Skip to main content

48

 


အခန်း (၄၈)  နှလုံးသားကို နူးညံ့ပျော်ဝင်စေလောက်အောင် ချိုမြိန်လွန်းသည်

ထိုစဉ် မုန့်ယွမ်၏ ဖုန်းဆီမှ နိုတီသံ ထွက်ပေါ်လာသည်။ သူသည် စွပ်ပြုတ်ကို တစ်ငုံသောက်လိုက်ပြီးနောက် မက်ဆေ့ချ်ကို ဖတ်ကာ အားရပါးရ ရယ်မောလိုက်သည်။ သူ၏ မျက်နှာထက်တွင်လည်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။ 

“ဝိုး... ကောင်းတဲ့အရာတွေက တကယ်ကို တစ်ခုပြီးတစ်ခု လာနေတာပဲ!”

ရှီရို့မှာမူ ထမင်းစားချင်စိတ် သိပ်မရှိသဖြင့် ရှဲ့ယို့၏ မှတ်ချက်ကဏ္ဍကို လိုက်ဖတ်ခြင်းနှင့် Tomato Forum မှ သတင်းများကို Refresh ပြုလုပ်ခြင်းတို့ကိုသာ လက်မနားတမ်း လုပ်ဆောင်နေသည်။ မုန့်ယွမ်၏ အာမေဍိတ်သံကြောင့် သူမက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။  

“အစ်ကိုမုန့်... ဘာသတင်းကောင်းမလို့လဲဟင်။”

“ဇန်နဝါရီ ၁၁ ရက်နေ့မှာ ရှန့်စေက ဖက်ရှင်ပွဲတော် ကျင်းပမယ်လို့ ငါ အရင်က ပြောခဲ့ဖူးတယ် မဟုတ်လား။ အခုပဲ ဖိတ်စာ ရောက်လာပြီလေ။ အဲဒီနေ့ကျရင် နျန့်နျန့်က Red Carpet လျှောက်ရလိမ့်မယ်!”

ယွီနျန့်သည် သူ၏တူကို ချလိုက်သည်။ 

"ဟုတ်ကဲ့အစ်ကိုမုန့်၊ ဒီအစီအစဉ်အကြောင်းကို မနေ့ကပဲ အစ်ကို ကျွန်တော့်ကို ပြောပြထားပါတယ်"

မုန့်ယွမ်က သူ၏ဖုန်းကို ညွှန်ပြလျက် မျက်ခုံးတစ်ချက် ပင့်လိုက်သည်။ 

"အင်း... လူတွေက တကယ်ကို ဖောက်ပြန်လွယ်တာပဲ! အစောပိုင်းက ငါပွဲစီစဉ်သူတွေကို ဆက်သွယ်တော့ သူတို့က Red Carpet လျှောက်ဖို့ကိုတောင် ဝန်လေးနေကြတာ။ စက္ကန့်ပိုင်းအလိုက် တွက်ချက်ပြီး တအားကို ကပ်စေးနှဲပြခဲ့တာလေ။ သူတို့ရဲ့ မေးစေ့တွေက အပေါ်မျက်နှာကျက်ကို ထိတော့မတတ် မောက်မာနေခဲ့ကြတာ။ ဒါပေမဲ့ အခုတော့ အလုပ်ဆင်းချိန်ကျော်ပြီး အပြင်မှာ မှောင်တောင်မှောင်နေပြီ။ အဲဒီတာဝန်ခံက ငါ့ဆီကိုလာပြီး ယွီနျန့်အနေနဲ့ ဧည့်သည်တော်အဖြစ် စင်ပေါ်မှာ သီချင်းတစ်ပုဒ် ဆိုပေးလို့ရမလားဆိုပြီး လာတောင်းဆိုနေသည်။"

ရှီရို့သည် ထိုအကြောင်းကို ကြားသောအခါ စိတ်တိုသွားပြီး  

"ပွဲစီစဉ်သူတွေက ငါတို့ကို ဒီလောက်တောင် အထင်သေးရတာလား။ အစ်ကိုမုန့်... ငါတို့ ချက်ချင်း သဘောမတူလိုက်နဲ့ဦးနော်!" ဟု ဆိုသည်။

မုန့်ယွမ်က ပြန်မဖြေဘဲ ယွီနျန့်ဘက်သို့ လှည့်ကာ  "နျန့်နျန့်... မင်းကော ဘယ်လိုထင်လဲ။" ဟု မေးလိုက်သည်။

"ကျွန်တော့်အမြင်ကတော့ စဉ်းစားပေးပါ့မယ်လို့ပဲ အကြောင်းပြန်ထားသင့်တယ်ထင်တယ်။ သဘက်ခါအထိ စောင့်နေရင်တော့ အချိန်နှောင်းသွားလိမ့်မယ်။ မနက်ဖြန်ကျမှပဲ ဖိတ်ကြားပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ ဧည့်သည်တော်အဖြစ် သီချင်းဆိုပေးဖို့ သဘောတူကြောင်း အကြောင်းပြန်လိုက်ရင် ရပြီ”

"အင်း... လိမ္မာပါးနပ်တာပဲ!" 

မုန့်ယွမ်က စိတ်ကြည်လင်စွာဖြင့် ဆိုလိုက်ပြီး စွပ်ပြုတ်ကို နောက်ထပ်တစ်ငုံ သောက်လိုက်သည်။ 

"ဟုတ်တယ်! ငါတို့ ဒီလိုပဲ လုပ်သင့်တာ! သူတို့အကြိုက် လိုက်ဖို့အတွက်လည်း အလောတကြီး မဖြစ်သင့်သလို၊ အရမ်းလည်း မောက်မာမပြသင့်ဘူး။ အရင်နည်းလမ်းက လူတွေရဲ့ အထင်သေးတာကို ခံရစေနိုင်ပြီး၊ နောက်နည်းလမ်းကတော့ လူတွေကို အကဲဆတ် စိတ်ဆိုးစေလိမ့်မယ်။ နှစ်ခုလုံးက မကောင်းဘူ”

သူသည် မက်ဆေ့ချ်ကို ပြန်လည်ဖြေကြားရန် ဖုန်းကို ကောက်ကိုင်လိုက်ရင်း  

“နျန့်နျန့် အကြံပေးတဲ့အတိုင်းပဲ လုပ်ကြတာပေါ့။ ဘယ်သီချင်းဆိုမယ်။ ဘာဝတ်မယ်ဆိုတာကိုတော့ ဒီည ငါသေချာတိုင်ပင်လိုက်ဦးမယ်။ ဒါက မင်းရဲ့ ပထမဆုံး Red Carpet လျှောက်လှမ်းမှုဆိုတော့ လူတွေကို အထင်ကြီးသွားစေဖို့ လိုတယ်...” 

