Skip to main content

5




အပိုင်း (၅)

သူ ဘာသာစုံဂုဏ်ထူးထွက်တယ်။ ကိုကိုကတော့ သုံးဘာသာပဲ ။ စကားလေးလုံးကွဲအောင် မပြောပေမဲ့ မြန်မာစာ ထိ ထွက်တော့ ထွန်းကိုကိုက အံ့သြဂုဏ်ယူတယ်။

“မင်း ဘယ်လိုလုပ်ပြီး မြန်မာစာပါ ထွက်တာလဲ”

“ဖေဖေ ဝယ်ပေးထားတဲ့ စာအုပ်တွေ အကုန်ဖတ်လိုက်တာ။”

သူ ဒါကလွဲ ကျန်တာမရှင်းပြတတ်ဘူး။ သူခေါင်းထဲက ထူးဆန်းတယ်။ သိနေတာတွေ အရမ်းများသလိုပဲ။

အသက်ကြီးလာလေ ခေါင်းထဲမှာ အရင်ကလောက် ဗလာအခြေအနေတွေ နည်းလာလေပဲ။ ညည အိပ်မက်တွေမက်တာလည်း သူမခံစားနိုင်ဘူး။ ပန်းခင်းကြီးတွေ ပါတယ်။ တစ်ခါတလေ အေးစက်နေတဲ့ ရေထဲကို ဆင်းသွားတာတွေ ပါတယ်။ ယောကျ်ားတစ်ယောက် အသဲအသန်ငိုကြွေးနေတာတွေ ပါတယ်။ မဟုတ်ရင်လည်း ရထားဘူတာ သေးသေးလေးတစ်ခု။ သူအမုန်းဆုံးပဲ။ ရထား‌ဆို ငယ်ငယ်တည်းက သူမကြိုက်တာ။ ဖေဖေ့ဆီ သွားလည်ရင်တောင် သူ ရထားမစီးဘူး။ အဲ့ရှည်မျောမျောအရာကြီးတွေက တစ်ခုခုကို သူ့ဆီကနေ ဆွဲထုတ်သွားသလို ပဲ။ အရမ်းနာကျင်လွန်းလို့ နိုးလာရင် သူအသက်ရှုတောင် မဝဘူး။

မေမေ့ကိုတော့ မပြောပြဖြစ်ပါဘူး။ ကိုကို့အတွက် အမြဲ ပူပန်နေရတာနဲ့ သူပါ ထူးထူးဆန်းဆန်းတွေ ပြောနေရင် ပိုစိတ်ပူရလိမ့်မယ်လေ။ ဒါကြောင့် ခေါင်းထဲက မုန်တိုင်းတွေကြောင့် အပြင်ကကိစ္စတွေဆို သူအများကြီး မစဥ်းစားနိုင်တော့ဘူး။ မေမေ စီစဥ်သမျှပဲ ခေါင်းညိတ်ပေးလိုက်တယ်။ သူ့ ကျောင်းကိစ္စက အစ။

တက္ကသိုလ်ကိုတော့ သူက YU တက်ချင်ခဲ့တာပါ။ ဒါပေမဲ့ ကိုကိုက YUက Civil အမှတ်ကို မမီတာနဲ့ နှစ်ယောက်လုံး အမှတ်မီတဲ့ သန်လျင်ကျောင်းကိုပဲ ရောက်လာရတယ်။ ဖေဖေကတော့ မေးတယ်။ သား ပေါ်လီတက်မလား ဆိုပြီး။ တကယ်တော့ သူတက်ချင်တယ်။ သူ ပညာသင်ယူရတာတော့ တကယ်ကြိုက်တာပါ။ သူ့ဘဝမှာ ဒါလုပ်မှ အဆင်ပြေမယ် ထင်နေတာကတော့ လူမှန်းသိတတ်တည်းကပဲ။ မေမေ့ ဆုံးမစကားတွေလည်း ပါမယ်ထင်ပါတယ်။ တက်ချင်ပေမဲ့လည်း ကိုကို ရှိနေတော့ သူ ကိုကို့ နောက်ပဲ လိုက်ဖြစ်တယ်။ ထွန်းကိုကိုကတော့ ဝမ်းသာတာများ။ နောက်ဆုံးတော့ မေဂျာမတူရင်တောင် သူတို့ကျောင်းတူသွားပြီလေ။

ကျောင်းစတက်တော့ မေဂျာမခွဲရသေးတာနဲ့ ပထမနှစ်တွေ အကုန်စုပြီး မိုင်နာတွေ အရင်သင်ရတယ်။ သူရယ်…ကိုကိုရယ် ထွန်းကိုရယ် အတူတူထိုင်ဖြစ်ကြတယ်။

