Skip to main content

49




အခန်း (၄၉) နျန့်နျန့်... မော့ကြည့်လိုက်ပါ


စင်ပေါ်မှ ဆင်းလာပြီးနောက် ယွီနျန့်သည် ပရိသတ်ထိုင်ခုံတွင် ပြန်လည်ထိုင်လိုက်သည်။ ယွီချင်းက သူ့အား ရေနွေးဓာတ်ဘူးလေး ကမ်းပေးရင်း အနားသို့တိုးကာ တိုးတိုးလေး ကပ်ပြောသည်။

"ဆိုတာ တော်တယ်၊ တိုးတက်လာတယ်။ ဒီရက်ပိုင်း မင်း တော်တော်ကြိုးစားထားပုံပဲ!"

ရေနွေးနွေးလေး တစ်ငုံသောက်လိုက်ပြီးနောက် ချီးကျူးခံလိုက်ရသဖြင့်ကျေနပ်သွား၏။ ယွီနျန့်က ပြုံးလျက် တိုးတိုးလေး ပြန်ဖြေသည်။

"ဒါပေမဲ့ ကျွန်တော် သီချင်းစာသားတွေ မေ့တော့မလို့ပဲ။ တော်သေးတာပေါ့... စာသားပြစက်ရှိလို့ ကယ်သွားတာ"

"စာသားတွေ ထပ်မေ့ပြန်ပြီလား။"

ယွီချင်းက သူမ၏ လှပသောမျက်ခုံးလေးများကို ပင့်လိုက်သည်။

"ငါပြောမယ် နျန့်နျန့်... စာသားမမှတ်မိတဲ့ ဒီအကျင့်ဆိုးကို ဘယ်တော့မှ ဖျောက်မှာလဲ။ သူများသီချင်းတွေ မေ့တာက ထားပါဦး။ အခုဟာက ကိုယ်တိုင်ရေးတဲ့ သီချင်းကိုတောင် မေ့နေတာလေ"

ယွီနျန့်က နှာခေါင်းလေးကို ပွတ်ရင်း

"ဒါက... မျိုးရိုးလိုက်တာထင်တယ်။ ကျွန်တော့်အဘွားလည်း သူ့သီချင်းသူဆိုရင် စာသားတွေ မမှတ်မိတတ်ဘူးလေ။ အဘိုးသာ ဘေးကနေ သတိမပေးရင် အဘွားက စာသားတွေကို အဲဒီနေရာတင် အလွတ်လျှောက်ဆိုပစ်တာ"

"အဘွားတို့ကတော့ အဲဒီအတိုင်းပဲ၊"

ယွီချင်းက တဟားဟား ရယ်သည်။

"အဘွားက ငါ့ကို 'ဥယျာဉ်ထဲဝယ်' သီချင်းဆိုသင်ပေးတာ မှတ်မိသေးတယ်။ သင်ပေးတိုင်း ဗားရှင်းက တစ်မျိုးစီပဲ။ အခုထိ ငါ့ခေါင်းထဲမှာ ဗားရှင်းငါးမျိုးလောက် ရှိနေတုန်းပဲ"

ယွီနျန့်၏ တစ်စုံတစ်ခုကို ပြန်လည်အမှတ်ရနေသော မျက်နှာပေးကို သတိထားမိသွားသောအခါ ယွီချင်း၏ အပြုံးမှာ မှေးမှိန်သွားပြီး စကားဆက်မပြောတော့ပေ။

ပွဲပြီးဆုံးချိန်တွင် သန်းခေါင်ယံသို့ နီးကပ်နေပြီ ဖြစ်သည်။ ယွီချင်းက "ယခုနှစ်၏ လူကြိုက်အများဆုံး အမျိုးသမီးအနုပညာရှင်ဆု" ကို ရရှိခဲ့ပြီး ယုံကြည်ချက်အပြည့်၊ ပျော်ရွှင်မှုအပြည့်ဖြင့် ခန်းမထဲမှ ကျော့ကျော့မော့မော့ ထွက်လာသည်။ သူမ၏ အဘိဓာန်ထဲတွင် "ခပ်အေးအေးနေခြင်း" ဆိုသည့် စကားလုံး ရှိပုံမရပေ။

သို့သော် ကားပါကင်ဘေးသို့ ရောက်သည်နှင့် ယွီချင်းမှာ ဟန်မဆောင်နိုင်တော့ပေ။ သူမ၏ အနွေးထည်အထူကြီးကို ကိုယ်မှာ တင်းတင်းပတ်ရင်း အသံတွေ တုန်လျက်

