Skip to main content

11





အပိုင်း (၁၁)


လူတွေကို ခြိမ်းခြောက်တဲ့ နည်းလမ်းက စကားကြမ်းကြမ်းတွေ ပြောတာပဲ

ဘယ်က အတတ်ကောင်းတွေလဲဆိုပြီး ထွန်းကို က မေးပြီးမှ ပါးစပ်ပြန်ပိတ်သွားတယ်။ သူနေကောင်းပြီး နောက်တစ်ရက်မှာပဲ နေသစ်နဲ့ တွေ့ဖို့ ကြိုးစားကြည့်ရတယ်။ ဘောလုံးအသင်းက စီနီယာတွေက သူပြောရင်တော့ လက်ခံကြတာများတယ်။ သူ့ကို အနာဂတ်ကျောင်းလက်ရွေးစင်အသင်းရဲ့ နောက်ခံကစားသမား အဖြစ် အခိုင်အမာရှိနေဖို့ လိုလားကြလို့ပဲ။

“တိုက်စစ်မှူးနဲ့ ရှင်းချင်လို့…” ဆိုတဲ့ ‌တောင်းဆိုမှုကို ဘာဘာညာညာ ထပ်မမေး။ ရန်မဖြစ်နဲ့။ မကျိုးမကန်းစေနဲ့လို့ သတိပေးပြီး နေသစ်ရှိရာ ဂီတခန်းထိ လိုက်လာပေးကြတယ်။

နောက်တော့ နေသစ်တကယ်ပါလာခဲ့တယ်။ ကိုအောင်လင်းသန့် အကူအညီနဲ့ပဲ နေသစ်ကို ကျောင်းအိမ်သာထဲ ထည့်လိုက်နိုင်တယ်။ နှစ်ယောက်တည်း ကျန်တော့မှ သူဘာမှ မစဥ်းစားနိုင်။ လေ့လာထားတဲ့ ရုပ်ရှင်ကားတွေ ထဲကအတိုင်း နေသစ်ကို အိမ်သာတံခါးဆီ ဆောင့်တွန်းပြီး ကောင်းနေတဲ့ လက်ဖျံနဲ့ ထောက်ထားလိုက်တယ်။ နေသစ်က တုန်လှုပ်ပုံမရ…စစချင်း နည်းနည်း အံ့သြသွားပေမဲ့ ခပ်ပြုံးပြုံးမျက်နှာထားနဲ့ ယိုင်နဲ့နေရင်းက သူ့ကို မော့ကြည်လာတယ်။

မျက်ဝန်းနက်နက်တွေ ၊ ဖြာကျနေတဲ့ မျက်တောင်တွေ ၊ အနီးကပ်မှ ရတတ်တဲ့ ကိုယ်သင်းနံ့ မွှေးမွှေးလေး က အိမ်သာလို နေရာမှာတောင် သတိထားမိစေတယ်။

“မင်းကို ငါ့အစ်ကိုနားက ဖယ်လို့ပြောထားတယ်မလား”

သူသိတဲ့ ဒိုင်ယာလော့ခ် ရဲ့ င့ါညီမ နေရာမှာ ငါ့အစ်ကို လို့ ထည့်ပြီးပြောလိုက်တယ်။ နေသစ်အပြုံးတွေက ပိုပြီပြင်လာတယ်။

“ငါကရော ဖယ်ပေးပါ့မယ်လို့ ကတိပေးလိုက်လို့လား”

နေသစ်ပြောပြီးပြီးချင်း သူ့ကို စိုက်ကြည့်လာတယ်။ သူ့မျက်နှာ အစိတ်အပိုင်းတစ်ခုချင်းစီကို ကြည့်နေသလို ခံစားရလို့လားမသိ။ တစ်ကိုယ်လုံး ပူတက်လာပြီး ကျောရိုးတလျောက်လည်း ကြက်သီးတွေ ဖြန်းခနဲ ထသွားရတယ်။

“မင်းမရှက်ဘူးလား နေသစ်ထွန်း။ ဟမ် ငါ့အစ်ကိုမှာ ကောင်မလေးလည်း ရှိတယ်။ မိန်းမတစ်ယောက်လက်ထဲကနေတောင် လိုက်လုနေရလောက်‌အောင် မင်း အတွက် ရှားပါးနေလား”

သူသိတဲ့ ဒိုင်ယာ‌လော့ခ်တွေထဲက အိမ်ထောင်ရှိယောကျ်ား ဘာညာတွေနေရာမှာ သင့်တော်သလို သူ့ စာသားတွေ ထည့်လိုက်တယ်။ ဒါကြီးက အရမ်းထူးဆန်းတယ်။ အပြင်မှာရော အဲ့လိုတွေ တကယ်ပြောလို့လား။ ရှက်တော့ ရှက်စရာကြီးပဲ။ဒါပေမဲ့ ဒါမပြောရင်လည်း ဘာပြောရမလဲ။

“ရှားလို့လုပ်နေတာမှမဟုတ်တာကွာ။ ကျွတ် ဖယ်စမ်းပါ။ မင်း လက်လည်း ဖယ်”

