Skip to main content

FINALE




ဇာတ်သိမ်းပိုင်း


“နေသစ်က ဖျားနေတယ် သားရယ်။ သူ့ တက်တူးတွေနေရာ ပိုမဆိုးသွားဖို့လည်း ဂရုစိုက်နေရတော့လေ”

“ဟုတ်”

အိမ်လိုက်သွားတော့ မမလတ် ရယ် ၊ မမကြီးရယ်က သူ့ကို လက်ခံတွေ့တယ်။ မိဘတွေကတော့ ထွက်လာမတွေ့တော့ဘူး။ မမလေးကလည်း သူ့ကို ခြံတံခါးဖွင့်ပေးပြီး မျက်စောင်းထိုးသွားပြီးတည်းက ပေါ်မလာတော့ဘူး။

နေသစ်ခိုင်းလို့ နေသစ်စကားနားထောင်ပြီး လုပ်တာဆိုပေမဲ့ အပြစ်ကတော့ သူတစ်ယောက်တည်း အတင်ခံ
လိုက်ပ့ါမယ်။ နေသစ်ကို ကာကွယ်ပေးတဲ့ နေသစ်အစား ဒေါသထွက်ပေးတဲ့ အစ်မတွေ ၊ မိဘတွေရှိတာလည်း မကောင်းတဲ့ ကိစ္စမှ မဟုတ်တာ။ နေသစ်အတွက်အရမ်းကောင်းတာပေ့ါ။

“နေသစ်ကလေ…သားကို မတွေ့ချင်တာထက် သူက စာကိုပဲ ကြိုးစားချင်တော့တဲ့ပုံပဲ”

နေသစ်က စာကြိုးစားမှာတဲ့လား။ နောက်ဆုံးတော့ အမြင်မှန်ရသွားပြီပဲ။

“သူ သူ့အစ်မ ဝမ်းကွဲတွေရှိတဲ့ သြစတြေးလျ ကို သွားချင်နေတာ။ မမကြီးတို့ကလည်း လွှတ်ချင်တာ။ အဲ့ဒါကြောင့် သားက သူနဲ့ ခဏတော့ ခွဲရမယ်ထင်တယ်”

“ဟုတ်”

မမလတ်ကတော့ မမကြီးလောက် မပြတ်သားဘူးထင်။

“သားရော အဆင်ပြေရဲ့လား။ သားမှာလည်း သားအစီအစဥ်တွေ ရှိမှာပေ့ါ” လို့ ထပ်မေးတယ်။

“ဟုတ်”

ဒါနဲ့ပဲ သူ အိမ်ကနေ ပြန်လာခဲ့တယ်။

***


“ဖေဖေ”

“အေး…သားငယ်…ထူးထူးဆန်းဆန်းဖုန်းတွေဆက်နေတာ ပြောပါအုံး”

“သြစတြေးလျ ခဏလောက် သွားချင်တယ်။”

“ဟမ်…သားက အဲ့မှာ ဘာလုပ်ချင်လို့လဲ”

“ကျောင်းတက်မလို့…”

“ဒီကို လာမှာဆို ။ ဘယ်လိုဖြစ်လို့ စိတ်ကူးပြောင်းသွားတာလဲ။”

“စကော်လာလျှောက်ဖို့…နောက်နှစ်မှပါ၊ ဒီနှစ်တော့ မမီတော့ဘူး။ ဒါပေမဲ့ သွားလည်ချင်တယ်”

“တစ်ယောက်တည်းလား”

“ဟုတ်”

“မေမေ့ကိုရော ပြောပြီးပြီလား”

“ဟုတ်”

ဖေဖေ ဖုန်းတစ်ဖက်မှနေပြီး သက်ပြင်းချတယ်။

“ဟုတ်ပြီ။ ဖေဖေလိုတာစီစဥ်ပေးမယ်နော်။”

“ဟုတ်”

ဖေဖေဖုန်းချသွားပြီးနောက်တော့ သူစိတ်ချထားလိုက်နိုင်ပြီ။ မေမေ့ကိုလည်း သူပြောပြီးပြီ။ နေသစ်က သူ့ကို မြန်မာမှာပဲ Goodbye လုပ်သွားတာ ။ သူသာလိုက်သွားနိုင်ရင် ဒါဟာ နောက်ဆုံးနှုတ်ဆက်ခြင်း မဟုတ်တော့ဘူးလေ။

