Skip to main content

40




အခန်း (၄၀) တောင်းပန်ပါတယ်၊ အချိန်မီ မလာနိုင်တော့လို့

ယွီချင်းက တံခါးဖွင့်ဝင်လာပြီး နှာခေါင်းတရှုံ့ရှုံ့လုပ်ကာ

"နျန့်နျန့်... နင့်အခန်းထဲမှာ ဘာအနံ့လဲ ဘာလို့ ဒီလောက်တောင် မွှေးနေရတာလဲ"

ယွီနျန့်က ဓာတ်ဗူး‌ကို ဆေးကြောသန့်စင်ပြီးဖြစ်သဖြင့် တည်ငြိမ်စွာပင်

"အစ်မ အထင်မှားတာနေမှာပါ။" ဟူ၍ စကားလမ်းကြောင်းကို သဘာဝကျကျ ပြောင်းလိုက်သည် ။

"အစ်မ ရိုက်ကူးရေးရှိတယ် မဟုတ်လား ဘာလို့ ကျွန်တော့်ဆီ ရောက်လာတာလဲ"

ထိုအကြောင်းကို ပြောလိုက်သည်နှင့် ယွီချင်းမှာ ချက်ချင်း ညည်းညူတော့သည်။

"ဇာတ်ညွှန်းရေးဆရာနဲ့ ဒါရိုက်တာရွှီတို့ ရန်ဖြစ်နေကြတာလေ။ အခန်းတစ်ခန်းမှာ ဒါရိုက်တာက ပြင်ချင်တယ်။ ဇာတ်ညွှန်းရေးဆရာက မပြင်ချင်ဘူး။ သူတို့ရန်ဖြစ်တာ နားထောင်ရတာ နားငြီးလို့ နင့်ဆီ လာပုန်းတာ။"

သူမက ထိုင်စရာနေရာရှာ၍ ထိုင်လိုက်ပြီး ယွီနျန့်ကို စပ်စုချင်သော မျက်လုံးများဖြင့် ကြည့်ကာ

"နျန့်နျန့်... အစ်မကို ပြောပြပါဦး"

ယွီနျန့်က ဇာတ်ညွှန်းကို ချလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် "ဘာကို ပြောရမှာလဲ"

"ဟို ၁.၈၆ မီတာ အကြောင်းပေါ့! ဒါက ငါ့ရဲ့ ချစ်လှစွာသော မောင်လေးရဲ့ အချစ်ရေးပြဿနာပဲလေ၊ ၂၁ နှစ်အတွင်းမှာ ဒါ ပထမဆုံးအကြိမ်ပဲ!"

ယွီချင်းက အဖြေမရမချင်း ပြန်မည့်ပုံမပေါ်ဘဲ မျှော်လင့်တကြီး စောင့်ဆိုင်းနေသည်။

"အဲဒီအကြောင်းပြောမှ သတိရတယ် အစ်မ။ အရင်ရက်က အစ်ကိုမုန့် ကျွန်တော့်ဆီ ဖုန်းဆက်ပြီး အချစ်ရေးမှာ အပြောင်းအလဲရှိလားလို့ လာမေးတယ်။ အစ်ကိုမုန့်က ဘယ်လိုသိသွားတာလဲလို့ ကျွန်တော် တွေးနေတာ။"

ယွီချင်းမှာ ဆွံ့အသွားပြီး ဘာမျက်နှာလုပ်ရမှန်း မသိတော့ပေ။ သူမ၏ ဆံနွယ်စများကို လက်ဖြင့်လိမ်ရင်း အလျင်အမြန်ပင် ထရပ်လိုက်သည်။

"ဪ... ငါ သတိရပြီ၊ ဇာတ်ညွှန်းရေးဆရာနဲ့ ပြောစရာ စကားနှစ်ခွန်း ကျန်သေးတယ်! ငါ သွားတော့မယ်၊ နင် နားလိုက်ဦး!"

တံခါးပိတ်သွားတော့သည်။ ယွီနျန့်က သူ့ဖုန်းကို ကြည့်လိုက်သည်။ သူခုနက ပို့ထားသော

[စွပ်ပြုတ်က အရမ်းကောင်းတယ်၊ အကုန်သောက်လိုက်ပြီ] ဆိုသည့် မက်ဆေ့ချ်ကို ပြန်စာရောက်နေပြီဖြစ်သည်။ ရှဲ့ယို့က အမြဲတမ်းလိုပင် လိုရင်းတိုရှင်းပင်

[ကောင်းပြီ၊ မင်းကြိုက်ရင် ပြီးတာပါပဲ။]

ညနေ ၃ နာရီကျော်တွင် ယွီနျန့်၏ အခန်းကဏ္ဍများအားလုံး ရိုက်ကူးပြီးစီးသွားသည်။ သူ အဝတ်အစားလဲရန် ပြင်နေစဉ် ဒါရိုက်တာ ရွှီရှန့်လန်က သူ့ထံ လျှောက်လာသည်ကို တွေ့လိုက်ရ၏။

"ဒါရိုက်တာရွှီ... ရိုက်ကူးရေးမှာ တစ်ခုခု ပြဿနာရှိလို့လား"

"မဟုတ်ပါဘူး> ရိုက်ကူးရေးက အရမ်းကောင်းတယ်! မင်းက ကုရွှမ်းနင်ရဲ့ ဇာတ်ရုပ်ကို အကောင်းဆုံး ဖော်ဆောင်နိုင်ခဲ့တယ်။ အပြင်ပန်းမှာတော့ ပေါ့ပျက်ပျက်နိုင်ပေမဲ့ ရင်ထဲမှာတော့ တိုင်းပြည်နဲ့ လူမျိုးကို ချစ်မြတ်နိုးပြီး တရားမျှတမှုကို တန်ဖိုးထားတဲ့ ပုံစံကို မင်းက အသက်ဝင်အောင် သရုပ်ဆောင်နိုင်ခဲ့တယ်!"

