ဝင်ပေါက်
ကျွန်တော်တို့ တစ်ယောက်ချင်းစီတိုင်းမှာ ကမ္ဘာသစ်တစ်ခုထဲကို ဝင်ရောက်နိုင်တဲ့ စွမ်းအားတွေ ရှိကြပါတယ်။ ကျွန်တော်တို့ လုပ်ဆောင်ရမယ့် တစ်ခုတည်းသော အရာကတော့... ကျွန်တော်တို့ရဲ့ စိတ် ကို ပြောင်းလဲပစ်ဖို့ပါပဲ။
_______________________________________________________________________
ရှင်သန်ခြင်း၏ ခံသာသော အမှန်တရား
ဖြစ်တည်ခြင်း (Being) > လုပ်ဆောင်ခြင်း (Doing)
TN // ဒီသဘောကလေ...
ကိုယ်တို့ဟာ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်တဲ့အခါ "ကျွန်တော်က ဆရာဝန်ပါ"၊ "ကျွန်မက ကျောင်းသားပါ" ဆိုပြီး ကိုယ်လုပ်တဲ့ အလုပ် (Doing) နဲ့ပဲ သတ်မှတ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ အဲ့ဒီအလုပ်တွေ မရှိတော့တဲ့အခါမှာလည်း ကိုယ်ဟာ တန်ဖိုးရှိတဲ့ လူသားတစ်ယောက် အဖြစ် ကျန်ရှိနေဦးမှာပါပဲ ဆိုတာကို ပြောတာ။
ဘာလုပ်နေတာလဲထက် ဘယ်လိုလူဖြစ်နေလဲ ဆိုတာက ပိုအရေးကြီးတယ်ဆိုတာမျိုးပေ့ါ...
Comments
Post a Comment