Skip to main content

Extra




Extra



ရုတ်တရက် နေသစ်ကို ဦးလေး အခေါ်ခံလိုက်ရတာက သူ့အတွက် ဝိရောဓိတွေ ဖြစ်စေတယ်။ နေသစ်မှာ တူမလေး ရှိတာလားဆိုတဲ့ မေးခွန်းက Dejavuu ‌တွေ ဖြစ်စေတယ်။ မမလတ်ပြောတော့ နေသစ် အစ်မဆို ၊ အခုတော့ မမဒေစီလို့သာ ခေါ်နေတာ တစ်ဖက်ကလည်း နေသစ်ကို ဦးလေးပဲ ခေါ်နေတယ်။ ရုပ်ကတော့ နေသစ်တို့နဲ့ သိပ်မဆင်။ မမလတ်က သွားနေချင်အရင်နေလို့ ပြောတဲ့ အိမ်က သမီးပေ့ါ။ မိန်းကလေးတွေနဲ့ စိမ်းသက်တဲ့ သူ့အတွက်က ဒေစီဖက်ကသာ သူ့ကို ချဥ်းကပ်ရ ခက်နေပုံပဲ။

နေသစ် အဆောင်ကို သွားချင်နေသလို သူလည်း နေသစ်နဲ့ပဲ အတူတူနေချင်တယ်။ နေသစ်ရဲ့

“အ‌ဆောင်ကိုပဲ ပို့ပေး ၊ အ‌ဆောင်ကိုပဲ ပို့ပေး” ဆိုတဲ့ စကားတွေက သူ့စိတ်ထဲက အော်ဟစ်နေတာကို အသံထွက်ပေးနေသလိုပဲ။ ဒါပေမဲ့လည်း ‌နေသစ်တူမ အဆိုးအစွာကို သူတို့ မကျော်လွန်နိုင်ဘူး။ ဒေစီတို့အိမ်က နိုင်ငံခြားမိသားစု ရုပ်ရှင်တွေထဲကလိုပဲ ။ တော်တော်လေးလှတယ်။

နေသစ်တို့က တစ်ဆွေလုံးတစ်မျိုးလုံး သဘောကောင်းကြတာ ထင်ပါတယ်။ နေသစ်အစ်မ ဝမ်းကွဲ ဟယ်လင်ကလည်း သူ့ကို နွေးနွေးထွေးထွေးကြိုဆိုတယ်။

နေသစ်က သူ့ သူငယ်ချင်းလို့ မိတ်ဆက်ပေးပေမဲ့ တကယ်‌တော့ သူတို့နှစ်ယောက်ဆက်ဆံရေးကို သားအမိနှစ်ယောက်လုံးက သိနေပါတယ်။ နေသစ်အတွက်လည်း အခန်းသီးသန့် ပြင်ဆင်ထားပြီးသား ။ သူသာ မမလတ်စကားနားထောင်ပြီး ဒီအိမ်မှာ တည်းရင် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပေးပုံပဲ။

“နေသစ်က ကိုခန့်ညီကို အပေါ်ထပ်ခေါ်သွား ၊ ခဏနားကြဦး ၊ မမကြီးစျေးခဏသွားလိုက်ဦးမယ်”

ညဂျူတီထွက်ထားရတဲ့ အစ်မက သူတို့အတွက် စျေးဝယ်ဖို့ ထွက်သွားရပြန်တယ် ။ ဒေစီက ပွင့်လင်းပြီး နေသစ် စကားများနေတဲ့ မိန်းကလေးဗားရှင်းလိုပဲ။ စိတ်ထဲရှိတာ အကုန်ပြောနေတော့တာ။

“အပေါ်ထပ်မှာ ခဏနားချင်နား ၊ ကိုခန့်ညီရေချိုးချင်လည်း ရတယ်။ အပေါ်ထပ်မှာပဲ ရှိတယ်။ ဦးလေးပြပေးလိုက်နော်။”