နောက်ရက်အနည်းငယ်အတွင်းတွင် ယွီနျန့်သည် သီချင်းဗီဒီယိုရိုက်ကူးရေးတွင်သာ စိတ်ရောကိုယ်ပါ အာရုံစိုက်ထားသည်။ တစ်ခါတစ်ရံတွင် မာစတာတိပ်ခွေ၏ နောက်ဆုံးပိုင်းတည်းဖြတ်မှု အတွက်သာ အချိန်ပေးဖြစ်ပြီး အင်တာနက်ပေါ်ရှိ အတက်အကျသတင်းများကိုမူ သိပ်ပြီး ဂရုမစိုက်ဖြစ်ပေ။

နေ့လယ်စာ အတူစားကြသည့်အချိန်များတွင် မုန့်ယွမ်က အကြောင်းအရာအချို့ကို စကားစတတ်သည်။

“ငါ ရွှီယာလင်ရဲ့ မန်နေဂျာနဲ့ ကိုယ်တိုင် ဆက်သွယ်လာတယ်။ ယောင်ယန်က ဘာမှထွက်မပြောဖို့ ဆုံးဖြတ်ထားပုံရတော့ ငါတို့ကလည်း သူ့ကို တိုက်ရိုက်သွားပြီး ရင်ဆိုင်မနေတော့ဘူး။ အဲဒီအစား သူ့ကို သိက္ခာဖျက်မှုနဲ့ စုပေါင်းပြီး တရားစွဲကြမယ်! ဘာပဲဖြစ်ဖြစ် ငါတို့ဘက်မှာ ဥပဒေရှိတယ်။ အခုလို အရေးကြီးတဲ့အချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ဥပဒေကြောင်းအရ ရင်ဆိုင်ဖို့က အရေးကြီးတယ်လေ။”

ယွီနျန့်သည် ကိုယ်ထည်ကြီးမားသော အနက်ရောင် အနွေးထည်ကြီးကို ဝတ်ဆင်ထားရင်း စွပ်ပြုတ်ပူပူတစ်ခွက်ကို ကိုင်ကာ ခေါင်းညိတ်လိုက်သည်။ 

“ဟုတ်ပါတယ်လေ။ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ လုပ်ရတာက တန်ဖိုးအရမ်းနည်းလွန်းတယ်လေ။ ဒီတစ်ခါမှာသာ ပြတ်ပြတ်သားသား မရပ်တည်ခဲ့ရင် နောက်ထပ် အနုပညာရှင် ဘယ်နှယောက်လောက်က ဒီလို မရေမရာတဲ့ စွပ်စွဲချက်တွေနဲ့ အပုပ်ချခံရဦးမလဲ မသိဘူး။ အဲဒီလို အစွန်းအထင်းတွေက သူတို့တစ်သက်လုံး ဆေးကြောလို့ ရမှာမဟုတ်ဘူး”

“ဟုတ်တယ်။ ငါလည်း အဲဒီလိုပဲ တွေးတယ်။ စိတ်မပူပါနဲ့ နျန့်နျ ဘာ ပြဿနာမှ ရှိမှာမဟုတ်ဘူး။ ဒါနဲ့... မင်းစီစဉ်ပေးထားတဲ့ သီချင်းတွေထဲက ခုနစ်ပုဒ်တောင် ရောင်းလိုက်ရပြီနော်။”

“ဒီလောက်တောင် မြန်တာလား။” ယွီနျန့် အံ့ဩသွားသည်။ 

“တစ်ပတ်တောင် မပြည့်သေးဘူးလေ၊ ခုနစ်ပုဒ်တောင် ရောင်းလိုက်ရပြီလား။”

မုန့်ယွမ်ကလည်း ပြန်ပြီး အံ့ဩပြသည်။ 

“ငါပြောပါရစေဦး နျန့်နျန့်၊ မင်းက ကိုယ့်ကိုယ်ကိုယ် ဘယ်လိုများ ထင်နေလို့လဲ။ ခြောက်ရက်အတွင်းမှာ ခုနစ်ပုဒ် ရောင်းရတာက ငါက ပါတနာတွေကို သေချာရွေးချယ်နေလို့ပါ။ တကယ်လို့သာ ဘယ်သူ့ရောင်းရောင်းဆိုပြီး ရောင်းလိုက်ရင် မင်းဆီမှာရှိတဲ့ ဆယ်ဂဏန်းကျော် သီချင်းတွေက မျက်စိတစ်မှိတ်အတွင်း ကုန်သွားမှာပဲ သိလား။”

ယွီနျန့်က ဇဝေဇဝါဖြစ်နေဆဲကို မြင်သောအခါ မုန့်ယွမ်သည် သူ၏တူကို ချလိုက်ပြီး ဤကိစ္စကို အသေးစိတ် ဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။

“ငါ မင်းကို ရှင်းပြမယ်။ မင်း ယွီချင်းအတွက် ရေးပေးခဲ့တဲ့ သီချင်းတွေက ‘Nothing to Lose’ အယ်လ်ဘမ်ထဲမှာ ပါသွားပြီး အကြီးအကျယ် ပေါက်ခဲ့တယ်။ အဲဒီအချိန်တုန်းက ဒီလောကထဲမှာ မင်းကို သီချင်းခိုင်းရေးချင်တဲ့သူတိုင်းဟာ ပေါက်ဈေးထက် နှစ်ဆပေးခဲ့ရတာ။ အဲဒီနောက် ယွီချင်းရဲ့ နောက်ထပ် အယ်လ်ဘမ်နှစ်ခုကလည်း ဆက်တိုက်အောင်မြင်ခဲ့ပြီး မင်းရေးတဲ့ သီချင်းတိုင်းက သီချင်းဇယားတွေမှာ ထိပ်ဆုံးကချည်းပဲ။ အဲဒီမှာ မင်းရဲ့ သီချင်းဈေးနှုန်းက ပုံမှန်ထက် လေး၊ ငါးဆလောက်အထိ တက်သွားတာနော်။ ဒါပေမဲ့ အဲဒီတုန်းက မင်းက ကျောင်းစာကိုပဲ အာရုံစိုက်နေတော့ ပိုက်ဆံဘယ်လောက်ပေးပေး မင်းကို ရှာမတွေ့ခဲ့ကြဘူးလေ။ အခု Ghostwriting ကိစ္စပြီးတဲ့နောက်မှာတော့ မင်းဟာ ဝါရင့်ပညာရှင်ကြီး နှစ်ယောက်ကလွဲရင် သြဇာအရှိဆုံး သီချင်းရေးဆရာနဲ့ တေးပြုသူ ဖြစ်လာခဲ့ပြီ။” 

မုန့်ယွမ်က လက်ကိုမြှောက်ပြီး လက်ချောင်းငါးချောင်းကို ပြလိုက်သည်။ 

“ငါ သီချင်းရောင်းရင် တစ်ပုဒ်ကို ငါးသိန်းလောက်အထိ အသာလေး တောင်းလို့ရတယ်။”

ယွီနျန့် တကယ်ကို ထိတ်လန့်သွားသည်။ 

“ကျွန်တော် ခန့်မှန်းထားတဲ့ အမြင့်ဆုံးဈေးက တစ်ပုဒ်ကို တစ်သိန်းလောက်ပဲလေ...”

မုန့်ယွမ်က အားမနာတမ်း မျက်စောင်းထိုးလိုက်သည်။ 

"မင်းကတော့ ကိုယ့်ကိုယ်ကိုယ် တကယ်ကို အထင်သေးလွန်းတယ်! မင်းရဲ့သီချင်းတွေက အရည်အသွေးမြင့်တယ်၊ တစ်ပုဒ်ချင်းစီက လက်ရာမွန်တွေဖြစ်လို့ လူတွေရဲ့အာရုံစိုက်မှုကို သဘာဝအတိုင်း ရရှိတာပဲ။ မင်းနဲ့ လက်တွဲချင်တဲ့ အဆိုတော်တွေက မရေမတွက်နိုင်အောင် ရှိတယ်လေ! တစ်သိန်းတဲ့လား။ အဲဒါက မင်းကိုရော ငါ့ကိုပါ စော်ကားလိုက်တာပဲ! ငါးသိန်းဆိုတာတောင် သင့်တင့်တဲ့ဈေးပဲ ရှိသေးတယ်! ငါသာ နည်းနည်းလောက် ပိုပြီး လူလည်ကျမယ်ဆိုရင် တစ်ပုဒ်ကို ရှစ်သိန်းနဲ့ ရောင်းရင်တောင် ဝယ်မယ့်သူက တန်းစီနေမှာပဲ!"

