Skip to main content

အချစ် နှင့် စိတ်ပျက်ခြင်း




အချစ် နှင့် စိတ်ပျက်ခြင်း
 
Albert Camus က "ဘဝအပေါ် စိတ်ပျက်အားငယ်မှု မရှိဘဲနဲ့တော့ ဘဝကို ချစ်မြတ်နိုးစိတ်ဆိုတာ မရှိနိုင်ဘူး" လို့ ပြောခဲ့ပါတယ်။ ကျွန်တော် ဒီစကားကို စတွေ့တုန်းကတော့ ဒါဟာ အနှစ်သာရမရှိတဲ့၊ ဟန်ဆောင်ကောင်းတဲ့၊ ပြီးတော့ အတော်လေးကို မှောင်မိုက်တဲ့ စကားတစ်ခွန်းလို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ ကျွန်တော် အသက်ကြီးလာလေလေ ဒီစကားလုံးတွေဟာ ပိုပြီး မှန်ကန်လာလေလေပါပဲ။

ကျွန်တော့်ရဲ့ ဘဝအပေါ် ချစ်မြတ်နိုးစိတ်ဟာ "စိတ်ပျက်အားငယ်မှု" ကနေ တိုက်ရိုက်ဆင်းသက်လာတာပါ။ ဆိုးရွားလှတဲ့ အချိန်တွေကို သိခဲ့ရလို့သာ ပိုကောင်းတဲ့ အချိန်တွေအတွက် ကျေးဇူးတင်တတ်လာတာမျိုးပေါ့။ ဒါပေမဲ့ ပိုပြီး နက်ရှိုင်းတဲ့ အဓိပ္ပာယ်လည်း ရှိပါသေးတယ်။ အဲ့ဒါကတော့ 
"ပျော်ရွှင်မှုနဲ့ စိတ်ပျက်အားငယ်မှုဟာ တစ်ခုတည်းသော အစုအဝေးကြီးထဲမှာ အတူတူ ကိန်းအောင်းနေတာ" ဆိုတဲ့ အချက်ပါပဲ။ ကျွန်တော်တို့ဟာ အရာရာတိုင်းရဲ့ ကြားက ဆက်နွှယ်မှုတွေကို မြင်လာတဲ့အခါ ဆန့်ကျင်ဘက် အရာတွေဟာ တစ်ခုထဲမှာ တစ်ခု ဘယ်လို ပါဝင်နေလဲဆိုတာကို သိလာတဲ့အခါ... ကျွန်တော်တို့ရဲ့ အနိမ့်ဆုံး အခိုက်အတန့်တွေမှာတောင်မှ ပိုပြီး ခွန်အားရှိလာနိုင်ပါတယ်။

TN // Albert Camus ဟာ ၂၀ ရာစုရဲ့ သြဇာအရှိဆုံး ပြင်သစ်စာရေးဆရာ၊ ဒဿနပညာရှင်နဲ့ ဂျာနယ်လစ်တစ်ဦး ဖြစ်ပါတယ်။ ၁၉၅၇ ခုနှစ်မှာ စာပေဆိုင်ရာ နိုဘယ်လ်ဆု (Nobel Prize in Literature) ကို အသက် ၄၄ နှစ်နဲ့ ရရှိခဲ့သူဖြစ်ပြီး၊ ဒုတိယမြောက် အသက်အငယ်ဆုံး နိုဘယ်လ်ဆုရှင်လည်း ဖြစ်ပါတယ်။

__________________________________________________________________

ဖြစ်နိုင်ခြေ

ဖြစ်တည်မှုဆိုင်ရာ ဒဿနပညာရှင် Rollo May က ကျွန်တော်တို့ဟာ ဆန့်ကျင်ဘက်အရာတွေကို မကြာခဏ မှားယွင်းသတ်မှတ်တတ်ကြတယ်လို့ ယုံကြည်ခဲ့ပါတယ်။ သူက 
"မုန်းတီးခြင်းဟာ အချစ်ရဲ့ ဆန့်ကျင်ဘက် မဟုတ်ပါဘူး၊ လျစ်လျူရှုခြင်း (Apathy) သာလျှင် အချစ်ရဲ့ ဆန့်ကျင်ဘက်ပါ" လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် သူက "သတ္တိရှိခြင်းနဲ့ ကြောက်ရွံ့ခြင်းဟာလည်း ဆန့်ကျင်ဘက်တွေ မဟုတ်ဘူး" လို့ ထောက်ပြခဲ့ပါသေးတယ်။ ဘာလို့လဲဆိုတော့ ကြောက်ရွံ့မှုဆိုတာ သတ္တိရှိဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လို့ပါပဲ။ တကယ့် သတ္တိရှိသူဆိုတာ ကြောက်ရွံ့မှုကို ခံစားရပါလျက်နဲ့ အဲ့ဒီကြောက်ရွံ့မှုကြားကနေပဲ ရှေ့ဆက်တိုးသွားသူတွေကို ဆိုလိုတာပါ။

