အခန်း (၂၇) ယွီနျန့်၊ မင်းရဲ့အင်္ကျီကို မြန်မြန်ဝတ်လိုက်တော့!
ဒီအခိုက်အတန့်မှာပဲ ရှမင်းရှီးဘက်က တံခါးပိတ်သံသဲ့သဲ့ ကြားလိုက်ရပြီး
"ဘာအက်ဆစ်လဲ ဘာဗုံးအကြောင်း ပြောနေတာလဲ ပေါင်ပေါင်း" ဆိုသည့် စကားသံလည်း ထွက်ပေါ်လာသည်။
"တောက်!"
ရှမင်းရှီးက သူ့မျက်နှာကိုသူ လက်ဝါးနဲ့ရိုက်လိုက်ပြီး အသည်းအသန် ငြင်းဆန်ဖို့ ကြိုးစားရတော့၏။
"နျန့်နျန့်... မင်း ဘာမှမကြားလိုက်ဘူး မဟုတ်လား"
ယွီနျန့်ကတော့ လူယုတ်မာလေးလို ခေါင်းညိတ်ပြပြီး
"အင်း... ကျွန်တော် ဘာမှမကြားလိုက်ပါဘူး ရှပေါင်ပေါင်းရေ"
"သေစမ်း!"
ရှမင်းရှီးက ယွီနျန့်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်ရင်း အမြန်ပဲ စကားစဖြတ်လိုက်သည်။
"ငါ့မိဘတွေ ပြန်ရောက်လာပြီ။ ဘာမှမပြောနဲ့တော့။ ဘာမှမပြောနဲ့တော့။ ငါ ဖုန်းချလိုက်ပြီ ဂွတ်နိုက်!"
ဗီဒီယိုကောကျသွားပြီးနောက် ယွီနျန့်က ဖုန်းကို ဘေးချလိုက်ပြီး လက်ထဲက ခဲတံကို လှည့်ကစားနေသည်။ သူက ဘယ်ဘက်လက်နဲ့ ကွတ်ကီးကို ယူစားလိုက်ရင်း ခုနက ရှမင်းရှီး ပြောသွားသည့် အက်ဆစ်တွေ၊ ဗုံးတွေအကြောင်း ပြန်တွေးမိပြီး တစ်ကိုယ်တည်းရယ်မိသည်။
သေသေချာချာ စိုက်ကြည့်မယ်ဆိုရင် ဒီကွတ်ကီးလေးတွေက တကယ့်ကို ချစ်စရာလေးတွေ။
နောက်တစ်နေ့မနက်မှာတော့ ဗီဒီယိုကောခေါ်ပြီး ယွီနျန့် ရေးထားသည့် သီချင်းကို ယွီချင်းကို နားထောင်ခိုင်းလိုက်သည်။
"ဘယ်လိုနေလဲ"
"အရမ်းနားထောင်လို့ ကောင်းတာပဲ"
ယွီချင်းက မိတ်ကပ်မပါသည့် မျက်နှာနဲ့မို့ ကြည့်ရတာ သိပ်တော့ အဆင်မပြေလှပါဘူး။ မျက်ကွင်းညိုတွေကလည်း ဒီအချိန်မှာ တော်တော်လေး ထင်ရှားနေလျက်
ယွီနျန့်သေသေချာချာ ကြည့်လိုက်ပြီး
"အစ်မ... ဒီရက်ပိုင်း အိပ်ရေးမဝဘူး မဟုတ်လား"
"အင်း... တစ်ညလုံး ရိုက်ကူးရေးတွေ လုပ်နေရလို့လေ။ ဒါပေမဲ့ အဆင်ပြေပါတယ်"
ယွီချင်းက နားထင်ကို ပွတ်နေသည့် လက်ကိုချလိုက်ပြီး မျက်ခုံးပင့်ကာ ပြုံးပြသည်။
"ဒါနဲ့ မင်းကရော... အရင်က စိတ်ကူးမရဘူးလို့ ပြောနေတာ မဟုတ်လား ။ အခုကျမှ ဘယ်လိုဖြစ်ပြီး ရုတ်တရက် သီချင်းတွေ ပြန်ရေးနိုင်သွားတာလဲ"
ယွီနျန့်က အားနေသည့်လက်နှင့် ပီယာနိုခလုတ်တွေကို နှိပ်လိုက်ရင်း
"မနေ့ညက ကွတ်ကီး စားလိုက်တာ။ အဲဒီမှာတင် စိတ်ကူးတွေ ချက်ချင်းရလာတာပဲ။ အဲဒါနဲ့ မြန်မြန်လေး ရေးလိုက်တာလေ။ ဒီသီချင်းပြီးသွားရင် အစ်မကို ထပ်ပြီး နားထောင်ခိုင်းဦးမယ်"