ဖယ်ပြီး ဘာပြောရမှာလဲ။ သူ့လက်ဖျံကို ဆုပ်ကိုင်လာတဲ့ နေသစ်လက်ဖဝါးနွေးနွေး။ နေသစ်ကို သူ့ကိုယ်နဲ့ ပိုတိုးကပ်ထားမိတယ်။ ဘာလို့လဲမသိ။ သူ့တစ်ကိုယ်လုံးက အပူရှိန်တွေ နေသစ်ခံစားမိပုံရပေမဲ့ နေသစ်ရဲ့ ချိုသာတဲ့ မျက်နှာက မပြောင်းသွားဘူး။ သူ့ကိုလည်း ဒေါသမထွက်နေဘူး။ ထူးဆန်းလိုက်တာ။ နေသစ်က ဘယ်သူ့ကိုမှ စိတ်မဆိုးတတ်ဘူးလား။

နေသစ်စကားတွေ အများကြီးလည်း ပြောနေတယ်။ ဘာတွေလဲမသိဘူး။ နေသစ်ကိုယ်ကိုသာ မလွှတ်တမ်း ဖိထားမိတယ်။ သူ့ထွက်သက်တွေ နေသစ်ပါးပေါ်ကို ရောက်နေတာကို သူသိတယ်။ ဒီအခြေအနေက စိမ်းသက်မနေဘူး။ နေသစ်တတွတ်တွတ်နဲ့ ပြောနေတဲ့ နှုတ်ခမ်းတွေကိုတစ်လှည့် ၊ မျက်တောင်တွေ ဖြာကျနေတဲ့ မျက်လုံးနက်နက်တွေကို တစ်လှည့် သူ ကြည့်နေမိတယ်။ နေသစ် အရမ်းစကားများတာပဲ။ မထင်ထားလောက်အောင်ကို များတာပဲ။ ကိုကိုနဲ့ကျ သိပ်မပြောပါဘူး။ အခုကျ…များလိုက်တာ။ သူ နားထောင်လို့တောင် လိုက်မမီဘူး။

“ရော့…ဒီ‌ရေခဲကပ်လိုက်။ မဟုတ်ရင် လက်ဆစ်တွေ ယောင်လာလိုက်မယ်”

နောက်ဆုံးတော့ သူ့ဟူဒီအိတ်ကပ်ထဲ အအေးဗူးတစ်ဗူးရောက်လာမှပဲ သူအသိပြန်ဝင်လာတော့တယ်။ အဲ့အချိန် နေသစ်က သူ့ကို တွန်းဖယ်ပြီး ထွက်သွားပြီ။

နေသစ် သူ့ကို ဘာတွေပြောသွားတာလဲ။

အစ်ကို အောင်လင်းသန့်တို့ ပြေးဝင်လာပြီး ဘာတွေလဲမသိ မေးပြန်တယ်။ မသိဘူး။ နေသစ် က သူ့ကို အအေးဗူးပေးသွားတာ။ နေသစ် အဲ့လိုဟာတွေ အရမ်‌းသောက်တတ်တာ သူတွေ့ဖူးတယ်။ ဘယ်လောက်တောင်လဲဆို ဂျယ်လီတုံးတွေကို နို့ဆီ‌တွေနဲ့ ဖျော်တာကိုပါ နေသစ်သောက်တာ။ သူ သိချင်ပေမဲ့ဘယ်တုန်းကမှ ဝယ်မသောက်ခဲ့ဘူး။ အခုကတော့… နေသစ်ကိုယ်တိုင်ပေးသွားတာဆိုတော့

ချိုလိုက်တာ…

“ဒီလောက်ချိုတာကို ဘာလို့သောက်နိုင်ရတာလဲ”

သူမေးတာကို စီနီယာတွေ တစ်ယောက်မှ ပြန်မဖြေကြဘူး။

“မင်းကွာ…အိမ်သာထဲထိ သယ်လာတဲ့ အအေးဗူးကိုများ သောက်နေရတယ်လို့…မင်း မရွံဘူးဘူးလား”

ချိုတာက ရွံစရာမှ မဟုတ်တာ။ ဘာလို့ ရွံရမှာလဲ။ သူခေါင်းခါပြပြီး နောက်တစ်ငုံ

ထပ်သောက်ကြည့်လိုက်တယ်။

သူဘယ်တော့မှ ဝယ်သောက်မိမှာတော့ မဟုတ်ပေမဲ့…


နေသစ်က အချိုတွေအရမ်းကြိုက်တာပဲ…


***

လေချိုသွေးလို့

ဝေးမယ်ဆိုလည်း

ဒီအချိုတွေ

မင်းခံစားစေ

င့ါအတွက်

သွေးဆော်ပါလေ

မင်းဖန်တီးတဲ့

လေပြေတွေ…


***



Comments

  1. ဘာကောင်လေးလဲ အူယားတာ သားသားရာ

    ReplyDelete
  2. နေသစ်ဖြစ်သမျှကိုသိချင်နေတဲ့ညီလေးက သူ့ကြောင့်အထုံပါလာတာသိသွားစေချင်လိုက်တာ မေမေကခန့်ညီကိုအရမ်းဆိုး”ဝါး”ဆက်ဆံတယ်ထင်ခဲ့တာ ခန့်ညီpov မလို့ဒီလိုကောင်းတာဖြစ်တာလား ဝေခွဲမရမြေပဲမဖြစ်နေပြီ

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...