ရွှီရှန့်လန်က ရိုက်ကူးရေးနှင့် ပတ်သက်လျှင် အလွန်တင်းကျပ်သော်လည်း ချီးကျူးရန်လည်း ဝန်မလေးတတ်သူဖြစ်သည်။ သူက ယွီနျန့်ကို ဘေးဘက်သို့ ခေါ်သွားပြီး

"မင်းနဲ့ ယွီချင်းတို့ ညဘက် အပြင်ထွက်တုန်းက ခိုးရိုက်ခံရတဲ့ ကိစ္စအကြောင်း ငါ ပြောချင်လို့။"

ယွီနျန့်၏ မျက်ဝန်းများ အနည်းငယ် လှုပ်ခတ်သွားသည်။

"ဘယ်သူလုပ်တာလဲဆိုတာ သိပြီလား"

"အင်း၊ သိပြီ။"

ရွှီရှန့်လန်က လေနှင့်သဲဒဏ်ကို ကာကွယ်ရန် သူ၏ ဦးထုပ်ကို ပြင်ဆောင်းလိုက်သည်။ ရိုက်ကူးရေးအချိန်ဇယား ကျပ်နေသဖြင့် နေ့တိုင်း အော်ဟစ်နေရသောကြောင့် သူ၏အသံမှာ အနည်းငယ် အက်ရှနေသည်။

"ဒီကိစ္စက ငါတို့ရဲ့ တာဝန်ဖြစ်လို့ ငါ တကယ်ပဲ အားနာရပါတယ်။ ဓာတ်ပုံရိုက်တဲ့သူက မကြာခင်ကမှ အလုပ်ခန့်ထားတဲ့ အလုပ်သမားတစ်ယောက်ပဲ။ သူက ရူရူရဲ့ မန်နေဂျာနဲ့ ဆက်သွယ်ဖူးတယ်။ တစ်ဖက်လူက မင်းရဲ့ သတင်းဆိုး တွေကို ရိုက်ပေးနိုင်ရင် ပိုက်ဆံပေးမယ်လို့ ကမ်းလှမ်းခဲ့တာ။"

ဤကိစ္စကို ယွီချင်းနှင့် ယခင်ကတည်းက ဆွေးနွေးထားပြီးဖြစ်ရာ ရလဒ်မှာ ထင်ထားသည့်အတိုင်းပင် ဖြစ်နေသည်။

"ပရိုမိုးရှင်းသီချင်းကိစ္စကြောင့် သူတို့နဲ့ ရန်ငြိုးဖွဲ့သွားတာပါ။ ရူရူက ကျွန်တော်က သူ့အခွင့်အရေးတွေကို လုယူပြီး သူ့ကို အရှက်ခွဲတယ်လို့ ထင်နေတာ။ အခု ခိုးမရိုက်ခံရရင်တောင် နောက်ထပ် တစ်ခုခုနဲ့တော့ သူတို့ ဒုက္ခပေးဦးမှာပဲ။”

“ဒါရိုက်တာရွှီ... ဒီကိစ္စက ရုပ်ရှင်အဖွဲ့ကိုပဲ အပြစ်ပုံချလို့ မရပါဘူး။ 'ရက်တစ်ထောင်ခိုးတဲ့သူကို စောင့်ကြည့်လို့ရပေမဲ့၊ ခိုးဖို့စောင့်နေတဲ့သူကိုတော့ ရက်တစ်ထောင်ပတ်လုံး ကာကွယ်ဖို့ ခက်တယ်' ဆိုတဲ့ စကားလည်း ရှိတာပဲလေ"

ရွှီရှန့်လန်သည် ယွီနျန့်ကို ကြည့်ကာ ဤကောင်လေးသည် အသက်အရွယ်အရ ငယ်ရွယ်သေးသော်လည်း လူမှုဆက်ဆံရေးနှင့် စကားပြောဆိုပုံမှာ အလွန်ပင် ရင့်ကျက်လိမ္မာကြောင်း တွေ့ရှိသွားပြီး ပြုံးလျက်

"ငါ ဒီကိစ္စကို သေသေချာချာ ရှင်းလင်းပေးမှာပါ။ မင်းရဲ့ အခြေအနေကိုလည်း ငါမှတ်ထားပါတယ်။ နောင်မှာလည်း အတူတူလက်တွဲဖို့ အခွင့်အရေးတွေ အများကြီးရှိဦးမှာပါ။ သွား... အရင်သွားလဲလိုက်ဦး၊ ပြီးရင် ကောင်းကောင်းနားတော့"

အခန်းထဲတွင် ယွီနျန့်သည် အဖြူရောင် ဝါဂွမ်း Tshirt လေးကို ပြန်လဲပြီးရုံရှိသေး၊ ယွီချင်းက တံခါးခေါက်ပြီး ဝင်လာကာ မေးသည်။

"ခုနက ရွှီရှန့်လန် နင့်ကို လာရှာနေတာ တွေ့တယ်။ ဟိုခိုးရိုက်တဲ့ကိစ္စအကြောင်း ပြောနေကြတာလား"

"ဟုတ်တယ်၊ သူ ကျွန်တော့်ကို အကျိုးအကြောင်း ရှင်းပြတယ်"

ယွီချင်းက ခေါင်းညိတ်ပြီး

"ဒီကိစ္စက ကြီးတယ်ဆိုရင်လည်း ကြီးသလို၊ သေးတယ်ဆိုရင်လည်း သေးသလိုပဲ။ ထားလိုက်ပါတော့... တို့တွေဘက်က နည်းနည်း အထိနာတာကလွဲရင် ကျန်တာကိစ္စမရှိပါဘူး။ ဒါ့အပြင် နောက်ဆိုရင် ငါ Weibo ပေါ်မှာ နင့်ကို ဗြောင်ကျကျ ကာကွယ်ပေးလို့ ရသွားတာပေါ့!"

ယွီနျန့်က ရယ်မောလိုက်ပြီး

"ဒါဆိုရင်တော့ မင်းသမီးကြီး ယွီချင်းကို ကြိုတင်ပြီး ကျေးဇူးတင်ထားရမှာပေါ့!"

