Skip to main content

28





အခန်း (၂၈) ရှဲ့ရှောင်ယို့၊ မင်း ဘာလုပ်ဖို့ ကြံစည်နေတာလဲ


စင်ပေါ်က ဆင်းလာတာနဲ့ တစ်ပြိုင်နက် စောင့်ကြိုနေသည့် ရှီးရိုက တဘက်သန့်သန့်လေးတစ်ထည်၊ အိမ်စီးဖိနပ်နဲ့ ချိုင်းထောက်ကို အမြန်ကမ်းပေးပြီး စိုးရိမ်တကြီး မေးတော့သည်။

"နျန့်နျန့်၊ ခြေထောက်က ဘယ်လိုနေလဲ"

ယွီနျန့်က အရင်ဆုံး တဘက်ကိုယူပြီး ချွေးသုတ်လိုက် ပြီးမှ ချိုင်းထောက်ကို အားပြုရင်း အသက်ကို ဝဝရှူကာ ပြုံးပြလိုက်သည်။

"ထင်ထားသလောက်တော့ မနာပါဘူး"

ယွီနျန် သူ့ခြေထောက်က အိမ်စီးဖိနပ်ကို ငုံ့ကြည့်ပြီး ရယ်ချင်သွားသည်။

"ဝက်ဝံရုပ် ဖိနပ်လေးလား"

"အင်း၊ မင်းရဲ့ 'နျန့်ကောင်း' လေးတွေ ပို့ပေးလိုက်တာလေ။ မင်းနဲ့ အရမ်းလိုက်တယ်ဆိုလို့။ ငါလည်း ကြည့်ကောင်းတယ် ထင်တာနဲ့"

ပြောရင်း ရှီးရိုက ဖုန်းကိုထုတ်ပြီး ဓာတ်ပုံတွေ ဆက်တိုက် ရိုက်ပါတော့သည်။

ပရိသတ်ပေးသည့် လက်ဆောင်ဆိုတာ သိရတော့ ယွီနျန့်လည်း မငြင်းတော့ပါဘူး။ သူက ဝက်ဝံရုပ်ဖိနပ်လေး စီးပြီး အလှပြင်ခန်းထဲဝင်ကာ ခြေထောက်မှာ တင်းတင်းကြပ်ကြပ် စည်းထားသည့် ပတ်တီးတွေကို အရင်ဆုံး ဖြည်လိုက်သည်။ ရှီးရိုက ပတ်တီးရာတွေကြောင့် ရဲရဲနီနေသည့် သူ့ခြေသလုံးကို ကြည့်ပြီး

"နောက်တစ်ပုဒ်က အချစ်သီချင်း ဖြစ်နေလို့ တော်သေးတာပေါ့။ စင်ပေါ်မှာ ငြိမ်ငြိမ်လေး ရပ်ဆိုရုံပဲဆိုတော့။ မဟုတ်ရင်တော့ တော်တော်လေး နာမှာပဲ"

“ဟုတ်ကဲ့"

ယွီနျန့်လည်း ခေါင်းမာမနေတော့ပါဘူး။ သူက မှန်တင်ခုံရှေ့မှာ ထိုင်လိုက်ရင်း ပြုံးစစနဲ့

"တကယ်လို့ နှစ်ပုဒ်လုံးသာ ကရမယ့် သီချင်းတွေဆိုရင် အစ်ကိုမုန့်နဲ့ တာဝန်ကျဆရာဝန်ကြီး နှစ်ယောက်ပေါင်းပြီး ပေါက်ကွဲကြမှာ သေချာတယ်"

ရှီးရိုက သဘောကျပြီး ရယ်မောရင်း

"ဒါနဲ့ နျန့်နျန့်၊ ခုနက ကနေရင်းနဲ့ ဘာလို့ ရုတ်တရက် ကြယ်သီးတွေ ဖြုတ်ဖို့ စိတ်ကူးရသွားတာလဲ။ တကယ့် Live ရလဒ်ကတော့ ရှယ်ပဲ၊ ငါတောင် မြင်မြင်ချင်း အော်မိတော့မလို့!"

ယွီနျန့်က နဖူးပေါ်က စိုစွတ်စွတ် ဆံပင်တွေကို သပ်တင်လိုက်ရင်း ရှက်ကိုးရှက်ကန်းနဲ့

"တကယ်တော့လေ တမင်လုပ်တာ မဟုတ်ပါဘူး။ ကနေရင်းနဲ့ အရမ်းပူပြီး ချွေးထွက်လာလို့လေ။ ဝတ်စုံကလည်း အရမ်းကျပ်တော့ အသားနဲ့ပွတ်ပြီး နေရခက်လာတာနဲ့ ကကွက်အတိုင်းပဲ ကြယ်သီးတွေ ဖြုတ်လိုက်တာ"

ပြောရင်း သူ့မျက်ဝန်းထဲမှာ ဂုဏ်ယူရိပ်တွေ ယှက်သန်းသွားလျက်

"ပြီးတော့ အခု ကျွန်တော့်မှာ Abs တွေ ရှိနေပြီလေ"

စတိုင်လစ်က အဲဒီစကားကို ကြားသွားပြီး သူကိုင်ထားသည့် အင်္ကျီကို ညွှန်ပြလိုက်ပြီး

"ဒီဝတ်စုံကတော့ မကျပ်ပါဘူးနော်" ဟု ဝင်ဖောက်တော့သည်။

နားနေဆောင်မှာ စောင့်နေသည့် အချိန်အတွင်းမှာ ယွီနျန့်က သူ့ရဲ့ စိတ်အခြေအနေကို ပြန်ညှိနေသည်။ မိတ်ကပ်ဆရာက သူ့ကို မိတ်ကပ်ပြန်ပြင်ပေးပြီး ရင့်လွန်းသည့် အိုင်းလိုင်နာတွေကို သုတ်ပစ်ပြီး အသစ်ပြန်ဆွဲပေးသလို မျက်ခုံးအရောင်ကိုလည်း အများကြီး ဖျော့လိုက်သည်။ ခဏအတွင်းမှာပဲ ယွီနျန့်ရဲ့ ပြင်းထန်သော အရှိန်အဝါတွေက ပျောက်ကွယ်သွားပြီး တစ်ဖန်ပြန်လည် နူးညံ့သိမ်မွေ့သွားပြန်သည်။