ကျန်တာတွေလည်း ဘာတွေမှန်းမသိ တတွတ်တွတ်မှာသည်။ သူ နောက်ဆုံးကြားလိုက်ရတာကတော့ ရေချိုးခန်းက တစ်ယောက်တည်း ချိုးလို့ရတယ် ဆိုတာပင်။ အမှန်တိုင်းပြော နေသစ်ကို သူနည်းနည်းတော့ လန့်တယ်။ ဒီလို တက်ကြွနေတဲ့ နေသစ်ပုံစံက ကျောင်းမှာ လန်းဆန်းပျော်ရွှင်နေတဲ့ ပုံမျိုးမဟုတ်။ တကယ် အိပ်ခန်းထဲရောက်တော့လည်း သူ သတိပိုကပ်ထားမိပေမဲ့ နေသစ်ကို သူ ဘယ်တုန်းကမှ မလွန်ဆန်နိုင်ဘူး။

နေသစ်က အိပ်ရာပေါ်ကနေ

“ဒီနားလာဦး” လို့ ခေါ်လိုက်တဲ့ ပုံစံကိုက မမြင်ဖူးပေမဲ့ စိမ်းသက်မနေဘူး။ မခုန်စဖူး ရင်တွေ အဆမတန် ပေါက်ထွက်တော့မလို့ ဖြစ်နေပေမဲ့ နေသစ် ရှေ့မှာပဲ ရပ်နေပေးလိုက်မိတယ်။

နေသစ်က သူ့ကို ခြေဆုံးခေါင်းဆုံး ကြည့်လာပြန်တယ်။ ကျောရိုးက အလိုလို တောင့်ခနဲ ဖြစ်သွားပေမဲ့ အရမ်းရုပ်ပျက်မနေအောင် ထိန်းထားလိုက်တယ်။ သူ့တက်တူးထိုးထားတဲ့ လက်ချောင်းလေးတစ်ချောင်းစီကို ဖွဖွ ပွတ်သပ်နေပြန်တယ်။ ထိတွေ့နေတာ လက်ချောင်းထိပ်လေးတွေပေမဲ့ သူ့တစ်ကိုယ်လုံးကို ပရွတ်ဆိတ် ထောင်ချီတက်လာသလို ခံစားနေရတယ်။

“မင်း ငါ့ကို အဲ့လို ခေါ်ချင်တာလား”

အစက်တစ်ခုချင်းစီတိုင်းကို ဖွဖွပွတ်ပြီးမော့ပေးလာတဲ့ နေသစ် ပုံက ရူးလောက်အောင် ဆက်ဆီကျနေတယ်။ နောက်ဆုံးတော့ နေသစ်လည်းပဲ morse code တွေကို ဖတ်တတ်သွားပြီပေ့ါ။


“ခေါ်ကြည့်”


တိုတိုရှင်းရှင်းပဲ နေသစ် အမိန့်ထပ်ပေးလာတယ်။ နှုတ်ထွက်ရေရွတ်ပြရုံကလွဲ သူဘာတတ်နိုင်မှာလဲ။

“နေ”

နေသစ် အသဲယားသွားသည်ထင်။ သူ့လက်ချောင်းတို့ကို အားနဲ့ဆုပ်ညှစ်လာတယ်။ နေသစ်မျက်လုံးတွေက အသူရာ ချောက်တွေလိုပဲ သူ့ကို သိမ်းကျုံးနစ်မြုပ်အောင် ညှို့ငင်နေသလိုပဲ။

“ပြုံးပြချင်လား”

ဒါက အမိန့်မဟုတ်ဘဲ သူ့ကို သက်ညှာပေးပြီး လမ်းညွှန်မှုတစ်ခုပဲ။ နေသစ်က သူပြုံးရင် သဘောကျတယ်လေ။