ယွီချင်းက သမ်းဝေလိုက်ပြီး အသံအနည်းငယ် အက်ရှရှနဲ့
"ကောင်းပါပြီ အေးအေးဆေးဆေးသာ လုပ်ပါ။ ဒါနဲ့ ကွတ်ကီးစားပြီးမှ စိတ်ကူးရတာဆိုတော့... နောက်ပိုင်း မင်း သီချင်းရေးလို့မရရင် မင်းအိမ်ကို ကွတ်ကီးတွေ သေတ္တာလိုက် ပို့ပေးရတော့မှာပဲ"
ယွီနျန့်ကတော့ ရယ်ပဲရယ်နေပြီး ဘာမှပြန်မပြောဖြစ်ဘူး။ မနက် ၁၀ နာရီမှာတော့ မုန့်ယွမ်က သူ့ကိုလာကြိုသည်။ ကားမောင်းနေရင်းနဲ့ ယွီနျန့်ကို ဒီနေ့အတွက် အစီအစဉ်တွေကို ပြောပြ၏။
"ဒီနေ့ ရိုက်ကူးရေးပြီးရင် အင်တာဗျူးတစ်ခုရှိမယ်။ အချိန်အများကြီး မပေးရပါဘူး၊ တစ်နာရီလောက်ပါပဲ။ သူတို့မေးမယ့် မေးခွန်းစာရင်းကို ငါ ကြိုယူထားပြီးပြီ။ ထူးထူးခြားခြား ဘာမှမရှိရင်တော့ မင်း နည်းနည်းလောက် စဉ်းစားပြီး ဖြေလိုက်ရုံပဲ။ တကယ်လို့... မေးခွန်းတွေက စာရင်းနဲ့ မကိုက်ညီဘဲ ဖြေရခက်နေမယ်ဆိုရင် ငါ မင်းဘေးမှာ ရှိနေမယ်၊ ငါ့ကို အချက်ပြလိုက်ရုံပဲ"
ခဏအကြာမှာတော့ ယွီနျန့်က မနက်က ယွီချင်းပြောပြသည်ကို သတိရသွားပြီး
"ဒါနဲ့ အစ်ကိုမုန့်... ယွီချင်းက ဒါရိုက်တာရွှီရဲ့ ရှေးဟောင်းလမ်း ရုပ်ရှင်ကို ရိုက်နေတာ မဟုတ်လား"
မုန့်ယွမ်က ရှေ့ကလမ်းကို ကြည့်ရင်း
"အေး... ဟုတ်တယ်လေ။ ရိုက်နေတာ အတော်ကြာနေပြီ။ ဒါပေမဲ့ အခုထိ မပြီးသေးဘူး။ ဘာဖြစ်လို့လဲ"
"ယွီချင်းက အဲဒီရုပ်ရှင်ရဲ့ ပရိုမိုးရှင်းသီချင်းကို ကျွန်တော့်ကို ဆိုခိုင်းဖို့ ပြောပေးထားတယ်တဲ့။ သူတို့ဘက်ကလည်း ကျွန်တော့်ကို စမ်းဆိုကြည့်ဖို့ သဘောတူတယ်လေ"
မုန့်ယွမ်က စိတ်ဓာတ်ကြံ့ခိုင်သူဆိုပေမဲ့ ဒါကိုကြားတော့ တကယ့်ကို အံ့အားသင့်သွားသည်။ သူက ကားအရှိန်ကို မတင်ဘဲ သတိထားမောင်းရင်း အမြန်တုံ့ပြန်လိုက်သည်။
"ယွီချင်းက မင်းကို အခွင့်အရေးပေးလိုက်တာလား"
"ဟုတ်ကဲ့၊ ဒါပေမဲ့ အစ်မ က ပြောပေးရုံပဲ ။ အခွင့်အရေးကိုတော့ ကိုယ့်ဘာသာကိုယ် အရယူပါလို့ ပြောတယ်"
"ဒီအခွင့်အရေးက တကယ်ကြီး ကောင်းတာပဲ! ဒါရိုက်တာရွှီက သူ့ရုပ်ရှင်အတွက် အဆိုတော်ရှာနေတာကို ငါသိတယ်။ ဒါပေမဲ့ မင်းက 'Sound of Nature' မှာ ပါဝင်နေရုံပဲ ရှိသေးတာလေ။ Trending တွေတက်ပြီး အရည်အချင်းရှိတယ်ဆိုပေမဲ့ ပြိုင်ဆိုင်မှုကတော့ အရမ်းပြင်းထန်လိမ့်မယ်။ မင်းကတော့ တိုက်ပွဲဝင်ချင်နေပြီဆိုတော့..."