***

စာကြည့်ခန်းထဲမှာတော့ ရှဲ့ယို့က စင်ပေါ်က တခြားသူတွေကို စိတ်မဝင်စားသလို ချွိရှောက်ရန်ကလည်း အတူတူပါပဲ။ သူက လုပ်စရာမရှိတာနဲ့ ယွီနျန့်၏ ဒုတိယမြောက် ဖျော်ဖြေမှုကို စောင့်ရင်း ရှဲ့ယို့ကို စကားတွေ လိုက်ပြောနေတော့သည်။

"ဒါနဲ့... ငါ အရင်က ငါ့အဖေကို မင်းတို့ဘက်က အခြေအနေတွေ မေးကြည့်သေးတယ်။ သူက ငါ့ကို ဘာမှမပြောဘဲ ကတ်တစ်ကတ်ပဲ ပေးလိုက်တယ်လေ။ ငါ့အစ်ကိုလည်း အတူတူပဲ၊ စီးပွားရေးအကြောင်း သွားမေးတော့ သူလည်း ငါ့ကို ကတ်ပဲ ထုတ်ပေးတယ်။ ဒီသခင်လေးက ပိုက်ဆံပြတ်နေတဲ့ ပုံပေါက်နေလို့လား"

ရှဲ့ယို့က ဇဝေဇဝါနဲ့

"မင်း ခုနတင် ကားတစ်စီး ဝယ်လိုက်တာ မဟုတ်လား"

ချွိရှောက်ရန်က အားနာနာနဲ့ နှာခေါင်းကို ပွတ်လိုက်ရင်း

"ဟားဟား... နည်းနည်းတော့ လိုသလို ဖြစ်သွားတာပေါ့..."

"ဦးလေးချွိနဲ့ ငါ ဆွေးနွေးပြီးပြီ၊ 'ဟွမ်ဟိုင်' ဖွံ့ဖြိုးရေးစီမံကိန်းကနေ စကြမယ်။ တင်းကျောက်ရှန်းကိုတော့ လောလောဆယ် လှုပ်လို့မရသေးပေမဲ့ 'ဆုန့်ခဲ့' ကိုတော့ ငါ သေချာပေါက် ကိုင်တွယ်နိုင်တယ်။ ဒီတစ်ခေါက်တော့ သူ့ရဲ့ ဩဇာအာဏာ ၉၀ ရာခိုင်နှုန်းလောက်ကို တစ်ခါတည်းနဲ့ အမြစ်ပြတ် ဖယ်ပစ်လိုက်နိုင်မှာ"

ရှဲ့ယို့က အေးစက်ပြတ်သားစွာ ပြောလိုက်ခြင်းပင်။ ဖြစ်လာနိုင်မည့် အန္တရာယ်များကို ချွိရှောက်ရန် ကောင်းကောင်းသိသော်လည်း စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ

"ဆုန့်ခဲ့ကို ရှင်းထုတ်ပြီးရင်တော့ အဲဒီမြေခွေးအိုကြီး တင်းကျောက်ရှန်းလည်း ခဏတော့ ငြိမ်သွားမှာပဲ!"

"မသေချာဘူး။"

ရှဲ့ယို့က ထိုင်ခုံပေါ်မှာ ခြေထောက်ချိတ်ထိုင်ရင်း လက်ချောင်းချင်း ယှက်ကာ သူ့ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

"တင်းကျောက်ရှန်းက အနိုင်ကျင့်ခံရရင် ငုံ့ခံနေမယ့်လူမျိုး မဟုတ်ဘူး။ ငါ့အထင်တော့ ဆုန့်ခဲ့သာ တကယ်ပြီးသွားရင် သူ ငါ့ကို အမြန်ဆုံး တုံ့ပြန်တိုက်ခိုက်လာလိမ့်မယ်"

ချွိရှောက်ရန်သည် တင်းကျောက်ရှန်းကို အကြိမ်အနည်းငယ် မြင်ဖူးသည်။ ထိုသူ၏ နက်မှောင်လှသော မျက်ဝန်းများကို ပြန်တွေးမိတိုင်း ကြောက်ရွံ့တုန်ရင်မိသဖြင့် တိုးတိုးလေး မေးလိုက်သည်။

"ဒါဆို မင်းအစ်ကိုက တကယ်ပဲ…"

ရှဲ့ယို့က မျက်မှောင်ကြုတ်လိုက်ပြီး တိုးညှင်းစွာ ဆိုသည်။

"သက်သေ မရှိဘူး"

ချွိရှောက်ရန် နှုတ်ပိတ်သွားပြီး ထပ်မမေးတော့ပေ။

သူသည် ဆီနှင်းပွင့်များ ဖုံးလွှမ်းနေသကဲ့သို့ ရှိနေသည့် ရှဲ့ယို့၏ ဘေးတိုက်အေးစက်စက်မျက်နှာကို ကြည့်ရင်း ငယ်ငယ်တုန်းက ရှဲ့ယို့သည် ယခုနှင့် လုံးဝခြားနားနေပြီဟု တိတ်တိတ်လေးတွေးနေမိသည်။