မုန့်ယွမ်၏ မျက်နှာပေးကြောင့် ယွီနျန့် ရယ်မောမိသော်လည်း စိတ်ထဲမှ ပြန်တွက်ကြည့်လိုက်သည်။ 

"ဒါဆို အဲဒီ ခုနစ်ပုဒ်က... ယွမ် ၃.၅ သန်း ရတာပေါ့။"

ထိုသို့ပြောပြီးနောက် သူ၏ပထမဆုံး အတွေးမှာ ကျူဒါး ၏ "နွေဦးမှာ လှည့်လည်တဲ့ မြင်းမူးလေး" (Drunken Horse Roaming in Spring) ပန်းချီကားကို ဝယ်ရန် လိုအပ်နေသေးသည့် ကျန်ငွေပမာဏပင် ဖြစ်သည်။

မုန့်ယွမ်က ခေါင်းညိတ်ပြသည်။ 

"ဟုတ်တယ်။ ငါ့ဆီမှာ သီချင်း ၁၀ ပုဒ် ကျန်သေးတယ်။ နောက်မှပဲ ဆက်ရောင်းမယ်။ တစ်ခါတည်း အများကြီးရောင်းရင် ဈေးကွက်တန်ဖိုး ကျသွားပြီး သိပ်မတန်တော့မှာစိုးလို့"

ယွီနျန့်လည်း နားလည်သွားသည်။ 

"အင်း... ရှားမှ တန်ဖိုးရှိတာကိုး။ အစ်ကိုမုန့်က ပိုနားလည်တာပဲ။ အစ်ကို့အကြံအတိုင်းပဲ လုပ်ပါ့မယ်"

"ဟုတ်တယ်။ အဲဒါ အမှန်တရားပဲ။" 

မုန့်ယွမ်က ယွီနျန့်ကို သဘောကျသည့် အချက်တစ်ခုမှာ သူနားမလည်သောအရာကို နားလည်သလိုမျိုး ဟန်မဆောင်ခြင်းပင် ဖြစ်သည်။ သူသည် ဘာကိုတော်ပြီး ဘာကိုမကျွမ်းကျင်ကြောင်း ကောင်းကောင်းသိသည်။ မကျွမ်းကျင်သော နယ်ပယ်များတွင် ကျွမ်းကျင်ပညာရှင်များ၏ စကားကို သူက ဝမ်းမြောက်ဝမ်းသာ နားထောင်တတ်သည်။

"ပြီးတော့ Florence ရဲ့ Illusion Ocean နှုတ်ခမ်းနီလည်း ရှိသေးတယ်။ မင်းရဲ့ 'ယွီနျန့်ကာလာ' က ပစ္စည်းဝင်တာနဲ့ ချက်ချင်း ကုန်သွားတာပဲ။ ဘရန်းဘက်ကလည်း အရမ်းကျေနပ်နေတယ်။ Red Carpet ပွဲအတွက် ငါ မင်းကို ပိုပြီးအဆင့်မြင့်တဲ့ ဝတ်စုံတစ်စုံ ငှားပေးမယ်။ အဲဒါဆိုရင်"

ထိုစဉ် တံခါးခေါက်သံ ကြားလိုက်ရသည်။ မုန့်ယွမ်က အသံကို အနည်းငယ်မြှင့်ပြီး "ဝင်ခဲ့ပါ" ဟု ခေါ်လိုက်သည်။

ရှီရို့ ဝင်လာပြီး တံခါးပြန်ပိတ်ကာ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။ 

"ဟို... နျန့်နျန့်၊ အစ်ကိုမုန့်။  ဥက္ကဋ္ဌရှဲ့က Weibo မှာ နောက်ထပ်စာတစ်စောင် တင်လိုက်ပြန်ပြီ"

"သူ နောက်ထပ် နှလုံးသားပုံစံ Trending တင်လိုက်ပြန်ပြီလား။" 

မုန့်ယွမ်က ထိုနေ့က ရှဲ့ယို့၏ ရူးသွပ်သော လုပ်ရပ်ကို မေ့မရသေးပေ။ ပို့စ်အသစ်အကြောင်း ကြားသည်နှင့် နှလုံးသားပုံစံကိုသာ အရင်ပြေးမြင်မိသည်။

"မဟုတ်ဘူး၊ မဟုတ်ဘူး၊" 

ရှီရို့က ဖုန်းစခရင်ကို ပြလိုက်သည်။ 

"ဥက္ကဋ္ဌရှဲ့က ယွီနျန့်ကို ပြန်ပြီး ပစ်မှတ်ထားလိုက်တာ။" 

သူမက ထိုသို့ပြောပြီးနောက် သက်ပြင်းပင် အသာချလိုက်မိသည်။

မုန့်ယွမ်လည်း လိုက်ပြီး သက်ပြင်းချမိသည်။ 

"ဒါမှ ပုံမှန်အခြေအနေလို့ ဘာလို့ ခံစားနေရတာလဲ မသိဘူး"

ရှီရို့ကလည်း ထပ်ခါတလဲလဲ ခေါင်းညိတ်သည်။ 

"ဟုတ်ပါ့၊ ဟုတ်ပါ့၊ ဥက္ကဋ္ဌရှဲ့က ယွီနျန့်ကို ရန်စနေတာ မြင်ရမှပဲ ပုံမှန်အခြေအနေလို့ ကျွန်မလည်း ခံစားရတယ်!"

သူတို့စကားကို နားထောင်နေသော ယွီနျန့်မှာမူ ဘာမှမပြောဘဲ ပြုံးလျက် ရှဲ့ယို့၏ Weibo ကို ဖွင့်ကြည့်လိုက်သည်။ နောက်ဆုံးတင်ထားသော ပို့စ်မှာ အရင်အတိုင်းပင် ဖြစ်နေသည်။

ရှဲ့ယို့  #ယွီနျန့်စီနင်း# ဟက်... ဒါကိုပဲ ထူးခြားတဲ့ ပါရမီလို့ ခေါ်တာလား။

[နောက်ဆုံးတော့ ဥက္ကဋ္ဌရှဲ့ ပို့စ်အသစ် တင်လာပြီ! ဒါပေမဲ့ ဒီသတင်းက ဟောင်းသွားပြီလေ။ ရှဲ့ယို့က အခုမှ လိုက်မှီတာလား။ တကယ့်ကို ချစ်ဖို့ကောင်းနေပြီ! ပြီးတော့ ယွီနျန့်ရဲ့ သီချင်းတွေက ကောင်းတာကိုတော့ ကျွန်မ မငြင်းပါဘူး။ ဒါပေမဲ့ သူက တကယ့်ပါရမီရှင် ဟုတ်မဟုတ်ဆိုတာကိုတော့ အနာဂတ်မှာပဲ စောင့်ကြည့်ရမှာပါ]

[အား... စိတ်မရှိပါနဲ့ ယောက်ျားရယ်။ ကျွန်မတော့ ယွီနျန့်ရဲ့ Fan ဖြစ်သွားပြီ! စီနင်းရေးတဲ့ သီချင်းတိုင်းကို ကြိုက်တယ်! KTV ရောက်ရင် အမြဲဆိုဖြစ်တယ်! ပြီးတော့ ကြော်ငြာကိုမြင်ပြီး Florence နှုတ်ခမ်းနီ ငါးချောင်းတောင် မအောင့်နိုင်ဘဲ ဝယ်လိုက်ပြီ...]

