Skip to main content

18




အပိုင်း (၁၈)

မြို့ပြရဲ့ စနေနေ့ ညနေခင်းတွေက ပုစွန်ဆီရောင်ပြေးနေတယ်။ နေသစ်ကို အပြင်အင်္ကျီနဲ့က ဟိုအရက်သောက်ကြတဲ့ နေ့ပြီးတည်းက မမြင်ခဲ့ရတော့ သူတွေ့ချင်တယ်။ ကျောင်းဝတ်စုံတွေက သန့်သန့်ပြန့်ပြန့်ပေမဲ့ နေသစ်က ကိုကို့လောက်တော့ ကျော့ကော့နေအောင် မနေခဲ့ဘူး။ ကိုးတန်းတုန်းကတော့ နေသစ်က အကောင်းစား တီရှပ်တွေကို စျေးကြီးတဲ့ ဘောင်းဘီဘရန်းတွေနဲ့ တွဲဝတ်တတ်တယ်။ ကျူရှင်က အဲကွန်းက အေးတော့ တစ်ခါတလေ ရှပ်လက်ရှည်ထပ်ဝတ်တတ်တယ်။

အိုး…

ကျူရှင်လှေကားပေါ်က ဆင်းလာတဲ့ နေသစ်ကို မော်ကြည့်ရင်း သူ့စိတ်ထဲမှာ‌တောင် အာမေဋိတ်သံ တိုးတိုးလေး ထွက်သွား ရတယ်။ မြင်လိုက်တာနဲ့ တော်ရုံပိုက်ဆံရှိတဲ့ အိမ်က ကလေးမဟုတ်မှန်းသိအောင် ဝတ်စားဆင်ယင်တတ်တာပဲ။ ဖြူဖွေးသန့်ပြန့်နေတဲ့ ရှပ်ကိုမှ ကော်ဖီရောင် စတိုင်ပင်နဲ့တွဲဝတ်ထားတာ။ ရှင်းသန့်ပြီး ကြည်လင်နေရော…

ဘာစားချင်လဲ ။ ဘာသောက်ချင်လဲ ။ ဟိုတယ်ခေါ်သွားခိုင်းရင်တောင် ငါ မငြင်းဘူး။ ကျွေးနိုင်တယ်။ အချိုတွေလည်း ကြိုက်သလောက်စားလို့ရတယ်။ စိတ်ထဲ အဆက်မပြတ်ပြောနေပေမဲ့ တကယ်တမ်းကျ နေသစ်ထက် ပိုပြီး အသက်ကြီးကာ သားနားနေတဲ့ အစ်ကို ကြီး တစ်ယောက်ကြောင့် သူဘာမှ ဆက်မပြောဖြစ်တော့ဘူး။

နေသစ် ဘာတွေဖြစ်စေချင်တာလဲ ။ သူ့စိတ်ကို နှိပ်စက်နေတာလား ။ ဘာလုပ်လုပ်ဘယ်တုန်းကများ သူ အပြစ်တင်ဖူးလို့လဲ။ အခုလည်း နေသစ် စိတ်ချမ်းသာသလိုနေ…နေသစ်စကား သူနားထောင်ပေးလိုက်ရင် ပြီးပြီပဲ။

နေသစ်က သူ့ကို ကျူရှင်အောက်မှာပဲ လာစောင့်စေချင်တာ။ ညနေခင်းကို လျှောက်လည်ဖို့ စိတ်ကူးမရှိဘူး။ သူလည်ချင်တဲ့ တစ်ယောက်ကို ခေါ်ထားပြီးသား။

"ငါ့ ကိစ္စ ၊ မင်းဝင်ပါစရာမလိုဘူး"

ဒါဆိုရင်လည်း နေရာမှာ ရပ်ကျန်ခဲ့ရမှာပဲ။ လာခေါ်တဲ့ အစ်ကိုကြီးရဲ့ကား မြို့ထဲလမ်းမတွေကြား ပျောက်ကွယ်သွားတဲ့အထိ သူရပ်ကြည့်နေလိုက်တယ်။ တကူးတက ထည့်လာတဲ့ ATM card လည်း မလိုတော့သလို ထည့်လာတဲ့ တစ်သောင်းတန်တွေလည်း မလိုတော့ဘူး။

