Skip to main content

15







အပိုင်း (၁၅)


“တက္ကစီခေါ်ပေး”

“မခေါ်ပေးနဲ့…ကျွန်တော် ခေါ်သွားပေးမယ်”

မှောက်သွားပြီ ဖြစ်တဲ့ နေသစ်ကို လက်မောင်းတစ်ဖက်ကနေ သိုင်းဖက်ပြီး ကျောပေါ် တင်ထားလိုက်တယ်။ နေသစ်ကို သူ့ဆီကနေ ဘယ်သူ့မှ မလုပါနဲ့တော့…

နေသစ် ကားမယူလာပေမဲ့ သူယူလာတာ မှန်သွားပြီ။ သူတို့နဲ့ တရားဝင် ပထမဆုံး ညကိုတော့ တက္ကစီစီးပြီး တည်းခိုခန်းအစုတ်လေးမှာ မကုန်ဆုံးချင်ဘူး။

အရက်ရှိန်ကြောင့် နေသစ်ရဲ့ ပါးတွေ ၊ လည်ပင်းတွေ အကုန် ရဲနေတာ ဘောလုံးကွင်း နေပူထဲမှာ စတွေ့ခါစ ပုံရိပ်ကို သတိရစေတယ်။

အစက ကားတံခါးတွေ ပိတ်ပြီး အဲကွန်းဖွင့်မလို့ စဥ်းစားပေမဲ့ နေသစ်က ကားမှန်တွေ ချပြီး ကားမောင်းရတာ ကြိုက်တာ။ ကားပါကင်ထိုးမှသာ ကားတံခါးတွေပိတ် ၊ သူ့ရဲ့ ပစ္စည်း ပစ္စယတွေ သယ်ပြီး ကားအပြင်ထွက်လာတာမျိုး သူတွေ့ဖူးတာ တစ်ခါနှစ်ခါ မက။ ကိုးတန်းတုန်းက ကျူရှင်လာရင်လည်း သူက အနောက်ခန်းထဲ ပြေးဝင်ပြီးတာနဲ့ ကားမှန်တွေ ချတာလေ။ အခုလည်း သူ့ကားမှန်တွေ ချပေးထားတော့ အပြင်က ညလေအေးနဲ့ အတူ နေသစ်ဆီက ရနေကျ ရေမွှေးနံ့ရောနေတဲ့ အရက်နံ့လည်း ရနေတယ်။ သူ့အတွက် ဒါက မစိမ်းသက်ဘူး။ ရင်းနှီးနေပြီသားလိုလို…

သူရင်းနှီးနေတဲ့ ပန်းခင်းတွေထဲမှာ မောပန်းနေတတ်တဲ့ အမျိုးသားက ညနေအိမ်ပြန်ရောက်ရင် နာကျင်တာတွေသက်သာအောင်၊ တစ်ခါတလေ ချမ်းတုန်တက်လာတတ်တာကို သက်သာအောင် အရက်နည်းနည်‌းလောက် ပုံမှန်သောက်တတ်တယ်။ အရက်နံ့က သူ့အတွက် အရမ်းမဆိုးပါဘူး။ အထူးသဖြင့် နေသစ်ဆီက ရနေတဲ့ အနံ့က သူ့စိတ်ကို ပိုပြီး ပုံမှန်လို ဖြစ်စေပြီး စိမ်းသက်မနေ။

ရန်ကုန်ရဲ့ နာမည်အကြီးဆုံးနဲ့ အဆင့်မြင့်ဆုံး ဟိုတယ်ဝင်းထဲ မောင်းဝင်လာလိုက်တယ်။ ဒီမှာ ဘိုကင်တင်ပြီး တစ်ညတည်းရင်တောင် ဘယ်လောက်လဲ သူသိတယ်။ အခုလို walk in သာ ဝင်သွားကြည့်။ သူတစ်လစာ နီးပါး ရှိပေမဲ့ သူ့ အဲ့တစ်လစာတွေကိုတောင် မသုံးလို့ သူ့ဘဏ်ကဒ်ထဲမှာ နှစ်ပေါက်အောင် ပုံနေတာလေ။ ဖေဖေ ထည့်ပေးသမျှ မုန့်ဖိုးလည်း တစ်ကျပ်မှ မလျော့သလို မေမေ ပေးသမျှကလည်း အထွေအထူး သုံးစရာမရှိ။ ကြားထဲက အဘိုးအဘွားတွေက တစ်နှစ်မှာ လေးခါလောက် ထည့်ပေးတတ်တဲ့ မုန့်ဖိုးတွေက ဘယ်လောက်မှန်းတောင် သူစစ်ကြည့်လေ့မရှိ။ နေသစ် နေချင် တစ်ညမှ မဟုတ်ဘူး။ တစ်ပတ်လောက်နေမယ်ဆိုလည်း သူမဖြုံဘူး။

