သင်ဟာ သင့်ရဲ့ အဆိုးဆုံး အပြုအမူထက် ပိုပြီး တန်ဖိုးရှိပါတယ်
တကယ်လို့ မိတ်ဆွေက ကလေးတစ်ယောက်ကို "မင်းက အသုံးမကျတဲ့သူပဲ" လို့ အမြဲပြောနေမယ်ဆိုရင်...
အဲ့ဒီကလေးဟာ သူဟာ တကယ်ပဲ အသုံးမကျဘူးလို့ ယုံကြည်လာပါလိမ့်မယ်။ အဲ့ဒီလိုပါပဲ... သင့်ကိုယ်သင် "ငါကတော့ အသုံးမကျတဲ့သူပဲ" လို့ ပြောနေမယ်ဆိုရင်လည်း အတူတူပါပဲ။ "လူတွေက ငါ့ကို မုန်းနေကြတာ" လို့ ယုံကြည်နေတဲ့ စိတ်ဓာတ်ကျနေသူတစ်ယောက်ဟာ အဲ့ဒီယုံကြည်ချက်အတိုင်း တကယ်ဖြစ်လာစေမယ့် အပြုအမူမျိုးတွေကို မသိစိတ်ကနေ ပိုပြီး လုပ်ဆောင်မိတတ်ပါတယ်။
နောက်ပြီး ကျွန်တော်တို့က လူတွေကို "လူကောင်း" နဲ့ "လူဆိုး" ဆိုတဲ့ အကြမ်းဖျင်း သတ်မှတ်ချက် နှစ်ခုထဲမှာပဲ ရှိရမယ်လို့ ယုံကြည်နေမယ်ဆိုရင်... အမှားတစ်ခု လုပ်မိရုံနဲ့တင် ကိုယ့်ကိုယ်ကိုယ် ထာဝရ အပြစ်စီရင်မိမယ့် အန္တရာယ်ရှိပါတယ်။
ကျွန်တော်တို့မှာ ကရုဏာ လိုအပ်ပါတယ်။ လူတွေရဲ့ ဖြစ်တည်မှု နဲ့ သူတို့ တစ်ခါတလေမှာ လုပ်မိတတ်တဲ့ လုပ်ရပ် ကြားက ခြားနားချက်ကို မြင်တတ်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီလူတွေထဲမှာ ကျွန်တော်တို့ကိုယ်တိုင်လည်း ပါဝင်ပါတယ်။
Comments
Post a Comment