"တောက်... ဒီရာသီဥတုက Red Carpet လျှောက်ဖို့ တကယ်ကို မသင့်တော်ဘူး! ငါသူ့ဘေးက ဖြတ်သွားတုန်းက ကျန်းယာယာရဲ့ မျက်နှာကို မင်းမြင်လိုက်လား။"

ယွီနျန့်က သူမမေးမည်ကို သိသဖြင့် သေသေချာချာ ပြန်စဉ်းစားကြည့်သည်။

"သူ့မျက်နှာကတော့ ပြုံးနေပေမဲ့ လက်သီးကိုတော့ တင်းတင်းဆုပ်ထားတယ်။ အစ်မ ဖြတ်သွားပြီးတဲ့နောက် သူ အစ်မရဲ့ကျောပြင်ကို စက္ကန့်နှစ်ဆယ်လောက် စိုက်ကြည့်နေတာ"

"ဟားဟား... အဲဒါကြောင့်ပဲ ငါက ပုခုံးဟိုက်ဂါဝန်နဲ့ Red Carpet လျှောက်ခဲ့တာပေါ့၊ ထိုက်တန်ပါတယ်!"

ယွီချင်းက အားရပါးရ အော်ဟစ်လိုက်သည်။

စကားပြောရင်း သူမသည် ရရှိလာသောဆုကို အနွေးထည်အိတ်ကပ်ထဲသို့ အတင်းထိုးထည့်ရန် ပြင်ရာ၊ ယွီနျန့်က ဘာလုပ်ရမှန်းမသိဖြစ်ကာ လက်လှမ်းလိုက်ပြီး "အစ်မ... ကျွန်တော့်ကိုပေး၊ ကိုင်ပေးထားမယ်" ဟု ဆိုသည်။

"အေးအေး... ဒီဆုရဲ့ အောက်ခံက သတ္တုနဲ့လုပ်ထားတာဆိုတော့ ကိုင်ရတာ တအားအေးတာပဲ!"

ယွီချင်းက ဆုဖလားကို ယွီနျန့်ထံ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်ပြီး သူမကိုယ်သူမ အနွေးထည်ဖြင့် ဆက်လက် ပတ်ထားသည်။ ထို့နောက် တစ်ခုခုကို သတိရသွားပြီး

"ဪ... မေ့တော့မလို့၊ ဟို 'နွေဦးမှာ လှည့်လည်တဲ့ မြင်းမူးလေး' ပန်းချီကားရဲ့ လေလံပွဲ စတော့မယ်လို့ သတင်းရထားတယ်"

"'နွေဦးမှာ လှည့်လည်တဲ့ မြင်းမူးလေး' လား။"

ယွီနျန့်၏ အသက်ရှူသံမှာ ခဏမျှ ရပ်တန့်သွားသည်။

"လုပ်မယ့်ရက် အတည်ပြုပြီးပြီလားဟင်။"

"ရက်စွဲတော့ အတိအကျ မထွက်သေးဘူး။ ဒါပေမဲ့ ဒီနှစ်လအတွင်းမှာပဲ ဖြစ်လိမ့်မယ်။ အဲဒီ ပုဂ္ဂလိကပြတိုက်ပိုင်ရှင်က သူငယ်ငယ်တုန်းက သူ့ဇနီးနဲ့ ရဲ့ချန် မြို့မှာ ဆုံခဲ့တာဆိုတော့ လေလံပွဲကို ရဲ့ချန်မှာပဲ ကျင်းပမှာတဲ့။ ငါ မင်းအတွက် ဖိတ်စာတစ်စောင် ရအောင်လုပ်ပေးနိုင်တယ်။ ဒါပေမဲ့ အဓိကအချက်က မင်းအဲဒီ ကျောက်စိမ်းပန်းအိုးဝယ်ဖို့ ပိုက်ဆံအလုံအလောက် ရှိပြီလား။"

"မလောက်သေးဘူးရယ်"

“ငါ ထင်သားပဲ။ လက်ချောင်းလေးတွေနဲ့ တွက်ကြည့်ရင်တင် သိသာပါတယ်။ မင်းရဲ့ ဝင်ငွေလမ်းကြောင်းက နည်းလွန်းတယ်လေ။ ကြော်ငြာတွေလည်း အများကြီး လက်မခံရသေးဘူး။ အယ်လ်ဘမ်ကလည်း ထုတ်လုပ်ရေးအဆင့်မှာပဲ ရှိသေးတယ်။ သီချင်းရောင်းရတဲ့ ပိုက်ဆံလေးပဲ ရှိတာ မဟုတ်လား။”