မုန့်ယွမ်က သတင်းအမျိုးမျိုးကို ပြန်စဉ်းစားကြည့်ပြီး အခြေအနေကို ရှင်းပြသည်။
"မင်းမှာ အဓိကပြိုင်ဘက် နှစ်ယောက်ရှိတယ်။ တစ်ယောက်က ယူယူ ၊ နောက်တစ်ယောက်က ဟဲကျွင်းယွီ ပဲ။ သူတို့နှစ်ယောက်စလုံးက ဒီအခွင့်အရေးကို မျက်စိကျနေကြတာ"
"ယူယူ ဆိုတာ အရင်က သူ့မွေးနေ့တုန်းက Trending တက်သွားတဲ့ အဆိုတော်လား"
"ဟုတ်တယ်။ သူ့မွေးနေ့ကျင်းပတုန်းက ပရိသတ်တွေက ဘဏ္ဍာရေးစင်တာက အဆောက်အဦ ငါးလုံးလုံးမှာ Support တွေနဲ့ ပြည့်နေအောင် လုပ်ပေးခဲ့ကြတာလေ။ တခြားဟာတွေလည်း အများကြီးပဲ။ အကုန်တောင် မမှတ်မိတော့ဘူး။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့အရှိန်အဝါက တော်တော်ကြီးတယ်။"
မုန့်ယွမ်က နောက်ကြည့်မှန်ကနေ ယွီနျန့်ကို တစ်ချက်ကြည့်ရင်း ပြုံးစစနဲ့
"မင်းရဲ့ 'နျန့်ကောင်း' (Fandom - Nian Gao ) တွေကလည်း မခေပါဘူး"
ယွီနျန့်က နှုတ်ခမ်းလေးစေ့ပြီး ပျော်ပျော်ရွှင်ရွှင် ရယ်မောနေတာကို မြင်တော့ မုန့်ယွမ်ကလည်း လိုက်ရယ်လိုက်သည်။
"'နျန့်ကောင်း' ဆိုတဲ့ နာမည်က တော်တော်လေး ကောင်းပါတယ်။ 'နျန့်ကောင်း' ကို 'နျန့်နျန့်ကောင်း' လို့လည်း ခေါ်ကြတယ်လေ။ အဲဒါက တရုတ်လိုဆိုရင် 'နှစ်စဉ်နှစ်တိုင်း ပိုမိုတိုးတက်ပါစေ' (Nian Nian Gao) ဆိုတဲ့ အဓိပ္ပာယ်နဲ့ အသံထွက်တူတော့ အရမ်းမင်္ဂလာရှိတဲ့ နာမည်ပဲ"
ခဏနေတော့ သူက လေသံပြောင်းပြီး
"ဒါကြောင့်လည်း ငါစိတ်ပူနေတာ။ မင်းက အခုမှ စတာလေ။ ယူယူရဲ့ Fan Baseက အရမ်းကြီးနေပြီ။ တကယ်လို့ မင်းကသာ သူ့ကို ကျော်ဖြတ်ပြီး အခွင့်အရေးရသွားရင် သူ့ရဲ့ပရိသတ်တွေက ဝိုင်းတိုက်ခိုက်ကြမှာကို စိုးရိမ်မိတယ်"
ယွီနျန့်က ခေါင်းခါပြလိုက်သည်။
"ကျွန်တော် ဒါကို မကြောက်ပါဘူး။ လူတိုင်းလိုချင်တဲ့ အခွင့်အရေးမျိုးဆိုရင် ကိုယ့်ရဲ့ အစွမ်းကုန် ကြိုးစားပြီး တိုက်ပွဲဝင်ရမှာပဲ။ ဘယ်သူက ပိုတော်လဲဆိုတာပေါ်မှာပဲ အနိုင်အရှုံးက မူတည်တာပါ"
မုန့်ယွမ်ကတော့ ယွီနျန့်၏ ဘာကိုမှ မကြောက်တတ်သည့် စိတ်ဓာတ်ကို သဘောကျသွားသည်။
"ဟုတ်တာပေါ့! အခွင့်အရေးတစ်ခုအတွက် မတိုက်ခိုက်ကြည့်ဘဲနဲ့တော့ အလျှော့ပေးစရာ အကြောင်းမရှိဘူး!"