ငယ်စဉ်က သူကိုယ်တိုင်က သစ်ပင်တက်၊ ပုရွက်ဆိတ်ဖမ်း၊ မြက်ပင်တွေဆွဲပြီး ပုစဉ်းရင်ကွဲတွေ လိုက်ရှာကာ ထိန်းရသူတွေကို နေ့တိုင်း ထိတ်လန့်အောင် လုပ်ခဲ့သည့် ဆူညံပွက်လောရိုက်သူ ဖြစ်သည်။ သို့သော် ရှဲ့ယိုကတော့ မတူပေ။ ရှဲ့ယိုက ငယ်ငယ်ကတည်းက တိတ်ဆိတ်ငြိမ်သက်ပြီး အချိန်မှန် လမ်းလျှောက်၊ အချိန်မှန် စားသောက်တတ်သူဖြစ်သည်။ အသားအရေ ပါးလွှာပြီး ပီယာနိုတီးရသည်ကို ဝါသနာပါခဲ့သည်။ သူ သစ်ပင်ပေါ်တက်ပြီး ငှက်သိုက်နှိုက်နေချိန်မှာ ရှဲ့ယို့ကတော့ ပီယာနိုခုံရှေ့မှာ တစ်နေကုန် ထိုင်ပြီး သီချင်းတွေကို ချောမွေ့စွာ တီးခတ်နိုင်နေပြီ။

တစ်ရက်တွင် ရှဲ့ယို့သည် ခြံထဲက သစ်ပင်အောက်မှာ နားရွက်လေးတွေ နီရဲပြီး ရပ်နေရင်း တိုးသော်လည်း ခိုင်မာသော လေသံဖြင့် ပြောခဲ့သည်ကို သူ မှတ်မိနေသေးသည်။

"ရှောက်ရန်... ငါ နောင်ကျရင် ပီယာနိုပညာရှင် ဖြစ်ချင်တာ။ တစ်ကမ္ဘာလုံးကို လှည့်ပြီး ဖျော်ဖြေပွဲတွေ လုပ်မယ်။ လူအများကြီးက ငါ ပီယာနိုတီးတာကို နားထောင်နိုင်အောင်လို့လေ"

ထိုအချိန်က သူသည် ငှက်သိုက်ထဲက နှိုက်လာသည့် ငှက်ဥတွေကို ကိုင်ရင်း စိတ်လှုပ်ရှားစွာ ပြန်ဖြေခဲ့သည်။

"ကောင်းပြီလေ ရှဲ့ရှောင်ယို့၊ မင်း ဖျော်ဖြေပွဲလုပ်ရင် ငါ လက်မှတ်ရောင်းပေးမယ်!"

သူတို့ အရွယ်ရောက်လာတော့ သူကတော့ ဘွဲ့တစ်ခုရဖို့အတွက် နိုင်ငံခြားက နာမည်ကြီး စီးပွားရေးကျောင်းတစ်ခုမှာ တက်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူ့အစ်ကိုရှိနေတော့ သူ့အလှည့် ရောက်လာမှာ မဟုတ်ဘူးလေ။ ရှဲ့ယို့ကတော့ Leto တေးဂီတကောလိပ်မှာ ပီယာနိုဘာသာရပ်နဲ့ တက်ခွင့်ရခဲ့ပြီး သူ့အိပ်မက်နဲ့ တစ်လှမ်းချင်း နီးစပ်လာခဲ့သည်။

သို့သော် ကံကြမ္မာက အမြဲတမ်း ထင်သလို ဖြစ်မလာခဲ့ပေ။ သူတို့နှစ်ယောက် နိုင်ငံခြားရောက်ပြီး မကြာခင်မှာပဲ ရှဲ့ယို့၏ အစ်ကိုဖြစ်သူ မတော်တဆ ဆုံးပါးသွားကြောင်း သတင်းရောက်လာသည်။ သူသည် ရှဲ့ယို့နှင့်အတူ တရုတ်ပြည်သို့ ချက်ချင်း ပြန်လာခဲ့ပြီး ဈာပနတက်ရောက်ကာ ကျောင်းထွက်ရန်အတွက် နိုင်ငံခြားသို့ တစ်ခေါက် ပြန်သွားခဲ့ရသည်။

ရှဲ့ယို့ကို သင်ကြားပေးသည့် ပါမောက္ခကြီးက အလွန်နှမြောတသဖြစ်ပြီး ကျောင်းမထွက်ဘဲ ခွင့်ခေတ္တယူထား၍ မရဘူးလားဟု မေးခဲ့သည်။ တကယ်တော့ အခွင့်အလမ်းလေး တစ်ခုခု ကျန်ရှိနေသေးလားဟု သူ မေးချင်ခဲ့ခြင်းသာ။ ရှဲ့ယို့ကတော့ ဖြူဖျော့သော မျက်နှာဖြင့် ငြင်းပယ်ခဲ့ပြီး တိတ်ဆိတ်စွာ အလေးအနက် အရိုအသေပေးကာ မျက်လွှာချလျက် နှုတ်ဆက်ခဲ့သည်။

နိုင်ငံပြန်ရောက်သောအခါ ရှဲ့ယို့သည် သူ့မိဘများရှေ့မှာ ပြတ်သားစွာ ပြောခဲ့သည်မှာ

"ကျွန်တော့်အစ်ကို မရှိတော့ပေမဲ့ ကျွန်တော် ရှိနေပါသေးတယ်"

ထိုအချိန်က ချွိရှောက်ရန်၏ ရင်ထဲမှာ ဟာလာဟင်းလင်း ဖြစ်သွားပြီး အကျယ်ကြီး အော်မေးချင်ခဲ့သည်။

