အပိုင်း (၁၇)
အတန်းဆင်းတာ နောက်ကျနေတဲ့ နေသစ်ဆီမသွားခင် သူကြိုက်တဲ့ အအေးဆိုင်ဆီ အရင်သွားရသေးတယ်။ သုံးထပ်ဆောင်အပေါ်ထပ်ကနေ ကန်တင်းထိ သွား ၊ ဆိုင်ရှေ့ တွေကာ ရပ်ပြီးမှ မိုင်လို အအေးတစ်ခွက် ဝယ်ပြီး
သုံးထပ်ဆောင် ဒုတိယထပ်ဆီ ပြန်တက်လာချိန်ထိ သူတို့ အတန်းက မပြီးသေး။ ချွေးလည်း နည်းနည်းထွက်လာတာရော နေသစ်ကို လွတ်သွားမှာ စိတ်ပူတာရောကြောင့် သူ့အကျင့်အတိုင်း ဝရန်ဒါကို နောက်မှီပြီးစောင့်နေလိုက်တယ်။
နေသစ်ကတော့ ပုံမှန်နေ့ရက်တွေ အတိုင်း မပြောင်းမလဲ ပျော်ပျော်ရွှင်ရွှင်ပဲ။ အတန်းထဲကထွက်လာကြတော့ ဗိုက်ဆာနေမယ့် နေသစ်ကို အအေးအရင်တိုက်လိုက်တယ်။ ချက်ချင်းမယူ။ ဘာလို့လဲ မိုင်လိုအေးလေ။ အရောင်တွေနဲ့ ဂျယ်လီမစ်ရှိတ်ဆိုတာ သောက်ချင်နေတာလား။ နောက်နေ့တွေဆိုရင်တော့ ဘာသောက်ချင်လဲ အရင်မေးပြီး ဝယ်ပေးရမယ်။
ထင်တဲ့အတိုင်းပဲ နေသစ်က သူ့မိန်းမလေး မဖြစ်ချင်ဘူး။ ဒါဆို ဘာဖြစ်ချင်တာလဲ ယောကျာ်းလား။ အဲ့အတွက် လည်း သူစာကြိုလုပ်ထားပြီးသား။ ကြားထဲက သုံးထပ်ဆောင်လေကြမ်းကြောင့် ဆံပင်တွေကလည်း ထိုးထိုးထောင်ထောင်နဲ့… သူ ဖိပြားပေးတော့လည်း ပုတ်ထုတ်ပြီး တစ်ချက်ကန်ခံရသေးတယ်။ ရာရာစစ…
"မင်း နဲ့ ငါ အတူတူအိပ်ပြီးသွားပြီ။ မင်းကငါ့ မိန်းမဖြစ်သွားပြီ။ မင်း ကို ငါတာဝန်ယူရမယ်။ မင်း လည်း ကိုကိုနဲ့မဆိုင်တော့ဘူး။ ငါနဲ့ပဲဆိုင်တယ်။ ငါနဲ့ပဲတွဲရလိမ့်မယ်။ မင်း ကို ငါက ဂရုစိုက်ပေးမှာပါ။ ငါ မင်းကို ချက်ချင်း မယူနိုင်သေးပေမဲ့ ကျောင်းပြီးရင် အတူတူနေပေးပါ့မယ်။ အခုလည်းငါ မင်းအပေါ် ကောင်းပေးမှာ..."
