ဇာတ်လမ်းမိတ်ဆက်
အေးစက်ရက်စက်တတ်တဲ့ ဥက္ကဋ္ဌ ရှဲ့ယို့ရဲ့ ဘဝမှာ တစ်ခုတည်းသော ရည်မှန်းချက်ကတော့ အနုပညာလောကထဲကို အသစ်ဝင်ရောက်လာတဲ့ ယွီနျန့်ကို Weibo ပေါ်မှာ အမြဲတမ်း လှောင်ပြောင်သရော်ဖို့ပါပဲ။ သူဟာ ယွီနျန့်ရဲ့ တကယ့်ကို နာမည်ကျော် Anti-fan ခေါင်းဆောင်ကြီးလို့တောင် ပြောလို့ရတယ်။
ယွီနျန့်က သီချင်းဆိုပြိုင်ပွဲတစ်ခုမှာ ပါဝင်ယှဉ်ပြိုင်ရင်း တစ်ညတွင်းချင်း နာမည်ကြီးလာခဲ့ပြီး သူ့ရဲ့အသံကို သဘာဝတရားကြီးရဲ့ လက်ဆောင်လေး လို့တောင် တင်စားကြပါတယ်။
"အိုး... ဒါက ပြန်ပြင်ထားတာနေမှာပါ။ လူတစ်ယောက်က ဒီလောက်အသံကောင်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး!"
ယွီနျန့် သီချင်းဆိုရင်း ပြုံးနေတဲ့ GIF ပုံလေးတွေ အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားပြီး သူ့ရဲ့ ရုပ်ရည်ကို လူတိုင်းက ချီးကျူးနေကြတဲ့အခါမှာလည်း ရှဲ့ယို့ကြီးက
"အိုး... ဒါက ပလတ်စတစ်ဆာဂျရီ လုပ်ထားတာနေမှာပါ။ လူတစ်ယောက်က ဒီလောက်အထိ လှပနေဖို့ဆိုတာ မဖြစ်နိုင်ဘူး!"
ဒါပေမဲ့ လအနည်းငယ်အကြာမှာတော့ Anti ခေါင်းဆောင်ကြီး ဥက္ကဋ္ဌရှဲ့ဟာ သူ့ရဲ့ Weibo မှာ အခုလို Update လုပ်ပါလေရော…
“အားလုံးပဲ မင်္ဂလာပါ... ကျွန်တော်တို့ နှစ်ယောက် တွဲနေကြပါပြီ @YuNian"
Meanwhile…. Netizens များ
"သင်း ငါတို့ကို လာနောက်နေတာလား"
တစ်နေ့မှာတော့ ယွီနျန့်ဟာ ရှေးဟောင်းပစ္စည်း စစ်ဆေးအကဲဖြတ်တဲ့ အစီအစဉ်တစ်ခုမှာ ဧည့်သည်အဖြစ် ဖိတ်ကြားခံခဲ့ရပြီးနောက်…
ယွီနျန့်က ယွမ် သန်း ၇၀ တန်ဖိုးရှိတဲ့ ရှေးဟောင်းပန်းချီကားတစ်ချပ်ကို တစ်ချက်ကြည့်ရုံနဲ့တင် "ဒါက အတုကြီးပဲ" လို့ ကောက်ချက်ချလိုက်တယ်။
အစီအစဉ် ထုတ်လွှင့်ပြီးတဲ့နောက်မှာတော့ Netizens တွေက ယွီနျန့်ကို ဝိုင်းဝန်းလှောင်ပြောင်ကြပြီး အရှက်ကွဲ မယ့်အချိန်ကို စောင့်မျှော်နေကြရော…
အခြေအနေတွေကို ရှဲ့ယို့ သိသွားတဲ့အခါမှာတော့ အကြောက်အကန်ငြင်းရှာတယ်။
"မဟုတ်ဘူး... မဟုတ်ဘူး... နျန့်နျန့်... ကို့ စကား နားထောင်ပါဦး။ ဒီတစ်ခါ မင်းကို ဝိုင်းဆဲအောင် လူငှားပြီး လုပ်ခိုင်းတာ ကို တကယ်မဟုတ်ပါဘူး!"
မကြာခင်မှာပဲ ယွီနျန့်ရဲ့ ဘဝနောက်ခံအမှန်တရားက ပေါ်ပေါက်လာပါတော့တယ်။ အဖြစ်မှန်ကို သိသွားတဲ့ Netizens တွေအားလုံး ဆွံ့အသွားကြပြီး…
"ပန်းချီကားက တကယ်ကြီး အတုဖြစ်နေတာပဲ! ဘာလို့လဲဆိုတော့ မူရင်းပန်းချီကားအစစ်က သူ့အိမ်မှာ ရှိနေတာ နှစ်ပေါင်း ၃၀၀ တောင် ကြာပြီလေ!"
"အဓိကအချက်က... အစားအသောက်မှာဖို့တောင် ပိုက်ဆံမရှိဘူးလို့ ပြောနေတဲ့သူက ဘာလို့ ဒီလောက်တောင် ချမ်းသာနေရတာလဲ။ အခုမှ သူ့ကို အဖေ ခေါ်ရင် နောက်ကျသွားပြီလား"
______________________________________________________________________
TN // မီကြိုက်တဲ့ Entertainment industry / Show biz ကိုမှ ပေ့ါပေါ့ပါးပါးနဲ့ ရယ်ရတဲ့ ဇာတ်လမ်းလေးပါ။ ငမွဲလေး ဆိုပြီး ဝိုင်းနှိမ်ကြရာက ဟိုက သူတို့ အဖေ ဖြစ်နေတာ ဟား ဟား
Comments
Post a Comment