***

မေမေ အတန်တန် တားတဲ့ကြားကနေ သူ့ ဆယ်နှစ်ကျော် စုဆောင်းထားတဲ့ ငွေပမာဏကို မြင်တဲ့အခါ ရင်ဘက်မိကာ

“သားငယ်ရယ်…” ဆိုတာပဲ ရေရွတ်နိုင်တယ်။

“ဒီလိုနေ့အတွက် မုန့်တောင် တစ်ခါမှ ဝယ်မစား ၊ အဝတ်အစားမပြောနဲ့ ဖိနပ်အသစ်တောင် မေမေဝယ်ပေးတာပဲ ဝတ်ခဲ့တာလား”

“အစကတော့ နိုင်ငံခြားမှာ ကျောင်းတက်မလို့ပါ”

မေမေ ဘာမှမပြော။ ကိုကိုကတော့ နားထောင်နေရင်းနဲ့မှ ထိုင်ရာက ထကာ အခန်းထဲဝင်သွားတယ်။ ဒီလိုနဲ့ သူဟာ မယ်ဘုန်းလ် လေဆိပ်ကို နေသစ်ထက် ၂ရက်စောရောက်ခဲ့တာ။ လူဝင်မှုကြီးကြပ်ရေးကို ဖြတ်ပြီးတာတောင် သူ လေဆိပ်ထဲ မထွက်ရဲဘူး။ ဖုန်း Sim ဝယ်ပြီး နေသစ်သတင်းကိုသာ စောင့်နေမိတယ်။

မမလတ်က သူတို့ အမျိုးဖုန်းနံပါတ်ပေးတယ်။ အဲ့အိမ်မှာသွားစောင့်နေ ၊ နေသစ်လာရင် အတူတူ လာကြိုလှည့်ပေ့ါလို့ အကြံပေးပေမဲ့ နေသစ်မရှိတဲ့ သူစိမ်းအရပ်မှာ သူစိမ်းတွေနဲ့နေဖို့ထက် နေသစ်လာတာကို စောင့်နေဖို့က သူ့အတွက်ပိုလွယ်ကူတယ်။ နှစ်ရက်လုံး သူ စာဖတ်လိုက် ၊ လမ်းပတ်လျှောက်လိုက် ၊ လေဆိပ်ထဲက မုန့်တွေက စျေးကြီးလို့ သူထည့်လာတဲ့ ပေါင်မုန့်ခြောက်တွေကို ရေနဲ့မျှောချလိုက် ၊ နောက်ဆုံးမှာ

နေသစ် ပါလာတဲ့ လေကြောင်းကို ကြေငြာတော့မှ သူဟာ ခရီးသည်စောင့်တဲ့ နေရာမှာ နာရီနဲ့ချီ ရပ်စောင့်နေခဲ့တယ်။ နေသစ် ဘယ်နားက ထွက်လာမလဲ မှန်းလို့မရပေမဲ့….နေသစ်ကို နေရာစိမ်းနဲ့ သူစိမ်းတွေကြားမှာ သူက အရင်းနှီးဆုံး မိသားစုဝင် ၊ နေသစ်ပထမဆုံး စတွေ့တဲ့ သူ ဖြစ်ချင်မိတယ်။

နောက်ဆုံးတော့…

နေသစ်က တကယ်ကို့ရို့ကားယားပါပဲ။ အခုလည်းကြည့် အထုပ်တွေ တွဲလောင်းဖြစ်နေတာ‌တောင် ရေခဲမုန့်ကို လက်မလွှတ်နိုင်ဘူး။ သူကပဲ နေသစ်လက်ထဲက ရေခဲမုန့်ကို သွားလွှင့်ပစ်ပေးပြီး လက်ချောင်းလေးတွေကိုလည်း သုတ်ပေးရပြန်တယ်။ အချိုတွေကို အဲ့လောက်ကြိုက်တာလား။ ဘာတွေမှန်းမသိ ရှုပ်ယှက်ခတ်နေတဲ့ အိတ်တွေကိုလည်း ပြောင်းလွယ်ပေးလိုက်တယ်။

"သောက်ထာကျအောင်လုပ်ပြမနေဘဲ ငါမေးတာအရင်ဖြေဦး"

နေသစ်က ပထမဆုံးအကြိမ် သူ့အကြောင်းတွေ အများကြီးမေးခဲ့တဲ့ နေ့ပါပဲ။ ဘယ်တော့မဆို သူ့အကြောင်းကို မသိချင်ခဲ့တဲ့ နေသစ်ဆီမှာ မေးခွန်းတွေ အများကြီးမှ အများကြီးပဲ။