ရှဲ့ရှောင်ယို့... မင်းရဲ့ ပီယာနိုကရော မင်း ဒီလောက်ကြာအောင် ဆုပ်ကိုင်ထားခဲ့တဲ့ အိပ်မက်ကို ဘာလုပ်မှာလဲ

သို့သော် ပီယာနိုဆိုသည်မှာ မရှိတော့ဘဲ အိပ်မက်သည် အိပ်မက်အဖြစ်သာ ကျန်ရစ်တော့မည်ကို သူ ကောင်းကောင်းသိသည်။

နောက်ပိုင်းတွင် ရှဲ့ယို့ ပီယာနိုတီးသည်ကို သူ ခဲယဉ်းစွာ မြင်တွေ့ရတော့သည်။ အမွေဆက်ခံသူအဖြစ် ရာထူးတက်လာချိန်တွင် ရှဲ့ယို့သည် ဖိအားတွေများလွန်း၍ အသက်ရှူကျပ်လာသည့်အခါမျိုးမှသာ တစ်ခါတစ်ရံ တိတ်တဆိတ် တီးခတ်လေ့ရှိသည်။

သို့သော် ဦးလေးရှဲ့ (ရှဲ့ယို့ဖခင်) ဆုံးပါးသွားပြီးနောက်တွင်မူ ရှဲ့ယို့သည် ပီယာနိုကို လုံးဝ လက်ဖျားနှင့်ပင် မထိတော့ပေ။

အသက် ၁၇ နှစ်၊ ၁၈ နှစ်အရွယ်တုန်းက ရှဲ့ယို့ကို ပြန်တွေးမိရင်... ဆရာဖြစ်သူရဲ့ ဂီတဖျော်ဖြေပွဲ ဇာတ်သိမ်းပိုင်းမှာ သူဟာ အနက်ရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး၊ ရှေးဂန္တဝင်ဂီတလောကရဲ့ အစောင့်မျှော်ရဆုံး အနာဂတ်ကြယ်ပွင့်အဖြစ် သတင်းထောက်အသီးသီးရဲ့ ချီးကျူးမှုကို ခံခဲ့ရတာပါ။

ချွိရှောက်ရန်ဟာ လက်ထဲက မဂ္ဂဇင်းကိုကိုင်ပြီး ရှဲ့ယို့အား ထိုသတင်းကို အသံထွက်ဖတ်ပြခဲ့ဖူးသည်။ ထိုစဉ်က ရှဲ့ယို့ဟာ ပီယာနိုခလုတ်တွေပေါ်မှာ သူ့လက်ချောင်းလေးတွေကို တင်ထားရင်း၊ ရှက်သွေးဖြာနေသည့် မျက်နှာလေးနဲ့အတူ သူ့ရဲ့မျက်ဝန်းတွေကတော့ ထူးထူးခြားခြား တောက်ပနေခဲ့တာပေါ့။

သူ ဘယ်လောက်တောင် ဂုဏ်ယူခဲ့ရသလဲ။ ငါ့ရဲ့ညီလေးက အနာဂတ်ရဲ့ ပီယာနိုပညာရှင်ကြီးပဲလေ!

"ဘာတွေ ငေးနေတာလဲ"

ချွိရှောက်ရန်ဟာ သတိပြန်ဝင်လာပြီး ပြုံးပြလိုက်သည်။

"ငါ့ရဲ့ Supercar ကို ဘယ်လိုအရောင်မျိုး သုတ်ရင်ကောင်းမလဲလို့ စဉ်းစားနေတာ။ အစိမ်းရောင်ဆိုရင် ဘယ်လိုနေမလဲ။ လူတွေဘေးက ဖြတ်မောင်းသွားရင် သူတို့က 'ဝါး... ရှေ့မှာ မီးစိမ်းလေး တစ်ခု ဖြတ်သွားတယ်ဟ' လို့ ပြောကြမှာပဲ!"

ရှဲ့ယို့က သူ့ကို တစ်ချက်ကြည့်လိုက်ပေမဲ့ ဘာမှတ်ချက်မှ မပေးဘူး။

"အရောင်က အရမ်းမိုက်တာပဲ! မင်းလည်း ကားအသစ်ဝယ်ထားတာ မဟုတ်လား။ တို့တွေ အရောင်တူတူ သွားပြောင်းကြမလား"

ရှဲ့ယို့က ချွိရှောက်ရန်ကို စိုက်ကြည့်ရင်း

"မင်းသာ လုပ်ရဲကြည့်၊ မင်း ပြီးခဲ့တဲ့ အပတ်က အလုပ်မသွားဘဲ ခိုးနားနေတာကို မင်းအစ်ကိုဆီ သွားတိုင်လိုက်မယ်"

ချွိရှောက်ရန်ဟာ သူ့နှုတ်ခမ်းကို လက်နှစ်ဖက်နဲ့ အမြန်အုပ်လိုက်ပြီး

"ကောင်းလိုက်တဲ့လူ၊ ငါက မင်းရဲ့ အစ်ကိုအရင်းလို ဖြစ်နေတာကို!"