[ဟားဟားဟား ငါ မျက်စိမှားနေတာလား။ ဘာလို့ ရုတ်တရက်ကြီး ထူးထူးဆန်းဆန်း ချစ်ဖို့ကောင်းနေတယ်လို့ ခံစားရတာလဲ! ရှဲ့ယို့ရဲ့ Weibo ကို ကြည့်လိုက်ရင် စီးပွားရေးနဲ့ဆိုင်တဲ့ ပို့စ်တွေကလွဲရင် ကျန်တာက ယွီနျန့်၊ ယွီနျန့်၊ ယွီနျန့်တွေချည်းပဲ။ အဲဒါတွေက အဆိုးမြင်စကားတွေပဲ ဖြစ်နေသော်လည်း ရုတ်တရက်ကြီး ချိုမြိန်နေသလို ခံစားလိုက်ရတယ်!]

ယွီနျန့်၏ မျက်နှာတွင် အပြုံးများ မဖုံးနိုင်မဖိနိုင် ဖြစ်နေသည်ကို မြင်သောအခါ မုန့်ယွမ်က စပ်စုချင်စိတ်ဖြင့်  "အိုး... ဟို '၁၈၆' ဆိုတဲ့လူနဲ့ ထပ်ပြီး စာပို့နေပြန်ပြီလား။" ဟု မေးလိုက်သည်။

ယွီနျန့်က မျက်လုံးလေး ပင့်ကြည့်ကာ ပြုံးလျက်  "စာပို့နေတာ မဟုတ်ပါဘူး" ဟု ငြင်းလိုက်သည်။ သူ၏ Weibo ကို ကြည့်နေရုံသာ ဖြစ်သည်။

"မင်းကတော့ စိတ်ဓာတ် တကယ်ကောင်းတာပဲ။ ဒီလောက် ဝေဖန်ခံနေရတာတောင် စိတ်ထဲ ထည့်မထားဘူးပဲ၊" မုန့်ယွမ်သည် ယွီနျန့် စိတ်မကောင်းမဖြစ်သည်ကို မြင်တော့ လက်ယမ်းပြကာ  

"ကဲ... သွား၊ သွား... ကျို့မင်က မင်းကို ထပ်ပြီး လာခေါ်တော့မှာ။ သွားပြီး မင်းရဲ့ သီချင်းဗီဒီယို ဆက်ရိုက်တော့!"

ရိုက်ကူးရေး ပြီးဆုံးချိန်တွင် အတော်လေး နောက်ကျနေပြီ ဖြစ်သည်။ ယွီနျန့်သည် ရှီရို့ကို မစ်တီးများ ကြိုဝယ်ခိုင်းထားပြီး အဖွဲ့သားများကိုယ်တိုင် လိုက်လံဝေငှကာ သူတို့၏ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်စကား ဆိုခဲ့သည်။ ထို့နောက်မှ ရှီရို့နှင့်အတူ ထွက်ခွာလာခဲ့သည်။

အိမ်ပြန်ရောက်ပြီး ပစ္စည်းများ သိမ်းဆည်းပြီးနောက် ယွီနျန့်သည် ရှားမင်ရှီးနှင့် ဆယ်မိနစ်ခန့် ဖုန်းပြောလိုက်သည်။ ဖုန်းချလိုက်သည်နှင့် တစ်ပြိုင်နက် တံခါးခေါက်သံ ကြားလိုက်ရသည်။

ယွီနျန့်သည် ဤအရာကို တစ်ချိန်လုံး မျှော်လင့်နေခဲ့ခြင်း။ Weibo ပေါ်တွင် တမင်သက်သက် အကြောင်းပြချက်ရှာပြီး သူ့ကို လှောင်ပြောင်နေသော ထိုသူက အခု ဘာများ ပို့ပေးလိုက်ပြန်ပြီလဲ။ သူ တံခါးဖွင့်လိုက်သောအခါ သူသိထားသော လူတစ်ဦး ရပ်နေသည်။ ယွီနျန့်သည် ထိုသူ့ထံမှ လေးထောင့်သေတ္တာကို ယူလိုက်ရာ ထိုသူက ခေါင်းညိတ်နှုတ်ဆက်ပြီး ချက်ချင်း ပြန်ထွက်သွားသည်။

ယွီနျန့်သည် သေတ္တာကို ဂရုတစိုက် ဖွင့်ကြည့်လိုက်ရာ အတွင်းရှိ အရာကို မြင်လိုက်ရသောအခါ သူ၏ နှုတ်ခမ်းများက အလိုလို ပြုံးတက်သွားပါတော့သည်။

သူသည် ဖုန်းကိုကောက်ကိုင်ကာ မုန့်ယွမ်ထံသို့ မက်ဆေ့ချ် ပို့လိုက်သည်။

"အစ်ကိုမုန့်... Red Carpet ဝတ်စုံအတွက် ထပ်ပြီး စိတ်မပူပါနဲ့တော့‌"

သေတ္တာထဲတွင် လက်ဖြင့် အသေအချာ ချုပ်လုပ်ထားသော ရှပ်အင်္ကျီ၊ ဝတ်စုံ (Suit) နှင့် နီလာကျောက်ပါသော နက်တိုင်ကလစ်အစုံအလင် ပါရှိသည်။

ဇန်နဝါရီ ၁၁ ရက်နေ့တွင် ဖက်ရှင်ပွဲကြီးကို ည ၈ နာရီတွင် စတင်ကျင်းပသည်။

ကားထဲတွင် ယွီချင်းသည် Hersey၏ ပွဲတက်ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး ယွီနျန့်၏ အဝတ်အစားများကို အာရုံစိုက်ကာ စိုက်ကြည့်နေသည်။ ယွီနျန့်မှာ ဘာလုပ်ရမှန်းမသိဖြစ်ကာ  

"အစ်မ... လမ်းတစ်လျှောက်လုံး ကျွန်တော့်ကိုပဲ ကြည့်နေတာ၊ မျက်စိမညောင်းဘူးလား။" ဟု မေးမိသည်။

ယွီချင်းသည် သူမ၏ ဇာဖြူ လက်အိတ်ရှည်များကို ပြန်ပြင်လိုက်ပြီး၊ ကားနေသော ဂါဝန်စကို အသေအချာ ပြန်စီကာ အေးအေးဆေးဆေးပင် ပြန်ဖြေသည်။  

"တကယ် မညောင်းပါဘူး။" 

ထို့နောက် သူမ၏ လက်ချောင်းလေးဖြင့် ယွီနျန့်ကို အနားလာရန် အချက်ပြသည်။ 

"ကဲ... နျန့်နျန့်၊ အစ်မကို အမှန်အတိုင်း ပြောစမ်းပါ။ ဒီဝတ်စုံကို ဘယ်သူ ပေးတာလဲ။"

"အစ်ကိုမုန့် ငှားပေးတာ မဖြစ်နိုင်ဘူးလား။"

"မင်း ငါ့ကို လူအထင်နေတာလား။" ဆိုသည့် အကြည့်မျိုးဖြင့် ကြည့်ကာ  

"မုန့်ယွမ်မှာသာ ဒီဝတ်စုံကို ငှားနိုင်တဲ့ အရည်အချင်းရှိရင် ငါ့မျိုးရိုးနာမည်ကို မုန့်လို့ ပြောင်းပြီး 'မုန့်ယွီချင်း' လို့ပဲ အခေါ်ခံလိုက်တော့မယ်!"