သူ သိသမျှထဲ အတောက်ပဆုံးဆိုတဲ့ အနေအထားနဲ့ ပြုံးပြလိုက်တယ်။ သူတကယ်လည်း စိတ်လိုလက်ရ ပြုံးပြချင်နေတာ။ သူဘယ်လောက်ထိ လွမ်းဆွတ်ခဲ့ရကြောင်း စကားတွေနဲ့လည်း ပြောချင်ပေမဲ့ ဘယ်လိုမှ နှူတ်မရဲနေဘူး။ ဒီအတိုင်း နေသစ်ကိုတောင် သူကြည့်လို့မဝသေးတာ။ ခိုးကြည့်ရတာမျိုးလည်း မဟုတ်ဘူး။ နေသစ်က သူနဲ့ ဘာမှမဆိုင်ဘူး ဆိုတဲ့ အခြေအနေအောက်မှာလည်း မဟုတ်ဘူး။ နောက်ဆုံးတော့…နေသစ်နဲ့ အတူတူ ရှိနေနိုင်ပြီ။ နေသစ်က ဘိုမလေးကိုလည်း မဟုတ် ၊ ကိုကို့ ကိုလည်း မဟုတ်ဘဲ သူ့ကို အတူတူနေခွင့်ပြု

လိုက်တာ။

အခန်းက တိတ်ဆိတ်ငြိမ်သက်သွားပြီး လောကကြီးထဲ သူတို့နှစ်ယောက်တည်း ရှိနေသလိုမျိုး။ နေသစ်ကို လူတွေကြားထဲကနေ မြင်အောင်ကြည့်ရတာ မဟုတ်တော့ဘဲ သူတစ်ယောက်တည်းကနေ နေသစ်တစ်ယောက်တည်းကို ကြည့်နေနိုင်တာ။ မြင်နေရတဲ့တိုင် သူအားမရ။ သူ့လက်ချောင်းတွေကို ဖွဖွဆုပ်ကိုင်ထားတဲ့ နေသစ်လက်တွေကြား ရုန်းမထွက်နိုင်အောင်…နေသစ်သူ့ကို လက်လွှတ်ဖို့ မလွယ်အောင် တစ်ချောင်းချင်းစီနဲ့ ယှက်နွယ်ရစ်ပတ်လိုက်မိတော့တယ်။

အဲ့တော့ နေသစ်က

“မင်းကွာ…”

ဆိုပြီး ဆက်မပြောဘဲ ခပ်ဖွဖွရယ်တယ်။ အရမ်းချောလွန်းလို့ ကြည့်ချင်လွန်းလို့ နေသစ် ခေါင်းငုံ့သွား

တာကိုတောင် မရမကနေသစ်မျက်နှာကို လိုက်ငေးနေတော့တာပါပဲ။

__________________________________________________________________

Comments

  1. အားးးးချစ်လိုက်တာ။ခရီးသွားတာလေးပါ ဖတ်ချင်လာပြန်ပြီ။......လောဘ လောဘ😁

    ReplyDelete
  2. ခန့်ညီကိုအရင်တည်းကသဘောကျခဲ့ရတာ ခုလိုသူ့povလေးတွေသိရတော့ပိုလို့ချစ် အာ့ကြောင့်နေသစ်ကလည်းသည်းသည်းခှုပ်ဖြစ်နေတာ

    ReplyDelete
  3. အမလေး အသည်းတွေယားလိုက်တာ ခန့်ညီလေးက်ု ငါ့ကလေးလေး ချစ်ရတဲ့သူဆီကနေ အချစ်တွေအများကြီးရပီး အချစ်ခံနေရပီ❤️❤️❤️

    ReplyDelete
  4. ချစ်လိုက်တာခန့်ညီလေးရယ် 😭😭

    ReplyDelete
  5. Extra တွေဖတ်ရလေ မလုံလောက်လေ ပိုဖတ်ချင် သိချင်လာလေပဲ ခန့်ညီလေးကို ချစ်လွန်းလို့ ဘယ်လိုလုပ်ရပါ့ 😭🤍