ဒါပေမဲ့ သူ အပေးနိုင်ဆုံး သင်ခန်းစာကတော့ ပျော်ရွှင်မှု (Joy) နဲ့ စိတ်ပျက်အားငယ်မှု (Despair) တို့ရဲ့ အပြန်အလှန် ဒွန်တွဲနေမှုအပေါ် တင်ပြချက်ပါပဲ။

"ပျော်ရွှင်မှုဆိုတာ ဖြစ်နိုင်ခြေတွေကို ကြုံတွေ့ခံစားရခြင်းပဲ ဖြစ်တယ်" လို့ သူက ရေးခဲ့ပါတယ်။ "ဒါဟာ လူတစ်ယောက်က သူ့ရဲ့ ကံကြမ္မာကို ရင်ဆိုင်နေရချိန်မှာ ကိုယ့်မှာရှိတဲ့ လွတ်လပ်ခွင့်ကို သတိပြုမိလိုက်ခြင်းပါပဲ။ ဒီအဓိပ္ပာယ်အရဆိုရင် စိတ်ပျက်အားငယ်မှုဟာ ပျော်ရွှင်မှုဆီကို ဦးတည်သွားစေနိုင်ပါတယ်။ စိတ်ပျက်အားငယ်မှုတွေ အကုန်လုံး ကုန်ဆုံးသွားတဲ့အခါမှာ ကျန်ရစ်ခဲ့တဲ့ တစ်ခုတည်းသော အရာကတော့ ဖြစ်နိုင်ခြေ (Possibility) ပဲ ဖြစ်လို့ပါပဲ။"

Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

1

ညင်းသဲ့လေသွေး ခေါ်ဆောင်ယူရာ အရပ်၌… မြတ်နိုးခြင်းများ ဦးဆွေးဆံမြည့် *** အပိုင်း (၁) အာ...သူ သေဆုံးသွားခဲ့ပြီပဲ... မြူတွေဆိုင်းနေတဲ့ ဝန်းကျင်မှာ လဲလျောင်းငြိမ်သက်နေတဲ့ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တယ်။ ပါးနှစ်ဖက်ဟာ ချိုင့်ခွက်လျက်...မျက်ကွင်းတွေက ခပ်နက်နက် ဖြစ်နေပြီးညိုမည်းနေတယ်။ နှုတ်ခမ်းတွေဟာလည်း အအေးဓာတ်ကြောင့်ပြာနှမ်းလို့... အမြဲတမ်း ပန်းရောင်ဆားခဲလို ဖြစ်ခဲ့တဲ့ သူ့အသားအရေတွေဟာလည်း သွေးမရှိသလို ဖြူဆုတ်ပြီး...သူ့ဆံပင်တွေဟာ ကျဲပါးလွန်းတာ‌ကြောင့် ဦးရေပြားကိုတောင် မြင်နေရတယ်။ သူငိုချင်သွားတယ်။ ဒီလို ပုံဆိုးပန်းဆိုးပုံစံကြီးနဲ့ ခမ်းလျန်နား နေခဲ့တာတဲ့လား။ ဒါကိုတောင် ခမ်းလျန်က ကြင်ကြင်နာနာ နဲ့ အနမ်းလေးတွေပေးခဲ့တာတဲ့လား။ ဘုရားရေ...ခမ်းလျန် ။ ခမ်းလျန် သူနဲ့တူတူရှိနေခဲ့တာ။ မြူတွေကြားထဲမှ သူ့ခန္ဓာကိုယ်ကို ဖက်ထားဆဲဖြစ်တဲ့ လက်ဖြူဖြူလေး။ လက်သည်းတွေဟာ တုံးတိတိဖြစ်လျက် ပိုးသတ်ဆေးတွေကြောင့် အရေခွံတွေ လန်ကာ ခပ်ကြမ်းကြမ်းဖြစ်နေတဲ့ လက်ချောင်းထိပ်လေးတွေ။ မဖြစ်ရဘူး။ မဖြစ်ရဘူး လို့ သူ့စိတ်ထဲ အော်ဟစ်ပြီး ခမ်းလျန်ကို ငုံ့မိုးကြည့်မိတယ်။ ထိတ်လန့်တုန်လှုပ်စိတ်နဲ့ သူ့ကို ကျစ်နေအောင် ဖက်ထားတဲ့ ခမ်းလျန်ကိုပုတ်နှိုး...