အပိုင်း (၂၁)
စာမေးပွဲကာလဆို သူ စိတ်ဖိစီးတတ်တာ ပုံမှန်ပေမဲ့ ဒီနှစ်က နေသစ်ကြောင့်ပိုဆိုးပါတယ် ။ စာမေးပွဲကို ပုံမှန်ထက် မြန်မြန်ဖြေ စောထွက်ပြိး သွားတွေ့တာတောင် နေသစ်ကို ဟိုတစ်ခါ လာကြိုတဲ့ အစ်ကို ကြီးနဲ့ ထပ်တွေ့ပြန်တယ်။
စာမေးပွဲကရတဲ့ ဖိအားကြောင့်ရော…အမြဲတွေ့နေရတတ်တဲ့ သူက နောက်တစ်ဆင့်တိုးပြီး နေသစ်ကို ထိတွေ့နိုင်နေတာကြောင့် သူသိချင်တယ်။ ဘယ်လောက် ခက်ခဲတဲ့ ပုစ္ဆာဖြစ်ဖြစ် သူ အဖြေကို တွက်ထုတ်နိုင်တယ်။
နေသစ်ကိုကျ ဘာလို့ မသိနေရတာလဲ။
"ဟက် ! ဘယ်သူက မင်းမိန်းမလဲ။ အဲ့လောက် မင်းမယားပါဆိုပြီး မဏ္ဍပ်တိုင်တက်ပြချင်သပ။ ငါ့ကိုယ်ကို ဘယ်သူမှမထိစေချင်ရင် ငါ့တစ်ကိုယ်လုံးမှာ မင်းနာမည်ထိုးလိုက်...အဲ့လိုမလုပ်နိုင်သေးသ၍ မင်း မယား က ငါမဟုတ်သေးဘူး။ ခန့်ညီ"
ကောင်းပြီလေ…ခဏတော့ စောင့် ။ စာမေးပွဲပြီးတာနဲ့ ဖြစ်စေရမယ်။
***
“အဲ့စက်က စျေးကြီးတယ်လေ။ တကယ်ဝယ်မလို့လား”
သူခေါင်းညိတ်ပြတော့ ထွန်းကို ခေါင်းကုတ်တယ်။
“သူ့ တစ်ကိုယ်လုံးကို ငါ့နာမည် ထိုးပစ်မယ်”
“မင်း ဒီတစ်ခါဆိုရင် တကယ်ထောင်ကျမယ်နော် “
“သူပြောတာ။ ငါ့ နာမည်ထိုးတဲ့…”
ထွန်းကို အရမ်းစိတ်ညစ်နေပုံပါပဲ။
“ရွဲ့ပြောတာ မဟုတ်ဘူးလား”
ခေါင်းခါပြလိုက်တယ်။
“တရားအောင် ငါလည်း သူ့နာမည် သွားထိုးမလို့ … လိုက်မလား။ အပြန် အသားကင်ဝယ်ကျွေးမယ်”
ထွန်းကို ပါးစပ်အဟောင်းသားနဲ့ စိုက်ကြည့်နေတယ်။
“အသားကင်မစားချင်ဘူးလား။ ဟိုတစ်ခါသွားစားတဲ့ စင်ကာပူစတိတ်ခ်ဆိုင်လေ”
“မင်း ဘယ်မှာထိုးမှာလဲ။ အိမ်က သိလား”
“သိစရာမလိုဘူး”
“အား….”