နေသစ်စိုက်ကြည့်လာတဲ့ ပုံက အရမ်းချောလွန်းတာရော…လည်ပင်းမှာ တစ်စွန်းတစပေါ်နေတဲ့ သူ့ခြေရာလက်ရာ ရဲရဲတွေကိုရော သူငေးကြည့်နေမိတယ်။ ဒဏ်ရာတွေမဟုတ်ဘဲ သူတို့ အသဲအသန် ချစ်ထားကြတဲ့ အမှတ်အသားတွေလေ…
“ဒီမှါ ခန့်ညီ...အခုခေတ်မှာ မိန်းကလေးတွေတောင် မုဒိန်းကျင့်တဲ့ကောင်ကိုပြန်မယူကြတော့ဘူး။ တရားရုံးမှာဖြစ်စဥ်အစအဆုံးကို လျှောက်တင်ပြီးထောင်ထဲတန်းပို့နေကြတဲ့ ခေတ်မှာ မင်း ဟာ ငါ့ပေါင်ကြားထဲ သွင်း ထုတ် လုပ်ခံရရုံနဲ့ငါက မင်း မိန်းမဖြစ်ရောလား...ဟမ်ဒီအရွယ်ပဲရောက်နေပြီ သူများမြှောက်ပေးတိုင်း လျှောက်လုပ်ရတဲ့ထိ မင်းမှာတွေးခေါ်တတ်တဲ့ ဦးနှောက်မပါလာတာလား"
ထင်တဲ့အတိုင်းပဲ သူ့ကိုတောင် ထောင်ထဲပို့ဖို့ စဥ်းစားနေတာပဲ။ သူ့ကို ပြန်နမ်းခဲ့တာ မလွှတ်တမ်း တစ်ညလုံး ဖက်ခဲ့တာတွေကျ နေသစ်မသိတော့ပြန်ဘူး။ ပြီးတော့ အစိမ်းသက်သက်နဲ့ ရယူဖို့အတွက်နဲ့ လိင်ဆက်ဆံတာ ဘယ်လောက်နာကျင်လဲ မင်း မသိဘူးမလား။ မင်းနဲ့ ဒီလိုပုံစံအိပ်ခဲ့တာတောင် မင်းအသားနုနုလေးတွေ မပွန်းအောင်ထိ ငါ ဂရုစိုက်ခဲ့တာ မဟုတ်ဘူးလား။ တကယ် အတွင်းကျကျ ဆက်ဆံတာ မလုပ်တာတောင် မင်းကလွဲ ဘယ်သူနဲ့မှတောင် မထိဘူးတဲ့ ငါ့ကိုယ်ငါတောင် အကာအကွယ်သုံးခဲ့တာပဲ မလား။ မိုးရိပ်ပြောတိုင်းလုပ်တာ မဟုတ်ဘူးလေ။ မင်းပဲ ရုပ်တူနေတော့ ကြိုက်ချင်ကြိုက်လို့ရတယ်ဆိုပြီး…
"ကိုကို နဲ့ မိုးရိပ်ကို ဒီအတိုင်းထားလိုက်ပါမင်း ငါနဲ့ တွဲရင် ကိုကိုတို့ အတွဲလည်းဘာပြဿနာမှ မဖြစ်တော့ဘူး။ အားလုံးကောင်းသွားမှာ မဟုတ်ဘူးလား"
နေသစ်က သူတို့အကြောင်းထက် ကိုကို နဲ့ မိုးရိပ်ကို ခေါင်းထဲ ထည့်နေပြန်ပြီ။ မင်းခေါင်းထဲမှာ ဘာလို့ ငါတို့ အကြောင်းက လွဲပြီး တခြားသူတွေ အကြောင်းထည့်နေရတာလဲ။ ငါတို့နှစ်ယောက်ပဲ သေသေချာချာတွဲလိုက်ရင် ငါတို့နှစ်ယောက်ပဲ ချစ်ချစ်ခင်ခင်နေလိုက်ရင် ပြီးပြီလေ။ အဲ့ဒါကို ထုံးစံအတိုင်း စကားတွေ အများကြီး ပြောနေပြန်ပါပြီ။ ဒေါသတကြီးနဲ့ အော်ဟစ်နေတဲ့ နေသစ်က သူ့ကို ပိုရင်းနှီးစေတယ်။ သူ့ ငြိမ်သက်တိုင်း နေသစ်ဒေါသထွက်တာက ပုံမှန်လိုပဲ။ တည်ငြိမ်ချင် လိမ္မာချင်ရင် အမြဲသဘောကောင်းသလို ရယ်ရယ်မောမော ဖြစ်နေရင် အဲ့ဒါနေသစ်အတုပဲ။
"ငါတို့က ရုပ်တူတယ်လေ...မင်း ပဲပြောတယ်လေ ကြိုက်မယ့်လူက ဘယ်သူမဆိုကြိုက်မှာပဲဆို..."