"သွားစမ်းပါ!" ယွီချင်းလည်း လိုက်ရယ်လိုက်ပြီး

"ဒါနဲ့... နင် မကြာခင် နင်းမြို့ကို ပြန်တော့မှာဆိုတော့ မပြန်ခင် အပြင်ထွက်ပြီး တစ်နေရာရာ သွားလည်ချင်သေးလား"

"ဘယ်ကိုသွားမလို့လဲ"

"ဟို ဗုဒ္ဓဘာသာဂူကျောင်းလေ... သွားမလား ငါ ငါ့လက်ထောက်တွေကို ခေါ်ပြီး ကားမောင်းသွားမလို့"

ယွီချင်း ဘယ်နေရာကို ဆိုလိုမှန်း ယွီနျန့် ချက်ချင်းသိသွားသည်။ သူ ခဏမျှ တိတ်ဆိတ်သွားပြီးမှ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ၊ သွားကြတာပေါ့"

သူတို့ လေးယောက်သား ထိုနေရာသို့ ရောက်သောအခါ ညနေ ၅ နာရီပင် မပြည့်သေးပေ။ သူတို့နှစ်ဦးစလုံးမှာ ဦးထုပ်နှင့် မျက်မှန်အနက်များ တပ်ထားကြသည်။ ယွီချင်းက နေလောင်မှာ ကြောက်သဖြင့် ပိုးပုဝါတစ်ထည်ကိုပါ ပတ်ထားရာ သူမ၏ မျက်နှာမှာ တစ်ခုလုံးနီးပါး ဖုံးကွယ်နေသည်။

ဂူကျောင်းဘေးက ပြတိုက်လေးမှာ အလွန်သေးငယ်ပြီး တစ်နှစ်ပတ်လုံး လေနှင့်သဲဒဏ်ကို ခံထားရသဖြင့် အပြင်နံရံများမှာ အနည်းငယ် ပျက်စီးယိုယွင်းနေကာ မြို့ကြီးများရှိ ပြတိုက်များကဲ့သို့ ခမ်းနားထည်ဝါခြင်း မရှိပေ။

ပြတိုက်အဝင် လှေကားထစ်ရှေ့မှာ ရပ်ရင်း ယွီချင်းက Selfie တစ်ပုံရိုက်ကာ မေးလိုက်သည်။

"နျန့်နျန့်... နင် ငယ်ငယ်တုန်းက ဒီကို ရောက်ဖူးတယ်လို့ ငါမှတ်မိတယ်"

"အင်း... အဘိုးက ကျွန်တော့်ကို ခေါ်လာခဲ့တာ။ အဲဒီတုန်းက ဂူကျောင်းကို တူးဖော်ပြီးခါစပဲ ရှိသေးတယ်။ ဒီကလူတွေက ဘာဆက်လုပ်ရမှန်း မသိကြတော့ အဘိုးကို တစ်ညချင်း ဖိတ်ခေါ်ပြီး ကြီးကြပ်ခိုင်းရတာ။ ကျွန်တော့်ကိုလည်း လေယာဉ်ပေါ် တစ်ခါတည်း ခေါ်လာတာပေါ့"

ယွီနျန့်က လွမ်းဆွတ်တမ်းတသော လေသံဖြင့် ဆက်ပြောသည်။

"ဒါပေမဲ့ ရောက်လာတော့လည်း ဘယ်သူမှ ကျွန်တော့်ကို ဂရုမစိုက်နိုင်ကြဘူး။ ဒါနဲ့ ကျွန်တော်လည်း တစ်ယောက်တည်းပဲ ဆော့နေရတာပေါ့"

သူသည် ပြတိုက်အတွင်းရှိ ကမ္ပည်းစာတိုင်၏ ညာဘက်အောက်ထောင့်ကို ကြည့်ကာ "ရှို့နင်" ဟူသော လက်မှတ်ကို ညွှန်ပြလိုက်သည်။

"အဘိုး ကမ္ပည်းစာရေးတုန်းက ကျွန်တော်က မှင်စပ်ပေးခဲ့တာ"

"မှင်စပ်ပေးခဲ့တာ" ယွီချင်းက ပြုံးလျက် မျက်ခုံးပင့်ကာ "နင် ငယ်ငယ်တုန်းက အရမ်းပုတာပဲ။ စားပွဲကို ဘယ်လိုမှီလို့လဲ"

ယွီနျန့်က သူမကို ကြည့်ကာ အံ့ဩဟန်ဆောင်ပြီး

"အစ်မကလည်း... တကယ်ပဲ ထုံလိုက်တာ။ ခုတင်ခုံတို့၊ ထိုင်ခုံတို့ပေါ် တက်ရပ်လို့ ရတာပဲလေ!"

မျှော်လင့်ထားသည့်အတိုင်းပင် သူသည် မျက်စောင်းထိုးခြင်း ခံလိုက်ရသည်။

သူတို့နှစ်ဦး ပြတိုက်ထဲသို့ ဝင်သွားကြရာ အထဲတွင် လူတစ်ယောက်မျှ မရှိပေ။ ဝါဂွမ်းသဲများအောက်တွင် နှစ်ပေါင်းထောင်ချီ မြုပ်နှံနေခဲ့သော ရှေးဟောင်းပစ္စည်းများကို မှန်ဗီဒိုများအတွင်း ခင်းကျင်းပြသထားသည်မှာ အချိန်ကာလကြီး တစ်ခုလုံး ရပ်တန့်နေသကဲ့သို့ပင်။

ယွီနျန့်နှင့် ယွီချင်းတို့သည် စကားမပြောဘဲ ပစ္စည်းတစ်ခုချင်းစီကို အနားချင်းကပ်၍ သေသေချာချာ ကြည့်ရှုကြပြီး၊ ပြန်ထွက်လာချိန်တွင် နေဝင်ရီတရော အချိန်သို့ ရောက်နေလေပြီ။

ဂိုဘီသဲကန္တာရ၏ နေဝင်ချိန်ရှုခင်းမှာ ခမ်းနားကာ လွမ်းမောဖွယ်ရာအတိ။ ယွီချင်းသည် ငယ်စဉ်ကတည်းက ရှေးဟောင်းပစ္စည်းများကို စိတ်မဝင်စားသော်လည်း၊ ယခုတစ်ခါ သူမ လာခဲ့ခြင်းမှာ ယွီနျန့်အတွက်ကြောင့်မှန်း သူသိပါသည်။