Backstage ကို ရောက်တော့ ရှမင်းရှီးက အရင်ရောက်နေပါပြီ။ ယွီနျန့်ကို မြင်တာနဲ့ သူက အပြေးအလွှား ရောက်လာသည်။
ယွီနျန့်က ချိုင်းထောက်ကို အားပြုရပ်နေရင်း သူ့ဆီလာနေသည့် ရှမင်းရှီးကို ကြည့်ပြီး
"ပေါင်ပေါင်း" ဟု ခေါ်ကာ နှုတ်ဆက်လိုက်သည်။
ရှမင်းရှီး မျက်လုံးတွေ ပြူးသွားပြီး သူ့နှုတ်ခမ်းပေါ် လက်ညှိုးလေးတင်ကာ
"ရှူး... တိုးတိုး!"
ယွီနျန့်ကတော့ သူ့အမူအရာကိုကြည့်ပြီး ရယ်ချင်သွားသည်။
"ဒီနေ့ တော်တော်စောစော ရောက်နေတာပဲလား"
ယွီနျန့်က အဲဒီရှက်စရာကောင်းသည့် နာမည်ပြောင်ကို ထပ်မခေါ်တော့တာကြောင့် ရှမင်းရှီးက စိတ်အေးသွားပြီး
"အင်တာဗျူးရှိတယ် မဟုတ်လား ငါ့ရဲ့ အေးဂျင့်ကြီးက မိုးမလင်းခင်ကတည်းက လာနှိုးနေတာ။ ပြန်အိပ်ချင်ပေမဲ့လည်း မအိပ်ရဲတော့ဘူး"
ယွီနျန့်က သူ့ကို ကြည့်ပြီး ရယ်မောလိုက်သည်။
"မင်းသာ ပြန်အိပ်လိုက်ရင် အပြစ်ပေးခံရမှာမို့လို့လား"
"ဒါပေါ့!"
ရှမင်းရှီးက ယွီနျန့်ပုခုံးကို ပုတ်ပြီး သက်ပြင်းချသေး၏။
"မင်းကတော့ ငါ့ကို နားလည်ဆုံးပဲ!"
သူက အသံကို ထပ်နှိမ့်လိုက်ပြီး
"ဒါနဲ့... ရွှီရွှမ် ပြိုင်ပွဲက နုတ်ထွက်သွားတာလေ။ ပြီးခဲ့တဲ့ အပိုင်းတုန်းက အစားထိုးဝင်ဆိုပြီး ပြုတ်သွားတဲ့ လင်းရှန့် က အခု သူ့နေရာမှာ ပြန်ဝင်လာရတယ်လေ။ သူ့အေးဂျင့်ကတော့ ပျော်လွန်းလို့ Weibo မှာ Hot Search တောင် ဝယ်လိုက်သေးတယ်။ အင်တာနက်ပေါ်မှာလည်း သူ့ကို ကံကောင်းလွန်းတဲ့ Koi ငါးလေးဆိုပြီး အမျိုးမျိုး ချီးမွမ်းခန်းဖွင့်နေကြတာ မြင်မကောင်းဘူး"
ယွီနျန့် လင်းရှန့်ကိုတော့ မှတ်မိသည်။ တက်ကြွဖျတ်လတ်သည့် လူငယ်တစ်ယောက်ပဲ။ သူ အနှစ်သက်ဆုံးနဲ့ အကျွမ်းကျင်ဆုံးအလုပ်က သူ့အေးဂျင့်နဲ့ ရန်ဖြစ်တာရယ်၊ ကောင်းကောင်းကတတ်တာရယ်ပါပဲ။
ရှမင်းရှီးက ဆက်ပြီး တိုးတိုးလေး ပြောပြန်သည်။
"ဒါနဲ့... ဒီတစ်ခေါက် ရိုက်ကူးရေးမှာ ငါ့မိဘတွေလည်း လာကြည့်ကြမယ်တဲ့။ ကြားရတာတော့ ငါ့အမေက စိန်တွေစီထားတဲ့ ဘုတ်တောင် အထူးလုပ်ထားပြီး ငါစင်ပေါ်တက်ရင် လွှင့်ထူပေးမယ်တဲ့လေ။ အဲဒါကြီးကို မြင်လိုက်ရရင် ငါတော့ စင်ပေါ်မှာတင် မှင်သက်သွားမလား ကြောက်နေမိတယ်!"
