ကြယ်တာရာတွေကို ငေးကြည့်ပါ
ကျွန်တော် စိတ်ဓာတ်တွေ အလွန်အမင်းကျပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်တွေ ပေါက်နေတဲ့ ညတစ်ညကို မှတ်မိနေပါသေးတယ်။ အဲ့ဒီညမှာ တိမ်ကင်းစင်နေတဲ့ ကောင်းကင်ယံထက်က အဆုံးမဲ့ ကြယ်တာရာတွေကို မော့ကြည့်မိခဲ့တယ်။ ကျွန်တော် ခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုက အရမ်းကို နက်ရှိုင်းလွန်းလို့ ရုပ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်နေသလို ခံစားခဲ့ရပါတယ်။
ဒါပေမဲ့ စကြဝဠာကြီးရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းလေးဖြစ်တဲ့ အဲ့ဒီကောင်းကင်ယံကို မြင်တွေ့လိုက်ရခြင်းက... "ငါ တစ်နေ့မှာ ဒီလိုအလှတရားမျိုးကို ပြန်ပြီး ခံစားမြတ်နိုးနိုင်ဦးမှာပါ" ဆိုတဲ့ မျှော်လင့်ချက်တွေ ကျွန်တော့်ဆီကို စီးဝင်လာစေခဲ့ပါတယ်။ အလှတရားဆိုတာ ဘဝရဲ့ မျှော်လင့်ချက်နဲ့ အံ့သြဖွယ်ရာတွေကြောင့် ကျွန်တော်တို့ကို အသက်ရှူမှားသွားစေတဲ့ အခိုက်အတန့်တိုင်းပါပဲ။ ဒီကမ္ဘာကြီးဟာ အဲ့ဒီလို အခိုက်အတန့်တွေနဲ့ ပြည့်နှက်နေပါတယ်။ အဲ့ဒီအရာတွေဟာ အမှောင်ထုထဲမှာ တောက်ပနေကြပြီး... ကျွန်တော်တို့ လက်လှမ်းယူဖို့အတွက် အမြဲရှိနေကြတာပါ။
လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ခန့်က မားကပ်စ် အော်ရီလီယပ်စ် (Marcus Aurelius) က သူ့ရဲ့ Meditations စာအုပ်ထဲမှာ အခုလို ရေးသားခဲ့ပါတယ် -
"ဘဝရဲ့ အလှတရားတွေထဲမှာပဲ နစ်မြုပ်နေလိုက်ပါ။ ကြယ်တာရာတွေကို ငေးကြည့်ပါ၊ ပြီးတော့ အဲ့ဒီကြယ်တွေနဲ့အတူ သင်ကိုယ်တိုင်လည်း လိုက်ပါပြေးလွှားနေတာကို မြင်အောင်ကြည့်လိုက်ပါ။"
Comments
Post a Comment