Skip to main content

မရေရာမှုက ပေးသော စိတ်သက်သာရာ



မရေရာမှုက ပေးသော စိတ်သက်သာရာ 

မရေရာမှုတွေဟာ ကျွန်တော်တို့ရဲ့ စိုးရိမ်ပူပန်မှု (Anxiety) ကို အစာကျွေးနေတာပါ။ မရေရာမှုနဲ့ စိုးရိမ်ပူပန်မှုဟာ ခွဲထုတ်လို့မရအောင် ဆက်စပ်နေပါတယ်။ ကျွန်တော်တို့ စိုးရိမ်စိတ် ပိုများလေလေ၊ မရေရာတဲ့ အခြေအနေတွေကို သည်းခံဖို့ ပိုခက်ခဲလေလေပါပဲ။ အဲ့ဒီအခါမှာ ကျွန်တော်တို့ဟာ စာရင်းတွေ အထပ်ထပ်ရေးမယ်၊ သူတစ်ပါးကို အလုပ်လွှဲမပေးဘဲ ကိုယ်တိုင်ပဲ အတင်းချုပ်ကိုင်မယ်။ သူများဆီကနေ "အဆင်ပြေပါတယ်" ဆိုတဲ့ စိတ်ချရတဲ့စကားကို ခဏခဏ နားထောင်ချင်နေမယ်။ တံခါးပိတ်ခဲ့ရဲ့လားလို့ အကြိမ်ကြိမ် ပြန်စစ်မယ် ။ တစ်ဖက်လူ အဆင်ပြေရဲ့လားလို့ ဖုန်းတွေ ထပ်ခါတလဲလဲ ဆက်မယ်။

ကျွန်တော်တို့ဟာ အရာရာကို အတင်းထိန်းချုပ်ချင်လာပြီး သူတစ်ပါးကို မယုံကြည်နိုင်တော့ဘူး။ ကြောက်စရာကောင်းတဲ့ လောကကြီးကနေ ထွက်ပြေးပြီး အိမ်ထဲမှာပဲ ပုန်းနေချင်မယ်။ အလုပ်တွေကို ရွှေ့ဆိုင်းထားမယ်။ ဒါမှမဟုတ်လည်း အာရုံလွှဲစရာ ကိစ္စတွေထဲမှာ ကိုယ့်ကိုယ်ကိုယ် နှစ်မြှုပ်ထားမယ်။ တစ်နေ့တာရဲ့ စက္ကန့်တိုင်းကို အလုပ်တွေ၊ အပျော်အပါးတွေ၊ ဒါမှမဟုတ် တခြားသော စွဲလမ်းမှုတွေနဲ့ အတင်းဖြည့်ထားမိလိမ့်မယ်။

ဒါပေမဲ့ ဒီအရာတွေက တကယ့်အရင်းအမြစ် ပြဿနာကို မဖြေရှင်းနိုင်ပါဘူး။ မရေရာမှုကတော့ ရှိနေဆဲပါပဲ။ နောက်ဆုံးမှာတော့ မရေရာမှုကို ကိုင်တွယ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက "မရေရာမှုကို လက်ခံလိုက်ခြင်း" သာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အဲ့ဒါကနေ ထွက်ပြေးလို့ မရလို့ပါ။ ဘယ်လောက်ပဲ အချိန်ဇယားတွေ၊ ပြက္ခဒိန်တွေနဲ့ သေချာအောင် လုပ်ထားပါစေ။ မရေရာမှုကတော့ ရှိနေဦးမှာပါ။ ဒီလောကကြီးဟာ ခေါင်းမာလှတဲ့ "မရေရာမှုတွေ" နဲ့ တည်ဆောက်ထားတာဖြစ်လို့ ကျွန်တော်တို့ ဒါကို ရင်ဆိုင်ရပါမယ်။

ဒါကို ရင်ဆိုင်နိုင်တဲ့ နည်းလမ်းတစ်ခုကတော့ "မရေရာမှုရဲ့ တန်ဖိုး" ကို မြင်အောင်ကြည့်ဖို့ပါပဲ။ မရေရာမှုဆိုတာ ကျိန်စာတစ်ခု မဟုတ်ဘဲ မျှော်လင့်ချက်ရဲ့ မြစ်ဖျားခံရာလည်း ဖြစ်နိုင်ပါတယ်။ ဟုတ်ပါတယ်... မရေရာမှုကြောင့် ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အကောင်းတွေက ထင်သလောက် ဖြစ်မလာတာမျိုး ရှိနိုင်သလို ကျွန်တော်တို့ အရမ်းကြောက်နေတဲ့ အဆိုးတွေကလည်း ထင်သလောက် ကြောက်စရာ မကောင်းတာမျိုး လည်း ဖြစ်နိုင်ပါတယ်။