"ငါက ငါ့ကို အသေကြွေမဲ့ လူကိုပဲကြိုက်တာ...ရုပ်က ငါ့အတွက်အရေးမကြီးဘူး"
တကယ်လား။ ဘိုရုပ်ကလေးမှ ရွေးကြိုက်တာ မဟုတ်ဘူးပေ့ါ။ လက်ထဲက ရေခဲတွေပဲ ကျန်တော့တဲ့ မိုင်လိုဗူးကို ကြည့်ပြီးရင်းလည်း သူ့စိတ်ထဲကျေနပ်တယ်။
အချိုတွေကိုတော့ ဘယ်တော့မှ မလွန်ဆန်နိုင်ဘူးပဲ။ ပျော်ရွှင်တဲ့ စိတ်အခံနဲ့ပဲ တငိုငိုတရယ်ရယ်နဲ့ အာရုံလာနောက်နေတတ်တဲ့ မိုးရိပ်ကို စာပို့လိုက်တယ်။
[ငါ နေသစ်ကို ပိုင်သွားပြီ]
[နေသစ် က ကိုကို နဲ့ မဆိုင်တော့ဘူး]
[နေသစ်က ငါနဲ့ပဲဆိုင်တယ်]
[ဒါကြောင့် နင် ကိုကို့ ကို နေသစ်နဲ့မစွပ်စွဲ
နဲ့တော့]
[ပြီးတော့...နေသစ် မကောင်းကြောင်းလည်း မပြောပါနဲ့တော့...]
[နင် တို့ နှစ်ယောက် တွဲနေကြပြီလား]
အသင့်တော်ဆုံး နေသစ်ပုံကို ပို့လိုက်တယ်။ သူ့လိုအပ်ချက်က မိုးရိပ်က နေသစ်ကို အာရုံမရှိတော့ဘဲ ကိုကို့ နဲ့ပဲ ပျော်အောင်နေဖို့ပါ ။
***
"ဟက် ! လာကြိုမယ့်ကြို အိမ်ထိလာရဲရမှာပေါ့ကွ...ငါက ဘာလို့ အဝေးကြီးလမ်းလျှောက်ပြီး မင်းဆီလာရမှာလဲ"
ဟော…အိမ်ခေါ်နေတာလား။ အိမ်ကိုလာဖို့ သူက အရင်ခွင့်တောင်းသင့်ပေမဲ့ နေသစ်ကိုယ်တိုင် ခေါ်တော့လည်း…
"သား...လာ ထိုင် ။ နေသစ်က အခုမှရေချိုးပြီးတာ"
နေသစ်ကို လာလာကြိုနေကျ အစ်မတော့ မဟုတ်ဘူး။ နေသစ်ဖုန်းထဲမှာ နေသစ် အစီရင်ခံနေကျ တစ်ယောက် လား။ ဒါမှ မဟုတ် နောက်တစ်ယောက်လား။ အစ်မတွေရဲ့ နာမည်နဲ့ လူတွေကို မတွဲမိတော့ခက်သား။
"ခန့်ဇေယျာညီ ဆိုတာ သားမလား။ ဟိုနေ့က သား စာပို့ပေးတာ မမလတ်ကိုလေ"
အာ လာကြိုနေကျ မဟုတ်တဲ့ အစ်မနဲ့က ပိုပြီးရင်းနှီးနေတာလား။
"ဟုတ်"
"ဘောလုံးအသင်းထဲကပေါ့ ကလေးက"
ဟော လာကြိုနေကျ အစ်မထွက်လာပြီ။ ဒါဆို အစ်မက သုံးယောက်တောင်ပေါ့။ နောက်ဆုံး ဂျင်းနဲ့ ရှပ်အမြဲဝတ်တတ်တဲ့ အစ်မ ရော…
"မိအရုဏ်တို့ မိုးလွင် နဲ့ ဟိန်းထက်တို့ကတော့ လသာကျောင်းမှာတည်းကသူငယ်ချင်းတွေဆိုတော့ မမလတ်တို့
အမြဲတွေ့နေကျ ကလေးတွေပဲ။ နေသစ်က တက္ကသိုလ်တက်တည်းက သူငယ်ချင်း အသစ် အိမ်ခေါ်လာတာ
မရှိဘူးလေ"
"သူက အိမ်လာခဲ့ပြောလို့ပါ"