သူက အတန်းထဲမှာဆို ဆရာမကို သေချာမြင်ရတဲ့ အရှေ့တန်းမှာ ထိုင်ချင်တယ်။ ကိုကိုကကျ ဆရာမတွေကို မကြိုက်တော့ အနောက်ဆုံးတန်းတွေမှာပဲ ထိုင်ချင်တယ်။ ဒါနဲ့ပဲ အစပိုင်းမှာ သူလိုက်ထိုင်ပေးဖြစ်တယ်။ အခုက ကိုကိုလည်း အသက်ကြီးလာပြီမို့ ဘယ်သူမှ တကူးတက မုန့်လာလုစား ၊ အနိုင်လာကျင့်မှာမျိုး မရှိတော့တာမို့ မေဂျာတန်းတွေ စတက်ရင်တော့ ကိုကိုလည်း ထိုင်ချင်တဲ့နေရာမှာ ထိုင်၊ ကျောင်းထဲ သွားချင်တဲ့နေရာသာသွား ၊ သူကတော့ အတန်းရှေ့ထိုင်မယ်။ အတန်းသေချာတက်မယ်ပဲ စဥ်းစားတယ်။ သူငယ်ငယ်တန်းက တက္ကသိုလ် အရမ်း တက်ချင်ခဲ့တာလေ။ သူ့ဘဝမှာ တက္ကသိုလ် တစ်ခေါက်လောက်တော့ ရောက်ဖူးချင်တယ် လို့ အမြဲ တွေးတာ။ ဖေဖေ့ဆီ သွားလည်တိုင်း သူ ပေါ်လီကျောင်းဝင်းထဲ သွားရတာလည်း အရမ်းကြိုက်တာ။ ပါမောက္ခကြီးတွေဆို သူအားကျတယ်။ ကျောင်းဝင်းထဲမှာ နေကြတာ။ ဘယ်လောက်ကောင်းလိုက်လဲ။

အနောက်တန်းတွေမှာ မထိုင်ချင်ပေမဲ့ အဲ့နေ့ကတော့ ထူးထူးခြားခြားဖြစ်ခဲ့တယ်။ အဲ့တစ်ယောက်သောသူကို သူ့အ‌ရှေ့တန်းမှာ ထိုင်နေတာကို တွေ့ခဲ့တယ်။ အရင်ရက်တွေက လူတွေတအားများပြီး စိတ်တွေရှုပ်နေရင်းက ရှိလား မရှိလား သတိမထားမိခဲ့ပေမဲ့ သူသဘောကျခဲ့တဲ့ ကျူရှင်က သူငယ်ချင်းတစ်စုလုံးကို တစ်ယောက်သောသူနဲ့ တွဲပြီး ပြန်တွေ့ခဲ့တယ် ။ ကိုကိုကတော့ မတက်ခဲ့ဖူးလို့ မသိပေမဲ့ သူရော ထွန်းကို ရောက မှတ်မိတယ်။ အဲ့အုပ်စုက သူတို့ အရှေ့တန်းမှာ ထိုင်နေခဲ့တာ။ သူ ကပြားကောင်မလေး ရှိသေးလားလို့ ရှာကြည့် သေးတယ်။ မပါလာတော့ဘူး။ သူငယ်ချင်းအုပ်စုပဲ ကျန်တော့တာပဲ။ အဲ့ထဲက တစ်ယောက်သောသူက သူတို့ အတန်း‌နောက်ကို လည်ပြန်လှည့်လာတယ်။

ရုပ်တူတဲ့ အမွှာနှစ်ယောက်ကို တွေ့မယ်မထင်ထားလို့လားမသိ။ ခဏ တန့်သွားပြီးမှ သူ့ကို မေးလာတယ်။