“ဟုတ်ကဲ့၊”

ယွီနျန့်က ဖုံးကွယ်ထားရန် စိတ်ကူးမရှိပေ။ Red Carpet အင်တာဗျူးတုန်းက ယွီချင်း ပြောခဲ့သည်ကို သတိရသွားပြီး

“အစ်မ... အယ်လ်ဘမ်အသစ်အတွက် ကျွန်တော်ရေးတဲ့ သီချင်းတွေကိုပဲ သုံးဖို့ စဉ်းစားထားတုန်းပဲလား။”

“ဟုတ်တယ်လေ။ ဒါပေမဲ့ ငါက ရုပ်ရှင်နှစ်ကား ဆက်တိုက်ရိုက်ဖို့ ရှိနေတော့ အယ်လ်ဘမ်အသစ်ထွက်ဖို့က အဝေးကြီး လိုပါသေးတယ်။ မင်း အေးအေးဆေးဆေးပဲ ရေးပါ။ အင်တာဗျူးတုန်းက ထည့်ပြောလိုက်တာက မင်းကို လူသိပိုများအောင် လမ်းခင်းပေးလိုက်တာ။ မနက်ဖြန်ကျရင် သတင်းစာရှင်းလင်းချက်လည်း ထွက်လာလိမ့်မယ်။”

ဒရိုင်ဘာက ကားကို မောင်းလာပြီးနောက် ယွီချင်းက ယွီနျန့်ကို ကားထဲဆွဲခေါ်ရင်း ဆက်ပြောသည်။

“ဒါပေမဲ့ စာချုပ်ကိုတော့ ကြိုချုပ်ထားလို့ ရပါတယ်။ ငါ မင်းကို ပိုက်ဆံ ကြိုထုတ်ပေးမယ်လေ။”

ယွီနျန့်လည်း ဟန်ဆောင်မနေတော့ပေ။

“ကောင်းပြီ ။ ကျွန်တော် အစ်ကိုမုန့်နဲ့ တိုင်ပင်ကြည့်ပါ့မယ်။ ပိုက်ဆံပိုစုမိအောင် ကြော်ငြာနှစ်ခုလောက် ထပ်လက်ခံမလား။ ဒါမှမဟုတ် သီချင်းတချို့ ထပ်ရောင်းမလားဆိုတာပေါ့”

“အဲဒါ အဆင်ပြေပါတယ်။” ယွီချင်း၏ အကြည့်သည် ယွီနျန့်၏ အင်္ကျီလက်ကောက်ဝတ်ရှိ ကြယ်သီးများ ဆီသို့ တမင်တကာ ကျရောက်သွားသည်။

“တကယ်လို့ ဒီကြယ်သီးတွေက အစစ်ဆိုရင် သိန်းချီတန်မှာပဲ။ အဲဒါကို ရောင်းလိုက်ရင်ရော။ ဝယ်မယ့်သူကို ငါ ရှာပေးလို့ ရပါတယ်။”

ယွီနျန့်သည် မဆိုင်းမတွပင် ငြင်းဆန်လိုက်သည်။

“ဟင့်အင်း... မရောင်းပါဘူး။ ဒါတွေက ရောင်းဖို့ မဟုတ်ဘူး”

“တကယ် မရောင်းဘူးလား။”

“ဟုတ်ကဲ့၊”

ယွီနျန့်သည် သူ၏ လက်ကောက်ဝတ်ကို မြှောက်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများထဲတွင် အပြုံးရိပ်များ လွှမ်းသွားသည်။

“ဒါက အမှတ်တရ လက်ဆောင်လေးမို့ပါ။ ယွမ်သန်းနှစ်ထောင် ပေးရင်တောင် ကျွန်တော် မရောင်းပါဘူး”

ယွီချင်းသည် သူ၏ အမူအရာကို ကြည့်ပြီး နားလည်သွားသည်။

“ဪ... ဒါဆို ဒီကြယ်သီးတွေက မင်းအတွက် ထူးခြားတဲ့သူတစ်ယောက်က ပေးတဲ့ လက်ဆောင်ပေါ့၊ ဟုတ်တယ်မလား။”

ရှဲ့ယို့ တမင်တကာ လုပ်ထားသည့် ဈေးနှုန်းတံဆိပ်ကို သတိရသွားပြီး ယွီနျန့် မပြုံးဘဲ မနေနိုင်တော့ပေ။

“ဟုတ်ကဲ့... သူ့ဆီကပါ။ အဲဒါကြောင့်လည်း မရောင်းနိုင်တာ”

ယွီချင်းက သူမ၏ နှာခေါင်းကို ရွံရှာသလို ညှစ်လိုက်သည်။

“ဒီအချစ်ငွေ့ တွေက တကယ်ကို နားမခံသာဘူးပဲ!”