"ဒါဆိုလည်း... ကျွန်တော် ကိုယ်တိုင် ဝယ်တာ ဖြစ်မှာပေါ့"

"မင်း နောက်နေတာလား။ မင်း ဝယ်တာတဲ့။ ဒီဝတ်စုံက အနည်းဆုံး ယွမ်နှစ်သန်းလောက် တန်တာ။ မင်းမှာ အသားတောင် ဝယ်စားဖို့ ပိုက်ဆံမရှိတာကို ငါ့ကို လာမလိမ်နဲ့၊" ဟု ယွီချင်းက သူမ၏ စူးရှသော မျက်လုံးများဖြင့် ကြည့်ကာ အခိုင်အမာဆိုသည်။ 

"ဒါကJones Kenton Studioက ဝတ်စုံလေ။ ဥရောပ တော်ဝင်မိသားစုတွေပဲ သုံးတာ။ သူတို့က ပြင်ပလူတွေအတွက် တစ်နှစ်ကို အစုံအနည်းငယ်ပဲ ချုပ်ပေးတာ။ တစ်စုံချင်းစီကလည်း တအားကို ဈေးကြီးတယ်။ ပြီးတော့ မင်းရဲ့ ရှပ်ကြယ်သီးတွေကလည်း အဖိုးတန် စုဆောင်းပစ္စည်းတွေပဲ။ အနည်းဆုံး သိန်းချီ တန်မှာ သေချာတယ်။ ဒါတွေက မင်းအဘိုးအဘွားတွေရဲ့ စုဆောင်းမှုထဲကလည်း မဟုတ်တာ သေချာတယ်။ အဲဒီတော့ အမှန်အတိုင်း ပြောစမ်းပါ၊ ဘယ်သူ ပေးတာလဲ။"

"အခုတော့ ပြောလို့ မရသေးပါဘူး"

"ဘာ။" ယွီချင်း နားမလည်နိုင်ဖြစ်ကာ  "ဒါဆို ဘယ်တော့မှ ပြောမှာလဲ။"

ယွီနျန့်က တိတ်ဆိတ်နေသည်ကို မြင်သောအခါ ယွီချင်းသည် သူမ၏ ရင်ဘတ်ကို လက်ဖြင့်ဖိကာ အသံကျယ်ကျယ်ဖြင့် သက်ပြင်းချလိုက်သည်။ 

"ဟူး... နျန့်နျန့်လေး ရေ၊ မင်းလည်း ကြီးလာပြီဆိုတော့ ကိုယ်ပိုင် လျှို့ဝှက်ချက်လေးတွေ ရှိလာပြီပေါ့။ အစ်မနဲ့လည်း မရင်းနှီးတော့ဘူး၊ အားလုံးကို ဖုံးကွယ်ထားတယ်။ ရင်နာလိုက်တာ!"

ယွီနျန့်က အလေးအနက် သတိပေးလိုက်သည်။  

"အစ်မ... ဟန်ဆောင်ပြီး မငိုပါနဲ့။ မိတ်ကပ်တွေ ပျက်ကုန်လိမ့်မယ်။ အဲဒီမိတ်ကပ်ကို တစ်နာရီနီးပါး လိမ်းခဲ့ရတာလေ"

ယွီချင်းသည် ချက်ချင်းပင် ဟန်ဆောင်မှုကို ရပ်လိုက်ပြီး သူ့ကို စိုက်ကြည့်ကာ  

"မင်း သတိပေးစရာ မလိုပါဘူး!" 

ထိုစဉ် ကားလေးသည် ဖြည်းဖြည်းချင်း ရပ်တန့်သွားပြီး ပြင်ပမှ ပရိသတ်များ၏ အားပေးကြိုဆိုသံများနှင့် အော်ဟစ်သံများကို အတိုင်းသား ကြားလိုက်ရသည်။

ယွီချင်းသည် ရှေ့သို့အသာကိုင်းကာ ယွီနျန့်၏ နက်တိုင်ကလစ်နေရာလေးကို အသေအချာ ပြန်ပြင်ပေး၏။ ထို့နောက် မတ်မတ်ပြန်ထိုင်ကာ မေးလေးကို အသာပင့်လျက်  

"ကဲ... လာစမ်းပါ၊ အစ်မနဲ့အတူ လောကကြီးကို ပတ်ကြည့်ရအောင်" 

ကင်မရာများသည် ရိုက်ကွင်းထဲသို့ ဆိုက်ရောက်လာသော အနက်ရောင်limousine ကားရှည်ကြီးပေါ်သို့ အာရုံကျသွားသည်။ တင်ဆက်သူက ရောက်ရှိလာသူများ၏ အမည်ကို ကြေညာလိုက်သည်နှင့် တပြိုင်နက် ကောမန့်များမှာ ပေါက်ကွဲထွက်လာပါတော့သည်။

"အခုဆိုရင်တော့ နာမည်ကျော် သရုပ်ဆောင်နဲ့ အဆိုတော် ယွီချင်းနဲ့အတူ နာမည်ကြီး အဆိုတော်နဲ့ သီချင်းရေးဆရာ ယွီနျန့်တို့ကို စင်ပေါ်တက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်!"

[အား... ဘုရင်မယွီချင်းကတော့ သူ့ရဲ့ဝတ်စုံကြီးနဲ့ တကယ့်ကို ရင်သပ်ရှုမောစရာပဲ! ပလ္လင်ပေါ် တက်လှမ်းတော့မယ့်အတိုင်း Red Carpet ကို လျှောက်နေတာ။ သူ့ဘေးက ယွီနျန့်ကလည်း စင်မြင့်တစ်ခုလုံးကို စိုးမိုးထားနိုင်တာပဲ။ အစ်မဖြစ်သူနဲ့ယှဉ်ရင် နည်းနည်းလေးမှ မနိမ့်ကျဘူး! ဒီမောင်နှမနှစ်ယောက်က တစ်ကမ္ဘာလုံးကို သိမ်းပိုက်ဖို့ လာကြတာလား။]

[အား... နျန့်နျန့်! ကိုယ့်အတွက်ကိုယ် Ghostwrite လုပ်ပေးတဲ့ နျန့်နျန့်လေး! သူ့ရဲ့ ဝတ်စုံ (suit) က တကယ်ကို ကြည့်ကောင်းလွန်းတယ်! သူက နန်းတော်တစ်ခုခုကနေ ထွက်ပြေးလာတဲ့ မင်းသားလေးလား။]

ငါးမိနစ်ခန့် ကြာသော Red Carpet လျှောက်လှမ်းမှုအပြီးတွင် သူတို့သည် အမှတ်တရလက်မှတ်များ ရေးထိုးပြီးနောက် တင်ဆက်သူ၏အနားတွင် ရပ်ရန် ဖိတ်ကြားခြင်း ခံရသည်။ အမျိုးသားတင်ဆက်သူက ယွီချင်းအား သူမ၏ ရုပ်ရှင်အသစ်အကြောင်း အရင်ဆုံး မေးမြန်းပြီးနောက်  