"ဟုတ်လား"
"နေသစ်က တက္ကသိုလ်ရောက်ပြီးတည်းက သူငယ်ချင်းအသစ်ကိုခေါ်မလာတာ။သားက ပထမဆုံးရောက်လာတာပဲ။မမကြီးတို့ကိုလည်းမှတ်ထားနော် ကလေး။ မမကြီးနာမည်က သော်တာထွန်းမြင့် ၊ မမလတ်က တာရာထွန်းမြင့် ၊ မမလေးက စန္ဒာထွန်းမြင့် အငယ်ဆုံးကျမှ နေသစ်ထွန်း ဖြစ်သွားတာ"
သူပထမဆုံး ဆိုတဲ့အပြောကြောင့် ကျေနပ်သွားရတယ်။ ကိုကို့ ကိုတောင် အိမ်အလည်မခေါ်ခဲ့ဘူးပေ့ါ။ ဒါဆို ဘိုမလေးကရော…ဒီအိမ် ဒီမိသားစုကြီးကို တွေ့ဖူးလား။ နေသစ်ချမ်းချမ်းသာသာ နေရတာ မြင်ရတာက တကယ်ပျော်စရာပဲ။ သူ ရွှေတံဆိပ်ရတာ။ ဆုရတာတွေထက်တောင် ပျော်စရာကောင်းတယ်။
ဟော…မိဘတွေလည်း ရှိတယ်။ အသက်တော်တော်ကြီးနေကြပေမဲ့ အဖေရော အမေရောက နေသစ်ကို သူ့ မေမေ သူ့ဖေဖေ ဆက်ဆံပုံထက်ပိုပြီး ရင်းနှီးနေတယ်။ မနက်စာသေသေချာချာ ကျွေးတဲ့ အမေလည်း ရှိနေပြီ။ အသက်ကြီးနေပေမဲ့ လုပ်ငန်းတွေသေချာလုပ်ပြီး သားသမီးကို ဂရုစိုက်တဲ့ အဖေလည်း နေသစ်မှာ ရှိတယ်။
အဖေတောင်မှ မထင်မှတ်ထားဘဲ သူတို့ မြို့ပြဆောက်လုပ်ရေးလောကမှာ အများလေးစားရတဲ့ လုပ်ငန်းရှင် အင်ဂျင်နီယာကြီးဖြစ်နေတာပဲ။ သူ့ကိုပါ အလုပ်သင်လာဆင်းဖို့ ပြောပေးတယ်။ ဒါဆို ကျောင်းပြီးရင်တော့ နေသစ်နား အကူအညီတောင်းရတော့မှာပဲ။ နေသစ် မျက်နှာမငယ်အောင် သူအများကြီး ကြိုးစားထားရမှာပဲ။
ဒီပျော်စရာကောင်းတဲ့ မိသားစုကြီးထဲမှာ နေသစ်ကြီးပြင်းလာခဲ့လို့ အခုလို လူအများရှေ့ လိမ္မာရေးခြားရှိပြီး
ယဥ်ကျေးသိမ်မွေ့တဲ့ နေသစ်ဖြစ်နေတာပေ့ါ။ နေသစ် ဆိုးချင်စိတ်ရှိရင်တောင် ပတ်ဝန်းကျင်က အရမ်းကောင်းလို့ ဆိုးဖြစ်မှာမဟုတ်ဘူး ။ ဒါဆိုလည်း ငါ့ကို ပဲ ဆိုးပါ။ ေန့တိုင်း အကြိုအပို့လုပ်ပါ့မယ်။ မင်းကြိုက်တဲ့ အချိုတွေလည်း နေ့တိုင်း ဝယ်ကျွေးပ့ါမယ်။ ငါ့ တစ်နေ့တာ တွေကိုလည်း သေချာေပြာပြပ့ါမယ်။ အချိန်မရှိရင် တောင် အနည်းဆုံး တစ်နေ့တစ်ခေါက်လာတွေ့ပ့ါမယ်။
***
ခန့်ညီကို တအားချစ်ပြီး တအားကောင်းစားစေချင်တာ တို့ကလေးလေးက
ReplyDeleteLove standard ထပ်မြင့်လိုက်ပြီ
ReplyDelete