Skip to main content

မြစ်



မြစ်

လူတွေဟာ စီးဆင်းမှု အကြောင်းကို အများကြီး ပြောလေ့ရှိကြတယ်။ အလုပ်ခွင်က စီးဆင်းမှု၊ ဂီတစီးဆင်းမှု၊ ယောဂစီးဆင်းမှု၊ ဘဝစီးဆင်းမှု စသဖြင့်ပေါ့။ ကျွန်တော်တို့ တစ်ခုခုကြောင့် စိတ်ဖိစီးနေရင် "အလိုက်သင့်လေး လိုက်သွားပါ" (Go with the flow) လို့ အကြံပေးခံရတတ်ပါတယ်။ အဲ့ဒါက တကယ်တော့ ဘာကို ဆိုလိုတာပါလဲ။

ဟားမန်း ဟက်ဆီ (Hermann Hesse) ရေးသားထားတဲ့ Siddhartha ဝတ္ထုထဲမှာ သူက "မြစ်ဆိုတာ နေရာတိုင်းမှာ ရှိတယ်" လို့ ပါပါတယ်။ ဇာတ်လမ်းရဲ့ အဓိကအစိတ်အပိုင်းဟာ မြစ်တစ်စင်းကို ဗဟိုပြုထားတာပါ။ အဓိကဇာတ်ကောင် သိဒ္ဓတ္ထ (Siddhartha) ဟာ သူ့ကို ဒုက္ခဆင်းရဲမှ လွတ်မြောက်ကြောင်းတရားဓမ္မကို ရှာဖွေဖို့ မြစ်ဘေးမှာပဲ နေထိုင်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ မြစ်ဆီက ထွက်ပေါ်လာတဲ့ အသံတွေက သူ့ကို လက်ခံနိုင်ခြင်း နဲ့ လောကဓမ္မအကြောင်းတွေကို သင်ပေးခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် နာကျင်စေတဲ့ နည်းလမ်းတွေနဲ့ ကျင့်ကြံပေမဲ့လည်း ဓမ္မကို ရှာမတွေ့နေချိန်မှာ မြစ်ရဲ့ ငြိမ်းချမ်းတဲ့ အသံကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပြီး အရင်က မသိခဲ့ဖူးတဲ့ စိတ်ငြိမ်းချမ်း တည်ငြိမ်မှုကို ရှာတွေ့ကာ ဒုက္ခဆင်းရဲတွေကနေ လွတ်မြောက်သွားခဲ့တယ်။

နောက်ပိုင်းမှာတော့... အချိန်ဆိုတာ ထင်ယောင်ထင်မှား တစ်ခုသာ ဖြစ်ပြီး၊ သူ့ရဲ့ ပြဿနာတွေ၊ နာကျင်မှုတွေ အားလုံးဟာ သဘာဝတရားကြီးရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုသာ ဖြစ်တယ်ဆိုတာကို မြစ်က သူ့ကို သင်ပေးခဲ့တယ်။ ဖြစ်ရပ်တစ်ခုချင်းစီဟာ သူတို့ချည်းပဲဆိုရင် ဘာအဓိပ္ပာယ်မှ မရှိပေမဲ့... ကြီးမားတဲ့ အစုအဝေးကြီးရဲ့ အစိတ်အပိုင်းအဖြစ် ကြည့်လိုက်ရင်တော့ အရာအားလုံးကို နားလည်သွားနိုင်တယ်။ ဒါဟာ မြစ်က သူ့ကို သင်ပေးခဲ့တဲ့ အရာပါပဲ။

ကျွန်တော့်အတွက်တော့ ဘဝရဲ့ စီးဆင်းမှုဆိုတာ အရာရာကို ပိုမိုကြီးမားတဲ့ အရာတစ်ခုရဲ့ အစိတ်အပိုင်းအဖြစ် လက်ခံလိုက်ခြင်းပါပဲ။ ရေမော်လီကျူးလေး တစ်ခုချင်းစီကို မြစ်ရဲ့ အစိတ်အပိုင်းအဖြစ် လက်ခံလိုက်သလိုမျိုးပေါ့။ ဒါဟာ ကျွန်တော် ပြင်းထန်စွာ နာကျင်ခံစားနေရတဲ့ အချိန်တွေမှာ နှစ်သိမ့်မှု ပေးပါတယ်။