"ယွီချင်းက အယ်လ်ဘမ်အသစ်အတွက် ပြင်ဆင်နေပြီဆိုတဲ့ ကောလာဟလတွေ ရှိနေတယ်။ အဲဒီအကြောင်းလေး နည်းနည်းလောက် ပြောပြလို့ ရမလားခင်ဗျာ" ဟု မေးမြန်းသည်။

ယွီချင်းက တည်ငြိမ်စွာ ပြုံးလျက်  ဖြေကြားသည်။

"အယ်လ်ဘမ်အသစ်ရဲ့ တိုးတက်မှုလား။ အင်း... ကျွန်မလည်း အသေအချာတော့ မပြောနိုင်သေးဘူး။ ဒါကတော့ ကျွန်မဘေးက သီချင်းရေးဆရာရဲ့ အလုပ်လုပ်နှုန်းပေါ်မှာပဲ မူတည်ပါတယ်" 

ယွီနျန့်က ပြုံးလျက်ပင် စကားကို လွှဲယူလိုက်သည်။  

"အစ်မက ကျွန်တော့်ကို ကြည့်နေတာလား။ အမှန်အတိုင်း ပြောရရင် ကျွန်တော် ရေးတောင် မစရသေးပါဘူး!"

ကင်မရာမှာ ယွီချင်းဘက်သို့ လှည့်သွားရာ သူမက မှန်ဘီလူးကို ကြည့်ပြီး  

"တွေ့ကြတယ်မလား။ အယ်လ်ဘမ်ထွက်ဖို့ နောက်ကျနေတာ ကျွန်မကြောင့်မဟုတ်ဘူး။ ဒီသီချင်းရေးဆရာက အရည်အချင်း မပြည့်ဝသေးလို့လေ! တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် သူ့ကိုပဲ အပြစ်တင်ကြပါ!" 

အမျိုးသမီးတင်ဆက်သူက ရယ်မောလျက်  

"ဒါက အပြစ်ကို လိမ္မာပါးနပ်စွာ လွှဲချလိုက်တာပဲလား။ ဒါပေမဲ့ ယွီနျန့်... မင်းလည်း မင်းရဲ့ အယ်လ်ဘမ်အသစ် ထုတ်လုပ်ရေးနဲ့ အတော်လေး အလုပ်ရှုပ်နေတယ် မဟုတ်လား။" ဟု မေးသည်။

"ဟုတ်ကဲ့။ အခုဆိုရင်တော့ အတော်လေး ပြီးစီးနေပါပြီ။ ကျွန်တော့်ရဲ့ ပထမဆုံး EP ကိုတော့ နွေဦးကာလလောက်မှာ တရားဝင် ဖြန့်ချိနိုင်ဖို့ မျှော်လင့်ထားပါတယ်" 

ပုံမှန်မေးခွန်းအချို့ကို ဖြေကြားပြီးနောက် သူတို့သည် စင်ပေါ်မှ ဆင်းလာခဲ့သည်။ လှေကားထစ်များမှ ဆင်းလိုက်သည်နှင့် တပြိုင်နက် ယွီနျန့်သည် သူ၏ အပေါ်အင်္ကျီကြယ်သီးကို ဖြုတ် ချွတ်ပြီးနောက် ယွီချင်း၏ ပုခုံးပေါ်သို့ လွှမ်းခြုံပေးလိုက်သည်။

ယွီချင်းကလည်း မတွန့်ဆုတ်ဘဲ အင်္ကျီကို တင်းတင်းပတ်လိုက်ပြီး  

"တောက်... ဒီ Red Carpet ပေါ်မှာ ငါတော့ အေးခဲပြီး သေတော့မယ်လို့ ထင်နေတာ!" 

သူတို့မသိလိုက်သည်မှာ သူတို့၏ လုပ်ရပ်တိုင်းကို ကင်မရာများက အမြဲစောင့်ကြည့်နေခြင်း ဖြစ်ပြီး ဤမြင်ကွင်းမှာလည်း တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပါသွားပါတော့သည်။

[ငါတော့ မေ့လဲတော့မှာပဲ! နျန့်နျန့်က အရမ်းခန့်တာပဲ! သူ အင်္ကျီချွတ်လိုက်တဲ့အချိန်မှာ ငါ့နှလုံးသားလေး ပေါက်ကွဲထွက်မတတ်ပဲ! ဘယ်လောက်လှတဲ့ မြင်ကွင်းလဲ!]

[ဒါက ဒဏ္ဍာရီထဲက ပြည့်စုံလွန်းတဲ့ မောင်လေးဆိုတာပေါ့ ဟုတ်တယ်မလား။ နင်ချန်မြို့ရဲ့ အပူချိန်က သုညဒီဂရီ ရှိနေတာ မဟုတ်လား။ စင်ပေါ်က ဆင်းဆင်းချင်းမှာတင် ဘာမှမစဉ်းစားဘဲ အင်္ကျီချွတ်ပြီး အစ်မကို ဝတ်ပေးလိုက်တာ! ငါ့နှလုံးသားကို သိမ်းပိုက်သွားပြီ၊ အရမ်းကို နွေးထွေးဖို့ကောင်းတယ်!]

[ဒီနှစ်ရဲ့ အလှဆုံး အင်္ကျီချွတ်ခန်းပဲ! ယွီနျန့်ကတော့ ငါ့ကို ရူးခါသွားစေပြီ! ဒါနဲ့ ယွီနျန့်က ခန္ဓာကိုယ် တည်ဆောက်ပုံ တအားကောင်းတာပဲ၊ မတ်မတ်ရပ်နေတာရော၊ ခါးသေးသေးလေးနဲ့ရော! ဘေးတိုက်ကြည့်ရင်လည်း တကယ့်ကို ရှုမောမဆုံးပဲ!]

နွေးထွေးသော လေအေးပေးစက်များ ရှိရာ အဆောက်အအုံအတွင်းပိုင်းသို့ ရောက်ရှိပြီးသည့်နောက်မှသာ ယွီနျန့်သည် သူ၏အပေါ်အင်္ကျီကို ပြန်ဝတ်လိုက်သည်။ ပွဲစီစဉ်သူများက သူတို့မောင်နှမနှစ်ဦးကို ဘေးချင်းယှဉ်လျက် ထိုင်ခုံနေရာ ချထားပေးသည်။ ထိုင်လိုက်ပြီးနောက် ယွီချင်းသည် သူမ၏ဆံပင်ကို ပြန်လည်ပြုပြင်ရင်း ယွီနျန့်ကို မေးလိုက်သည်။  

"ဒါနဲ့... မင်းမှာ သူငယ်ချင်းလေးတစ်ယောက် ရှိတယ်မလား။ သူ ဘာလို့မလာတာလဲ။"

"ရှားမင်ရှီးကို ပြောတာလား။ သူက ရိုက်ကွင်းမှာ။  ဒါရိုက်တာ ဆီမှာ အဖမ်းခံထားရတယ်လေ။ သူတို့အဖွဲ့ရဲ့ ဒုတိယမင်းသားက ပြဿနာတချို့ရှိလို့ အခန်းအတော်များများ ဖြတ်ထုတ်ခံလိုက်ရတာ။ အဲဒါကြောင့် ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာက နောက်ဆုံးမိနစ်မှာပဲ အပြောင်းအလဲလုပ်ပြီး သူ့ကို ဒုတိယမင်းသားအဖြစ် မြှင့်တင်ပေးလိုက်ကြတာ။ သူ အချိန်ပိုတွေဆင်းပြီး ရိုက်နေရလို့ မလာနိုင်တာပါ"