ဒီအချိန်မှာပဲ ဗီဒီယိုထဲကနေ ပရိသတ်တွေ၏ အော်ဟစ်အားပေးသံတွေ ထွက်ပေါ်လာပြီး "ယွီနျန့်" ဆိုသည့် နာမည်ကို အတိုင်းသား ကြားလိုက်ရသည်။ ချွိရှောက်ရန်လည်း အာရုံပြန်ရောက်သွားပြီး သူ့လက်တွေကို ချလိုက်ကာ စဉ်းစားဟန်နဲ့

"ဒီတစ်ခေါက်တော့ သူ ကနိုင်မှာ မဟုတ်တော့ဘူး ထင်တယ်။ သူ့ခြေထောက်က တကယ်နာနေမှာပဲ၊ အဲဒါက…"

ချွိရှောက်ရန် စကားသံက ရုတ်တရက် ရပ်တန့်သွားရလျက်… မှောင်မည်းနေသည့် စင်မြင့်ထက်မှာ... အထက်ကနေ အလင်းတန်းတစ်ခုတည်းသာ ကျဆင်းလာပြီး ယွီနျန့်ကိုယ်ပေါ်ကို လွှမ်းခြုံထားပါတော့သည်။

မိုက်ခရိုဖုန်းတိုင်ရှေ့မှာ မတ်တတ်ရပ်နေသော ယွီနျန့်ဟာ အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားပြီး အတွင်းက ပါးလွှာသည့် ရှပ်အင်္ကျီအောက်မှာ ကြွေထည်လို ဖြူဖွေးဖွေးအသားအရေကို ခပ်ရေးရေး မြင်တွေ့နေစေ၏။ အင်္ကျီကြယ်သီး သုံးလုံးကို ဖြုတ်ထားတာကြောင့် ညှပ်ရိုးလှလှလေးနှင့် ရင်ဘတ်သား အနည်းငယ်က ပေါ်လွင်နေလို့။ အပေါ်ကထပ်ဝတ်ထားသည့် ဂျာကင် အသားကလည်း တော်တော်လေး ပျော့ပျောင်းပါးလွှာနေသည်။ ဘေးကနေ လေတိုက်လိုက်တိုင်း ဆံပင်သားလေးတွေက တုန်ခါသွားပြီး သူ့ကို ကြည့်ရတာ ပိုပြီး ပိန်ပါးသွားသလိုမျိုး၊ တစ်ကိုယ်လုံးက အမှောင်ထဲမှာ လင်းလက်နေသလိုမျိုး ခံစားရစေသည်။

ချွိရှောက်ရန်က အသက်ကို ခပ်ဖွဖွရှူရင်း လှမ်းကြည့်လိုက်တော့... ရှဲ့ယို့က ဖုန်းထဲမှာ Screenshot တွေ အမြန်ရိုက်နေတာကို တွေ့လိုက်ရ၏။ ချွိရှောက်ရန်မှာ အံ့ဩတကြီး ကြည့်နေတရတော့သည်။

ရှဲ့ယို့ရဲ့ လက်အရှိန်ကတော့ တစ်ပုံပြီးတစ်ပုံ ဆက်တိုက်ပဲ!

စခရင်ပေါ်က ပုံရိပ်ကိုကြည့်ပြီး ချွိရှောက်ရန်က သက်ပြင်းချပြန်သည်။

"ဒီအပိုင်းသာ ထုတ်လွှင့်လိုက်ရင်တော့ မှတ်ချက်တန်းတွေမှာ ယွီနျန့်ရဲ့ အလှအပအကြောင်းတွေ၊ နတ်ဘုရားတစ်ပါး မြေသက်လာသလိုမျိုးအကြောင်းတွေနဲ့ ငိုချင်းချနေကြတော့မှာပဲ..."

ရှဲ့ယို့က ခေါင်းလှည့်ကြည့်လာပြီး

"မင်းမှာ ကန့်ကွက်စရာ ရှိလို့လား" ဟု မေးလာသည်။

"မရှိပါဘူး! ဘယ်ရှိပါ့မလဲ! ဒါတွေက ငါ့ရင်ထဲကလာတဲ့ အမှန်တရားတွေပါ!"

စင်ပေါ်မှာတော့ ယွီနျန့်က မိုက်ခရိုဖုန်းကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ထားရင်း

"...ခံစားချက်တွေက အမှန်တရားတွေပါ၊ လောကကြီးက ငါ့ရဲ့ နက်ရှိုင်းတဲ့ အဓိပ္ပာယ်ကို သိပေမဲ့... ငါ့နှလုံးသားက ကြွေကျနေတဲ့ သစ်ရွက်တစ်ရွက်လို ဒဏ်ရာဟောင်းတွေနဲ့ ပြည့်နေတာကိုတော့ သူတို့မသိကြဘူး... ငါ စိတ်လွတ်ကိုယ်လွတ်နဲ့ ညမိုးရွာထဲမှာ ထွက်ပြေးခဲ့တယ်။ ငါက မင်းရဲ့အတိတ်တစ်ခု ဖြစ်သွားပြီဆိုတာကို ဝန်မခံချင်ဘူး။ ဘယ်သူ့ကိုမှလည်း မမေးရဲဘူး..."

ယွီနျန် အသံက မူလကတည်းက ကြည်လင်နေပေမဲ့ ပီပီသသ အသံထွက်နဲ့အတူ နှာသံလေး အနည်းငယ် ပါဝင်နေတာကြောင့် ပိုပြီး စိတ်လှုပ်ရှားစေသလို ဝမ်းနည်းစရာလည်း ကောင်းနေပြန်သည်။ သီချင်းထဲက ခံစားချက်တွေက ရေလှိုင်းတွေလိုပဲ သူ့ရဲ့ပတ်ဝန်းကျင်မှာ ဝေ့ဝဲနေသယောင်ယောင်။

သီချင်းဆုံးလို့ ယွီနျန့်ရဲ့ နောက်ဆုံးအသံလေး ပျောက်ကွယ်သွားတဲ့အခါ စင်ပေါ်က မီးတွေလည်း မှောင်သွားသည်။ ခေတ္တမျှ ငြိမ်သက်သွားပြီးနောက်မှာတော့ ပရိသတ်တွေဆီက အော်ဟစ်အားပေးသံတွေ အုန်းအုန်းကျွက်ကျွက် ထွက်ပေါ်လာတော့၏။ ပရိသတ်တွေကြားထဲမှာ "ယွီနျန့်" ဆိုတဲ့ စာလုံးတွေ လင်းထိန်နေသည့် ဆိုင်းဘုတ်တွေကလည်း အများကြီး။