"သဘက်ခါ နေ့လယ် လေယာဉ်ရှိတယ်။ ဒါကြောင့် ကျွန်တော် အရင်ပြန်နှင့်တော့မယ်"

ယွီချင်းက သူမ၏ ဦးထုပ်ကို ပြန်ပြင်ဆောင်းရင်း

"ကောင်းပြီလေ။ ငါကတော့ ဒီမှာ ရိုက်ကူးရေးပြီးရင်တောင် ချက်ချင်း ပြန်လို့မရသေးဘူး။ ရုပ်ရှင် audition တစ်ခု ရှိသေးတယ်။ ငါ့မန်နေဂျာ ပြောပုံအရဆိုရင် ကြာပန်းဖြူနှစ်ယောက်က သနားစရာကောင်းအောင် လုပ်ပြီး ငါ့နေရာကို လုဖို့ ကြံနေကြသတဲ့။ သူတို့တော့ ရူးနေပြီထင်တယ်။ တကယ်လို့ သူတို့က သနားစရာ ကောင်းပြမယ်ဆိုရင်တော့ ဒီအဘွားကြီးက သူတို့ကို မိနစ်ပိုင်းအတွင်းမှာတင် အရှက်ခွဲပစ်လိုက်မှာ!"

ယွီနျန့်က ပြုံးလျက် "အိမ်ကိုကော ပြန်မကြည့်ချင်ဘူးလား"

ယွီချင်းက မျက်လုံးလှန်ပြလိုက်ကာ

"အဲဒီလူ (သူ့အဖေ) က ဘယ်သူနဲ့ ဘယ်မှာ သွားပြီး အပျော်ခရီးထွက်နေလဲမှ မသိတာ။ မား စောစောဆုံးသွားတာ တော်သေးတာပေါ့။ မဟုတ်ရင် ဒီလိုလူမျိုးကြောင့် ဒေါသထွက်ပြီး သေမှာ သေချာတယ်။ ငါလည်း ပြန်မကြည့်ချင်ပါဘူး၊ ဘာသွားကြည့်ရမှာလဲ ဟိုကလေးမတွေ (အဖေ့နောက်မိန်းမနဲ့ ကလေးတွေ) ငါ့ရှေ့ လာမရှုပ်သရွေ့တော့ သူတို့ မရှိသလိုပဲ ငါ သဘောထားလိုက်မယ်"

ယွီချင်းက သူမ၏ မျက်မှန်ကို ပြန်တပ်လိုက်သည်။

"ကဲ... သွားကြရအောင်၊ မှောင်သွားရင် အေးလာလိမ့်မယ်၊ စောစော ပြန်ကြတာပေါ့"

***

ယွီနျန့်၏ လေယာဉ်သည် ညနေ ၆ နာရီတွင် ဆင်းသက်ခဲ့သည်။ ပစ္စည်းများ သိမ်းဆည်းပြီးနောက် မုန့်ယွမ်ထံမှ Video Call တစ်ချက် လက်ခံရရှိရာ ပရိသတ်များက သူ့ကို လေဆိပ်မှာ လာကြိုနေကြကြောင်း သိရသည်။

မုန့်ယွမ်သည် ရှီရို့ကို ဖုန်းအား အဝေးမှ ကိုင်ခိုင်းထားသဖြင့် ယွီနျန့်၏ တစ်ကိုယ်လုံးကို ကင်မရာမှတစ်ဆင့် မြင်နေရသည်။ သူက ယွီနျန့်၏ အဝတ်အစားနှင့် အခြေအနေကို ခြေဆုံးခေါင်းဆုံး သေသေချာချာ စစ်ဆေးပြီးနောက်

"မဆိုးပါဘူး။ မဝလာသလို မပိန်သွားဘူး။ နေလည်း မလောင်ဘူးပဲ" ဟု ချီးကျူးလိုက်သည်။

"ဟုတ်ကဲ့၊ အစ်မက နေလောင်ကာခရင်မ် လိမ်းတဲ့အခါတိုင်း ကျွန်တော့်ကိုလည်း တစ်နေ့ကို အကြိမ်ကြိမ် လိုက်တိုက်တွန်းတာလေ။ မျက်မှန်၊ နှာခေါင်းစည်းနဲ့ ဦးထုပ်တွေကိုဆိုရင် ကျွန်တော့်ထက်တောင် သူက ပိုပြီး ဂရုစိုက်ပေးသေးတယ်"

မုန့်ယွမ်က အကျယ်ကြီး ရယ်မောလိုက်ကာ

"ဒါဆိုရင်တော့ ငါ သူမကို တကယ်ပဲ ကျေးဇူးတင်ရတော့မှာပေါ့! အပြင်ထွက်တဲ့အခါ မထိတ်လန့်နဲ့၊ အရမ်းမြန်မြန် မလျှောက်နဲ့၊ စိတ်မလှုပ်ရှားနဲ့။ လေဆိပ်မှာ ဓာတ်ပုံရိုက်ခံရမှာဆိုတော့... ရှီရို့က မင်းကို ဘာတွေ သတိထားရမလဲဆိုတာ ပြောပြလိမ့်မယ်"

"ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ် အစ်ကိုမုန့်။"

ယွီနျန့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း အပြင်သို့ ထွက်လိုက်သည့်အခါ သူ၏အမည်ကို ရေးထိုးထားသော မီးထွန်းဘုတ်များကို ကိုင်ဆောင်ကာ စောင့်ကြိုနေကြသည့် ပရိသတ်အမြောက်အမြားကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားရသည်။ သူက ခေါင်းလေးစောင်းကာ ရှီရို့ကို လေသံတိုးတိုးဖြင့် မေးလိုက်၏။

"အစ်မရှီရို့... ပရိသတ်တွေ အများကြီးပဲ။ သူတို့က ကျွန်တော့်ကို တကူးတက လာကြိုကြတာလားဟင်"

"ဟုတ်တယ်လေ၊ သူတို့အားလုံးက မင်းကို တမင်သက်သက် လာကြိုကြတာပေါ့"