မေမေ့ကိုသာ ဖုန်းဆက်လိုက်တယ်။

“ဟယ်လို မေမေ။ ကျွန်တော် ဒီနေ့ချိန်းထားတာ မသွားဖြစ်ဘူး။ လာကြိုပေးရမလား။”

မေ‌မေဝမ်းသာသွားသံကို သူခံစားရတယ်။

“လာခဲ့ ။ လာခဲ့ ။ ဘာလဲ ထွန်းကိုက လျှောက်မလည်တော့ဘူးတဲ့လား”

ထွန်းကို နဲ့ တွေ့မယ်လို့ မပြောပါဘူး ။ ချိန်းထားတာ ရှိတယ်ဆိုတာနဲ့ ထွန်းကိုနဲ့ပဲ ထင်နေတာ။

“ကျွန်တော့်မှာ ထွန်းကိုပဲ ရှိတာမဟုတ်ပါဘူး”


“အမ်”

ပထမဆုံးအကြိမ် မေမေ ဖုန်းမချခင် သူအရင်ဖုန်းချလိုက်တယ်။

***

အာ…နေသစ်က သူရှိရာကို လိုက်လာတယ်။ ထူးထူးဆန်းဆန်းပဲ။ လက်ယက်ခေါ်နေတဲ့ နေသစ်ဆီ သူအပြေးသွားလိုက်တော့…
ဘယ်လိုဖြစ်လို့ သူရိုက်ပေးထားတဲ့ ပုံ ။ အထူးသဖြင့် သူတို့ နှစ်ယောက်တည်း သိတဲ့ အခြေအနေကို လူတွေက သိသွားကြတာလဲ။

"သူတို့တွေက ဒီပုံကို ဘယ်လိုရသွားတာလဲ"

ရာရာစစ…နေသစ်ပုံကို…ဆူပွက်လာတဲ့ စိတ်တွေကြောင့် တောက်တစ်ချက်ခေါက်မိသွားတယ်။ မူလတန်းတန်းကလို မြင်မြင်ရာ ဆွဲရိုက်ချင်စိတ်တွေ ဝင်လာရတယ်။

"မင်း မပို့ဘဲနဲ့တော့ ဘယ်ရမလဲ"

"ငါ...ငါ သူတို့ကိုမသိဘူး"

နေသစ်စိတ်ဆိုးနေပြီ။ ပုံမှန် သူ့ကို ဆက်ဆံပုံနဲ့တောင် မဟုတ်တော့ဘူး။ ဘာလုပ်ရမလဲ။ ဒူးထောက်ပြီး ဦးတိုက်လိုက်ရမလား။ နေသစ် ဖြစ်စေချင်တာ ပြောခိုင်းပြီး လူတွေကို ပြန်ရိုက်ရမလား။ ဘာလုပ်ရမလဲ။ နေသစ် စိတ်ဆိုးနေပြီ။ နေသစ် စိတ်ဆိုးရင် လုပ်ချင်တာတွေ လုပ်ပြီး သူ့ကို ထားခဲ့လိမ့်မယ်။ ဘာလုပ်ရမလဲ။

နေသစ် စကားတွေတော့ ပြောနေတယ်။ သူ ပူတက်လာတဲ့ စိတ်တွေ ၊ ထားခဲ့ခံရမှာ ကြောက်တဲ့စိတ်တွေကြားက သူအားစိုက်နားထောင်ကြည့်တယ်။

"ငါ တာဝန်ယူပေးမယ်။မိုးရိပ်ကိုလည်းမင်းကိုတောင်းပန်ဖို့ အခုပဲသွားပြောမယ်။ သူမယုံဘူးပြောလို့ ငါပို့ပေး

လိုက်မိတာ။ မင်း ကို ငါ တာဝန်ယူပါ့မယ် နေသစ်...အခုကိစ္စအားလုံးကို တာဝန်ယူပေးမယ်"

နောက်ဆုံးတော့ နေသစ် သူ့ကို လက်ပါခဲ့ပြီ။ ပါးစောင်တစ်ခုလုံး ပူတက်နာကျင်သွားပေမဲ့ သူ့ကို ဘာမှ ကူကယ်လို့ မရတော့သလိုပဲ။ သူ့အစီအစဥ်ကို နေသစ် မကြိုက်ဘူးလား။

“အဲ့ပုံ ပို့တာမင်း ဆိုတာကို လုံးဝမသိစေနဲ့။ အရင်လို ဘာကောင်မှ မဟုတ်သလိုပဲဆက်နေနေလိုက်"