ထွန်းကို ခေါင်းကို ထိုးဖွ ၊ တစ်ချက်အော်ပြီးမှ
“အေး လိုက်မယ်။ လိုက်မယ်။ ဘယ်နေရာမှာထိုးမှာလဲ”
ဘိုကင်တင်ထားတဲ့ စာကို ပြပြီး လက်ချောင်းတွေကိုလည်း ဖြန့်ပြလိုက်တယ်။
“မင်းဘာသာမင်း ဘာလို့ မထိုးတာလဲ။ ဘယ်ညာသန်တာပဲ ထိုးပါ့လား”
“မလှမှာဆိုးလို့”
“ဟမ် ။ မင်းက လှချင်သေးတာလား။”
ခေါင်းညိတ်ပြလိုက်တယ်။ နေသစ် နာမည်တော့ လှလှပပရှိနေဖို့လိုတယ်လေ။
“ဒါဆို မင်းက သူ့ကို ထိုးပေးမှာ ကျတော့ရော်…မလှမှာ မပူဘူးလား”
“ငါ့နာမည်က မလှလည်း ရတယ်”
ထွန်းကို ခါးထောက်ပြီးသာ စိုက်ကြည့်နေရုံကလွဲ ဘာမှဆက်မပြောတော့…
သူနားလည်သလောက် ဒါဆို ထွန်းကို သဘောတူလိုက်တာပဲ။
***
သူနဲ့ကလွဲရင် ဘယ်သူနဲ့မဆို ကပ်ချင်တဲ့ နေသစ်က အခုလည်း ကိုကိုထင်ပြီး ကားထဲထိပေးဝင်လာတယ်။ အချိုကြိုက်တတ်လွန်းတာကလည်း ဘာမှကို မစဥ်းစားနိုင်တဲ့အထိ တရားလွန်ကို ကြိုက်တာ။ တကယ် ငတုံးလေးပဲ။ ဒီလို တုံးပုံမျိုးနဲ့ ဘယ်လိုလုပ်ပြီး လူတိုင်းနဲ့ လျှောက်သွားနေရတာလဲ။
ပါဒကြီးအိမ်လေးက အမြဲ တိတ်တိတ်ဆိတ်ဆိတ်ပဲ။ ဒီတစ်ခါ ဟိုတယ်မခေါ်ဖြစ်တော့ဘူး။ ဟိုတယ်ဆို မြို့လယ်ခေါင်မှာမို့ မတော်လို့ နေသစ် ရဲတိုင်ရင် သူ ဖြေရှင်းချိန်မရဘဲ ချက်ချင်း အချုပ်ထဲ ပါသွားနိုင်တယ်။ ပါဒကြီးအိမ်ကကျ ချက်ချင်း ရဲခေါ်မယ်ဆိုရင်တောင် ရဲကို လမ်းညွှန်ပေးဖို့ ခက်လိမ့်မယ်။ ဘာလို့ဆို သူတို့ နှစ်ယောက်တည်းလေ…
အိမ်ထဲထိ ပွေ့ချီလာပြီးမှ မတွေ့တာ ကြာပြီဖြစ်တဲ့ နေသစ်ကို အခုမှပဲ သေချာစိုက်ကြည့်ဖြစ်တယ်။ အများကြီး ပင်ပန်းနေခဲ့တယ်ထင်တယ်။ နည်းနည်း ပိန်သွားတယ်။ လက်ချောင်းထိပ်လေးတွေလည်း အရင်လို ကြမ်းရှရှဖြစ်မနေတော့ဘူး။ ဂီတာလည်း မတီးရ ၊ ဘောလုံးလည်း ကန်မရတော့ဘူး။
အသားတွေတောင်ပိုဖြူလာတယ်။ ဘာလို့ ငါတို့နှစ်ယောက်က အကုန်ဆုံးရှုံးပြီးတာတောင် အတူတူငြိမ်းငြိမ်းချမ်းချမ်း မနေနိုင်ကြရတာလဲ ။
တော်တော်လေးကြာပြီး မှောင်ရီပျိုးလာမှ နေသစ်နိုးလာတယ်။
"နိုးပြီလား"
မေမေ့လိုပဲ စိတ်သက်သာရာရစေဖို့ နေသစ်ကိုလည်း ပြုံးပြလိုက်တယ်။
"ငါ ဘယ်ရောက်နေတာလဲ"
“ငါတို့အိမ်”
ထင်တဲ့အတိုင်းပါပဲ။ နေသစ်က ကြောက်လန့်မနေဘူး ။ ပတ်ဝန်းကျင်ကြောင့်လားတောင်မသိ။ တော်တော်လေး မထီမဲ့မြင် မျက်နှာပေးနဲ့ သူ့ရဲ့ မူရင်း သရုပ်မှန်ဖြစ်တဲ့ လူဆိုးအရိပ်အယောင်တွေ ပေါ်လာတယ်။
