Extra
ရုတ်တရက် နေသစ်ကို ဦးလေး အခေါ်ခံလိုက်ရတာက သူ့အတွက် ဝိရောဓိတွေ ဖြစ်စေတယ်။ နေသစ်မှာ တူမလေး ရှိတာလားဆိုတဲ့ မေးခွန်းက Dejavuu တွေ ဖြစ်စေတယ်။ မမလတ်ပြောတော့ နေသစ် အစ်မဆို ၊ အခုတော့ မမဒေစီလို့သာ ခေါ်နေတာ တစ်ဖက်ကလည်း နေသစ်ကို ဦးလေးပဲ ခေါ်နေတယ်။ ရုပ်ကတော့ နေသစ်တို့နဲ့ သိပ်မဆင်။ မမလတ်က သွားနေချင်အရင်နေလို့ ပြောတဲ့ အိမ်က သမီးပေ့ါ။ မိန်းကလေးတွေနဲ့ စိမ်းသက်တဲ့ သူ့အတွက်က ဒေစီဖက်ကသာ သူ့ကို ချဥ်းကပ်ရ ခက်နေပုံပဲ။
နေသစ် အဆောင်ကို သွားချင်နေသလို သူလည်း နေသစ်နဲ့ပဲ အတူတူနေချင်တယ်။ နေသစ်ရဲ့
“အဆောင်ကိုပဲ ပို့ပေး ၊ အဆောင်ကိုပဲ ပို့ပေး” ဆိုတဲ့ စကားတွေက သူ့စိတ်ထဲက အော်ဟစ်နေတာကို အသံထွက်ပေးနေသလိုပဲ။ ဒါပေမဲ့လည်း နေသစ်တူမ အဆိုးအစွာကို သူတို့ မကျော်လွန်နိုင်ဘူး။ ဒေစီတို့အိမ်က နိုင်ငံခြားမိသားစု ရုပ်ရှင်တွေထဲကလိုပဲ ။ တော်တော်လေးလှတယ်။
နေသစ်တို့က တစ်ဆွေလုံးတစ်မျိုးလုံး သဘောကောင်းကြတာ ထင်ပါတယ်။ နေသစ်အစ်မ ဝမ်းကွဲ ဟယ်လင်ကလည်း သူ့ကို နွေးနွေးထွေးထွေးကြိုဆိုတယ်။
နေသစ်က သူ့ သူငယ်ချင်းလို့ မိတ်ဆက်ပေးပေမဲ့ တကယ်တော့ သူတို့နှစ်ယောက်ဆက်ဆံရေးကို သားအမိနှစ်ယောက်လုံးက သိနေပါတယ်။ နေသစ်အတွက်လည်း အခန်းသီးသန့် ပြင်ဆင်ထားပြီးသား ။ သူသာ မမလတ်စကားနားထောင်ပြီး ဒီအိမ်မှာ တည်းရင် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပေးပုံပဲ။
“နေသစ်က ကိုခန့်ညီကို အပေါ်ထပ်ခေါ်သွား ၊ ခဏနားကြဦး ၊ မမကြီးစျေးခဏသွားလိုက်ဦးမယ်”
ညဂျူတီထွက်ထားရတဲ့ အစ်မက သူတို့အတွက် စျေးဝယ်ဖို့ ထွက်သွားရပြန်တယ် ။ ဒေစီက ပွင့်လင်းပြီး နေသစ် စကားများနေတဲ့ မိန်းကလေးဗားရှင်းလိုပဲ။ စိတ်ထဲရှိတာ အကုန်ပြောနေတော့တာ။
“အပေါ်ထပ်မှာ ခဏနားချင်နား ၊ ကိုခန့်ညီရေချိုးချင်လည်း ရတယ်။ အပေါ်ထပ်မှာပဲ ရှိတယ်။ ဦးလေးပြပေးလိုက်နော်။”