ယွီချင်းသည် သာမန်ကာလျှံကာ မေးလိုက်ခြင်း ဖြစ်သော်လည်း အဖြေကို ကြားသောအခါ ခေါင်းညိတ်ပြသည်။ သူမသည် အစ်မကြီးတစ်ယောက်ပမာ  

"ရှမင်ရှီးက စိတ်သဘောထားကောင်းတယ်။ ထူးဆန်းတဲ့ ဝါသနာတွေလည်း မရှိဘူး။ မင်း သူ့နဲ့သူငယ်ချင်းဖြစ်တာကို ငါစိတ်အေးရပါတယ်" 

ထို့နောက် သူမက စကားလမ်းကြောင်းကို ရုတ်တရက်ပြောင်းကာ မျက်ခုံးပင့်လျက်  

"ဒါနဲ့... ဒီဝတ်စုံကို တကယ်ပဲ ဘယ်သူပေးတာလဲ။" ဟု ထပ်မေးပြန်သည်။

ယွီနျန့်မှာ ဘာလုပ်ရမှန်းမသိဖြစ်ကာ  

"အစ်မ... ကျွန်တော်ကတော့ ပြတ်သားပြီးသားပါ။ အစ်မ ဘယ်လိုပဲမေးမေး ကျွန်တော် မပြောပါဘူး" 

ခေတ္တမျှ ထိုင်ပြီးနောက် ယွီနျန့်သည် စင်နောက်ဘက်သို့ ပြင်ဆင်ရန် ထသွားသည်။ သူသည် နှစ်ကြိမ်တိုင်တိုင် လေ့ကျင့်ထားပြီးဖြစ်ရာ တည်ငြိမ်လျက် ရှိသည်။

***


ချွိမိသားစု၏ အသံနှင့် ရုပ်မြင်သံကြား စတူဒီယိုအတွင်းသို့ ချွိရှောက်ရန်သည် တစ်ယောက်တည်း ရေရွတ်ရင်း ဝင်လာသည်။  

"ငါ့အစ်ကိုက ဒီနေ့ ဘာတွေစိတ်ကူးပေါက်နေလဲ မသိဘူး။ ငါ့ကို စာကြည့်ခန်းထဲခေါ်ပြီး မေးခွန်းတွေ တရစပ်မေးနေတာ! တော်သေးတာပေါ့... ငါက ဒီရက်ပိုင်း ကြိုးစားပမ်းစားနဲ့ နှစ်ချုပ်အစီရင်ခံစာတွေကို ဖတ်ထားလို့၊ မဟုတ်ရင် မေးခွန်းဆယ်ခုမှာ တစ်ခုတောင် ဖြေနိုင်မှာ မဟုတ်ဘူး!"

သူသည် ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး ကွန်ပျူတာစခရင်ကို အာရုံစိုက်နေသော ရှဲ့ယို့ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ချက်ချင်းပင် မျက်မှောင်လွှဲလိုက်ပြီး  

"ဝိုး... ဒီအစီရင်ခံစာတွေနဲ့ စာရွက်စာတမ်းတွေကို ကြည့်ရုံနဲ့တင် ငါ့မျက်စိတွေ နာလာသလိုပဲ!" ဟု ဆိုသည်။

နှစ်ကုန်၊ နှစ်စ အလုပ်များသော အချိန်ဖြစ်၍ ရှဲ့ယို့မှာ ကွန်ပျူတာဖြင့် အလုပ်ရှုပ်နေပြီး ချွိရှောက်ရန်၏ စကားကို ပြန်လည်ဖြေကြားရန် အချိန်မရှိပေ။ ချွိရှောက်ရန်သည် တီဗွီကို ပျော်ပျော်ပါးပါး ကြည့်နေရင်း  

"ဆောင်းတွင်းကြီးမှာ တကယ်ကို သနားစရာကောင်းလိုက်တာ။ အမျိုးသမီး အနုပညာရှင်တွေရဲ့ ဝတ်စုံတွေက ကြည့်ရတာ အရမ်းအေးမယ့်ပုံပဲ!" ဟု မှတ်ချက်ပေးသည်။ ကင်မရာက တောက်ပလှပနေသော ယွီချင်းထံသို့ ရောက်သွားသောအခါ ချွိရှောက်ရန် မှတ်မိသွားသည်။  

"ဟေး... ဒါ ယွီနျန့်ရဲ့ အစ်မ မဟုတ်လား။ ယွီနျန့်က ဧည့်သည်တော်အဖြစ် သီချင်းဆိုမှာလား။ သူ့ခုံမှာ ဘယ်သူမှ မရှိဘူး"

"အင်း... သူ စင်ပေါ်မှာ ဖျော်ဖြေမှာ"

ရှဲ့ယို့ အားလပ်ချိန်လေး ရသွားသည်ကို မြင်သောအခါ ချွိရှောက်ရန်က သူ့အနားသို့ ချဉ်းကပ်ကာ  

"ဒီနေ့ ငါ့အစ်ကိုက ကိစ္စတချို့ ပြောပြတယ်။ တင်းကျောက်ရှန်းက သူ့ရဲ့ လှုပ်ရှားမှုတွေကို နည်းနည်းလျှော့ချလိုက်ပြီတဲ့။ အဲဒါ တကယ်လား၊ အတုလား။" 

"အပေါ်ယံမှာတော့ သူက အလျှော့ပေးနေတာ၊ ဒါပေမဲ့ တကယ်တော့ သူက ပြန်တိုက်ဖို့ အခွင့်အရေးကို စောင့်နေတာပဲ၊" 

ရှဲ့ယို့၏ အသံမှာ တိုးညှင်းသော်လည်း သူ၏ အကြည့်မှာမူ အေးစက်စက်နှင့် ပြင်းထန်လှသည်။ 

"ဟွမ်းယွီ နဲ့ သူ့နာမည်အောက်က ကုမ္ပဏီလေးခုဟာ တစ်ခုပြီးတစ်ခု ဒေဝါလီခံလိုက်ရပြီ။ သူ့ရဲ့ လူဟောင်းတော်တော်များများကလည်း သူ့ကို စတင်စွန့်ခွာနေကြပြီ။ သူက အားနည်းချင်ယောင်ဆောင်ပြီး အသက်ရှူချောင်မယ့် အချိန်ကို စောင့်နေတာ"

ချွိရှောက်ရန်မှာ အကြောင်းပြချက်မရှိဘဲ တုန်လှုပ်သွားပြီး  "ဒါဆို မင်း ဘာလုပ်ဖို့ စိတ်ကူးထားလဲ။" ဟု စိုးရိမ်တကြီး မေးသည်။

ရှဲ့ယို့သည် သူ၏မျက်တောင်များကို အသာချကာ တည်ငြိမ်စွာပင်  

"ငါတို့ ဒီကိစ္စကို အမြစ်ပြတ်အောင် မဖြေရှင်းဘူးဆိုရင်၊ သူက ငါ့လည်ပင်းကို ပြန်ကိုက်ဖို့ အခွင့်အရေး ရသွားလိမ့်မယ်"

"မှန်တယ်၊" ချွိရှောက်ရန်က တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး  