ယွီနျန့်က မျက်လုံးလေးတွေ ဝိုင်းသွားပြီး ပြုံးလိုက်သည်။ သူ့မျက်တောင်ရှည်လေးတွေက အနည်းငယ် မှေးစင်းသွားရင်း
"မင်းမိဘတွေ လာနိုင်တာ တကယ်ကောင်းပါတယ်။ တကယ်လို့ ငါ့အဘွားသာ ရှိနေသေးရင် အဘိုးကိုပါ ခေါ်ပြီး လာအားပေးမှာ သေချာတယ်။ မီးဆိုင်းဘုတ်တော့ ပါမှာမဟုတ်ပေမဲ့ ငါ့အဘိုးက စုတ်တံကို ကိုင်ပြီး ငါ့အတွက် စာတန်းအကြီးကြီးတစ်ခုတော့ ရေးလာပေးမှာပဲ"
ရှမင်းရှီးက ယွီနျန့်မှာ မိသားစု မရှိတော့တာကို သိတာကြောင့်
"နျန့်နျန့်... မင်း... သူတို့ကို သတိရနေတာလား"
ရှမင်းရှီး အမေးကို ယွီနျန့်ကလည်း မရှောင်လွှဲ။ သူ့အဘွား ဆုံးပါးသွားပြီးနောက်ပိုင်း အချိန်တွေကို သူ ပြန်သတိရမိသည်။ တစ်လောကလုံး အလင်းရောင် ကွယ်ပျောက်သွားသလို ခံစားခဲ့ရတာပါ။ သန်းခေါင်ယံမှာ နိုးလာတဲ့အခါ ဒီကမ္ဘာကြီးပေါ်မှာ သူတစ်ယောက်တည်း ကျန်ခဲ့ပြီဆိုတာကို ရုတ်တရက် သိလိုက်ရတဲ့ ခံစားချက်မျိုးပေါ့။
ဒါပေမဲ့ သူ့မှာ လုပ်စရာတွေ အများကြီး ရှိနေသေးသလို၊ ပြန်လည် သိမ်းဆည်းရမယ့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေလည်း ရှိနေဆဲ။ သူ ဝမ်းနည်းမှုတွေထဲမှာပဲ နစ်မွန်းမနေနိုင်သလို၊ ဒီလောက်အထိလည်း သူရဲဘောမကြောင်နိုင်ဘူး။
အင်တာဗျူးနဲ့ အစမ်းလေ့ကျင့်တာတွေကတော့ အဆင်ပြေပြေ ပြီးဆုံးသွားပြီ။ ဒါပေမဲ့ မုန့်ယွမ်ကတော့ စိတ်ဒဏ်ရာ ရသွားပုံရသည်။ ယွီနျန့် စင်ပေါ်တက်တိုင်း သူက ဘေးကနေ ယွီနျန့်ရဲ့ ခြေထောက်ကိုပဲ တောက်လျှောက် စိုက်ကြည့်နေပြီး ထပ်ပြီး ချော်လဲမှာကို အရမ်းစိုးရိမ်နေရှာ၏။
နောက်ဆုံးပွဲစဉ်မှာတော့ ယွီနျန့်က ပထမဆုံး ဖျော်ဖြေရမယ့် အလှည့်ကျသည်။ ဝတ်စုံလဲပြီးတဲ့နောက် အလှဖန်တီးရှင်က သူ့ကို အိုင်းလိုင်နာ ဆွဲပေးနေချိန်မှာ ဘေးက လက်ထောက်က မေးလိုက်သည်။
"ဒီတစ်ခေါက် ချန်ပီယံဆု ရဖို့ သေချာလားဟင်"
ယွီနျန့်က မျက်လုံးလေးမှိတ်ရင်းမှ ပြန်ဖြေလိုက်သည်။
"ကျွန်တော် အစွမ်းကုန် ကြိုးစားမှာပါ"
"မင်းကို အားပေးနေတဲ့ ပရိသတ်တွေကိုရော ဘာပြောချင်လဲ"
