Skip to main content

10







အပိုင်း (၁၀)

ကိုကို ဖာဖာထေးထေး အပြောကောင်းလို့ မေမေက သူ့ကို ဘောလုံးပွဲမှာ လေ့ကျင့်ရင်း ရိုးရိုးလက်ကျိုး

တယ်လို့ပဲ သိထားပြီး ဆူတာမျိုးမလုပ်။

“သားငယ်…အဲ့ဘောလုံးအသင်းထဲက ထွက်လိုက်တော့ ။ အခု ဘောလုံး ကျင့်ရင်း တင်းနစ်ပါ မရိုက်နိုင်တော့ရင် ဘယ်လိုလုပ်မလဲ”

“ဘယ်လက်နဲ့ လေ့ကျင့်လို့ရပါတယ်”
မေမေ သက်ပြင်းတွေသာ တဖွဖွချတယ်။ ကိုကိုကတော့…

“ငါနဲ့ သူက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သူလည်း အဲ့ဒါကို သိတယ်။ မင်း ပြဿနာမရှာနဲ့တော့ ညီညီ” လို့ ရာဇသံပေးပေမဲ့
“သူက ကိုကိုနဲ့ အမြဲ ရှိနေတာလေ”

“သူ င့ါကို ဘာမှမလုပ်ဘူး။ စိတ်ချ ။ နေသစ်တို့ အိမ်က သူ့ကို ကောင်းကောင်းသွန်သင်ထားတယ်။ မင်းနဲ့ ငါ့လိုတောင် မဟုတ်ဘူး။ ဒါကြောင့် စိတ်ချ ။ အချိန်တန်ရင် ငါလည်း မေမေ သဘောတူတဲ့ မိန်းမပဲ ယူရမှာ”

“ဒါပေမဲ့…”

“ညီညီ”

ကိုကို က ထုံးစံအတိုင်း လှဲနေတဲ့ သူ့ကို ‌အပေါ်ကနေ ငုံ့မိုးကြည့်လာပြီး


“မင်း ကိစ္စတွေသာ မင်းလုပ်ပါ။ ငါ့ကို ထည့်မတွက်နဲ့တော့…ငါ့ကို မင်း ငယ်ငယ်ကလို လိုက်စောင့်ရှောက်ပေးစရာ ၊ ရန်ဖြစ်ပေးစရာမလိုတော့ဘူး။ မေမေ ပြောတဲ့ ပုံပြင်တွေကိုလည်း မေ့လိုက်။ မင်း ကိစ္စသာ မင်းဆက်လုပ်။ မင်း ဘဝအတွက် မင်း ဘာသာမင်း စဥ်းစားတော့…ငါ့ကို မပူနဲ့”

ထုံးစံအတိုင်း သူခေါင်းငုံ့နားထောင်နေမိတော့…

“ငါ ပြောတာ နားလည်လား ညီညီ” လို့ ထပ်မံအတည်ပြုတယ်။

“ဟုတ်”

“သက်သာအောင်နေ…အတန်းတွေ ပျက်လို့ စာတွေလွတ်ရင် ငါလည်း မင်းကို ပြန်မရှင်းပြနိုင်ဘူး။ အဲ့ကျရင် မင်း roll 1 ဆီ စာသွားမေးရမယ်။ မင်းမလုပ်ချင်ဘူးမလား”

သူခေါင်းခါပြလိုက်တယ်။ ဒီနှစ် သူ့ Roll က သုံးကို ခုန်ဆင်းသွားတာလေ။ သူ အဲ့ကိစ္စနဲ့ ပတ်သတ်ပြီး မကျေနပ်ပေမဲ့ ဘယ်သူမှ မရိပ်မိဘူး ထင်နေတာ။ ကိုကိုကတော့ ကိုကိုပါပဲ… သူ့စိတ်ကို သိနေခဲ့တယ်။

ကိုကို မိုးရိပ်နဲ့ ဖုန်းပြောဖို့ အခန်းထဲက ထွက်သွားပြီးမကြာဘူး။ ထွန်းကိုကိုက ဖုန်းခေါ်လာတယ်။

“သက်သာလား ခန့်ညီ။ မင်း မငိုစဖူးငိုတော့ ငါအရမ်းလန့်သွားတာပဲ”

“အင်း”

“ဘာအင်းလဲ ။ အခု‌ရော ဘယ်လိုနေသေးလဲ”


“သက်သာတယ်။ တစ်ယောက်ယောက်က တစ်ယောက်ယောက်ဘေးမှာ မနေရဲတော့‌အောင် ရန်ဖြစ်တာအပြင်ဘာလုပ်လို့ရသေးလဲ”

“မင်း Google မခေါက်တော့ဘူးလား”

“အင်း။ မတွေ့ဘူး”