ယွီနျန့်သည် သူ၏အနွေးထည်ကို ပြန်ပြင်ဝတ်ကာ အသက်ကို ဝဝရှူလိုက်ရင်း

"ကောင်းပြီလေ၊ သွားကြရအောင်"

***

ကွန်ပျူတာရှေ့တွင် ရှဲ့ယို့သည် ယွီနျန့်၏ လေဆိပ်ဓာတ်ပုံများနှင့် ပရိသတ်များ ရိုက်ထားသော ဗီဒီယိုများကို သေသေချာချာ ကြည့်နေသည်။ လမ်းခရီးတွင် အမျိုးသမီးပရိသတ်တစ်ဦးမှာ စိတ်လှုပ်ရှားလွန်းသဖြင့် မတ်မတ်မရပ်နိုင်ဘဲ လဲကျမလို ဖြစ်သွားရာ ယွီနျန့်က ဂရုတစိုက် လှမ်းတွဲပေးပြီး ဘေးကင်းအောင် သတိထားရန် တိုးတိုးလေး မှာကြားနေသည်ကို တွေ့ရ၏။

အခြားသူများကလည်း ယွီနျန့်သည် ကားပေါ်တက်ကာ ထွက်ခွာခါနီးတွင် လာကြိုပေးကြသဖြင့် ကျေးဇူးတင်ကြောင်းနှင့် အိမ်အပြန်လမ်းတွင် ဘေးကင်းအောင် ဂရုစိုက်ကြရန် ပြောခဲ့သည်ဟု ဆိုကြသည်။ အနီးကပ် မြင်လိုက်ရသည့် သူ၏အသားအရေမှာလည်း အလွန်ပင် ကောင်းမွန်လှသည်ဟု ဆိုကြပြန်၏။

ဓာတ်ပုံများနှင့် ဗီဒီယိုအားလုံးကို သိမ်းဆည်းပြီးနောက် ရှဲ့ယို့သည် သူ၏ဖုန်းကို ငြိမ်သက်စွာ ကြည့်နေရင်း အနည်းငယ် စိတ်ပျက်အားငယ်သလို ခံစားလိုက်ရသည်။

မင်း ပြန်ရောက်နေပြီ မဟုတ်လား...

ထိုစဉ် ဖုန်းထဲသို့ မက်ဆေ့ချ်တစ်ခု ဝင်လာကြောင်း အချက်ပေးသံ ထွက်ပေါ်လာသည်။ ရှဲ့ယို့သည် စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းနေပြီးမှ ရင်ခုန်စွာဖြင့် ဖွင့်ကြည့်လိုက်၏။ ပေးပို့သူကို မြင်လိုက်ရသည့်အခါ သူ၏မျက်နှာအမူအရာမှာ မိုးရွာပြီးစ တောင်တန်းရှုခင်းကဲ့သို့ ချက်ချင်းပင် ကြည်လင်တောက်ပသွားတော့သည်။

[ယွီနျန့် ဒီနှစ်ရက်အတွင်း အားလားဟင် အားတယ်ဆိုရင် အတူတူ ထမင်းစားကြမလား]

ရှဲ့ယို့သည် စာလုံးအချို့ ရိုက်လိုက်သော်လည်း ယွီနျန့်က လေယာဉ်ပေါ်က ဆင်းခါစမို့ အနားယူရန် လိုအပ်မည်ကို သတိရကာ "ဒီနေ့ အားတယ်" ဆိုသည်ကို ဖျက်လိုက်သည်။

[ဒီရက်ပိုင်း အားပါတယ်၊ မင်းအဆင်ပြေမယ့် အချိန်ကိုပဲ ပြောပါ]

လေသံနှင့် စကားလုံးများ မှန်ကန်မှု ရှိ၊ မရှိ အကြိမ်ကြိမ် စစ်ဆေးပြီးနောက်မှာတော့ ရှဲ့ယို့ ပို့လိုက်သည်။

သိပ်မကြာမီမှာပင် ယွီနျန့်ဖက်က

[ဒါဆိုရင် မနက်ဖြန် ညနေ ၇ နာရီမှာ သီးသန့်စားသောက်ဆိုင်လေးတစ်ခုမှာ ဆုံကြမလား]

ရှဲ့ယို့ တွန့်ဆုတ်မနေဘဲ

[ကောင်းပါပြီ။]

[ယွီနျန့် ဟုတ်ကဲ့၊ ဒါဆို မနက်ဖြန်မှ တွေ့ကြမယ်နော်။]

***

နောက်တစ်နေ့ ညနေ ၅ နာရီတွင် ရှဲ့ယို့သည် အရေးကြီးသောအလုပ်များကို အမြန်လက်စသတ်လိုက်သည်။ အိမ်သို့ အရင်ပြန်ကာ အဝတ်လဲခန်းထဲတွင် အကြာကြီး ရှာဖွေပြီးနောက် အနက်ရောင် ဝတ်စုံပြည့် နှင့် ခဲရောင်ရှပ်အင်္ကျီကို ရွေးချယ်လိုက်၏။

မှန်ရှေ့တွင် ခေတ္တမျှ ရပ်ကြည့်နေပြီးနောက် ရှဲ့ယို့သည် ချွိရှောက်ရန်ကို ဗီဒီယိုကော ခေါ်လိုက်သည်။

"ဘယ်လိုနေလဲ"

ချွိရှောက်ရန်မှာ ရုံးခန်းထဲတွင် ငိုက်မြည်းနေရင်း ရှဲ့ယို့ကို မြင်လိုက်ရသည့်အခါ အားပြန်တက်လာကာ

"အရမ်းကြည့်ကောင်းတယ်။ မင်းရဲ့မျက်နှာက ဘယ်ထောင့်က ကြည့်ကြည့် ၃၆၀ ဒီဂရီ အပြစ်ပြောစရာ မရှိဘူး!"

ထို့နောက် သူက ရုတ်တရက် သတိဝင်လာကာ

"တောက်! ရှဲ့ရှောင်ယို့... မင်း ငါ့ကို အဝတ်အစား လှ၊ မလှ နောက်ဆုံးလာမေးတာက ဆရာ့ရဲ့ ကွန်ဆတ်ပွဲမှာ ပီယာနိုတီးတုန်းကလေ!"