ဒီတစ်ခါတော့ လမ်းဘေးက တဲစုတ်တော့ မဟုတ်တော့ဘူးပေ့ါ…ပြီးတော့ အသံတွေဆူညံနေတဲ့ ကားကြီးလည်း မရှိတော့ဘူးလေ။ ဟုတ်တယ်မလား။

ခုတင်ပေါ်က နေသစ်က ဖြည်းဖြည်းချင်းတင်ပေးလိုက်တယ်။ အင်း အင်း အဲ အဲ အသံသေးသေးလေးတွေက အစ နေသစ်ကို အမြင်သစ် တစ်မျိုး ဖြစ်စေတယ်။ မဲနက်နေတဲ့ ဆံပင်တိုတိုတွေက ဖွာလန်ကျဲနေပြီး…အမြဲတမ်း ချောတယ်လို့ ပြောခဲ့ရတဲ့ မျက်နှာပုံကျက အရက်မူးနေတာတောင် ပုံမပျက်ဘူး။ ပါးကို ဖွဖွ ပွတ်သပ်ကြည့်မိတယ်။ ပထမဆုံး ထိတွေ့ဖူးတာပဲ။ ဒီလိုကျတော့လည်း

“အရမ်းကြာသွားသလိုပဲ…”

စကားတွေအရမ်းများတတ်တဲ့ နှုတ်ခမ်းတွေက ဆိတ်ငြိမ်နေတော့ ပိုလှတယ်။ မဟုတ်ရင် နားတွေညည်းလွန်းလို့ ဘာမှ အာရုံစိုက်မရတာ။ တိတ်ဆိတ်နေတဲ့ နေသစ်က ဆူညံနေတဲ့ နေသစ်ထက် ပိုပြီး ဆွဲ‌ဆောင်မှုရှိတယ်။ ကျောရိုးတလျောက် ‌တောင့်ခနဲ ဖြစ်သွားပြီး တစ်ကိုယ်လုံး ကြက်သီးတွေထလာပြန်တယ်။

ဒါမျိုး အိပ်မက်တွေက လူတွေ မတူတာတစ်မျိုး ၊ လက်ရှိ ပစ္စုပ္ပန်က ပုံရိပ်နဲ့ တစ်မျိုး အကြိမ်ကြိမ် မြင်မက်ခဲ့ဖူးတာပဲ။ ဘာက ထူးဆန်းနေမှာလဲ ဆိုပေမဲ့…

“လှလိုက်တာ…”

ဒဏ်ရာအနာတရကင်းတဲ့ ခန္ဓာကိုယ်က သူ့ကို မျက်ရည်တောင် ဝဲစေတယ်။ ခေါင်းအစ ခြေအဆုံး ပြစ်မျိုး မှဲ့မထင် သလို ချောမွေ့ ဖြူဖွေးပြီး ရှင်းသန့်နေတယ်။ ဒီခံစားချက်…နေသစ်အတွက် ဝမ်းသာစိတ်လား။

ဆံစတွေကနေ နဖူး ပြေပြေ ၊ ထို့နောက် မျက်ခုံးတန်း ၊ နှာတံလေး နဲ့ နှုတ်ခမ်းတွေ တဖွဖွ နမ်းမွှေးမိတယ်။ ဘယ်လို ကောင်းချီးတွေနဲ့ မွေးဖွားလာတဲ့ အမျိုးသားလဲ။ လည်တံကျောကျော့အောက် လက်ဖဝါးခံ ပင့်တင်ရင်းအနမ်းပေးလိုက်တော့ အနည်းငယ် လွန့်လူးတယ်။

“ငါ ဒီလိုလုပ်ရင် ထောင်ကျနိုင်တယ် လို့ Google မှာ ပြောထားတယ်။ ငါ့ကိုတော့ ထောင်မချဘူးမလား”