ဥပမာအားဖြင့် "ကံကောင်းခြင်းတွေက အသွင်ပြောင်းပြီး ရောက်လာတတ်တယ်" (Blessings in disguise) ဆိုတဲ့ စကားကို သင် ဘယ်နှစ်ကြိမ် ကြားဖူးသလဲ။ တစ်စုံတစ်ယောက်က ရောဂါဖြစ်တာ၊ အလုပ်ပြုတ်တာ၊ ဒါမှမဟုတ် စီးပွားပျက်တာမျိုးလို အဆိုးဆုံး ကံကြမ္မာနဲ့ ကြုံရပြီးမှ... နောက်ဆုံးမှာ အဲ့ဒီအဖြစ်အပျက်ကြောင့်ကျေးဇူးတင်တတ်သွားတာမျိုးကိုရော သင် ဘယ်နှစ်ကြိမ် ကြားဖူးသလဲ။

ကျွန်တော့်ဘဝရဲ့ အနက်ရှိုင်းဆုံး နာကျင်မှုတွေဟာ ကျွန်တော့်အကြောင်း ကျွန်တော် အသိဆုံးဖြစ်ခဲ့ရတဲ့ အခိုက်အတန့်တွေပါပဲ။ စက္ကူပေါ်မှာတော့ ကောင်းမွန်လှတဲ့ အားလပ်ရက် ခရီးစဉ်တွေ၊ အလုပ်အကိုင်တွေ၊ အိမ်ထောင်ရေးတွေက တကယ်တမ်းမှာတော့ ဆိုးရွားသွားနိုင်သလိုပဲ... ဘဝရဲ့ ခက်ခဲတဲ့ အရာတွေဟာလည်း သင်ခန်းစာတွေ၊ မျှော်လင့်ချက် အလင်းတန်း (Silver linings) တွေ ဒါမှမဟုတ် အမြင်သစ်တွေနဲ့အတူ ရောက်လာတတ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့က မရေရာမှုကို အဆိုးတွေ ဖြစ်လာနိုင်လို့ "မလိုချင်စရာ" အဖြစ် မြင်ကြပေမဲ့... တကယ်တမ်းမှာတော့ မရေရာမှုဟာ အဆိုးတွေကနေ ကျွန်တော်တို့ကို ကာကွယ်ပေးထားတဲ့ "အကာအကွယ်" တစ်ခုလည်း ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ လူ့ဘဝမှာ တစ်ချိန်မဟုတ် တစ်ချိန်တော့ အဆိုးတွေ ဖြစ်လာမှာပဲလေ။ အဲ့ဒီအဆိုးတွေက နောက်ဆုံးမှာ ဘာကို ဆိုလိုသွားမလဲ။ ဘယ်ကို ဦးတည်သွားမလဲ။ ဘာတွေကို ထုတ်ဖော်ပြသသွားမလဲဆိုတဲ့ "မရေရာမှု" ကသာလျှင်... ကျွန်တော်တို့ကို ပိုပြီး ကြံ့ခိုင်တဲ့ မျှော်လင့်ချက်မျိုး ရှိစေတာပါ။ 
"အဆိုးတွေ မဖြစ်ပါစေနဲ့" လို့ ဆုတောင်းတဲ့ မျှော်လင့်ချက်မျိုး မဟုတ်ဘဲ "အဆိုးတွေဆိုတာ ဇာတ်လမ်းတစ်ခုလုံး မဟုတ်ဘူး" လို့ မြင်နိုင်စွမ်းရှိတဲ့ မျှော်လင့်ချက်မျိုးပေါ့။ အဆိုးတွေမှာလည်း အကောင်းတွေလိုပဲ မရေရာတဲ့ ရလဒ်တွေ အများကြီး ရှိနေလို့ပါပဲ။

