ကြည်နူးဖွယ် ဝမ်းနည်းမှု (Good sad)
အဆွေ့မှာ... တစ်မျိုးလေး ညင်သာပြီး ခံစားလို့ကောင်းတဲ့ ဝမ်းနည်းမှုမျိုး ကြုံဖူးသလား။ ဥပမာ - ဆုံးရှုံးသွားတဲ့ အတိတ်တစ်ခု ဒါမှမဟုတ် အခွင့်မသာခဲ့တဲ့ အနာဂတ်တစ်ခုအတွက် တမ်းတမိတဲ့ လွမ်းမောမှုမျိုးပေါ့။ အဲ့ဒီလို လွမ်းဆွတ်ရတာဟာ ဝမ်းနည်းစရာ ကောင်းပေမဲ့လည်း... တစ်ဖက်မှာတော့ ဘဝဆိုတာ တကယ့်ကို နွေးထွေးတဲ့ အရာတွေနဲ့ ပြည့်နှက်နေနိုင်ပါလားဆိုတာကို မိတ်ဆွေကို ပြန်ပြီး သတိရစေပါတယ်။ နောက်ပြီး အဲ့ဒီလို နွေးထွေးတဲ့ အခိုက်အတန့်တွေကို ကိုယ်တိုင် မျက်မြင်ကြုံတွေ့ခွင့် ရခဲ့တာကိုလည်း ပြန်လည် သတိရစေပါတယ်။
ကျွန်တော်ကတော့ အဲ့ဒီလို ခံစားရလေ့ ရှိပါတယ်။
Comments
Post a Comment