ကျန်တာတွေလည်း ဘာတွေမှန်းမသိ တတွတ်တွတ်မှာသည်။ သူ နောက်ဆုံးကြားလိုက်ရတာကတော့ ရေချိုးခန်းက တစ်ယောက်တည်း ချိုးလို့ရတယ် ဆိုတာပင်။ အမှန်တိုင်းပြော နေသစ်ကို သူနည်းနည်းတော့ လန့်တယ်။ ဒီလို တက်ကြွနေတဲ့ နေသစ်ပုံစံက ကျောင်းမှာ လန်းဆန်းပျော်ရွှင်နေတဲ့ ပုံမျိုးမဟုတ်။ တကယ် အိပ်ခန်းထဲရောက်တော့လည်း သူ သတိပိုကပ်ထားမိပေမဲ့ နေသစ်ကို သူ ဘယ်တုန်းကမှ မလွန်ဆန်နိုင်ဘူး။
နေသစ်က အိပ်ရာပေါ်ကနေ
“ဒီနားလာဦး” လို့ ခေါ်လိုက်တဲ့ ပုံစံကိုက မမြင်ဖူးပေမဲ့ စိမ်းသက်မနေဘူး။ မခုန်စဖူး ရင်တွေ အဆမတန် ပေါက်ထွက်တော့မလို့ ဖြစ်နေပေမဲ့ နေသစ် ရှေ့မှာပဲ ရပ်နေပေးလိုက်မိတယ်။
နေသစ်က သူ့ကို ခြေဆုံးခေါင်းဆုံး ကြည့်လာပြန်တယ်။ ကျောရိုးက အလိုလို တောင့်ခနဲ ဖြစ်သွားပေမဲ့ အရမ်းရုပ်ပျက်မနေအောင် ထိန်းထားလိုက်တယ်။ သူ့တက်တူးထိုးထားတဲ့ လက်ချောင်းလေးတစ်ချောင်းစီကို ဖွဖွ ပွတ်သပ်နေပြန်တယ်။ ထိတွေ့နေတာ လက်ချောင်းထိပ်လေးတွေပေမဲ့ သူ့တစ်ကိုယ်လုံးကို ပရွတ်ဆိတ် ထောင်ချီတက်လာသလို ခံစားနေရတယ်။
“မင်း ငါ့ကို အဲ့လို ခေါ်ချင်တာလား”
အစက်တစ်ခုချင်းစီတိုင်းကို ဖွဖွပွတ်ပြီးမော့ပေးလာတဲ့ နေသစ် ပုံက ရူးလောက်အောင် ဆက်ဆီကျနေတယ်။ နောက်ဆုံးတော့ နေသစ်လည်းပဲ morse code တွေကို ဖတ်တတ်သွားပြီပေ့ါ။
“ခေါ်ကြည့်”
တိုတိုရှင်းရှင်းပဲ နေသစ် အမိန့်ထပ်ပေးလာတယ်။ နှုတ်ထွက်ရေရွတ်ပြရုံကလွဲ သူဘာတတ်နိုင်မှာလဲ။
“နေ”
နေသစ် အသဲယားသွားသည်ထင်။ သူ့လက်ချောင်းတို့ကို အားနဲ့ဆုပ်ညှစ်လာတယ်။ နေသစ်မျက်လုံးတွေက အသူရာ ချောက်တွေလိုပဲ သူ့ကို သိမ်းကျုံးနစ်မြုပ်အောင် ညှို့ငင်နေသလိုပဲ။
“ပြုံးပြချင်လား”
ဒါက အမိန့်မဟုတ်ဘဲ သူ့ကို သက်ညှာပေးပြီး လမ်းညွှန်မှုတစ်ခုပဲ။ နေသစ်က သူပြုံးရင် သဘောကျတယ်လေ။
သူ သိသမျှထဲ အတောက်ပဆုံးဆိုတဲ့ အနေအထားနဲ့ ပြုံးပြလိုက်တယ်။ သူတကယ်လည်း စိတ်လိုလက်ရ ပြုံးပြချင်နေတာ။ သူဘယ်လောက်ထိ လွမ်းဆွတ်ခဲ့ရကြောင်း စကားတွေနဲ့လည်း ပြောချင်ပေမဲ့ ဘယ်လိုမှ နှူတ်မရဲနေဘူး။ ဒီအတိုင်း နေသစ်ကိုတောင် သူကြည့်လို့မဝသေးတာ။ ခိုးကြည့်ရတာမျိုးလည်း မဟုတ်ဘူး။ နေသစ်က သူနဲ့ ဘာမှမဆိုင်ဘူး ဆိုတဲ့ အခြေအနေအောက်မှာလည်း မဟုတ်ဘူး။ နောက်ဆုံးတော့…နေသစ်နဲ့ အတူတူ ရှိနေနိုင်ပြီ။ နေသစ်က ဘိုမလေးကိုလည်း မဟုတ် ၊ ကိုကို့ ကိုလည်း မဟုတ်ဘဲ သူ့ကို အတူတူနေခွင့်ပြု
