အတွေ့အကြုံ
ကျွန်တော်တို့ဟာ ကျွန်တော်တို့ ကြုံတွေ့ခံစားရတဲ့ အရာတွေ မဟုတ်ပါဘူး။
တကယ်လို့ ကျွန်တော်တို့ဟာ ဟာရီကိန်းမုန်တိုင်းတစ်ခုထဲမှာ ရပ်နေမယ်ဆိုရင်... အဲ့ဒီမုန်တိုင်းက ဘယ်လောက်ပဲ ပြင်းထန်ပါစေ၊ ဘယ်လောက်ပဲ ကြောက်စရာကောင်းပါစေ၊ "ဒီမုန်တိုင်းဟာ ငါမဟုတ်ဘူး" ဆိုတာကို ကျွန်တော်တို့ အမြဲသိနေပါတယ်။ ကျွန်တော်တို့ရဲ့ ပြင်ပမှာရော၊ အတွင်းစိတ်မှာပါ ဖြစ်ပေါ်နေတဲ့ ရာသီဥတု ဆိုတာဟာ ဘယ်တော့မှ အမြဲတမ်း မတည်မြဲပါဘူး။
လူတွေက သူတို့အပေါ်မှာ မှောင်မည်းနေတဲ့ တိမ်တိုက်ကြီးတွေ ဖုံးလွှမ်းနေတဲ့အကြောင်း ပြောလေ့ရှိကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ အဲ့ဒီ တိမ်တိုက်တွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ကောင်းကင်ကြီး သာ ဖြစ်ပါတယ်။ ကျွန်တော်တို့က အဲ့ဒီတိမ်တိုက်တွေကို ခေတ္တခဏ လက်ခံထားပေးတာသာ ဖြစ်ပါတယ်။ တိမ်တိုက်တွေဆိုတာ လက်ရှိမြင်နေရတဲ့ မြင်ကွင်းတစ်ခုသာ ဖြစ်ပြီး... ကောင်းကင်ကြီးကတော့ အမြဲတမ်း ကောင်းကင်ကြီးအဖြစ်ပဲ ရှိနေမှာပါ။
Comments
Post a Comment