ရိုးသားစွာ ရှုမြင်ခြင်း
မသိနားမလည်မှု ၊ အမှန်တရားကို မျက်ကွယ်ပြုမှုဟာ ကျွန်တော်တို့ကို သေးသိမ်သွားစေပါတယ်။ ကျွန်တော်တို့ ရင်ဆိုင်ရမယ့် တကယ့်စိန်ခေါ်မှုကတော့... မိမိကိုယ်ကိုယ်နဲ့ ဒီလောကကြီးကို ရိုးရိုးသားသား ကြည့်ရှုဖို့ပါပဲ။ မားကပ်စ် အော်ရီလီယပ်စ် (Marcus Aurelius) ကိုယ်တိုင် ချမှတ်ခဲ့တဲ့ စိန်ခေါ်မှုတစ်ခုကတော့
"အရာရာကို မျက်နှာချင်းဆိုင် ရင်ဆိုင်ကြည့်ဖို့နဲ့ အဲ့ဒီအရာတွေရဲ့ အရှိတရားကို သိအောင်လုပ်ဖို့" ပဲ ဖြစ်ပါတယ်။
________________________________________________________________
စောင့်ဆိုင်းပါ
သင် အဆင်ပြေသွားမှာပါ။ အခုအချိန်မှာ သင်ဟာ အိပ်မက်ဆိုးတစ်ခုထဲ ရောက်နေသလို ခံစားရနိုင်ပါတယ်။ သင့်ရဲ့ စိတ်က သင့်ကိုယ်သင် နှိပ်စက်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သင် ရှေ့ဆက်နိုင်တော့မှာ မဟုတ်ဘူးလို့လည်း ထင်နေမိပါလိမ့်မယ်။
ဒါပေမဲ့... အရင်တုန်းက သင် အခုလိုမျိုး စိတ်ဓာတ်ကျခဲ့ဖူးတဲ့ အချိန်တစ်ခုကို ပြန်သတိရကြည့်ပါ။ ပြီးတော့ အဲ့ဒီအချိန်ကနေ အခုအချိန်အထိ ကြားကာလမှာ ဖြစ်ပျက်ခဲ့တဲ့ "ကောင်းမွန်တဲ့အရာတစ်ခုခု" ကို ပြန်စဉ်းစားကြည့်ပါ။ အဲ့ဒီတုန်းက ကြုံခဲ့ရတဲ့ ကောင်းခြင်းမျိုးကတော့ ထပ်ပြီး ဖြစ်ချင်မှ ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ "တခြားသော ကောင်းခြင်းတစ်မျိုးမျိုး" ကတော့ သေချာပေါက် ရောက်လာဦးမှာပါ။
ဒီအတိုင်းလေးပဲ... ခေတ္တ စောင့်ဆိုင်းပေးပါ။
___________________________________________________________
အထီးကျန်ခြင်းအတွက် ကုထုံး
အထီးကျန်ခြင်းဆိုတာ အနားမှာ အဖော်မရှိတာမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ ဘဝမှာ လမ်းပျောက်နေပြီလို့ ခံစားရတဲ့အခါ အထီးကျန်မှုက ရောက်လာတတ်တာပါ။ လူအုပ်ကြီးရဲ့ အလယ်ဗဟိုမှာ ရှိနေရင်းနဲ့တောင် ကျွန်တော်တို့ဟာ လမ်းပျောက်နေနိုင်ပါတယ်။
ကိုယ့်ရဲ့ စိတ်ဓာတ်လှိုင်းချင်း မတူညီတဲ့သူတွေကြားထဲမှာ ရှိနေရတာထက် ပိုပြီး အထီးကျန်စရာကောင်းတဲ့ အရာ မရှိပါဘူး။ ဒါကြောင့် အထီးကျန်ခြင်းအတွက် ကုထုံးဟာ "လူတွေ ပိုများလာဖို့" မဟုတ်ပါဘူး။ အထီးကျန်ခြင်းအတွက် ကုထုံးဟာ "မိမိကိုယ်ကိုယ် ဘယ်သူလဲဆိုတာကို နားလည်လာဖို့" သာ ဖြစ်ပါတယ်။
Comments
Post a Comment