အတိုချုပ်ပြောရရင်... ကျွန်တော်တို့ ဘာမှ ကြိုမသိနိုင်ပါဘူး။ တစ်ခုတည်းသော သေချာမှုကတော့ "မသေချာခြင်း" (Uncertainty) ပါပဲ။ ဒါကြောင့် ကျွန်တော်တို့ တကယ်ပဲ စိတ်အေးချမ်းချင်တယ်ဆိုရင် မရေရာမှုထဲမှာတင် အေးချမ်းမှုကို ရှာဖွေရပါလိမ့်မယ်။ အဲ့ဒီမှာ အေးချမ်းမှုက ရှိနေပါတယ်။ ဘာလို့လဲဆိုတော့ အရာရာက မရေရာနေသရွေ့ လမ်းတွေ ပိတ်မသွားသေးလို့ ပါပဲ။ ကျွန်တော်တို့ဟာ မျှော်လင့်ချက်တွေ၊ အတိုင်းအဆမဲ့တဲ့ အခြေအနေတွေနဲ့ အဖြေမရှိသေးတဲ့ ဘဝရဲ့ ပဟေဠိတွေကြားမှာ လွတ်လပ်စွာ ရှင်သန်နိုင်ပါတယ်။

TN // ဒါလည်း မီအရမ်းကြိုက်တဲ့ အတွေးအခေါ်ပေါ့။ ဘယ်အရာမှ မမြဲဘူး။ ဒါပေမဲ့ ရိုးရှင်းစွာနဲ့ ပျော်ရွှင်တတ်အောင် နေမယ် ဆိုတာ...Finding joy in simplicity လေ

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

1

ညင်းသဲ့လေသွေး ခေါ်ဆောင်ယူရာ အရပ်၌… မြတ်နိုးခြင်းများ ဦးဆွေးဆံမြည့် *** အပိုင်း (၁) အာ...သူ သေဆုံးသွားခဲ့ပြီပဲ... မြူတွေဆိုင်းနေတဲ့ ဝန်းကျင်မှာ လဲလျောင်းငြိမ်သက်နေတဲ့ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တယ်။ ပါးနှစ်ဖက်ဟာ ချိုင့်ခွက်လျက်...မျက်ကွင်းတွေက ခပ်နက်နက် ဖြစ်နေပြီးညိုမည်းနေတယ်။ နှုတ်ခမ်းတွေဟာလည်း အအေးဓာတ်ကြောင့်ပြာနှမ်းလို့... အမြဲတမ်း ပန်းရောင်ဆားခဲလို ဖြစ်ခဲ့တဲ့ သူ့အသားအရေတွေဟာလည်း သွေးမရှိသလို ဖြူဆုတ်ပြီး...သူ့ဆံပင်တွေဟာ ကျဲပါးလွန်းတာ‌ကြောင့် ဦးရေပြားကိုတောင် မြင်နေရတယ်။ သူငိုချင်သွားတယ်။ ဒီလို ပုံဆိုးပန်းဆိုးပုံစံကြီးနဲ့ ခမ်းလျန်နား နေခဲ့တာတဲ့လား။ ဒါကိုတောင် ခမ်းလျန်က ကြင်ကြင်နာနာ နဲ့ အနမ်းလေးတွေပေးခဲ့တာတဲ့လား။ ဘုရားရေ...ခမ်းလျန် ။ ခမ်းလျန် သူနဲ့တူတူရှိနေခဲ့တာ။ မြူတွေကြားထဲမှ သူ့ခန္ဓာကိုယ်ကို ဖက်ထားဆဲဖြစ်တဲ့ လက်ဖြူဖြူလေး။ လက်သည်းတွေဟာ တုံးတိတိဖြစ်လျက် ပိုးသတ်ဆေးတွေကြောင့် အရေခွံတွေ လန်ကာ ခပ်ကြမ်းကြမ်းဖြစ်နေတဲ့ လက်ချောင်းထိပ်လေးတွေ။ မဖြစ်ရဘူး။ မဖြစ်ရဘူး လို့ သူ့စိတ်ထဲ အော်ဟစ်ပြီး ခမ်းလျန်ကို ငုံ့မိုးကြည့်မိတယ်။ ထိတ်လန့်တုန်လှုပ်စိတ်နဲ့ သူ့ကို ကျစ်နေအောင် ဖက်ထားတဲ့ ခမ်းလျန်ကိုပုတ်နှိုး...