“မြန်မာကားတွေကြည့်။ အထူးသဖြင့် ညီမဖြစ်သူကို ယောက်ခလောင်းနဲ့ သဘောမတူလို့ အစ်ကိုတွေက ခြိမ်းခြောက်တဲ့ကားတွေ…”

“အင်း Google နဲ့‌ရော You Tube နဲ့ရော ရှာလိုက်မယ်”

“မင်း…”

ထွန်းကို ဘာဆက်ပြောမလဲ သူငြိမ်ပြီး နားထောင်ပေမဲ့ တော်တော်နဲ့ စကားမထွက်လာဘဲ


“မင်းနဲ့တော့ ငါဘာမှ မပြောနိုင်‌တော့ဘူး။ လုပ်ချင်ရာသာ လုပ်တော့။ ဒါပဲ”

“အင်း”

ထွန်းကို ဖုန်းချသွားတာနဲ့ သူ ကောင်းနေတဲ့ လက်တစ်ဖက်ကို အလုပ်ပေးမိတယ်။ မေမေတို့ ရုပ်ရှင်ဗီဒီယို ခေတ်ကစလို့ သူတို့ ခေတ်အထိ ရုပ်ရှင်ကားတွေကို ရှာကြည့်လိုက်တယ်။ အလုပ်ဖြစ်မှာပါ။

နောက် သူ ဖေ့ဘုတ်ခ်ပေါ် တက်ကြည့်လိုက်တယ်။ မြင်နေကျ အကောင့်ထဲ တော့ ဘာ updateမှမတွေ့။ မိုးရိပ်ဆီက [နေသစ်နဲ့ ရန်ဖြစ်ကြတယ်ဆို…သက်သာလား] ဆိုတဲ့ စာကိုလည်း ပြန်ချင်စိတ် မရှိပေမဲ့ [အင်း] လို့ပဲ ပြန်ပို့လိုက်တယ်။

ဆေးအရှိန်ကြောင့် အိပ်ချင်နေပေမဲ့ သူ စာဖတ်ရမယ်။ နေသစ်က သူသွားရိုက်လည်း ကြောက်မှာမဟုတ်ဘူး။ ရိုက်ခံထိလို့ ကြောက်မဲ့ထဲ နေသစ်မပါဘူး။

ဘာလို့ ကိုကိုလဲ ။ ကိုကိုက ဘိုကပြားလေး မဟုတ်ဘူးလေ။ ဖုန်းဖွင့်ပြီး ကင်မရာပေါ် က သူ့ရုပ်သူ အကြာကြီး စိုက်ကြည့်နေမိတယ်။ မေမေနဲ့ တူလို့ အသားအရေ ဖြူဖွေးပေမဲ့…သူ့ရုပ်က ဘယ်လိုမှ ဘိုကပြားနဲ့မတူဘူး။ သူ့မှာ မျက်လုံးပြာလဲ့လဲ့တွေလည်း မရှိဘူး။ သူ့မျက်လုံးတွေက ပုံမှန်ပဲ။ ဆံပင်ဝါဝါတွေလည်း မရှိဘူး။ မဲပြီး တိုကပ်နေတဲ့ ဆံပင်တွေပဲ ရှိတယ်။

ဘာလို့လဲ…ဘာလို့ အကြိုက်ပြောင်းသွားရတာလဲ။

အဲ့နေ့ညက သူ အဖျားတက်ပြီး အိပ်မက်တွေ ထပ်မက်တယ်။ မြင်နေကျ ယောကျာ်းတစ်ယောက်က ရထားပေါ် ပါသွားပြီးမှ ဘိုကပြားလေးဆီ ပြန်လာတယ်။ သူတို့ ပန်းခင်းတွေကြား အကြာကြီး ထိုင်နေကြတယ်။ နောက်ပြီး… ဘိုကပြားလေးနဲ့… အရမ်း ထူးဆန်းလို့တဲ့ အိပ်မက်တွေပဲ။

သူကိုယ်တိုင် ဖြစ်နေသလိုလို… ဒါမှမဟုတ် သူက ဘေးကနေ အဲ့သူနှစ်ယောက် စိတ်သွားတိုင်း ကိုယ်ပါနေတဲ့ ကိစ္စတွေကို ဘေးလူတစ်ယောက်အနေနဲ့ မြင်နေရသလိုလို…

သူ့ ပထမဆုံးအတွေ့အကြုံက အိပ်မက်ထဲမှာ မြင်နေကျ ယောကျာ်းနဲ့ဖြစ်နေတာကြီးက အရမ်းထိတ်လန့်ဖို့ ကောင်းလွန်းလို့ သူ Google မှာ ထပ်ရှာကြည့်ခဲ့ရဖူးတယ်။ အရွယ်‌ရောက်လာသူတိုင်း ကြုံရတဲ့ ပုံမှန် ဖြစ်စဥ်ပေမဲ့ အိပ်မက်ထဲမှာ သူတို့က အရမ်း ဝမ်းနည်းကြေကွဲနေခဲ့ကြတာလေ…