ဟိုတယ်မှာ တုန်းကထက် နေသစ်ပိုဆိုးတယ်။ နေသစ်အကြိုက်တွေကလည်း နည်းနည်းထူးဆန်းတယ်။ သန့်သန့်ရှင်းရှင်း ၊ မွှေးကြိုင်နေတဲ့ ဟိုတယ်အခန်းလိုထက် အခုလို လူသူကင်းမဲ့တဲ့ တဲသာသာ အိမ်ကို ပိုသဘောကျပုံပဲ။ သူဝယ်လာတဲ့ အရက်ကိုလည်း ရေတောင်မရောလို့ အတင်း ရောပေးရတယ်။ နည်းနည်း လေး မူးလာတဲ့အခါ သူ့ ပါးကို ခပ်ဆက်ဆက် ရိုက်ပြီး နှုတ်ခမ်းတွေကို သိမ်းပိုက်တယ်။ အပေါ်ကနေ အတင်းအုပ်မိုးပြီး သူ့ အဝတ်တွေကိုပါ အတင်း ဖယ်ရှားနေတဲ့ နေသစ်ကို မနည်း နားချရတယ်။
“မင်း…နေ… ခဏ”
နေသစ်နားမထောင်ဘူး။ သူ့ပါးနှစ်ဖက်ကို လက်ညှိုးလက်မ သုံးညှစ်ပြီး အောက်ကနေ ဖိပြားနေတဲ့ သူ့ကို အတင်းနမ်းရှိုက်တယ်။
“ပြန်နမ်းလေ မင်း။ မနမ်းတတ်တော့ဘူးလား”
အမိန့်ဆန်ဆန် အပြောမှာ သူ့ဟာ အလိုတူ အလိုပါပဲ။ အနာကျက်ခါစ ဖြစ်နေတဲ့ သူတက်တူးထိုးထားတဲ့ လက်ချောင်းတွေကိုလည်း တတိတိ ကိုက်နေတာ နေသစ်သွားရာတွေချည်းပဲ။တချို့ နေရာဆို သွေးတော်စို့တယ်။
“နာလား”
သူခေါင်းခါပြလိုက်တယ်။
“ငါထိုးရင်ရော် နာမှာလား”
“နည်းနည်း”
“အိုကေ”
“ငါ့ အဝတ်တွေ ချွတ်ပေး”
သူအင်္ကျီနဲ့ချည်ထားတဲ့လက်က လျော့ရဲရဲ ဖြစ်နေပေမဲ့ နေသစ်က ဆွဲမဖြုတ်ဘူး။ ဒီအတိုင်းထားပြီး သူ့ကို ကိုယ်ပေါ်က အဝတ်တွေကို ချွတ်ခိုင်းနေတယ်။
“ဘယ်လိုလဲ။ ငါ မိုက်လား”
သူ့လက်တစ်ဖက်ကို ဆွဲယူရင်း အမြှောင်းလေးတွေ ခပ်ရေးရေးဖြစ်နေတဲ့ ဗိုက်ကြွက်သားတွေပေါ် ဖြည်းဖြည်းချင်း ပွတ်ဆွဲခိုင်းနေပြန်တယ်။
“ဟမ်…ဒါ မင်းပဲ မြင်ဖူးတာလေ။ တစ်ခေါက်လောက်တော့ ချီးကျူးပေးသင့်တယ်မဟုတ်ဘူးလား။ မင်း အပိုင်ခန္ဓာကိုယ်ဆို…”
မီးရောင်မှိန်မှိန်အောက်မှာ အရက်ခိုးဟပ်ပြီး နီရဲနေတဲ့ အရေပြားကြည်ကြည်တွေ ၊ ဖူးယောင်နေတဲ့ နှုတ်ခမ်းနဲ့ ရီဝေမှိုင်းညှို့နေတဲ့ အကြည့်။ အရမ်းကိုမှ မျက်နှာလွှဲဖို့ခက်စေပေမဲ့ တကယ်တော့ သူက ငြိမ်သက်တိတ်ဆိတ်ပြီး အိပ်မောကျနေတတ်တဲ့ နေသစ်ပုံကို ပိုကြိုက်တာ။
“လှတယ်။ မင်းက အရမ်းလည်း ချောတယ်။ မင်း ခန္ဓာကိုယ်ကလည်း အပြစ်ပြောစရာ အနာအဆာတစ်ခုမှ မရှိဘူး”
ထိုအခါမှ သဘောတကျ ခပ်ဟဟရယ်ပြီး ကြမ်းပေါ် ပစ်လှဲချပြီး
“မသိတော့ဘူးကွာ။ မင်းလုပ်ချင်ရာသာ လုပ်တော့” တဲ့။
ဒီလိုကျတော့လည်း နေသစ်က နေသစ်နဲ့ တူသွားပြန်တယ်။ စက်သံတကျိကျိကြားမှ နာလာရင်လည်း သူ့ကိုနမ်းပေးဖို့ တောင်းဆိုတတ်တယ်။
“အား…နာတယ်။ နာလာပြီ။ ငါ နာတယ်။ ငါ့ကိုနမ်း ၊ ငါ့ကို ဖက်ပေးထား ၊ ငါနာနေတယ်လေ ။ ငါ့ချမ်းလာပြီ ညီ။ ဖက်ထားပေးပါအုံး။ လာပါ ။ မစိမ်းကားပါနဲ့…”
စတဲ့စတဲ့ ဂဂျီဂဂျောင်တွေ ပြောတတ်တာက တကယ့်နေသစ်ပဲ။ နောက်ဆုံးမှာတော့