အိုင်းလိုင်နာဆွဲပြီးသွားတဲ့အခါ ယွီနျန့်က ကင်မရာရှိရာဘက်ကို လှည့်ကြည့်လိုက်ပြီး ၊ ခေါင်းလေးကို အနည်းငယ်စောင်းကာ စွဲမက်ဖွယ်ကောင်းသည့် အပြုံးလေးနဲ့ ပြောလိုက်သည်။
"အားလုံးရဲ့ အချစ်နဲ့ ထိုက်တန်အောင် ကျွန်တော် ကြိုးစားသွားမှာပါ"
ရိုက်ကူးနေသည့် ကင်မရာမင်းတောင် ပင့်သက်ရှိုက်လိုက်မိသည်။ ဒီပုံရိပ်သာ ထွက်လာရင် ပရိသတ်တွေကြားမှာ အကြိမ်ပေါင်း ထောင်နဲ့ချီပြီး Share ကြမယ်ဆိုတာ သူ ကြိုမြင်နေသလိုပါပဲ။
***
အခြားတစ်ဖက်မှာတော့၊ စာကြည့်ခန်းထဲက ကွန်ပျူတာရှေ့မှာ ရှဲ့ယို့တစ်ယောက် အာရုံစိုက်နေသည် ။ စခရင်ပေါ်မှာတော့ စတူဒီယိုထဲက လှပစွာ ပြင်ဆင်ထားသည့် စင်မြင့်ကို မြင်နေရသည်။ မီးတွေ အားလုံး မပွင့်သေးတာကြောင့် အသေးစိတ်ကိုတော့ သဲသဲကွဲကွဲ မမြင်ရသေးပါဘူး။
ချွိရှောက်ရန်က ဘေးကခုံမှာ ထိုင်ရင်း ရေသန့်ဘူးကို မော့သောက်နေလျက် ။ ရှဲ့ယို့က စင်မြင့်ကို မမှိတ်မသုန် စိုက်ကြည့်နေတာကို မြင်တော့ သူက တောင်စောင်းနဲ့ တွတ်လိုက်ပြီး
"ရှဲ့ရှောင်ယို့... ဖြုန်းတီးတဲ့နေရာမှာတော့ မင်းက ငါ့ထက်တောင် သာသေးတယ်! ပိုက်ဆံတွေ အများကြီး သုံးထားတာကို အစီအစဉ်အဖွဲ့က မင်းကို Realtime ပုံရိပ်လေးပဲ ပို့ပေးတာလား မင်း ရှုံးတယ်လို့ မထင်ဘူးလား"
"မရှုံးပါဘူး။ သူ ပထမရတာကို ငါ ကိုယ်တိုင် မြင်တွေ့ခွင့်ရမှာပဲလေ"
"......"
အဲဒီအချိန်မှာ ချွိရှောက်ရန် သောက်နေသည့် ရေပင် ခါးသက်သက် ဖြစ်သွားသလို ခံစားလိုက်ရသည်။
သူ မေးချင်တာက အဲဒါ မဟုတ်ဘူးလေ!
ဒီအချိန်မှာပဲ ပရိသတ်တွေကြားက တိတ်ဆိတ်နေသည့် လေထုကို ဖောက်ထွက်ပြီး အသံနက်ကြီးအချို့ ထွက်ပေါ်လာသည်။ မှောင်မည်းနေသည့် စင်မြင့်ပေါ်မှာ အလင်းတန်းတစ်ခု ကျရောက်လာပြီး စင်အလယ်က ဆန်းပြားလှသော ထိုင်ခုံပေါ်မှာ ထိုင်နေတဲ့သူကို ချက်ချင်း လင်းထိန်သွားစေ၏။
ချွိရှောက်ရန်က စခရင်ပေါ်က ပုံရိပ်ကိုကြည့်ပြီး နှစ်စက္ကန့်လောက် မှင်သက်သွားပြီး
"သူ... မီးတွေ ပွင့်လာတာနဲ့ တစ်ပြိုင်နက် ခေါင်းမော့ပြီး ကင်မရာကို စူးစူးရဲရဲ ကြည့်လိုက်တာပဲ! တကယ့်ကို သတ်ဖြတ်နိုင်တဲ့ အကြည့်ပဲ!"