"ဒါဆို... ရှဲ့ရှောက်ယို့၊ မင်းရဲ့ လုံခြုံရေးကိုလည်း ဂရုစိုက်ပါဦး"

သူတို့နှစ်ဦးစလုံးသည် ထိုစကား၏ နောက်ကွယ်က အဓိပ္ပာယ်ကို နားလည်ကြသည်။ ရှဲ့ယို့၏ အမူအရာမှာ နူးညံ့သွားပြီး  "အင်း... ဂရုစိုက်ပါ့မယ်" ဟု ဆိုသည်။ သူသည် အမြဲတမ်း ဆောင်ထားတတ်သော စာတိုလေးကို သတိရသွားသည်။  

"နျန့်နျန့်လည်း ငါ့ရဲ့ ဘေးကင်းလုံခြုံမှုကို မျှော်လင့်နေတာပဲ"

ချွိရှောက်ရန်မှာမူ အေးစက်စက် မျက်နှာပေးဖြင့်  "ဪ..." ဟု နှစ်ချက်မျှ ရေရွတ်လိုက်သည်။

အတိအကျပင်။ ရှဲ့ယို့သည် ကွန်ပျူတာကို ဘေးသို့ချလိုက်ပြီး ကင်မရာမှာ စင်မြင့်ထံသို့ ပြန်လည်ရောက်ရှိသွားသည်။ သိပ်မကြာမီမှာပင် ဝတ်စုံအပြည့်နှင့် ယွီနျန့်သည် လှေကားထစ်များမှ တစ်ဆင့်ချင်း ဆင်းလာပြီး ငွေရောင်သတ္တု မိုက်ကရိုဖုန်းတိုင် ရှေ့တွင် ရပ်လိုက်သည်။

နူးညံ့သိမ်မွေ့သော သီချင်းအစတီးလုံး ပေါ်ထွက်လာပြီး စင်မြင့်မီးရောင်များကလည်း ပိုမိုနူးညံ့သွားသည်။ ချွိရှောက်ရန်သည် တိတ်ဆိတ်သွားပြီး သီချင်းကို အာရုံစိုက် နားထောင်သည်။

အရင်နှင့် နှိုင်းယှဉ်ပါက ယွီနျန့်၏ သီဆိုမှုစွမ်းရည်မှာ သိသိသာသာ တိုးတက်လာသည်။ ချွိရှောက်ရန်သည် သူ၏ဖုန်းမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်မှု ဗီဒီယိုကို ကြည့်ကာ ကောမန့်များကို ခဏမျှ လိုက်ဖတ်ကြည့်သည်။ ခန့်မှန်းထားသည့်အတိုင်းပင်၊ ထိုသို့တွေးမိသည်မှာ သူတစ်ယောက်တည်း မဟုတ်ပေ။ မှတ်ချက်များထဲတွင် ယွီနျန့်၏ တိုက်ရိုက်သီဆိုမှုမှာ ဘယ်လောက်အထိ တည်ငြိမ်တယ်။ အသံမှာ ဘယ်လောက်အထိ အားကောင်းတယ်။ အမြင့်သံ high notes များကို အခက်အခဲမရှိ ဆိုနိုင်တယ် ဆိုသည်တို့ကို ချီးကျူးထားကြသည်။

သူက ရှဲ့ယို့ဘက်သို့ ချက်ချင်းလှည့်ကာ  

"ဟားဟားဟား ရှဲ့ရှောက်ယို့ရေ၊ မှတ်ချက်တစ်ခုထဲမှာ ပြောထားတာက မင်းတို့အိမ်က ယွီနျန့်က တစ်သက်လုံး စီဒီတွေပဲ စားပြီး ကြီးပြင်းလာတာလားတဲ့! ငါလည်း အဲဒီအတိုင်းပဲ ထင်တယ်။ သူ တကယ်ကို ပိုပိုပြီး အဆိုကောင်းလာတာပဲ!"

ရှဲ့ယို့က သူ့ကို တစ်ချက်ကလေးမျှ လှည့်မကြည့်ဘဲ အလေးအနက် ပြန်လည်ပြင်ပေးသည်။  

"သူက စီဒီတွေ စားပြီး ကြီးပြင်းလာတာ မဟုတ်ဘူး"

"ဒါဆို သူ ဘာစားတာလဲ။"

"သကြားလုံး"

ရှဲ့ယို့သည် သူ၏ရင်ထဲတွင် တိတ်တဆိတ် ထပ်မံဖြည့်စွက်လိုက်သည် ။ 

သူက တကယ်ကို ချိုမြိန်လွန်းသည်၊ ငါ့ရဲ့ နှလုံးသားကို နူးညံ့ပျော်ဝင်သွားစေလောက်အောင်ကို ချိုမြိန်လွန်းသည်။















Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

1

ညင်းသဲ့လေသွေး ခေါ်ဆောင်ယူရာ အရပ်၌… မြတ်နိုးခြင်းများ ဦးဆွေးဆံမြည့် *** အပိုင်း (၁) အာ...သူ သေဆုံးသွားခဲ့ပြီပဲ... မြူတွေဆိုင်းနေတဲ့ ဝန်းကျင်မှာ လဲလျောင်းငြိမ်သက်နေတဲ့ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တယ်။ ပါးနှစ်ဖက်ဟာ ချိုင့်ခွက်လျက်...မျက်ကွင်းတွေက ခပ်နက်နက် ဖြစ်နေပြီးညိုမည်းနေတယ်။ နှုတ်ခမ်းတွေဟာလည်း အအေးဓာတ်ကြောင့်ပြာနှမ်းလို့... အမြဲတမ်း ပန်းရောင်ဆားခဲလို ဖြစ်ခဲ့တဲ့ သူ့အသားအရေတွေဟာလည်း သွေးမရှိသလို ဖြူဆုတ်ပြီး...သူ့ဆံပင်တွေဟာ ကျဲပါးလွန်းတာ‌ကြောင့် ဦးရေပြားကိုတောင် မြင်နေရတယ်။ သူငိုချင်သွားတယ်။ ဒီလို ပုံဆိုးပန်းဆိုးပုံစံကြီးနဲ့ ခမ်းလျန်နား နေခဲ့တာတဲ့လား။ ဒါကိုတောင် ခမ်းလျန်က ကြင်ကြင်နာနာ နဲ့ အနမ်းလေးတွေပေးခဲ့တာတဲ့လား။ ဘုရားရေ...ခမ်းလျန် ။ ခမ်းလျန် သူနဲ့တူတူရှိနေခဲ့တာ။ မြူတွေကြားထဲမှ သူ့ခန္ဓာကိုယ်ကို ဖက်ထားဆဲဖြစ်တဲ့ လက်ဖြူဖြူလေး။ လက်သည်းတွေဟာ တုံးတိတိဖြစ်လျက် ပိုးသတ်ဆေးတွေကြောင့် အရေခွံတွေ လန်ကာ ခပ်ကြမ်းကြမ်းဖြစ်နေတဲ့ လက်ချောင်းထိပ်လေးတွေ။ မဖြစ်ရဘူး။ မဖြစ်ရဘူး လို့ သူ့စိတ်ထဲ အော်ဟစ်ပြီး ခမ်းလျန်ကို ငုံ့မိုးကြည့်မိတယ်။ ထိတ်လန့်တုန်လှုပ်စိတ်နဲ့ သူ့ကို ကျစ်နေအောင် ဖက်ထားတဲ့ ခမ်းလျန်ကိုပုတ်နှိုး...