“ခွေးသူခိုးလေး ငါ့နားလာအိပ်။ ဖက်ပေးထား” ဆိုတဲ့ စကားနဲ့ သူတို့ ညဥ့်နက်နက်ကို အဆုံးသတ်လိုက်တယ်။
နေသစ်ပါးကို အခါတိုင်း ခိုးနမ်းရင်း ထုံးစံအတိုင်း မိုးလင်းခါနီးမှ သူအိပ်ပျော်သွားတယ် ။
နောက်ဆုံးတော့ နေသစ်ကို သူပိုင်ပြီ။ နေသစ်နဲ့ ပဲ အတူတူနေလို့ရပြီ။
***
ဒါတွေအားလုံးက အိပ်မက်တွေလိုပါပဲ။
“Goodbye”
ဆိုတဲ့ စာလုံးတစ်လုံးနဲ့ သူ့ကို ထားခဲ့ပြန်ပါပြီ။ ထားခဲ့ခံရတာကို နေသားကျလွန်းသွားမှာတောင် ကြောက်မိတယ်။
နေသစ်ဖွခဲ့တဲ့ မုန့်ထုပ်အမှိုက်တွေ ပုလင်းတွေ တစ်ခုချင်းစီကို လိုက်ကောက်သိမ်းရင်း သူ မတောင့်ခံနိုင်တော့ဘဲ ကြမ်းပေါ် လှဲအိပ်မိပြန်တယ်။ ဟိုတယ်မှာတုန်းကလို နေသစ်လှဲအိပ်သွားတဲ့ နေရာလေးမှာ သူ ကိုယ်ကို တတ်နိုင်သမျှ ကွေးထားရင်း အချမ်းဒဏ်နဲ့ နာကျင်အောင့်တက်နေတဲ့ နှလုံးနေရာကို လက်နဲ့ဖိထားရင်း ငြိမ်နေရတယ်။ သူ သေသွားမှာတောင် ကြောက်မိတယ်။ ဒီတစ်ခါသာ သူသေသွားရင် ဘယ်လိုမှ နေသစ်ဆီ ပြန်လာဖို့ သတ္တိမရှိတော့ဘူး။ အရမ်းခက်ခဲသွားလိမ့်မယ်။
အလင်းမသဲမကွဲကြားထဲက သူ့ ခြေဖမိုးကို ရည်ရွယ်ချက်မရှိ စိုက်ကြည့်နေမိတယ်။ ဖေဖေတို့နဲ့ ဒီအိမ်လေးကို စရောက်ဖူးတဲ့ နေ့ ရဲ့ ညဘက်မှာပဲ သူထူးဆန်းလွန်းတဲ့ အိပ်မက်တွေ စမက်ခဲ့တာ မှတ်မိသေးတယ်။ သူမက်နေကျလို့ ဂန္ဓမာပန်းခင်းတွေ ၊ တောင်တန်းတွေ ၊ ဘုရားကျောင်းတွေ မဟုတ်ဘဲ တဲအိမ်သာသာ အိမ်လေး ဖြစ်နေတာ။ မှောင်မဲနေပြီးမှ သူဟာ အသက်ရှူမဝဖြစ်နေခဲ့ပြီး တစ်ယောက်ယောက်ရဲ့ အပြင်းအထန် တပ်မက်မှုတွေအောက် မလွန်ဆန်နိုင်ခဲ့တာ ။ အဲ့နောက်မှတော့ ကြောက်စရာ အဖြစ်အပျက်ကို ခြေဖမိုးပေါ် ကျလာတဲ့ ခခယယအနမ်းတစ်ခုတည်းနဲ့ လွတ်မြောက်လာခဲ့တာ။
အခုလား…
နေရောင်ခြည်ရေးရေးဝင်လာတဲ့ အလင်းတန်းမှိန်မှိန်အောက် သူလက်ဖဝါးကို ဖြန့်ကားကြည့်လိုက်တယ်။ အအေးဓာတ်ကြောင့်ရော…လူဆိပ်တတ်နေတာကြောင့်ရော သူ့လက်ချောင်းတွေ ရောင်နေတယ်။ နီရဲပြီး ခံစားချက်ကလည်း တဆစ်ဆစ်နဲ့…နေသစ်ပေးသွားတဲ့ နာကျင်ဒဏ်ရာတွေကပဲ နေသစ် သူနဲ့ အတူတူ ရှိခဲ့တယ် ဆိုတဲ့ အမှတ်တရ ဖြစ်နေတာ။
ဘယ်အချိန်ထိ ငါ မင်းထားခဲ့တာကို ခံနေရအုံးမှာလဲ။ ဘယ်အထိလဲ ။ ငါဆိုးခဲ့တာတွေအတွက် ဘယ်အထိ အပြစ်ကြွေးဆပ်ရအုံးမှာလဲ။
***
ကိုယ်ပါ တမြေ့မြေ့နဲ့ လောင်ကျွမ်းရပါတယ် ညီရယ်
ReplyDeleteခန့်ညီလေးရယ် …..ကလေးလေးရယ်😭😭😭
ReplyDeleteညီ့ကိုပဲအရမ်းသနားတယ်😭😭😭ငါ့ကလေးလေး
ReplyDelete