ထိုစကားကို ပြောပြီးသည်နှင့် သူ ချက်ချင်းပင် ပါးစပ်ပိတ်လိုက်ရ၏။ ဪ... သူကတော့ နှုတ်မစောင့်နိုင်ပြန်ဘူး! သူ့ပါးစပ်ကို သူ ပြန်ချုပ်ထားချင်စိတ် ပေါက်သွားသည်။

ရှဲ့ယို့သည် ရှပ်လက်ကြယ်သီးတပ်နေရင်း ခေတ္တမျှ ရပ်သွားသော်လည်း၊ ချွိရှောက်ရန် ပြောလိုက်သည်ကို မကြားသကဲ့သို့ပင် ဆက်လက်၍ "ဝတ်စုံအရောင်ကော" ဟု မေးလိုက်သည်။

ချွိရှောက်ရန်မှာ စကားမှားသွားသဖြင့် အားနာနေမိ၏။ ရှဲ့ယို့၏ မေးခွန်းကို ကြားသောအခါ အမြန်ပင်

"ဒီအရောင်က ကောင်းပါတယ်။ ပြီးတော့ မင်းရဲ့ ဗီရိုထဲက ဝတ်စုံတွေက အကုန်လုံး ဆင်တူတွေချည်းပဲဟာ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစမ်းပါ၊ မင်းရဲ့ ရုပ်ရည်နဲ့တင် လုံလောက်နေပါပြီ!"

ရှဲ့ယို့သည် မှန်ရှေ့တွင် မတ်မတ်ရပ်ကြည့်ရင်း ရှပ်လက်ကြယ်သီးကို ပြန်ဖြုတ်ကာ အသစ်တစ်စုံ ပြောင်းတပ်လိုက်သည်။

"အဲဒီလိုလား"

ချွိရှောက်ရန်က ခေါင်းကို တရစပ်ညိတ်ပြလျက် "ကြည့်ကောင်းတယ်! ပတ္တမြားက ပိုလိုက်ဖက်တယ်!"

ရှဲ့ယို့သည် ရှပ်လက်ကြယ်သီး လေးစုံခန့် ပြောင်းလဲပြီးနောက်မှ စိတ်ကျေနပ်သွားပြီး သူအကြိုက်ဆုံး နာရီကိုပါ ပတ်လိုက်သည်။ အချိန်ကို စစ်ဆေးပြီးနောက် ကင်မရာကို ကြည့်ကာ

"ငါ အပြင်သွားတော့မယ်၊ နောက်မှ စကားပြောကြတာပေါ့" ဟု ဆိုကာ ဗီဒီယိုကို ပိတ်လိုက်တော့သည်။

***

ကားသည် ခြံဝင်းအတွင်းမှ ထွက်လာကာ ယာဉ်ကြောထဲသို့ ဝင်ရောက်လာသည်။ ရှဲ့ယို့သည် နောက်ခန်းတွင် ထိုင်နေရင်း အဝတ်အစားများ မတွန့်စေရန် လက်ဖျား၊ ကော်လာနှင့် အင်္ကျီအနားစွန်းများကို ထပ်ခါတလဲလဲ ပြန်လည်ပြုပြင်နေမိ၏။

အားလုံး အဆင်ပြေသွားသည့်အခါ အချိန်ကို တွက်ချက်ကာ ဖုန်းကို ထုတ်၍ ယွီနျန့်ထံ မက်ဆေ့ချ်ပို့ရန် ပြင်လိုက်သည်။ ထိုစဉ် ကားမောင်းသူက ရုတ်တရက် သတိပေးလာ၏။

"သခင်လေး... နောက်ကနေ ကားတစ်စီး လိုက်လာနေသလိုပဲ"

စာရိုက်နေသော လက်များ ရပ်တန့်သွားပြီး ရှဲ့ယို့ မျက်လုံးပင့်ကြည့်ကာ ဖုန်းကို ပိတ်လိုက်သည်။

"သေချာလို့လား"

"မသေချာပေမဲ့ ၀၁ နဲ့ ဆုံးတဲ့ အနက်ရောင်ကားက တစ်ချိန်လုံး နောက်က ကပ်လိုက်နေတာပါ။ နှစ်ခါလောက် လမ်းခွဲကြည့်ပေမဲ့ မရဘူး။ လမ်းတူလို့ လိုက်လာတဲ့ပုံ မဟုတ်ဘူး"

"ဆက်ပြီး သတိထားကြည့်"

ရှဲ့ယို့သည် ဖုန်းကို ငုံ့ကြည့်နေသော်လည်း စခရင်ကိုတော့ ပြန်မဖွင့်တော့ပေ။ ယာဉ်ကြောမှာ ပိတ်ဆို့မနေပေ။ လမ်းဆုံသုံးခုကို ကျော်ဖြတ်ပြီးနောက် ကားမောင်းသူက

"၉၀ ရာခိုင်နှုန်း သေချာပါပြီ၊ ကျွန်တော်တို့နောက်ကို လိုက်နေတာပါ" ဟု အတည်ပြုလိုက်သည်။

ပြတင်းပေါက်အပြင်ဘက်က နှင်းဒဏ်ကြောင့် ဝါကျင်ကျင် ဖြစ်နေသော သစ်ပင်များကို ကြည့်ရင်း ရှဲ့ယို့၏ မျက်ဝန်းများမှာ နက်ရှိုင်းကာ စူးရှလာသည်။

"မြို့အနောက်ဘက်ကို မမောင်းနဲ့တော့၊ ချွိအိမ်ကိုပဲ မောင်းလိုက်တော့"

သူသည် ဖုန်းကို လက်ထဲ၌ တင်းတင်းဆုပ်ကိုင်ထားသဖြင့် လက်ဆစ်များမှာ ဖြူလျော့နေ၏။ ထို့နောက် ဖုန်းကို ပြန်ဖွင့်ကာ အစောက ရိုက်ထားသော စကားလုံးအားလုံးကို ဖျက်ပစ်လိုက်သည်။ ပြီးနောက် ပြန်လည် ရေးသားလိုက်သည်မှာ

