Skip to main content

အမှန်တရား၊ သတ္တိနှင့် Karl Heinrich Ulrichs



အမှန်တရား၊ သတ္တိနှင့် Karl Heinrich Ulrichs

"ကိုယ့်ကိုယ်ကိုယ်အတိုင်း နေထိုင်ပါ" (Be yourself) ဆိုတာ ကမ္ဘာပေါ်မှာ အသုံးအများဆုံး အကြံဉာဏ်ဖြစ်နိုင်ပေမဲ့ အဲ့ဒီအတိုင်း လိုက်နာဖို့ကတော့ အမြဲတမ်း မလွယ်ကူသလို... တစ်ခါတလေမှာ မဖြစ်နိုင်သလောက်ပါပဲ။ မိတ်ဆွေရဲ့ လိင်ကွဲပြားမှု ဒါမှမဟုတ် လိင်စိတ်တိမ်းညွတ်မှုဟာ လူမှုပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချမှုတွေ၊ ရာဇဝတ်မှုအဖြစ် သတ်မှတ်ခံရမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စိတ်ကူးကြည့်ပါ။ ဥပမာ - ၁၈၃၀ ပြည့်လွန်နှစ်တွေက ဂျာမနီနိုင်ငံမှာ နေထိုင်တဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ သူဟာ အမျိုးသားအချင်းချင်းကိုပဲ စိတ်ဝင်စားတာပါလားဆိုတာကို ဘာသံသယမှမရှိဘဲ သိရှိသွားတယ်ဆိုပါစို့။ သင်သာဆိုရင် ဒါကို ဖုံးကွယ်ထားဖို့၊ ဖိနှိပ်ထားဖို့ ဒါမှမဟုတ် ငြင်းပယ်ဖို့ ကြိုးစားမိမှာပါ။ မိသားစုကို ပြောပြဖို့ဆိုတာကတော့ အဝေးကြီးပေါ့။

တကယ်တော့ Karl Heinrich Ulrichs ဟာ အသက် ၃၀ ကျော် (၁၈၆၂ ခုနှစ်) ရောက်မှသာ သူ့မိဘတွေကို သူဟာ အမျိုးသားအချင်းချင်း စိတ်ဝင်စားသူဖြစ်ကြောင်း ဖွင့်ပြောခဲ့တာပါ။ အဲ့ဒီခြေလှမ်းကို လှမ်းပြီးတဲ့နောက်မှာတော့ သူဟာ ပိုမိုကြီးမားတဲ့ နောက်ထပ်ခြေလှမ်းတစ်ခုကို လှမ်းခဲ့တယ်။ လိင်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်ကြောင်း သူ စတင်ရေးသားခဲ့တာပဲ။ အစပိုင်းမှာ ကလောင်အမည်ဝှက်နဲ့ ရေးသားခဲ့ပေမဲ့ မကြာခင်မှာပဲ သူ့နာမည်ရင်းနဲ့ ရဲရဲဝံ့ဝံ့ ရေးသားခဲ့တယ်။

လိင်တူချစ်ခြင်းကို သိပ္ပံနည်းကျ နားလည်ပေးဖို့ သူတိုက်တွန်းတဲ့ စာသားတွေကြောင့် ဥပဒေနဲ့ အမြဲတမ်း ပြဿနာတက်ခဲ့ပေမဲ့ သူဟာ ဆက်လက်ရေးသားခဲ့တယ်။ မြူးနစ်မြို့က ဂျာမန်ဥပဒေပညာရှင်များ ညီလာခံမှာ လူအများက သူ့ကို အော်ဟစ်မောင်းထုတ်နေတဲ့ကြားကပဲ လိင်တူချစ်သူတွေကို အရေးယူတဲ့ ဥပဒေတွေကို ပယ်ဖျက်ပေးဖို့ သူ မတ်တပ်ရပ် တောင်းဆိုခဲ့ပါတယ်။

အခုအခါမှာတော့ သူ့ကို လိင်တူချစ်သူအခွင့်အရေး (Gay Rights) သမိုင်းမှာ လမ်းပြကြယ်တစ်ပုဒ်အဖြစ် အသိအမှတ်ပြုထားကြပေမဲ့ Ulrichs ရဲ့ ဘဝကတော့ မလွယ်ကူခဲ့ပါဘူး။ သူ့ရဲ့ သတင်းစကားတွေ၊ လှုပ်ရှားမှုတွေနဲ့ သူ့ရဲ့ ဖြစ်တည်မှုကိုယ်တိုင်က ပြင်းထန်တဲ့ ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူ့ရဲ့ စာအုပ်တွေကို ပုလိပ်တွေက သိမ်းဆည်းတာ၊ ပိတ်ပင်တာတွေ လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ သူ့ရဲ့ စိတ်ဓာတ်ကတော့ ဘယ်တော့မှ ယိမ်းယိုင်မသွားခဲ့ဘူးရယ်။ နောက်ပိုင်းမှာ ကျန်းမာရေးချို့ယွင်းလာလို့ အီတလီကို ပြောင်းရွှေ့ခဲ့ရပေမဲ့ အဲ့ဒီမှာလည်း သူ့ရဲ့ အလုပ်တွေကို ကိုယ်ပိုင်ငွေနဲ့ ထုတ်ဝေပြီး ဆက်လက် ကြိုးစားခဲ့ရတယ်။