ဒါ နေသစ် ပေးတဲ့ နောက်ဆုံး အမိန့်ပဲ။ စိုးရိမ်တယ်။ ကာကွယ်ပေးချင်တယ် ။ နေသစ်ကို စော်ကားတဲ့ သူတွေကို‌နောင် မစော်ကားရဲအောင် ပညာပေးချင်တယ်။ ဒါပေမဲ့… နေသစ်လိုချင်တာက သူလုပ်ပေးနိုင်တာတွေထဲက တစ်ခုမှ ဟုတ်မနေခဲ့ဘူး။

ငါက မင်းစကားပဲ နားထောင်ရမှာပေ့ါ…

***














Comments

  1. ဒီဓားကဘယ်အချိန်ထိုးထိုးနာပါတယ်

    ReplyDelete
  2. ကိုကိုက ခန့်ညီလေးကို ကာကွယ်ပေးခဲ့တာ 😭😭😭

    ReplyDelete
  3. အပေါ်ကတစ်ယောက်ပြောသလိုပါပဲ။ ဒီဓားက ဘယ်အချိန်ထိုးထိုး နာတုန်း🥹 ခန့်ညီလေးကိုလာဖို့ခေါ်ထားပြီး အခြားတစ်ယောက်နဲ့သွားတုန်းကလည်း မြေ့မှာတည်းက အရမ်းသနားတာ ခုဖတ်ပြီးပိုတောင်သနားသွားတယ် ငါ့ကလေးလေးရယ်

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

1

ညင်းသဲ့လေသွေး ခေါ်ဆောင်ယူရာ အရပ်၌… မြတ်နိုးခြင်းများ ဦးဆွေးဆံမြည့် *** အပိုင်း (၁) အာ...သူ သေဆုံးသွားခဲ့ပြီပဲ... မြူတွေဆိုင်းနေတဲ့ ဝန်းကျင်မှာ လဲလျောင်းငြိမ်သက်နေတဲ့ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တယ်။ ပါးနှစ်ဖက်ဟာ ချိုင့်ခွက်လျက်...မျက်ကွင်းတွေက ခပ်နက်နက် ဖြစ်နေပြီးညိုမည်းနေတယ်။ နှုတ်ခမ်းတွေဟာလည်း အအေးဓာတ်ကြောင့်ပြာနှမ်းလို့... အမြဲတမ်း ပန်းရောင်ဆားခဲလို ဖြစ်ခဲ့တဲ့ သူ့အသားအရေတွေဟာလည်း သွေးမရှိသလို ဖြူဆုတ်ပြီး...သူ့ဆံပင်တွေဟာ ကျဲပါးလွန်းတာ‌ကြောင့် ဦးရေပြားကိုတောင် မြင်နေရတယ်။ သူငိုချင်သွားတယ်။ ဒီလို ပုံဆိုးပန်းဆိုးပုံစံကြီးနဲ့ ခမ်းလျန်နား နေခဲ့တာတဲ့လား။ ဒါကိုတောင် ခမ်းလျန်က ကြင်ကြင်နာနာ နဲ့ အနမ်းလေးတွေပေးခဲ့တာတဲ့လား။ ဘုရားရေ...ခမ်းလျန် ။ ခမ်းလျန် သူနဲ့တူတူရှိနေခဲ့တာ။ မြူတွေကြားထဲမှ သူ့ခန္ဓာကိုယ်ကို ဖက်ထားဆဲဖြစ်တဲ့ လက်ဖြူဖြူလေး။ လက်သည်းတွေဟာ တုံးတိတိဖြစ်လျက် ပိုးသတ်ဆေးတွေကြောင့် အရေခွံတွေ လန်ကာ ခပ်ကြမ်းကြမ်းဖြစ်နေတဲ့ လက်ချောင်းထိပ်လေးတွေ။ မဖြစ်ရဘူး။ မဖြစ်ရဘူး လို့ သူ့စိတ်ထဲ အော်ဟစ်ပြီး ခမ်းလျန်ကို ငုံ့မိုးကြည့်မိတယ်။ ထိတ်လန့်တုန်လှုပ်စိတ်နဲ့ သူ့ကို ကျစ်နေအောင် ဖက်ထားတဲ့ ခမ်းလျန်ကိုပုတ်နှိုး...