ချွိရှောက်ရန်က အသက်ကို ဝဝရှူလိုက်ပြီး

"သူ့အသံက တကယ်ကောင်းတာပဲ။ နားထောင်ရင်း ရင်ထဲမှာ နာကျင်လာသလိုပဲ"

သူက ရှဲ့ယို့ကို တောင်စောင်းနဲ့ ထပ်တွတ်လိုက်ပြန်သည်။

"ကြည့်ဦး... မင်းအိမ်က ယွီနျန့်ကို လူအများကြီးက ချစ်နေကြတာ။ မင်း ဘာမှမခံစားရဘူးလား"

ရှဲ့ယို့ရဲ့ နှုတ်ခမ်းထောင့်လေးတွေက အနည်းငယ် ကွေးညွှတ်သွားသည်။

"သူတို့မှာ အကောင်းကြိုက်တတ်တဲ့ မျက်စိရှိကြတာပဲ"

"အဲဒါအပြင်ရော"

"သူက လူအများကြီးရဲ့ အချစ်ကို ခံယူဖို့ ထိုက်တန်တဲ့သူပါ"

ချွိရှောက်ရန်က မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း

"တောက်... ငါ မင်းကို ပေးဖတ်ထားတဲ့ 'အာဏာရှင်ဥက္ကဋ္ဌ' ဝတ္ထုတွေထဲကအတိုင်း ဆိုရင်တော့ 'သူက ငါ့အပိုင်ပဲ၊ တခြားဘယ်သူမှ ကြည့်ခွင့်မရှိဘူး' လို့ ပြောရမှာ မဟုတ်လား"

ရှဲ့ယို့က ခေါင်းခါပြသည်။

"ဒါက အဲဒီလို မဟုတ်ဘူးလေ"

ရှဲ့ယို စင်ပေါ်မှာ တောက်ပပြီး ဆွဲဆောင်မှုရှိနေသည့် ယွီနျန့်ကိုသာ ကြည့်နေမိပါသည်။ သူ့နှလုံးသားထဲမှာ တင်းတင်းကြပ်ကြပ် ဖိနှိပ်ထာရသည့် တိမ်တိုက် အမှောင်ထုတွေကြားမှာ ဟာကွက်လေးတစ်ခု ပေါ်ထွက်လာပြီး သူ့ကို လွတ်လွတ်လပ်လပ် အသက်ရှူခွင့် ပေးလိုက်သလိုပါပဲ။





ယွီနျန့်ကတော့ ဖျော်ဖြေမှုနှစ်ခုလုံး ပြီးသွားတာကြောင့် လုပ်စရာ မရှိတော့ပါဘူး။ သူက နားနေဆောင်မှာ ထိုင်ရင်း စခရင်ပေါ်က တခြားအဆိုတော်တွေ၏ ဖျော်ဖြေမှုကို ကြည့်နေလိုက်သည်။ ဒီနေရာမှာ ကင်မရာအိုက်ချက်တွေ သိပ်မရှိတာကြောင့် သူ တော်တော်လေးကို သက်သောင့်သက်သာ နေနိုင်သည်။

ယွီနျန့်က စပွန်ဆာပေးထားသည့် အအေးဘူးကိုဖွင့်ပြီး တစ်ငုံသောက်လိုက်ချိန်မှာပဲ အခန်းတံခါး ပွင့်လာပြီး ရှမင်းရှီး လျှောက်ဝင်လာသည်။

ယွီနျန့်က ပြုံးပြီး "သီချင်းဆိုလို့ ပြီးပြီလား" လို့ မေးလိုက်သည်။ ရှမင်းရှီး၏ နဖူးနဲ့ လည်ပင်းမှာ ချွေးတွေ စိုရွှဲနေတာကို မြင်တော့ တစ်ရှူးထုတ်ပေးလိုက်သည်။

ရှမင်းရှီးက ဆိုဖာပေါ်မှာ ထိုင်ရင်း ချွေးသုတ်ကာ ခေါင်းကို တရစပ် ညိတ်ပြသည်။

"ဆိုလို့ ပြီးပြီ၊ ဒါပေမဲ့ ငါ့အမေကတော့ တကယ်ကို နောက်နေတာ မဟုတ်ဘူး။ သူလုပ်လာတဲ့ အားပေးတဲ့ ဆိုင်းဘုတ်က တကယ်ကို မျက်စိကျစရာကြီး! စင်ပေါ်ကနေ လှမ်းမြင်လိုက်ရတာ ငါ့မှာ လန့်သေတော့မလို့ပဲ!"

ရှမင်းရှီးက ယွီနျန့်ကို တစ်ချက်ပြန်ကြည့်ပြီး

"နျန့်နျန့်... မင်းခြေထောက်ကရော ဘယ်လိုလဲ ကပြီးသွားတော့ အဆင်ပြေရဲ့လား"

ယွီနျန့်က ခေါင်းခါပြလိုက်သည်။

"ရပါတယ်၊ စင်ပေါ်ကဆင်းစမှာပဲ နည်းနည်းနာတာ၊ အခုတော့ သက်သာသွားပါပြီ"

ရှမင်းရှီး စိတ်အေးသွားပုံရသည်။

"ဒါနဲ့... ငါ ဒီကိုလာတုန်းက ငါ့အေးဂျင့်ကို မေးခဲ့သေးတယ်။ သူပြောတာတော့ ဒီတစ်ခေါက် မင်းရဲ့ဖျော်ဖြေမှုက တကယ်ကို ကောင်းတယ်တဲ့။ အရင်ကထက်တောင် ပိုတော်လာသလိုပဲတဲ့။ ပထမဆုကတော့ မင်းအပိုင်ပဲ ဖြစ်ရမယ်!"