ဒီနေ့ခေတ်မှာတော့ သူ့ရဲ့ အမွေအနှစ်တွေက ကြီးမားလွန်းပါတယ်။ ပရော်ဖက်ဆာ Robert Beachy က သူ့ကို လူသိရှင်ကြား "ပွင့်လင်းစွာ ဖွင့်ပြောခဲ့သူ" (Come out) အဖြစ် ပထမဆုံးလူအဖြစ် ရည်ညွှန်းခဲ့ပါတယ်။ ဂျာမနီနိုင်ငံတစ်ဝန်းမှာ သူ့နာမည်နဲ့ လမ်းအမည်တွေ ပေးထားကြပါတယ်။ နိုင်ငံတကာ လိင်တူ၊ လိင်ကွဲ၊ လိင်ပြောင်းလဲသူများ ဥပဒေအသင်း (ILGA) မှာလည်း သူ့နာမည်နဲ့ ဆုတစ်ခု ရှိပါတယ်။

Ulrichs အတွက် ပေးဆပ်ခဲ့ရတဲ့ ကိုယ်ပိုင်ရင်းနှီးမှုတွေက ကြီးမားလွန်းပေမဲ့... သူဟာ ကိုယ့်ကိုယ်ကိုယ်အတိုင်း နေထိုင်ခဲ့ရတာကို နောင်တမရဘူးဆိုတာ အထင်အရှားပဲ။ သူဟာ မှန်ကန်တဲ့အရာကို လုပ်ခဲ့တယ်ဆိုတာ သိဖို့အတွက် အနာဂတ်က အသိအမှတ်ပြုတာကို စောင့်နေစရာ မလိုခဲ့ပါဘူး။ သူ့ဘဝရဲ့ နောက်ဆုံးအချိန်မှာ သူက အခုလို ရေးခဲ့တယ်။

"ကျွန်တော် သေဆုံးတဲ့နေ့အထိ... ကျွန်တော့်ရဲ့ ရင်ထဲမှာ အဆိပ်တွေ ထည့်ပေးနေတဲ့၊ ကျွန်တော့်လို လူသားတွေအပေါ် နှိပ်စက်နေတဲ့ အမှောင်ထုကြီးကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်တိုက်ခိုက်ခဲ့တာကို ဂုဏ်ယူစွာနဲ့ ပြန်ကြည့်နေမှာပါ။ လူအများအပြားဟာ သူတို့ရဲ့ ပျော်ရွှင်မှုတွေ အစွန်းအထင်း ခံရတဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ကြရတယ်။ လူမှုပတ်ဝန်းကျင်ရဲ့ နှိမ်ချဆက်ဆံမှုဆိုတဲ့ နဂါးကြီးကို ပထမဆုံး စတင်ထိုးနှက်နိုင်ခဲ့တဲ့အတွက် ကျွန်တော် တကယ်ပဲ ဂုဏ်ယူမိပါတယ်။"

ကျွန်တော်တို့ ရာစုနှစ်မှာလည်း မိမိတို့ နားမလည်တဲ့ ဖြစ်တည်မှုတွေအပေါ် ကဲ့ရဲ့ရှုံ့ချနေသူတွေ ရှိနေဆဲဖြစ်ပေမဲ့... Ulrichs လိုမျိုး ဘယ်လိုပေးဆပ်မှုမျိုးနဲ့မဆို ကိုယ့်ရဲ့ အမှန်တရားအတွက် ရပ်တည်ရဲသူတွေ ရှိနေတာကို သတိရဖို့ အရေးကြီးပါတယ်။ အဲ့ဒါဟာ ပတ်ဝန်းကျင်ရဲ့ နှိမ်ချမှုကို ခံနေရသူတွေ ဒါမှမဟုတ် ကိုယ့်ရဲ့ အမှန်တရားက ခေတ်စနစ်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေသူတွေအားလုံးအတွက် နက်ရှိုင်းတဲ့ ခွန်အားနဲ့ နှစ်သိမ့်မှုတစ်ခု ဖြစ်ပါတယ်။




Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...