“Roll Callက ဘယ်သူကောက်ပေးတာလဲ” တဲ့။

Roll Call ကောက်တာ Physics သင်တဲ့ ယာယီ Family teacher ဒေါ်ခင်ခင်ထက် ခန့်ထားတဲ့ EC ကောက်တာ။ အဲ့ ECက ညာဘက်တန်းက ဒုတိယတန်းမှာ ။ နာမည်က ချမ်းမြေ့အောင်။ သူ့ဘေးက အရပ်ရှည်ရှည်နဲ့ သူငယ်ချင်း အောင်မင်းထွန်းဆီမှာလည်း Roll Call ပေးလို့ရတယ်။ သူ ဒါတွေ အကုန်သိတယ်။ ဒါတွေ ခေါင်းထဲမှာ အစဥ်လိုက် ပေါ်လာပေမဲ့ သူ့ရှေ့က သမင်လည်ပြန်ကြည့်လာတဲ့ သူကိုပဲ ကြည့်နေမိတယ်။ အင်း…ကြီးကောင်ဝင်တဲ့ ရုပ်တော့ ဖြစ်လာသားပဲ။ ဒီကျောင်းထိရောက်လာတယ်ဆိုတော့ ဆယ်တန်းသေချာဖြေနိုင်ခဲ့တယ်ပေ့ါ။ ဒါနဲ့ ဆံပင်ပုံသွင်းထားတာလား။ သေချာဖြီးတတ်တာပဲ။ သူတော့ အဲ့လို မဖြီးတတ်ဘူး။ နောက်နေ့ ကိုကို့ဆီက မေးပြီး ဖြီးကြည့်ရမလား။ အဲ့လိုကျ ထွန်းကိုကိုလည်း ဆံပင်သေချာဖြီးထားတာပဲ။ ခုမှပဲ သတိထားမိတယ်။ အသားလည်း ပိုဖြူလာတာပဲ။ ကောင်မလေး နဲ့က ပြတ်သွားပြီလား။ အခု သူငယ်ချင်းတွေနဲ့ပဲ နေတော့တာပေ့ါ။ ဘာလို့ အရင်နေ့တွေက မတွေ့ဘဲ ဒီနေ့မှ ရောက်လာတာလဲ။ ကျောင်းတက်ရတာ မကြိုက်ပြန်ဘူးလား။ ဘယ်တွေ လျှောက်သွားနေလို့ တက္ကသိုလ်စတက်ရတဲ့ နေ့တောင် လာမတက်တာလဲ။ မျက်နှာကလည်း သိပ်မလန်းသလိုပဲ။

သူကြည့်ပဲ ကြည့်နေမိတော့ သူ့ကို ကြောင်ကြည့်ပြီး ကိုကို လက်ညှိုးထိုးပြလိုက်တဲ့ ECဆီကို လှမ်းကြည့်တယ်။ ရလဒ်က ကိုကို့ကိုတော့ ကျေးဇူးတင်အပြုံး နဲ့ တုံ့ပြန်ပြီး သူ့ကိုတော့ မျက်မှောင်ကြုံ့ကြည့်သွားတယ်။ ရာရာစစ… သူလည်း ခပ်တည်တည်ပဲ ပြန်ကြည့်ပေးလိုက်တယ်။

နောက်တော့ ထွန်းကိုက သူ့ကို ပြောလာတယ်။

“မင်းတော့ မသိလောက်တော့ဘူး။ အဲ့ဒါ ငါတို့ ကိုးတန်းတုန်းက တက်တဲ့ ကျူရှင်က နာမည်ကြီးသူငယ်ချင်း အုပ်စုလေ။ မင်းကို လှည့်မေးတဲ့တစ်ယောက်က ဘိုမလေး နဲ့ တွဲတာလေ။ မှတ်မိလား။”

အဲ့ ဘိုမလေး ဘယ်ရောက်သွားတာလဲ။ ပြတ်သွားတာလား ။ အခုလောက်ဆို သူတို့လည်း Facebook သုံးမှာပေ့ါ။ ရှာကြည့်ရမလား။ ကျောင်းကအဖွဲ့တွေက မဖွဲ့သေးဘူး။ သူတို့ Civil ပဲတက်မှာလား။ အမှတ်မီလောက်တဲ့ထိ စာတော်ပါ့မလား။

ကျောင်းကို ဘာနဲ့လာလဲ။ အရင်လို အိမ်က လိုက်ပို့ကြတာလား…အဝေးကြီးကို ဘယ်လိုလုပ်လိုက်ပို့နိုင်မှာလဲ။ ဒါဆို ဖယ်ရီစီးကြမှာပေါ့ ။ ကျောင်းဖယ်ရီလား ။ အပြင် ဖယ်ရီလား။

ထွန်းကိုကိုကတော့ သူမပြောရင် ဆက်မပြောတော့ဘူး ။ ကိုကိုကလည်း သူ့အာရုံနဲ့သူ ။ ဆရာမလည်း ဝင်လာတာရော…ကျောခိုင်းထားတဲ့ ကျောပြင်ကို သူဆက်မကြည့်နေနိုင်တာ‌ရောကြောင့်… ထိုင်ရာမှ ဆက်ခနဲ ထလိုက်တယ်။ ကိုကိုရော ထွန်းကိုရော မော့ကြည့်တယ်။

“ရှေ့တန်းမှာ ထိုင်မလို့”

နှစ်ယောက်လုံး တားမရတာသိလို့ ခေါင်းညိတ်ပြတယ်။ ကိုကို ကတော့ အခုနောက်ပိုင်း သူအနားမကပ်လေ ပျော်လေပဲမို့…အေးဆေးပဲ။ သူထလာတော့ နာမည်ကြီးတဲ့ တစ်အုပ်စုလုံးက မျက်လုံးလှန်ကြည့်တာကို မျက်လုံး ထောင့်ကနေ တွေ့လိုက်ရတယ်။ ညာဘက်တန်းရဲ့ ဒုတိယတန်းမှာ EC နဲ့ သူငယ်ချင်းဖြစ်သူဘေး သူဝင်လိုက်တယ်။ တစ်ချက်လှည့်ကြည့်ကြပေမဲ့ ခါတိုင်းလည်း သူအနောက်တန်းကနေ စာကြည့်ရတာ အားမရတော့ရင် လာပြောင်းထိုင်တတ်တာမို့ သူတို့က ထွေထူး ပြောမနေကြ‌တော့ဘူး။