ဒါကရော ပုံမှန်မှ ဟုတ်ရဲ့လား မသိပေမဲ့ နောက်ပိုင်း သူ့အတွက်ကတော့ မထူးဆန်းတော့ပါဘူး။ ဒါ သူ ကြုံတွေ့ရမဲ့ ကံပဲ ။ ဒါတွေ မက်ဖို့ ကံပါလာတယ်။ မေမေ ပြောတဲ့ သူက ဟိုး အဝေးကြီးကနေ မေမေ့ဆီကို ကိုကိုနဲ့ အတူလိုက်လာတာလို့ ပြောတာတွေကလည်း စိတ်စွဲသွားတာ ဖြစ်နိုင်တာပဲ။

အိပ်မက်က နိုးလာလာတော့ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေပြီး အဖျားတွေ တက်နေခဲ့တယ်။ မေမေက ဆေးခန်းပို့ပေးပြီး ဆိုင်ကို နေ့တဝက်မသွားဘဲ အိမ်မှာစောင့်ပေးခဲ့တယ်။ ငယ်ငယ်က ခဏခဏဖျားနာတတ်တဲ့ ကိုကို့ကြောင့် မေမေ အမြဲ ပင်ပန်းပြီး စိုးရိမ်နေတာတွေ့ခဲ့ရဖူး‌‌တော့ အခုလည်း

“နေလို့ကောင်းသွားပြီ မေမေ။ မေမေ ဆိုင်သွားချင်သွားလို့ရတယ်” လို့ပြောတော့…

မေမေက မသွားခဲ့ဘူး။ ရှားရှားပါးပါး မေမေ သူ့အနားမှာ ရှိတာဖြစ်လို့ တကယ်‌တော့ သူလည်း သဘောကျပါတယ်။ မေမေ့ကို သူသဘောမကျခဲ့တဲ့ အချိန် မရှိပါဘူး။ အမြဲ မေမေက စိတ်ဆိုးစရာတွေရှိလို့ ဆူနေတတ်ရင်တောင် မေမေ့ကို သူသဘောကျတယ်။

“နေလို့ မကောင်းတော့ ညက သေချာရော အိပ်ပျော်ရဲ့လား။ ကိုကိုက ပြောတယ်။ ခုတလော ခဏခဏ ယောင်တတ်တဲ့။ အိပ်မက်တွေ မက်လို့လား သား”

မေမေ စိတ်ပူနေတာပဲ။ သူတကယ် အိပ်မက်ယောင်နေတတ်တာလား။ ကိုကို ဘာတွေများ ကြားသွားမလဲ မသိပေမဲ့ လူတွေ အိပ်မက်ယောင်ရင်ကျ ပီပီပြင်ပြင် မယောင်တတ်ကြဘူးလေ။

“ဒီအတိုင်းပဲ…သိပ်တော့မမှတ်မိတော့ဘူး”

“အရမ်း ဉာဏ်ကောင်းတဲ့ ကလေးက အိပ်မက်တွေ မမှတ်မိဘူးတဲ့လား…လိမ်နေတာမလား”

မေမေ ခပ်တည်တည်ထပ်မေးတော့ သူ နှုတ်ဆိတ်နေလိုက်တယ်။ သူ့ကိုဆို ထုံပေပေ နဲ့မို့ သဘောမတွေ့တတ်တဲ့ မေမေက မျက်စောင်းထိုးလေတယ်။ မေမေ က မျက်စောင်းထိုးရင်တောင် လှလို့ သူ ငေးကြည့်နေမိတယ်။

“အိပ်ချင်လို့…”

“အင်း အင်း အိပ်အိပ်… မေမေ အိမ်ရှေ့မှာ ရှိတယ်။”

မေမေ အခန်းထဲက ထွက်သွားမှ မျက်နှာကို စောင်နဲ့ အုပ်ပြီး ငြိမ်နေဖြစ်တယ်။ သူ ရှက်နေတာလည်း ဖြစ်နိုင်ပါတယ်။

ဖုန်းကို ယူကြည့်ပြီး ဖေ့ဘုတ်ခ်ဖွင့်တော့ တီးဝိုင်းအဖွဲ့က ပုံတွေ တင်ထားတယ်။ ဂီတာကြိုးတွေ ညှိနေတဲ့ လက်ချောင်းတွေကို ချဲ့ကြည့်ရင်း သူ့ ကျောပြင်တလျောက် ကြက်သီးတွေ ထသွားရတယ်။ ထူးဆန်းလိုက်တာ…

***






Comments

  1. မင်းက နှာဘူးလေးများလား ဘေဘီ

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...