    ReplyDelete
  6. မြေ့မှာ နေသစ်ကို အရမ်းသဘောကျတာ။
    နေသစ်ရဲ့ ချစ်ပေးတတ်တဲ့ပုံစံကိုရောပဲ။
    အရင်က နေသစ်ရဲ့ အတွေးနဲ့ပဲ ခန်ညီရဲ့ ချစ်တဲ့ပုံစံ မြင်ကြည့်နေရင်းက အခုလို ခန့်ညီ pov လေးကို ဖတ်ရတော့ ခန့်ညီဘက်ကနေ နေသစ်ကို ချစ်ပေးတဲ့ပုံစံလေးတွေ မြင်ရတာက အရမ်းချစ်ဖို့ကောင်းတယ်။

    ReplyDelete
  7. ဘာကောင်လေးလဲကွာ သူအရမ်းပျော်နေတာ ကိုကြီးနေသစ်အနား အတူရှိခွင့်ရတာ သူဖြစ်နေလို့ တကယ့်အူယားစရာခွေးပေါက်လေးလိုလဲကွာ

    ReplyDelete
  8. နေလို့ခေါ်ရင် ကိုကိုတင်မဟုတ် ဒီကပါရူးချင်တာ တအား

    အရမ်းချစ်တာပဲလို့ 😭

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

1

ညင်းသဲ့လေသွေး ခေါ်ဆောင်ယူရာ အရပ်၌… မြတ်နိုးခြင်းများ ဦးဆွေးဆံမြည့် *** အပိုင်း (၁) အာ...သူ သေဆုံးသွားခဲ့ပြီပဲ... မြူတွေဆိုင်းနေတဲ့ ဝန်းကျင်မှာ လဲလျောင်းငြိမ်သက်နေတဲ့ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တယ်။ ပါးနှစ်ဖက်ဟာ ချိုင့်ခွက်လျက်...မျက်ကွင်းတွေက ခပ်နက်နက် ဖြစ်နေပြီးညိုမည်းနေတယ်။ နှုတ်ခမ်းတွေဟာလည်း အအေးဓာတ်ကြောင့်ပြာနှမ်းလို့... အမြဲတမ်း ပန်းရောင်ဆားခဲလို ဖြစ်ခဲ့တဲ့ သူ့အသားအရေတွေဟာလည်း သွေးမရှိသလို ဖြူဆုတ်ပြီး...သူ့ဆံပင်တွေဟာ ကျဲပါးလွန်းတာ‌ကြောင့် ဦးရေပြားကိုတောင် မြင်နေရတယ်။ သူငိုချင်သွားတယ်။ ဒီလို ပုံဆိုးပန်းဆိုးပုံစံကြီးနဲ့ ခမ်းလျန်နား နေခဲ့တာတဲ့လား။ ဒါကိုတောင် ခမ်းလျန်က ကြင်ကြင်နာနာ နဲ့ အနမ်းလေးတွေပေးခဲ့တာတဲ့လား။ ဘုရားရေ...ခမ်းလျန် ။ ခမ်းလျန် သူနဲ့တူတူရှိနေခဲ့တာ။ မြူတွေကြားထဲမှ သူ့ခန္ဓာကိုယ်ကို ဖက်ထားဆဲဖြစ်တဲ့ လက်ဖြူဖြူလေး။ လက်သည်းတွေဟာ တုံးတိတိဖြစ်လျက် ပိုးသတ်ဆေးတွေကြောင့် အရေခွံတွေ လန်ကာ ခပ်ကြမ်းကြမ်းဖြစ်နေတဲ့ လက်ချောင်းထိပ်လေးတွေ။ မဖြစ်ရဘူး။ မဖြစ်ရဘူး လို့ သူ့စိတ်ထဲ အော်ဟစ်ပြီး ခမ်းလျန်ကို ငုံ့မိုးကြည့်မိတယ်။ ထိတ်လန့်တုန်လှုပ်စိတ်နဲ့ သူ့ကို ကျစ်နေအောင် ဖက်ထားတဲ့ ခမ်းလျန်ကိုပုတ်နှိုး...