နေသစ်က သူ့အနမ်းတွေကို ငြင်းဆန်တာလား ။ သူ့စကားကိုပဲ ခေါင်းခါ အတည်ပြုပေးတာလားတော့ မသိ လှုပ်ရှားရုန်းကန်မှုလေးတွေ ရှိနေပေမဲ့ တစ်ဖက်မှာလည်း အနမ်းတွေကို အသားတကျပဲ။

နမ်းဖူးမှာပေ့ါ…မင်း ဘိုမလေးနဲ့လေ…

ဒေါသစိတ်ကလေး နည်းနည်းပါသွားတော့ လည်တိုင်နဲ့ ပခုံးတွေက အပြစ်ပေးတဲ့ နယ်မြေတွေ ဖြစ်ကုန်တယ်။ အပြစ်အနာအဆာမရှိတဲ့ ခန္ဓာကိုယ်ကို အသားမကျစွာ တစ်နည်းအားဖြင့် မက်မောစွာနဲ့…
ဒီခန္ဓာကိုယ်ဟာ တစ်ပါးသူနဲ့ နမ်းဖူးရုံကလွဲ တခြားအထိအတွေ့မရှိခဲ့တာ သေချာစွာ…အရာရာတိုင်းကို အသစ်ဖြစ်နေပြီး ခြေချောင်းလေးတွေ ကုပ်တက်သွားတဲ့ အထိ ၊ တစ်ခါတလေ အသံသဲ့သဲ့လေး ထွက်လာတဲ့ အထိ ၊ ဖြူဖွေးနေတဲ့ ပေါင်အတွင်းသား တစ်နေရာကို အသဲယားစွာ အားကုန်ကိုက်လိုက်တော့ နာနာကျင်ကျင် တစ်ချက် အော်သည်းတယ်။
ဒီလိုကျတော့လည်း ရေပူဖောင်းလို ပလုံစီနေတဲ့ ဒေါသတွေဟာ ဖောက်ခနဲ ဖောက်ခနဲ ပေါက်သွားပြီး ဆိုဒါသောက်တိုင်း စူးခနဲဖြစ်သွားတဲ့ ခံစားချက်နဲ့အတူ နီရဲဖူးယောင်နေပြီဖြစ်တဲ့ နေသစ် နှုတ်ခမ်းတွေနား သွားခိုနားမိတယ်။ အရမ်းကြာသွားခဲ့ပြီ…တကယ်ကို ဘယ်လောက်တောင် ကြာသွားတာလဲ။ ၁၄နှစ်ကနေ တွက်ရင်တောင် ငါးနှစ်ကျော်ပြီလေ…
တကယ်တော့ ဒီအနေအထားကို ငါလည်း အသားမကျပါဘူး။ မင်းကတော့ ငါ့ကို အပြစ်မတင်ဘူး မလား။ အနည်းဆုံး‌တော့ မင်းလည်းခံစားချက်ကောင်းလေးတွေ ရမယ်ထင်ပါတယ်။ ငါ လေ့လာထားရတာ မနည်းမနောလားနော် ။ ငါလေ ဒီဇိုင်းတွက်မဲ့အချိန်တွေ အကုန်ပေးထားရတာလေ…မင်း ခံစားမှုကောင်းလေးတွေ မရလို့ မဖြစ်ဘူး။

ပြစ်မျိုးမှဲ့မထင် ခန္ဓာကိုယ်ဖွေးဖွေးမှာ သူပေးခဲ့တဲ့ အမှတ်အသားတွေ အရောင်အနုအရင့် ။ ကိုက်ခံလိုက်ရတဲ့ တချို့နေရာတွေမှာ သွေးတောင် စို့ချင်ချင်။ မလွန်ဆန်နိုင်တဲ့ နေသစ်က စိတ်တူကိုယ်တူ ပူးပေါင်းလာတယ်။ တစ်ခါတလေများ သူ့ဆံပင်တွေကို ငြင်ငြင်သာသာ ထိုးဖွသေး။ နှစ်ဦးသဘောတူ ပြီးမြောက်မှုတွေမှာ နေသစ်က ဖွဖွလေးပြုံးပြီး ခေါင်းအုံးထဲမှာ မျက်နှာထည့်ဖွက်လိုက်သေးတယ်။ အရမ်းချောတာပဲ…