သူမက နှာခေါင်းကို ပြန်လွှတ်လိုက်ပြီး ထပ်မေးသည်။

“ခုနက စင်နောက်ဘက် အင်တာဗျူးတုန်းက သတင်းထောက်တစ်ယောက်က မင်းရဲ့ နှစ်သစ်ဆုတောင်းကို မေးတော့ မင်းက ကြယ်တွေ ကြည့်ချင်တယ်လို့ ဖြေခဲ့တယ်မလား။ အဲဒါ တကယ်လား။”

“တကယ်ပါ၊”

ယွီနျန့် မျက်လွှာ ချလိုက်ပြီး ခပ်တိုးတိုးလေး ပြောသည်။

“အဘွား ဆုံးခါနီးတုန်းက ပြောခဲ့ဖူးတယ်... သူက ကြယ်တစ်ပွင့် ဖြစ်သွားပြီး ကောင်းကင်ကနေ ကျွန်တော့်ကို စောင့်ကြည့်နေမှာပါတဲ့”

ယွီချင်း စိတ်မကောင်းဖြစ်သွားပြီး

“ယွီနျန့်... မင်းကတော့လေ... တောက်! ငါ မင်းရဲ့ အဲဒီလို အမူအရာမျိုးကို ကြည့်မနေနိုင်ဘူး။ ငါ အချိန်ရရင် မင်းကို ကြယ်ကြည့်ဖို့ ကမ့်ပင်းခေါ်သွားမယ်!”

ယွီနျန့်က ပြုံးလျက် ခေါင်းခါပြသည်။

“အဲဒီလောက်အထိ အလုပ်ရှုပ်မခံပါနဲ့။ ကျွန်တော် အဆင်ပြေပါတယ်။ အဘွားရဲ့ နှစ်ပတ်လည်နီးလာလို့ သတိရမိရုံပါ”

ပွဲကျင်းပရာနေရာ၏ အပြင်ဘက်တွင် ယာဉ်ကြောများ ပိတ်ဆို့နေပြီး ခဏအကြာမှသာ ကားသည် လမ်းမပေါ်သို့ ဖြည်းဖြည်းချင်း တက်နိုင်ခဲ့သည်။ ယွီချင်းသည် သူမ၏ edit မလုပ်ထားသော ဓာတ်ပုံများကို ကြည့်ရင်း ကျေနပ်နေပြီး Weibo ကို အားရပါးရ ပွတ်နေပါတော့သည်။

ခဏအကြာတွင် ယွီချင်းက အိပ်ချင်မူးတူးဖြစ်နေသော ယွီနျန့်ကို တံတောင်နှင့် အသာတိုးလိုက်သည်။

“နျန့်နျန့်... ဒီလူတွေက အမြင်ရှိသားပဲ။ ပွဲပြီးတာနဲ့ ‘ဝတ်စုံအလှဆုံး အမျိုးသားနဲ့ အမျိုးသမီး အနုပညာရှင်’ ကို

ရွေးလိုက်ကြပြီ။”

ယွီနျန့်၏ ဇီဝနာရီမှာ အတော်လေး တိကျပြီး သူ အိပ်နေကျအချိန်ထက် ကျော်လွန်နေပြီ။ သူက ဝေဝေဝါးဝါးဖြင့် မေးလိုက်သည်။

“ဘယ်သူတွေလဲဟင်။”

“ဒါပေါ့၊ ငါနဲ့ မင်းပေါ့! မဟုတ်ရင် ငါက ဘာလို့ ဒီလောက် ပျော်နေရမှာလဲ။”

ယွီချင်းက သူမ၏ ဖုန်းကို ပြလျက်

“ငါဆိုရင် ဒီလောက်အေးတဲ့ ရာသီဥတုမှာ ပုခုံးဟိုက်ဂါဝန်ကို ဝတ်ခဲ့ရတာ။ Red Carpet မလျှောက်ခင်မှာလည်း

