Skip to main content

ဟမ်းမပ်စ် (Hummus)





ဟမ်းမပ်စ် (Hummus)

ဟင်းချက်ခြင်းက စိတ်ကို ကုသပေးနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ အထိရောက်ဆုံး စိတ်ကုထုံးဖြစ်တဲ့ ဟင်းချက်နည်းက... တကယ်ကြီး ချက်ပြုတ်နေစရာမလိုတဲ့ နည်းမျိုးပါ။ ပါဝင်ပစ္စည်းတွေအားလုံးကို စုစည်းပြီး ရောမွှေလိုက်တဲ့ ရိုးရှင်းတဲ့ နည်းလမ်းမျိုးပေါ့။ အစားအစာတွေအတွက် တွေ့ဆုံပွဲ တစ်ခု လုပ်ပေးလိုက်သလိုမျိုး၊ တကယ့်ကို အနှစ်ဖြစ်အောင် နယ်ဖတ်လိုက်တာမျိုးပါ။ ကျွန်တော် အနှစ်သက်ဆုံး "မချက်ရတဲ့ဟင်း" ကတော့ ဟမ်းမပ်စ် ပါပဲ။

ဟမ်းမပ်စ်ဟာ  နှစ်သိမ့်မှုပေးနိုင်တဲ့ အစားအစာ (Comfort food) တစ်ခုပါ။ အဲ့ဒါကြောင့်လည်း အရှေ့အလယ်ပိုင်းဒေသကို ကျော်လွန်ပြီး လူသိများလာတဲ့အခါမှာ တစ်ကမ္ဘာလုံးကို မြန်မြန်ဆန်ဆန်ပဲ ပျံ့နှံ့သွားခဲ့တာပေါ့။ 
ဟမ်းမပ်စ်မှာ ဘာကြောင့် ဒီလောက် နှစ်သိမ့်မှုပေးနိုင်တဲ့ စွမ်းအားရှိနေတာလဲဆိုတာ ကျွန်တော် မသိပါဘူး။ စားဖိုမှူးကြီး Yotam Ottolenghi ကတော့ ဟမ်းမပ်စ်ရဲ့ "စိတ်ခံစားမှုကို လှုံ့ဆော်ပေးနိုင်တဲ့ စွမ်းအား" အကြောင်းနဲ့ အရှေ့အလယ်ပိုင်းမှာ ဒီဟင်းကြောင့် ဘယ်လောက်တောင် ပြိုင်ဆိုင်မှုတွေ ပြင်းထန်ခဲ့ရတယ်ဆိုတဲ့အကြောင်း ပြောဖူးပါတယ်။ ဟမ်းမပ်စ်ဟာ အစားအစာတစ်ခုထက် ပိုတယ်လို့ ခံစားရပါတယ်။ သူက အခြေခံအကျဆုံး အနှစ်တစ်မျိုး ဖြစ်သလို... အချက်အပြုတ်လောကရဲ့ "အောက်ဆီဂျင်" လိုပါပဲ။ ဒီအရာမရှိတဲ့ ကမ္ဘာကြီးကို ကျွန်တော် စိတ်ကူးကြည့်ဖို့ ခက်ပါတယ်။ စိတ်ကူးကြည့်လို့ ရခဲ့ရင်တောင် အဲ့ဒီကမ္ဘာဟာ အခုထက်စာရင် နည်းနည်းလေးများ ပိုပြီး ဝမ်းနည်းစရာ ကောင်းနေမလားနော်။

ကျွန်တော် ကိုယ်ပိုင်နည်းလမ်းတွေနဲ့ လုပ်စားလာတာ နှစ်အတော်ကြာပြီ ဖြစ်ပေမဲ့ မကြာသေးခင်ကမှ ကျွန်တော် အကြိုက်ဆုံး ပုံသေနည်းကို ရှာတွေ့ခဲ့ပါတယ်။ 

ပါဝင်ပစ္စည်းတွေကတော့ .... ကုလားပဲဗူး (Chickpeas) နှစ်ဗူး၊ တဟီနီ နှမ်းနှစ်(Tahini) တစ်ဇွန်းကြီးကြီး၊ ကြက်သွန်ဖြူ (များများထည့်ရင် ပိုကောင်းပါတယ်)၊ သံလွင်ဆီ အနည်းငယ်၊ သံပရာရည် (သံပရာသီးတစ်လုံးစာ)၊ အပျစ်အကျဲအတွက် ရေအနည်းငယ်၊ ဇီယာမှုန့် (Cumin)၊ ငရုတ်သီးမှုန့် (Cayenne) နဲ့ ဆား အနည်းငယ်တို့ ပါ။ အားလုံးကို စက်ထဲထည့်ပြီး ကြိတ်လိုက်ပါ။ စားခါနီးမှာ ဇီယာမှုန့်နဲ့ ဆီ ထပ်ဆမ်းပါ။ ပေါင်မုန့်ပူပူလေး သံလွင်သီးပါတဲ့ ပေါင်မုန့် ဒါမှမဟုတ် ပီတာပေါင်မုန့် နဲ့ တွဲပြီး တို့စားလိုက်ပါ။ အရသာရှိရှိ စားသုံးလိုက်ပါ။



Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...