လိုက်တာ။
အခန်းက တိတ်ဆိတ်ငြိမ်သက်သွားပြီး လောကကြီးထဲ သူတို့နှစ်ယောက်တည်း ရှိနေသလိုမျိုး။ နေသစ်ကို လူတွေကြားထဲကနေ မြင်အောင်ကြည့်ရတာ မဟုတ်တော့ဘဲ သူတစ်ယောက်တည်းကနေ နေသစ်တစ်ယောက်တည်းကို ကြည့်နေနိုင်တာ။ မြင်နေရတဲ့တိုင် သူအားမရ။ သူ့လက်ချောင်းတွေကို ဖွဖွဆုပ်ကိုင်ထားတဲ့ နေသစ်လက်တွေကြား ရုန်းမထွက်နိုင်အောင်…နေသစ်သူ့ကို လက်လွှတ်ဖို့ မလွယ်အောင် တစ်ချောင်းချင်းစီနဲ့ ယှက်နွယ်ရစ်ပတ်လိုက်မိတော့တယ်။
အဲ့တော့ နေသစ်က
“မင်းကွာ…”
ဆိုပြီး ဆက်မပြောဘဲ ခပ်ဖွဖွရယ်တယ်။ အရမ်းချောလွန်းလို့ ကြည့်ချင်လွန်းလို့ နေသစ် ခေါင်းငုံ့သွား
တာကိုတောင် မရမကနေသစ်မျက်နှာကို လိုက်ငေးနေတော့တာပါပဲ။
__________________________________________________________________
အားးးးချစ်လိုက်တာ။ခရီးသွားတာလေးပါ ဖတ်ချင်လာပြန်ပြီ။......လောဘ လောဘ😁
ReplyDeleteခန့်ညီကိုအရင်တည်းကသဘောကျခဲ့ရတာ ခုလိုသူ့povလေးတွေသိရတော့ပိုလို့ချစ် အာ့ကြောင့်နေသစ်ကလည်းသည်းသည်းခှုပ်ဖြစ်နေတာ
ReplyDeleteအမလေး အသည်းတွေယားလိုက်တာ ခန့်ညီလေးက်ု ငါ့ကလေးလေး ချစ်ရတဲ့သူဆီကနေ အချစ်တွေအများကြီးရပီး အချစ်ခံနေရပီ❤️❤️❤️
ReplyDeleteချစ်လိုက်တာခန့်ညီလေးရယ် 😭😭
ReplyDeleteExtra တွေဖတ်ရလေ မလုံလောက်လေ ပိုဖတ်ချင် သိချင်လာလေပဲ ခန့်ညီလေးကို ချစ်လွန်းလို့ ဘယ်လိုလုပ်ရပါ့ 😭🤍
ReplyDeleteမြေ့မှာ နေသစ်ကို အရမ်းသဘောကျတာ။
ReplyDeleteနေသစ်ရဲ့ ချစ်ပေးတတ်တဲ့ပုံစံကိုရောပဲ။
အရင်က နေသစ်ရဲ့ အတွေးနဲ့ပဲ ခန်ညီရဲ့ ချစ်တဲ့ပုံစံ မြင်ကြည့်နေရင်းက အခုလို ခန့်ညီ pov လေးကို ဖတ်ရတော့ ခန့်ညီဘက်ကနေ နေသစ်ကို ချစ်ပေးတဲ့ပုံစံလေးတွေ မြင်ရတာက အရမ်းချစ်ဖို့ကောင်းတယ်။
ဘာကောင်လေးလဲကွာ သူအရမ်းပျော်နေတာ ကိုကြီးနေသစ်အနား အတူရှိခွင့်ရတာ သူဖြစ်နေလို့ တကယ့်အူယားစရာခွေးပေါက်လေးလိုလဲကွာ
ReplyDeleteနေလို့ခေါ်ရင် ကိုကိုတင်မဟုတ် ဒီကပါရူးချင်တာ တအား
ReplyDeleteအရမ်းချစ်တာပဲလို့ 😭