ယွီနျန့်ကလည်း ရလဒ်အတွက် မစိုးရိမ်ဘူးဆိုရင် လိမ်ရာကျပါလိမ့်မယ်။ ဒါပေမဲ့ အဆင့်သတ်မှတ်ချက်ကို တရားဝင်မကြေညာသေးတာကြောင့် သူက ပြုံးပြီး

"ဘာပဲဖြစ်ဖြစ်လေ၊ ငါ အစွမ်းကုန် ကြိုးစားခဲ့ပြီးပြီဆိုတော့ နောင်တတော့ မရတော့ပါဘူး" ဟုပဲ ပြန်ပြောလိုက်၏။

သိပ်မကြာခင်မှာပဲ လင်းရှန့်နဲ့ အမျိုးသမီးအဆိုတော် ရွှယ်ယာလင်းတို့လည်း နားနေဆောင်ကို ပြန်ရောက်လာကြသည်။ ဒါက နောက်ဆုံးပွဲစဉ်ဖြစ်ပြီး ပြုတ်မယ့်သူမရှိတော့တာကြောင့် အားလုံးက ကိုယ့်အဆင့်ကို ကိုယ်တိုင်ခန့်မှန်းထားကြပြီးသားပါ။ သူတို့လေးယောက်ကြားက လေထုက တော်တော်လေး အေးချမ်းချမ်းပဲ။

ရှမင်းရှီးက တိုးတိုးလေး ညည်းတွားနေပြန်သည်။

"ငါတော့ နောက်ဆုံးအဆင့်ကြီး မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရမယ်။ တကယ်လို့သာ အောက်ဆုံးရောက်သွားရင် ငါ့မိဘတွေက Weibo မှာ သူတို့နာမည်ရင်းတွေနဲ့ ငါ့ကို လာပြီး Dissကြလိမ့်မယ်။ အဲဒီကျရင် ငါက သတင်းစာမျက်နှာဖုံးတင်မကဘူး Hot Search ပါ တက်သွားမှာ သေချာတယ်!"

ဘေးမှာထိုင်နေသည့် လင်းရှန့်ကလည်း စိုးရိမ်တကြီးနဲ့

"ငါလည်း နောက်ဆုံးမဖြစ်ချင်ပါဘူး။ ငါ့အဖေကလည်း ဒီကို လာကြည့်နေတာလေ။ တကယ်လို့ ငါသာ နောက်ဆုံးရသွားရင် သူက အိမ်နီးနားချင်းတွေကို ငါက သူ့သားအရင်းမဟုတ်ဘူး။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က တိုက်အောက်က ပန်းခြံဘေးမှာ ကောက်ရခဲ့တာလို့ လိုက်ပြောတော့မှာ"

ရွှယ်ယာလင်းကတော့ အေးစက်တဲ့ပုံစံရှိပြီး စကားသိပ်မပြောတတ်ပါဘူး။ ဒါပေမဲ့ ဒီအပိုင်းရိုက်ပြီးရင် အားလုံးက ကိုယ့်အလုပ်နဲ့ကိုယ် အလုပ်ရှုပ်တော့မှာဖြစ်လို့ ပြန်ဆုံဖို့ခက်မယ်ဆိုတာ သိတာကြောင့် သူမက အနားတိုးထိုင်ပြီး အကြံပြုလာသည်။

"ဒီမှာ အားလုံးပြီးရင် ညစာသွားစားကြမလား"

လင်းရှန့်က သူ့ပေါင်သူပုတ်ပြီး

"ဟုတ်တယ်! စင်ပေါ်မှာ ကလိုက်ရတာ ဗိုက်တောင်ဆာလာပြီ!"

သူက ယွီနျန့်နဲ့ ရှမင်းရှီးကို လှမ်းမေးသည်။

"မင်းတို့ရော လိုက်မလား"

ယွီနျန့်နဲ့ ရှမင်းရှီးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ပြုံးလျက်

"လိုက်မှာပေါ့၊ ငါတို့လည်း လိုက်မယ်။ အရင်ကတော့ ဖျော်ဖြေပွဲရှိလို့ အများကြီးမစားရဲဘူး၊ အခုတော့ တကယ်ဗိုက်ဆာနေပြီ"

မကြာခင်မှာပဲ စင်ရှေ့က မဲရေတွက်မှု ရလဒ်တွေ ထွက်လာသည်။ လင်းရှန့်က ထိုင်ရာကထပြီး ယွီနျန့်၏ ချိုင်းထောက်ကို ကမ်းပေးရင်းနဲ့

"ငါကတော့ အသားကင်စားချင်တာ။ ဒါပေမဲ့ ငါ့မန်နေဂျာက အရမ်းစည်းကမ်းကြီးတယ်။ အသားကင်စားရင် ဝက်ခြံထွက်မယ်။ ကင်မရာထဲမှာ ကြည့်မကောင်းဘူးဆိုပြီး တားနေတာ"

ရှမင်းရှီးက

"မကြောက်နဲ့၊ ဒီညတော့ တို့တွေ တိတ်တဆိတ် သွားစားကြမယ်။ စိတ်ချ... မင်းရဲ့လျှို့ဝှက်ချက်ကို ငါတို့ ဘယ်သူ့ကိုမှ မပြောဘူး!"