"ဘာလို့နေမှာလဲ။ မင်းကိုဘယ်သူကလက်ခံမယ်ပြောလို့လဲ။”

ဒီမေးခွန်းမျိုးကို အစောကြီးတည်းက မေးရမှာ မဟုတ်ဘူးလား ။ ဖြစ်နိုင်ရင် စတွေ့တည်းက ဘိုမလေး နဲ့ အလုပ်ရှုပ်မနေဘဲ မေးရမှာလေ။

"ငါ...မင်းနဲ့ပဲနေချင်တော့လို့"

စကားတွေသာ အများကြီးပြောနေတာ သူ့ကိုယ်ပေါ်မှာ ညစ်ပေနေတာတွေတော့ ဘယ်တော့မှ အာရုံမရဘူး။ ဖိနပ်ဦးပေါ်က ရေခဲမုန့်အစက်တွေကို သုတ်ပေးပြီး

"မင်း နဲ့ နေခွင့်ပြုနော်..."

တစ်သက်လုံးဆိုတဲ့ စကားတော့ ထည့်မပြောဖြစ်ဘူး ။ နောက်မှပဲ ထွက်မသွားတော့အောင် နေသစ် စကားပဲ ပိုနားထောင်ရမှာပဲ။ အခုလည်း ကတိထပ်ပေးလိုက်တယ်။

"မင်းစကားပဲနားထောင်ပါ့မယ်"

အမြဲလည်းနားထောင်ခဲ့တာမို့ ငါ့အတွက် မခက်ခဲပါဘူး။ မင်းကိုပဲ ကြည့်ပြီး ၊ မင်းနဲ့ပဲ နေဖို့ ၊ မင်းခေါ်ဆောင်ရာ နေရာတိုင်းကို ဖဝါးထပ်မခွာလိုက်ဖို့…

ငါက အဲ့အတွက်ပဲ ငါဖြစ်တည်နေတာပါ။

THE END


















Comments

  1. ငိုချင်တယ် အရမ်းအရမ်းကိုအော်ငိုချလိုက်ချင်တယ် တစ်ယောက်ထဲ ပင်ပန်းခက်ခဲခဲ့သမျှ လှလှလေးအဆုံးသတ်ပြီး ချစ်ရသူအနားနေခွင့်ရသွားတာ ကလေးလေးအတွက်အရမ်းဝမ်းသာတာပဲ🥺😭

    ReplyDelete
  2. ခန့်ညီ​လေး​ရေ....🫂🫂🫂

    ReplyDelete
  3. အချစ်ဆိုတာ အဲ့လို့မျိုး အရမ်းကို နူးညံ့တာပါလား......

    ReplyDelete
  4. ရင်ထဲအောင့်တက်လာပြီး မျက်ရည်က သူ့အလိုလိုစိမ့်ထွက်လာတယ် ညီရယ်။မြေ့မှာတုန်းကလဲ ခံစားချက်ကို ထုံပေပေနဲ့ ပြောစကားတွေနားထောင်ပြီး ချစ်ပေး။အခုလဲ ရင်ထဲက ခံစားချက်တွေသိရတော့ ပိုနာကျင်ရတယ်။
    ဒီ့ထက် ဒီထက်ပိုပြီး နေသစ်ချစ်ပေးတာကို လက်ခံရင်း ပျော်ရွှင်ပါစေ ညီရေ။ရှေ့ဆက်ပြီး နေသစ်ဆီမှာ ပျော်နေတာလေးတွေ ထပ်မြင်ရရင်ကောင်းမယ်

    ReplyDelete
  5. ချစ်လိုက်တာ သားသားရေ

    ReplyDelete
  6. ခန့်ညီလေးရေ… ချစ်ရတဲ့နေသစ်လေးနဲ့ အမြဲတူတူရှိပါစေ ကလေးလေးရေ💕💕💕💕

    ReplyDelete
  7. ငါတို့ရဲ့ညီလေးရယ် ရင်ထဲကခံစားရတာကိုပြောတောင်မပြတတ်အောင်နင့်နေတာပဲ ကလေးလေးရယ် အခုကော နေသစ်ရဲ့အချစ်တွေနဲ့ပျော်နေရပြီမလားကလေး

    ReplyDelete
  8. နေသစ်ရဲ့အချစ်တွေနဲ့အမြဲပျော်ရွှင်ပါစေ ခန့်ညီလေးရယ် 🥰

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...