ရှဲ့ယို့ရဲ့ မျက်ဝန်းတွေကတော့ နူးညံ့သွားပြီး "လှတယ်" ဟု ရေရွတ်လိုက်သည်။
ချွိရှောက်ရန်ကတော့ တိတ်တဆိတ်ပဲ မျက်လုံးလှန်ပြလိုက်မိသည်။
ရှဲ့ရှောင်ယို့... မင်းမှာ သုံးစရာ စကားလုံး ဒီလောက်ပဲ ရှိတာလား
စင်ပေါ်မှာတော့ ယွီနျန့်ဟာ ရွှေရောင်ဒီဇိုင်းတွေနဲ့ ပုခုံးနှစ်ဖက်မှာ အဆာပလာတွေပါသည့် အဖြူရောင် နန်းတွင်းစတိုင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ။ သွယ်လျလျ လက်မောင်း ၊ ရှည်လျားဖြောင့်စင်းသည့် ခြေတံတွေကို အားပြုပြီး ထိုင်ခုံပေါ်မှာ မထီမဲ့မြင် ဟန်ပန်နှင့် ထိုင်နေပုံက တစ်လောကလုံးကို ဂရုမစိုက်ဘူး ဆိုသည့် အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။
တစ်ကွင်းလုံးလည်း တိတ်ဆိတ်ငြိမ်သက်လို့။
စကားများသည့် ချွိရှောက်ရန်ကတော့ အံ့ဩတကြီးနဲ့
"အရင်တစ်ခေါက် သီးသန့်စားသောက်ဆိုင်မှာ တွေ့တုန်းက သူက အရမ်းနူးညံ့တဲ့ပုံစံ မဟုတ်လား။ စင်ပေါ်တက်လာတော့ ဘာလို့ လူတစ်ခြား ဖြစ်သွားရတာလဲ။ ဒါပေမဲ့ တကယ်ကို အံ့ဩဖို့ကောင်းတယ်။ သူ့ရဲ့ ရုပ်ရည်နဲ့ ကိုယ်လုံးကိုယ်ပေါက်က ပြောစရာမရှိအောင်ပဲ။ ကာတွန်းထဲက ထွက်လာတဲ့အတိုင်းပဲ"
ရှဲ့ယို့ကတော့ အကြည့်မလွှဲနိုင် ၊ ခေါင်းတောင်မလှည့်ဘဲ "အင်း" လို့ တိုတိုပဲ ပြန်ဖြေသည်။။
ယွီနျန့်က ထိုင်ခုံကနေ မတ်တတ်ရပ်လိုက်တာကို မြင်တော့ ချွိရှောက်ရန်က သံသယနဲ့ ရှေ့တိုးကြည့်လိုက်သည်။
"ဟေး ရှဲ့ရှောင်ယို့... မင်းရဲ့ ယွီနျန့်က ခြေထောက်ဒဏ်ရာရထားတာ မဟုတ်လား။ သူ ဘာလုပ်နေတာလဲ တောက်... သူ ကတော့မလို့လား!"