အတန်းပြီးတာနဲ့ EC ဆီအကုန် စုပြုံတိုးပြီး Roll call တောင်းကြတယ်။ ဟို အုပ်စုလည်း ပါတာပေ့ါ။ ECနဲ့လည်း သူတို့က အထက်တန်းတစ်ကျောင်းတည်း သူငယ်ချင်းတွေပဲ ဖြစ်နေကြတယ်။

“EC ကြီး ငါတို့ roll တွေဒီမှာ…သေချာထည့်ပေးနော်။”

ကောင်မလေးက roll no တွေ တန်းစီရေးထားတဲ့ မှတ်တိုစာရွက်လေးထိုးပေးပြီး ဦးဆောင်ပြောတယ်။ ဘယ်တစ်ခုက တစ်ယောက်သောသူ ဟာမှန်းမသိပေမဲ့ ကိုကိုနဲ့တော့ သိပ်မကွာကြဘူး။ ကောင်လေးသုံးယောက်က ထုံးစံအတိုင်း အနောက်မှာ ရပ်ပြီး ECကို ပြုံးပြနေကြတယ်။ လှည့်မေးတဲ့ တစ်ယောက်က သူ့ကို ငုံ့ကြည့်နေတာ သတိထားမိပေမဲ့ သူငြိမ်နေမိတယ်။ ECက လှမ်းမေးတယ်။

“နင်တို့ နောက်အတန်းချိန်တွေမတက်တော့ဘူးလား”

“တက်တော့ဘူး ။ ငါတို့ မြန်မာပလာဇာ သွားမလို့ ။ ဖယ်ရီကိုလည်း ပြောပေးအုံး မစီးတော့ဘူးလို့”

“အေးအေး။”

“နေသစ်…နေကောင်းရဲ့လား ။ မျက်နှာမကောင်းဘူး”

“ဟုတ်တယ်ဟေ့ ။ ငါတို့ကောင် အသဲကွဲနေတာ ။ အခုလည်း သွားနှစ်သိမ့်မလို့ဟေ့”

ဒီစကားကို ယောကျာ်းလေးနှစ်ယောက်တည်းက မိုးလွင်ဆိုတဲ့ ကောင်လေးက ထပြောတာ။

“ဟာ…”

EC ဟာခနဲနေအောင် အံ့သြသွားပုံအရဆို သူလည်း ဘိုမလေးအကြောင်းသိပုံရမယ်။တစ်လောကလုံး သိအောင် ရည်းစားထားခဲ့တာပေါ့။ EC သူငယ်ချင်းနှစ်ယောက်လုံးက မင်သက်ငြိမ်သက်သွားကြတယ်။ သေချာတယ် ။ ဘိုမလေးနဲ့ ပြတ်သွားပြီ။

ကျောင်းမတူတေ့ာလို့ပေ့ါ…သူ EC ကို သူ့ Roll call ပေးပြီး ထရပ်လိုက်တယ်။

အတန်းထဲမှာ နောက်ထပ် ပိန်ပိန်ပါးပါး ၊ အသားဖြူဆွတ်ဆွတ် နဲ့ မျက်လုံးအရောင်မတူတဲ့ ဘိုကပြားရုပ်ကလေးတွေများ ထပ်ရှိနေအုံးမလားလို့ တစ်တန်းလုံးကို သူ ဝေ့ဝဲကြည့်လိုက်တယ်။

ပြီးပြီ ။ မရှိဘူး။ ဘယ်သူမှ ဘိုမလေးနဲ့ မတူကြဘူး။

###












Comments

  1. အူတတ်ပြီ နေသစ်ထက် ဘိုမလေးကို သူကပိုစွဲလမ်းနေတာပဲ ငါ့ကလေးကတော့ သူ့မတွေးနဲ့သူဟုတ်နေတာပဲ🤣

    ReplyDelete
  2. ဘိုမလေးမရှိတော့ နေသစ်ဆော်ထပ်မရတော့ဘူးပေါ့လေ ခန့်ညီမလေးရယ် ချစ်လိုက်တာ

    ReplyDelete
  3. သားသားရယ် အပြင်မှာ တိတ်နေလား မှတ်တယ် ခေါင်းထဲ ညံစီအောင် တွေးနေတာကို

    ReplyDelete
  4. ခန့်ညီလို့မခေါ်တော့ဘူး ဘိုမလေးစွဲလန်းသူ 😇

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...