဖို့လည်း မလိုပါဘူး။ သင့်ရဲ့ အားလပ်ချိန်တွေကို အကျိုးရှိရှိ အသုံးချနေဖို့ ၊ Productive ဖြစ်နေဖို့မလိုအပ်ပါဘူး။
သင်ဟာ ထိုက်ကြည့်ကစားတာမျိုး၊ အိမ်ပြင်တာမျိုး ဒါမှမဟုတ် ပေါင်မုန့်ဖုတ်တာမျိုးတွေကို အမြဲတမ်း လုပ်နေစရာ မလိုပါဘူး။ တစ်ခါတလေမှာ သင်ဟာ ဒီအတိုင်းလေးပဲ တည်ရှိနေပြီး၊ ခံစားချက်တွေကို ခံစားရင်း၊ အားလပ်ချိန်တွေကို ဖြတ်သန်းရင်း၊ အာလူးကြော်လေး စားရင်းနဲ့တင် ရှင်သန်နေလို့ ရပါတယ်။ အဲ့ဒါဟာကိုက လိုအပ်တာထက်တောင် ပိုပြီး ပြည့်စုံလုံလောက်နေပါပြီ။
TN // တစ်ခါတလေ ဘာမှမလုပ်ဘဲ ၊ ဖုန်း လည်း မသုံး ၊ ဘာဆိုဘာမှ မလုပ်ဘဲ အိပ်ရာပေါ် ပက်လက် ကြီး ဖြစ်နေတာပဲ ဖြစ်ဖြစ် ၊ မဟုတ်လည်း ပန်းခြံထဲ သွားထိုင်ပြီး တောင်တောင်အီအီ တွေးနေတာပဲ ဖြစ်ဖြစ် ၊ အဲ့ဒါတွေ လုပ်နေရရင်ကို အဆင်ပြေတယ်။
Comments
Post a Comment