ရှဲ့ယို့က မျက်မှောင်အနည်းငယ်ကြုတ်သွားပြီး စိုးရိမ်စိတ်ဝင်သွားပေမဲ့ မကြာခင်မှာပဲ ပြန်လည်တည်ငြိမ်သွားသည်။
"သူ ဘာလုပ်နေတယ်ဆိုတာ သူကိုယ်တိုင် သိပါတယ်"
ဂီတသံ စတင်ထွက်ပေါ်လာသည်။ ယွီနျန့်ဟာ စင်မြင့်ထက်မှာ ခြေလှမ်းကျကျ နင်းလျှောက်လာပြီး နောက်ခံမီးရောင်တွေကလည်း တဖျတ်ဖျတ် လင်းလက်လက်။ တစ်ဖန် ပြန်လည်မြည်ဟည်းလာသည့် ဗုံသံအချက်ကျကျဟာ လူတို့ နှလုံးသားကို တုန်ခါသွားစေသည်။
ယွီနျန့်ဟာ ခြေနှစ်ဖက်ကို ခပ်ဟဟရပ်ရင်း သတ္တုမိုက်ခရိုဖုန်းတိုင်ရှေ့မှာ ရပ်လိုက်သည်။ သွယ်လျဖြူစင်သည့် လက်ချောင်းလေးများနှင့် မိုက်ခရိုဖုန်းကို ဆုပ်ကိုင်ထားပြီး၊ လှပသည့် မေးရိုးလေးကို အနည်းငယ် မော့ကာ ရစ်သမ်အတိုင်း အလွန်ကြည်လင်ပြီး မြင့်မားသည့် အသံနှင့် စသီဆိုလိုက်တာကြောင့် ပရိသတ်တွေအားလုံး ချက်ချင်းပင် စိတ်လှုပ်ရှားတက်ကြွသွားကြသည်။
အမြင့်သံတွေက ပြတ်သားသန့်စင်လွန်းပြီး မိုက်ခရိုဖုန်းတိုင်ကို ကျော်ဖြတ်ကာ နားကြပ်ဆီကို တိုက်ရိုက်ရောက်ရှိသွားသည်။ ဂီတစီးချက်သည်လည်း မီးလျှံတစ်ခုပမာ မြင့်တက်လာလျက်…
ယွီနျန့်၏ ကကွက်တွေကလည်း အလွန်အင်အားပါပြီး ချောမွေ့လွန်းလှသည်။ သူ့ခန္ဓာကိုယ်က ကြွက်သားတိုင်း၊ အဆစ်တိုင်းဟာ တေးဂီတရဲ့ လွှမ်းမိုးမှုကို ခံနေရသလိုပါပဲ။ သူဟာ စင်မြင့်တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ထားနိုင်သည်။ ပုခုံးပေါ်က ရွှေရောင်အဆင်တန်ဆာလေးတွေဟာ တုန်ခါနေပြီး မီးရောင်အောက်မှာ ဝင်းဝင်းလက်လက်။ စိတ်လှုပ်ရှားစွာနဲ့ နှုတ်ခမ်းထောင့်လေးတွေကိုလည်း ကွေးညွှတ်ပြီး ပြုံးလိုက်သေးသည်။
သီချင်းရဲ့ Climax အပိုင်းမှာတော့ ယွီနျန့်ဟာ ကရင်းနဲ့ ချွေးစိုနေသည့် သူ့ရဲ့ နဖူးပြင်ကို ခါယမ်းလိုက်ပြီး အင်္ကျီပေါ်က ရွှေရောင်ကြယ်သီးတွေကို ဖြုတ်လိုက်ပါတော့သည်။ နောက်တစ်စက္ကန့်မှာတော့... ပြင်းထန်သည့် ကကွက်တွေနဲ့အတူ သေးကျင်ကျင် ခါးလေးနှင့် ချွေးစက်လေးတွေကြောင့် လဲ့ဖြူဖွေးနေသော ရင်ဘတ်နဲ့ ဝမ်းဗိုက်သားတွေဟာ မီးရောင်အောက်မှာ ပေါ်ထွက်လာပြီး၊ ကင်မရာရဲ့ အနီးကပ်ရိုက်ချက်ကြောင့် စခရင်အကြီးကြီးပေါ်မှာ အထင်းသား ပေါ်လာပါတော့သည်။ အဲဒီအခိုက်အတန့်မှာပဲ ပရိသတ်တွေဆီကနေ အုန်းအုန်းကျွက်ကျွက် အော်ဟစ်သံတွေ ထွက်ပေါ်လာပါတော့သည်။
ရှဲ့ယို့ လက်ထဲက ရေခွက်ဟာ တုန်ခါသွားပြီး ရေတွေဟာ ကော်ဇောပေါ်ကို ဖိတ်စင်ကျသွားခဲ့ပြီး
ယွီနျန့်... မင်းရဲ့အင်္ကျီကို ချက်ချင်း ပြန်ဝတ်လိုက်စမ်း!!
အင်အားကြီးAnti Fan တစ်ယောက်အလွန်အမင်း သဝန်တိုနေမှုဖြစ်ပွားလျှက်ရှိ။ဖြစ်စဥ်အတိအကျကို ချွိရှောက်ရှန်မှ ဆက်လက်တင်ပြပေးသွားပါမည်
ReplyDelete