အရမ်းကြာသွားခဲ့ပြီ။ မင်းက ငါ့ဇနီးလေးဖြစ်သွားတာလား။ ထူးဆန်းလွန်းပေမဲ့ ဒီလို အခြေအနေဆို ငါ့ဇနီးလေးပဲ မလား။

ငါ့မိန်းမလေးပေ့ါ…

လက်တစ်ဖက်က မြောက်တက်လာပြန်တယ်။ ငါ့ကို ပါးချရင် ငါပြန်ချမှာနော်…မင်း ငါ့ကို သည်းခံရမယ်လေ။ မျက်လုံးတွေ တွန်းကန်ဖွင့်ဖို့ ကြိုးစားနေတဲ့ နေသစ်ကို လက်ဖဝါးနဲ့ အုပ်ပြီး နီရဲရဲ ပါးပြင်ကို အနမ်းပေးလိုက်တယ်။

“အိပ်လိုက်တော့ ငါ့မိန်းမလေး”

ငါလည်း ပင်ပန်းနေပြီ။ မင်းအလိုကို ဖြည့်ပေးရတာ ဘယ်လောက်ပင်ပန်းလဲ မင်းသိလား။ မင်းက စပြီးရင် တော်တော်နဲ့ မပြီးဆုံးချင်တော့ ကောင်ပဲ။ မူးနေတာတောင်…မင်း ဒီလောက်ဖြစ်နေရင်…

မင်းကိုယ်မင်းလည်း ပြန်ကြည့်ပါအုံး ။ ကတ္တူပျော့ဖက်လို တောင် ဖြစ်နေပြီ။ ကိုယ်လက်သန့်ရှင်းရေး လုပ်ပေးတော့လည်း သဘောကျသလို နှုတ်ခမ်းတွေက ပြုံးယောင်သမ်းနေသေးတယ်။

အိမ်မှာ တကယ် သခင်လေး တစ်ယောက်လို နေရတယ်မလား။ အစ်မတွေက အရမ်းဂရုစိုက်ကြတယ်မလား။ အမေ နဲ့ အဖေတော့ မမြင်ဖူးသေးပေမဲ့ မိဘစုံစုံလင်လင်ရှိသေးတယ်မလား။

“စာပို့ပေးထားတာမို့…စိတ်ချလက်ချ အိပ်ပါ ။ ဒီက မနက်စာက စျေးကြီးသလောက် အရမ်းကောင်းတယ်။ မင်းကို ဝယ်ကျွေးမယ်နော်”

ဘာလို့ စောင်တွေကို ကန်ထုတ်နေတာလဲ။ သူ့ ရှပ်ကို လွှားပေးလိုက်မှ ငြိမ်သွားတယ်။

မင်းက အမြဲတမ်း လူဆိုးဖြစ်နေတုန်းပဲ…လိမ္မာချင်ယောင်ဆောင်နေတဲ့ လူဆိုးကောင်ပဲ…


***

















Comments

  1. ခန့်ညီကို ချစ်လိုက်တာ 🥹🥹😱

    ReplyDelete
  2. ခန့်ညီလေးက အဖြူထည်လေး။ချစ်လိုက်တာကလဲ တုန်နေရော။မြေ့မှာတုန်းကဆို အရာရာ နေသစ်သဘော ငြိမ်ကျပေးတာဆလးကို ချစ်ခဲ့ရသလောက် အခု သူ့POVလေးကျလဲ ဧဒင်ရဲ့ တစိတ်တပိုင်းလေး မြင်ခွင့်ရတော့ ဝမ်းသာဝမ်းနည်းဖြစ်ရ။

    ReplyDelete
  3. ဧဒင်တို့ကို တခါပဲဖတ်နိုင်ပြီး စိတ်ထဲ ဝမ်းနည်းလို့ ဖြေမဆည်နိုင်တဲ့ စိတ်က ဒီPOVလေးနဲ့မှ ဖြေသာရာ ရတော့တယ်။

    ReplyDelete
  4. ချစ်စရာလေးကွာ

    ReplyDelete
  5. ဝမ်းနည်း ဝမ်းသာပါပဲ ငါ့ကလေးလေးရေ

    ReplyDelete
  6. ဧဒင်ဖတ်ချင်တာကို ဖောင့်ကဖတ်မရဖြစ်နေလို့☹️

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...