အဲဒါနဲ့ စင်ရှေ့ကို သွားတဲ့လမ်းတစ်လျှောက်မှာ ရှမင်းရှီးနဲ့ လင်းရှန့်တို့ကတော့ လုံးဝ မလောတော့ဘဲ ဘာဟင်းတွေမှာစားမလဲဆိုတာကိုပဲ တိုင်ပင်သွားကြတာကြောင့်၊ ဒါကို ကြားနေရသည့် အလုပ်မဆင်းရသေးသော ဝန်ထမ်းတွေခမျာ သွားရည်တောင် ကျကုန်ကြသည်။

***

စာကြည့်ခန်းထဲမှာတော့ ချွိရှောက်ရန်က ဂိမ်းနှစ်ပွဲလောက် ဆော့ပြီးသွားပါပြီ။ ရလဒ်တွေ ကြေညာတော့မယ်ဆိုတာ သိတာနဲ့ ဖုန်းကို ဘေးချပြီး အနားတိုးလာသည်။

"ပထမဆု ယွမ်ငါးသိန်းက မင်းအိမ်က ယွီနျန့် ရမှာဆိုတာ ငါသိနေပေမဲ့ ဘာလို့ ငါ့လက်ဖဝါးတွေက စိတ်လှုပ်ရှားပြီး ချွေးတွေထွက်နေရတာလဲ"

ရှဲ့ယို့ကတော့ ယွီနျန့် စင်ပေါ်တက်လာကတည်းက အကြည့်တစ်ချက်မလွှဲခဲ့ပါဘူး။

"သူပဲ နံပါတ်တစ် ဖြစ်ရမယ်"

ဒီတစ်ခါမှာတော့ အစီအစဉ်တင်ဆက်သူက အချိန်ဆွဲမနေတော့ဘဲ စင်ပေါ်တက်လာတာနဲ့ တတိယဆုကို အရင်ဆုံး ကြေညာလိုက်သည်။

" 'Sound of Nature' ဒုတိယရာသီရဲ့ တတိယဆုရှင်ကတော့... ရှမင်းရှီး ပါ!"

ချွိရှောက်ရန်က သူ့လက်ချောင်းလေးတွေကို ပွတ်သပ်ရင်း

"ဒုတိယဆုကတော့ နောက်တစ်ယောက်ပေါ့။ အစီအစဉ်တင်ဆက်သူက ဒီထက်မြန်မြန်လေး မပြောနိုင်ဘူးလား"

စင်ပေါ်က တင်ဆက်သူကတော့ အရမ်းကို ဖြည်းဖြည်းချင်း ကြေညာနေသည်။ ပရိသတ်တွေ၏ လက်ခုပ်သံတွေ တိတ်သွားပြီးသည့် နောက်မှာတော့ ဒုတိယဆုရှင်အမည် ရွှယ်ယာလင်း ကို ဖတ်ကြားလိုက်သည်။

ချွိရှောက်ရန်က ရေခဲရေကို စိတ်လှုပ်ရှားစွာနဲ့ နောက်တစ်ငုံ သောက်လိုက်ပြန်သည်။

"ရွှယ်ယာလင်းက တကယ့်ကို အရည်အချင်းရှိတာ။ ငါ့လက်အောက်ကလူတွေ ပြောတာတော့ သူမရဲ့ ကုမ္ပဏီဟောင်းနဲ့ စာချုပ်သက်တမ်းကုန်တော့မှာမို့ မသက်တမ်းမတိုးတော့ဘူးတဲ့။ သူမက Xingyao Entertainment နဲ့ စာချုပ်ချုပ်တော့မှာ… နေပါဦး၊ ဟေး... ဒုတိယနဲ့ တတိယ ထွက်လာပြီဆိုတော့ ယွီနျန့်က…"

"'Sound of Nature' ဒုတိယရာသီရဲ့ ချန်ပီယံဆုရှင် ယွီနျန့်ကို ဂုဏ်ပြုပါတယ်! သူဟာ ထူးချွန်ပြောင်မြောက်တဲ့ သီဆိုမှုနဲ့ ကကွက်တွေကြောင့် ခုနစ်ကြိမ်ဆက်တိုက် ပထမဆုကို တစ်ဟုန်ထိုး ဆွတ်ခူးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ..."

ရလဒ်ကို ကြိုသိနေခဲ့ပေမဲ့လည်း ချွိရှောက်ရန်က စိတ်လှုပ်ရှားစွာနဲ့ စားပွဲကိုပုတ်ပြီး ဘေးကိုလှည့်ကြည့်လိုက်သည်။ အဲဒီမှာတော့ ရှဲ့ယို့က သူ့ဖုန်းကို ကိုင်ပြီး တစ်ခုခုလုပ်နေတာကို တွေ့လိုက်ရသည်။

"မင်း ဘာလုပ်နေတာလဲ"

ရှဲ့ယို့ရဲ့ နှုတ်ခမ်းထောင့်လေးတွေက အနည်းငယ် ကွေးညွှတ်သွားပြီး

"Weibo မှာ Giveaway တင်နေတာ"

"ငါလည်း အခုချက်ချင်း ပထမဆုံး Forward လုပ်ရမယ်။ ငါ့ရဲ့ ပေါက်နိုင်ခြေ ပိုများမလားပဲ! ဆော့ဖ်ဝဲလ်ကိုဖွင့်ပြီး ရှဲ့ယို့ရဲ့ Weibo ကို ဖတ်ကြည့်လိုက်တဲ့အခါ ချွိရှောက်ရန်ဟာ ရုတ်တရက် ရင်ထဲမှာ နည်းနည်းတော့ ခါးသက်သွားရသည်။

"မင်း... မင်းက ယွီနျန့် ပထမရတာကို ဂုဏ်ပြုဖို့ ကံစမ်းမဲဖောက်ပေးတာကို တခြားသူတွေကမှ မသိတာ"

ရှဲ့ယို့က တည်ငြိမ်စွာပဲ ပြန်ပြောလိုက်သည်။

"အဲဒါ အရေးမကြီးပါဘူး၊ သူသိရင် ရပြီ"




Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...