[တောင်းပန်ပါတယ်၊ ငါ့မှာ ကိစ္စတစ်ခု ပေါ်လာလို့ အချိန်မီ မလာနိုင်တော့ဘူး။]

***

ယွီနျန့်သည် ထိုမက်ဆေ့ချ်ကို ရရှိသည့်အချိန်တွင် သီးသန့်စားသောက်ဆိုင်လေး၌ ရှန်ဝေနှင့် စကားပြောနေခြင်း ဖြစ်သည်။

"ဦးလေးရှန်... ကျွန်တော် မက်ဆေ့ချ်တစ်ခု ပို့လိုက်ဦးမယ်နော်"

သူသည် ရှဲ့ယို့၏ စာကို နှစ်ခေါက်ခန့် ပြန်ဖတ်ကြည့်လိုက်ရာ အပြုံးများ ပျောက်ကွယ်သွားပြီး စိုးရိမ်စိတ်များက အစားထိုးဝင်ရောက်လာသည်။

[မင်း အခု ဘယ်မှာလဲ]

တစ်ဖက်လူက ချက်ချင်းပင် ပြန်စာပို့လာ၏။

[လမ်းမှာပါ။]

ဆိုလိုသည်မှာ သူ လာနေရင်းနှင့် လမ်းခုလတ်တွင် တစ်ခုခု ကြုံတွေ့ခဲ့ရသဖြင့် မလာနိုင်တော့ခြင်း ဖြစ်ရမည်။ အရင်တစ်ခေါက်က ရှဲ့ယို့ ပြောခဲ့သည်ကို ပြန်လည်သတိရမိသည်။ ကားက တံတားလက်ရန်းကို တိုက်ကာ မြစ်ထဲကျသွားသည့် သတင်းနှင့် ရှဲ့ယို့သည် ထိုကားဖြင့် အိမ်ပြန်ရန် ပြင်ဆင်ခဲ့သည် ဆိုသည့် အချက်...။

ယွီနျန့်သည် မသိစိတ်မှ မျက်မှောင်ကြုတ်လိုက်မိပြီး လက်ချောင်းများဖြင့် အမြန်ပင် စာရိုက်လိုက်သည်။

[ရပါတယ်၊ နောက်တစ်ခါမှ ချိန်းကြတာပေါ့။ ဒါနဲ့ မင်း အခု ဘယ်ကို သွားနေတာလဲ]

[ချွိအိမ်ကိုပါ။]

ယွီနျန့်သည် ခေတ္တစဉ်းစားလိုက်ပြီး နှုတ်ခမ်းထောင့်လေးများ ကွေးညွှတ်သွားပြီးနောက်

ဟသုံးနာရီအတွင်းမှာ မင်းဆီကို ပါဆယ်တစ်ခု ရောက်လာလိမ့်မယ်၊ လက်မှတ်ထိုးပေးဖို့ တစ်ယောက်ယောက် စောင့်နေလိမ့်မယ်နော်] ဟု ပြန်ပို့လိုက်သည်။

ယွီနျန့်သည် ခေါင်းမော့ကာ ရှန်ဝေဘက်သို့ လှည့်၍ မေးလိုက်သည်။

"ဦးလေးရှန်... ကျွန်တော် ဦးလေးရဲ့ မီးဖိုချောင်ကို ခဏလောက် သုံးလို့ ရမလားခမျာ"

***

ချွိရှောက်ရန်သည် ရှဲ့ယို့ထက် နောက်ကျမှ ရောက်လာသည်။ သူသည် အိမ်ထဲသို့ ဝင်လာကာ ဝတ်စုံကို အစေခံထံ ကမ်းပေးပြီးနောက် အပေါ်ထပ်သို့ အပြေးတက်လာရာ၊ ကုလားထိုင်ပေါ်တွင် ထိုင်၍ ပြတင်းပေါက်အပြင်ဘက်သို့ ငေးကြည့်နေသော ရှဲ့ယို့ကို တွေ့လိုက်ရသည်။ ရှဲ့ယို့၏ ဘေးတိုက်ပုံရိပ်မှာ ကျောက်ဆစ်ရုပ်တုကဲ့သို့ ငြိမ်သက်လွန်းလှသဖြင့် သူ ပြောစရာ စကားလုံးပင် ပျောက်ရှသွားရ၏။

သို့သော် ရှဲ့ယို့က အသံကြားသဖြင့် လှည့်ကြည့်ကာ အရင်စကားပြောလာသည်မှာ "ပြန်လာပြီလား" ဟူ၍ ဖြစ်သည်။

"အင်း... မင်းဖုန်းဆက်လို့ ငါ ချက်ချင်း ပြန်လာတာ။ လမ်းမှာ ကားပိတ်နေလို့ နည်းနည်း နောက်ကျသွားတယ်"

ချွိရှောက်ရန်သည် ရှဲ့ယို့၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး ရေတစ်ဖန်ခွက်ကို အဝသောက်လိုက်သည်။ ထို့နောက် စိုးရိမ်တကြီးဖြင့် "ဘာတွေ ဖြစ်နေတာလဲ တင်းကျောက်ရှန်းရဲ့ လူတွေ နောက်က လိုက်လာတာလား"

ရှဲ့ယို့က ခေါင်းကို ခပ်ဖွဖွခါပြကာ "မသေချာဘူး" ဟု ဆိုသည်။ ချွိရှောက်ရန်သည် ရှဲ့ယို့ သေသေချာချာ ရွေးချယ်ဝတ်ဆင်ထားသော ရှပ်လက်ကြယ်သီး၊ နာရီနှင့် အဝတ်အစားများကို ကြည့်ကာ စိတ်မကောင်း ဖြစ်သွားရ၏။ အဝတ်အစားပေါ်တွင် အရေးအကြောင်း တစ်ခုမှပင် မရှိသည်ကို ကြည့်ခြင်းအားဖြင့် ရှဲ့ယို့သည် ဒီည ဆုံတွေ့မှုကို မည်မျှအထိ တန်ဖိုးထားခဲ့သည်ကို သူ သိနေသည်။

