Skip to main content

မလုပ်သင့်တဲ့ အချက်အချို့





မလုပ်သင့်တဲ့ အချက်အချို့

တကယ်တမ်း သင်ကိုယ်တိုင်လည်း မပိုင်ဆိုင်ချင်တဲ့ အရာတွေအတွက် သူများကို မနာလိုမဖြစ်ပါနဲ့။

သင်ကိုယ်တိုင်လည်း အကြံဉာဏ်သွားမတောင်းချင်တဲ့ လူတွေဆီက လာတဲ့ ဝေဖန်မှုတွေကို အလေးအနက် 
မထားပါနဲ့။

တကယ်လို့ သွားဖြစ်ခဲ့ရင်တောင် စောစောပြန်ချင်စိတ် ပေါက်နေမယ့် ပွဲလမ်းသဘင်တွေကို မသွားရလို့ ဆိုပြီး မနှမြောပါနဲ့။

တခြားလူတွေနဲ့ တစ်သားတည်းဖြစ်ဖို့ ၊ ဝင်ဆံ့ဖို့ အတင်း မကြိုးစားပါနဲ့။ သင့်ဘာသာ သင့်ကမ္ဘာ နဲ့ သင် နေထိုင်ပါ။

သင့်ကို ဘယ်တော့မှ နားလည်ပေးမှာမဟုတ်တဲ့ လူတွေနဲ့ အခြေအတင် စကားမများပါနဲ့။

ဘယ်သူမဆို ဘဝကို အားလုံးထွင်းဖောက် သိမြင်နားလည်ထားကြတယ်လို့ မယုံကြည်ပါနဲ့။ ဘယ်သူမှ အားလုံးကို မသိကြပါဘူး။

ငွေကြေး၊ အောင်မြင်မှု ဒါမှမဟုတ် ကျော်ကြားမှုတွေက သင့်ကို နာကျင်မှုတွေကနေ ကာကွယ်ပေးနိုင်လိမ့်မယ်လို့ စိတ်ကူးမယဉ်ပါနဲ့။

ဘယ်လို ရုပ်ရည်မျိုး၊ အလုပ်အကိုင်မျိုး ဒါမှမဟုတ် ပတ်သက်ဆက်နွှယ်မှုမျိုးကမှ ပျော်ရွှင်မှုကို အာမခံချက် ပေးနိုင်တယ်လို့ မထင်လိုက်ပါနဲ့။

တကယ်တမ်း "မဟုတ်ဘူး" လို့ ငြင်းပယ်ဖို့ သတ္တိမရှိလို့ "ဟုတ်ကဲ့" လို့ လိုက်မလုပ်ပါနဲ့။

တကယ်လို့ သင် အဲ့ဒီလိုမျိုး အမှားတွေ လုပ်မိခဲ့ရင်တောင် စိတ်မပူပါနဲ့။ 

ကိုယ့်ကိုယ်ကိုယ် ပြန်ခွင့်လွှတ်ပါနော်...
______________________________________________________________________

အခြေခံအုတ်မြစ်


တခြားလူတွေဟာ အရေးကြီးပါတယ်။ ဒါပေမဲ့ သူငယ်ချင်း ရဖို့အတွက်နဲ့တော့ ကိုယ်မဟုတ်တဲ့ တခြားလူတစ်ယောက်အဖြစ် ဟန်ဆောင်နေဖို့တော့ မလိုပါဘူး။ အဆွေ့ကို တကယ်နှစ်သက်ပေးမယ့်သူတွေကို ရှာတွေ့နိုင်ဖို့ဆိုရင်....

 ပထမဆုံးအဆင့်အနေနဲ့ သင်ဟာ "သင်ကိုယ်တိုင်" ဖြစ်နေဖို့ လိုအပ်ပါတယ်။

____________________________________________________________________________


ခရမ်းရောင် ဆက်ဆီဖရိတ်ဂျ် (Purple saxifrage)

ကမ္ဘာပေါ်မှာ အကြံ့ခိုင်ဆုံး အပင်ကတော့ ခရမ်းရောင် ဆက်ဆီဖရိတ်ဂျ် (Purple saxifrage) အပင်ပဲ။ သူ့မှာ သိမ်မွေ့နုနယ်ပုံရတဲ့ ခရမ်းရောင် ပွင့်ချပ်ကလေးတွေ ရှိပြီး လေတိုက်ရင်တောင် လွင့်ပါသွားတော့မလို ထင်ရပေမဲ့ သူဟာ အာတိတ်ဒေသလို အေးစိမ့်နေတဲ့ မြောက်ဝန်ရိုးစွန်းလိုနေရာ မှာတောင် ရှင်သန်နိုင်ပါတယ်။ ဒီပန်းကလေးတွေဟာ မြေပြင်မှာ ကပ်ပြီး တစ်ခုနဲ့တစ်ခု စုစုစည်းစည်း ပွင့်ကြခြင်းအားဖြင့် ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး ဖြစ်တဲ့ ရာသီဥတုဒဏ်ကို တစ်ပင်နဲ့တစ်ပင် အကာအကွယ်ပေးရင်း ရှင်သန်နေကြတာ ဖြစ်ပါတယ်။



NEXT

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...