နာကျင်မှုဆိုတာ အတ္တကြီးပါတယ်။ သူက ကျွန်တော်တို့ရဲ့ အာရုံစိုက်မှုအားလုံးကို သူတစ်ယောက်တည်းဆီမှာပဲ ရှိနေစေချင်တာပါ။ ဒါပေမဲ့ အခိုက်အတန့်တိုင်းဟာ အစုအဝေးကြီးတစ်ခုရဲ့ အစိတ်အပိုင်းတွေသာ ဖြစ်ပါတယ်။ အခိုက်အတန့်တိုင်းဟာ ပန်းချီကားတစ်ချပ်ထဲက (ဥပမာ- မြစ်ပုံပန်းချီကား) စုတ်ချက်တစ်ခုချင်းစီလိုပါပဲ။ အဲ့ဒီပန်းချီကားကို အဝေးကနေ လှမ်းကြည့်လိုက်ရင်တော့ အင်မတန် လှပနေနိုင်ပါတယ်။ ကျွန်တော့်မှာ အရာရာကို အဆုံးသတ်လိုက်ချင်လောက်အောင် ပြင်းထန်တဲ့ နာကျင်မှုတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဝေးကနေ လှမ်းကြည့်လိုက်တဲ့အခါမှာတော့ အဲ့ဒီနာကျင်မှုတွေဟာ အလင်း ကို ပိုမိုထင်ရှားစေတဲ့ အရိပ် လေးတွေသာ ဖြစ်နေပါတော့တယ်။
________________________________________________________________________


ဆည်

သူတို့ကို စီးဆင်းပါစေတော့။ ထုတ်မပြောဖြစ်ခဲ့တဲ့ အတွေးစတွေ အားလုံး။ ဖိနှိပ်ထားတဲ့ ခံစားချက်တွေ အားလုံး။ အသိအမှတ်မပြုဘဲ ထားခဲ့တဲ့ အခက်အခဲတွေ အားလုံး။ အပြစ်ရှိသလို ခံစားနေရတဲ့ လျှို့ဝှက်ချက်တွေ အားလုံး။ နာကျင်စရာ မှတ်ဉာဏ်တွေ အားလုံး။ ဝှက်ထားတဲ့ စိတ်အောက်ခြေက ထောင့်လေးတွေ အားလုံး။ အနေရခက်တဲ့ အမှန်တရားတွေ အားလုံး။ ဆေးမထည့်ရသေးတဲ့ ဒဏ်ရာတွေ အားလုံး။ သက်သောင့်သက်သာ မရှိလှတဲ့ အကြံဉာဏ်တွေ အားလုံး။ ကွယ်ဝှက်ထားတဲ့ တမ်းတမှုတွေနဲ့ ငြင်းပယ်ထားတဲ့ ဆန္ဒတွေ အားလုံး။

ဆည်ကြီးရဲ့ နောက်ကွယ်မှာ စုပြုံတက်လာနေတဲ့ အဲ့ဒီရေတွေ အားလုံးကို... ဖိအားတွေ ပြည့်လျှံလာအောင် မစောင့်ပါနဲ့။ ဆည်ကြီး တစ်စစီ ပေါက်ကွဲထွက်သွားမယ့် အချိန်အထိ မစောင့်ပါနဲ့။ 
သူတို့ကို စီးဆင်းပါစေတော့။ စီးဆင်းပါစေတော့။ စီးဆင်းပါစေတော့။



"ဘယ်သူမှ မြစ်တစ်စင်းတည်းထဲကို နှစ်ကြိမ်တိုင်တိုင် ခြေမချနိုင်ပါဘူး။ ဘာလို့လဲဆိုတော့... အဲ့ဒီမြစ်ဟာ အရင်က မြစ်မဟုတ်တော့သလို၊ အဲ့ဒီလူဟာလည်း အရင်က လူမဟုတ်တော့လို့ပါပဲ။"

Heraclitus


Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...