သို့သော် ယခုမူ သူသည် ဒီနေရာမှာ ထိုင်ရင်း သစ်ပင်ရိပ်များကိုသာ ငေးကြည့်နေရတော့သည်။

ချွိရှောက်ရန်က ဒေါသတကြီး အော်မိတော့သည်။

"တင်းကျောက်ရှန်းက ဘာလို့ ဒီလောက်တောင် ယုတ်မာရတာလဲ။ မင်းက အချိန်ဇယားကို ပြောင်းပြီး အိမ်ကို စောစောပြန်လာတာတောင် သူက လူလွှတ်ပြီး စောင့်ကြည့်နေတာလား။ သူ့မှာ အဲဒီလောက်တောင် အားနေတာလား"

"ငါကိုယ်တိုင်က ဂရုမစိုက်မိတာပါ"

ရှဲ့ယို့သည် ဖန်ခွက်ထဲက ကြည်လင်နေသော ရေကို စိုက်ကြည့်နေပြီး သူ၏မျက်ဝန်းများမှာ ဓားသွားကဲ့သို့ စူးရှနေ၏။

"ငါ သူ့ရဲ့ လက်ရုံးလက်တံ သုံးယောက်လုံးကို နိုင်ငံခြား ပို့ပစ်ခဲ့တယ်။ အဲဒီမှာ သူတို့ ဘာမှလုပ်လို့မရအောင် ကန့်သတ်ထားသလို သူ့ရဲ့ ယုံကြည်ရသူ တစ်ယောက်ကလည်း ငါ့ဘက်ကို ကူးလာပြီလေ။ အဲဒါကြောင့် ငါ့အပေါ် သူလုပ်သမျှ အကြံအစည်တွေ အကုန်ပျက်ကုန်တာ။ သူ ဘယ်လိုမှ ငြိမ်နေမှာ မဟုတ်ဘူး"

"ငါ အဲဒီလောက်ထိ မလောသင့်ဘူး... ယွီနျန့်နဲ့ တွေ့ဖို့ မလောသင့်ဘူး"

ရှဲ့ယို့၏ တိုးညှင်းသော လေသံကို ကြားလိုက်ရသည့်အခါ ချွိရှောက်ရန်မှာ ရင်ထဲတွင် လေးလံသွားသလို ခံစားလိုက်ရသည်။

သူသည် မျက်နှာကို လက်ဖြင့်သုတ်လိုက်ကာ

"ဒါဆို... ယွီနျန့်က မင်းကို စိတ်ဆိုးသွားပြီလား မင်းက သူ့ကို ချိန်းပြီးမှ ဖျက်လိုက်တာဆိုတော့... နောက်ဆို သူ မင်းကို ထပ်ချိန်းမှာ မဟုတ်တော့ဘူး ထင်တယ်"

ယွီနျန့်အကြောင်း ပြောလိုက်သည့်အခါ ရှဲ့ယို့၏ အသံမှာ နူးညံ့သွားပြီး

"မဟုတ်ပါဘူး၊ သူက နောက်တစ်ခါမှ တွေ့ကြမယ်လို့ တော့ပြောပါတယ်"

"ဒါဆိုရင်တော့ တော်သေးတာပေါ့"

ချွိရှောက်ရန်က ရင်ဘတ်ကို ပုတ်ကာ ရှဲ့ယို့ကို နှစ်သိမ့်ရန် ပြင်လိုက်စဉ်မှာပင် တံခါးခေါက်သံ ထွက်ပေါ်လာသည်။

အစေခံက တံခါးဝတွင် ရပ်လျက် ရိုရိုသေသေဖြင့် သတင်းပေးလာသည်။

"သခင်လေး... သခင်လေးရှဲ့။ အပြင်မှာ တစ်ယောက်ယောက် ရောက်နေတယ်။ သခင်လေး မှာထားတဲ့ ပါဆယ် ရောက်လာပြီလို့ ပြောပါတယ်"

ချွိရှောက်ရန်မှာ အံ့ဩသွားကာ

"ပါဆယ် ငါ ဘယ်တုန်းက ပါဆယ်မှာလိုက်လို့လဲ"

ရှဲ့ယို့ကတော့ ဆန့်ကျင့်စွာ မျက်ဝန်းများမှာမူ ချက်ချင်းပင် တောက်ပသွားသည်။

"အထဲကို ယူလာခိုင်းလိုက်"

ခေတ္တအကြာတွင် အစားအစာဘူး အကြီးကြီး အချို့ကို အထဲသို့ ယူလာပေးကြသည်။ အစေခံများမှာ ရှဲ့ယို့ကို ကြောက်ကြသဖြင့် ပစ္စည်းများကို ချထားပြီးနောက် ချက်ချင်းပင် ပြန်ထွက်သွားကာ တံခါးကို ပိတ်လိုက်ကြ၏။

ရှဲ့ယို့သည် အစားအစာဘူးများကို ဖွင့်ကာ ဟင်းပွဲများကို တစ်ခုချင်းစီ ထုတ်လိုက်သည်။

ချွိရှောက်ရန်မှာ ဗိုက်ဆာနေသဖြင့်

"ဟို သီးသန့်စားသောက်ဆိုင်က ပါဆယ်လား အနံ့က တကယ်မွှေးတာပဲ! ဒါပေမဲ့ ဟင်းပြင်ဆင်ပုံနဲ့ လှီးဖြတ်ပုံတွေက သိပ်တော့ မကျွမ်းကျင်သလိုပဲနော်။ ဆရာရှန် ကိုယ်တိုင် ချက်တဲ့ပုံ မဟုတ်ဘူး။ တပည့်တစ်ယောက်ယောက် ချက်တာများလား"

သူသည် တူကို လှမ်းယူလိုက်ကာ

"ငါ အရင်ဆုံး မြည်းကြည့်ပေးမယ်!" ဟု ဆိုသည်။

ရှဲ့ယို့သည် မျက်လုံးပင့်ကြည့်ကာ အလေးအနက် ပြောလိုက်သည်မှာ

"ဒါတွေအားလုံးက ငါ့ဟာတွေပဲ၊ မင်း စားလို့ မရဘူး" ဟူ၍ ။

ချွိရှောက်ရန် ".................."




Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...