ဗိုက်ထွက်မှာစိုးလို့ နေ့လယ်စာတောင် မစားရဲခဲ့ဘူးတယ်။”

ယွီနျန့်မှာ မျက်လုံးကို အတင်းမှိတ်ထားရသည်အထိ အိပ်ချင်နေသည်ကို သတိထားမိသွားသောအခါ ယွီချင်းက အသံကို နှိမ့်လိုက်သည်။

“ထားလိုက်ပါတော့၊ အတင်းကြီး အောင့်မထားပါနဲ့တော့။ အိပ်တော့၊ အိမ်ရောက်ရင် ငါနှိုးပါ့မယ်တယ်။”

ယွီနျန့်၏ တွန့်ချိုးနေသော မျက်မှောင်လေးများ ပြေလျော့သွားပြီး ပြန်လည်အိပ်ပျော်သွားသည်ကို မြင်သောအခါ ယွီချင်းသည် စောင်ကိုယူ၍ လွှမ်းခြုံပေးလိုက်သည်။ အခုမှ လူလားမြောက်ကာစရှိသေးသည့် သူမ၏ မောင်လေးမှာ အခုတော့ သူမတစ်ယောက်တည်းသာ ရှိပါတော့သည်။ တကယ်လို့ သူနှစ်သက်တဲ့သူနဲ့သာ အတူရှိခွင့်ရမယ်ဆိုရင်၊ သူတို့တွေ ပေါင်းဖက်နိုင်မှာပါ။ အနာဂတ်မှာ သူတစ်ယောက်တည်း ဖြစ်မနေတော့ဘဲ အိမ်ထောင်တစ်ခု ရှိလာမှာ ဖြစ်သည်။ သို့သော်လည်း ယွီနျန့်ကို နံရံမှာကပ်ပြီး အသာလေး နမ်းပစ်နိုင်မယ့် အနာဂတ်ယောင်းမလောင်းကို တွေးမိတိုင်း အနည်းငယ်တော့ စိတ်မကောင်းဖြစ်မိသည်။

ယွီနျန့်သည် တစ်ညလုံး ကောင်းကောင်းအိပ်ခဲ့ရပြီး နောက်တစ်နေ့ ကုမ္ပဏီသို့ သွားသောအခါ လူက လန်းဆန်းနေပြီ။ မုန့်ယွမ်ကတော့ ရောက်မလာသေးချေ။ မနေ့ညက ဝေဝေဝါးဝါး မှတ်မိနေသော အကြောင်းအရာဖြစ်သည့် ‘အဝတ်အစား အလှဆုံး အမျိုးသားအနုပညာရှင်’ အဖြစ် ရွေးချယ်ခံရသည်ဆိုသော ယွီချင်း၏ စကားကို ပြန်လည်သတိရမိသည်။ ရုံးခန်းဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး Weibo ကို ဖွင့်ကြည့်လိုက်သည်။ ခန့်မှန်းထားသည့်အတိုင်းပင် မူရင်းပို့စ်အောက်ရှိ မှတ်ချက်များတွင် အကြီးအကျယ် ငြင်းခုံနေကြသည်ကို တွေ့ရသည်။

ခဏအကြာတွင် မုန့်ယွမ်သည် ပဲနို့ပူပူတစ်ခွက်ကို ကိုင်ကာ ရုံးခန်းထဲသို့ ဝင်လာသည်။ ယွီနျန့် Weiboကြည့်နေသည်ကို မြင်သောအခါ သူက မှတ်ချက်ပေးလိုက်သည်။

“မင်းက ဒီကိစ္စနဲ့တင် Trending ဖြစ်သွားတာ။ Hashtag က ‘ဈေးပေါတဲ့ ဝတ်စုံဝတ်ထားတဲ့ ယွီနျန့်’ ဆိုပြီး တက်လာပေမဲ့ မိနစ်ပိုင်းအတွင်းမှာတင် အမှားကြီးဆိုတာ ဖော်ထုတ်ခံလိုက်ရတယ်လေ။”

မုန့်ယွမ်၏ စကားအဆုံးတွင် ယွီနျန့်သည် Trending ဖြစ်နေသော အကြောင်းအရာကို နှိပ်ကြည့်လိုက်ရာ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော စာတွဲတစ်ခုကို အမြန်ပင် ရှာတွေ့သွားသည်။ ထိုအကြောင်းအရာ၏ ပထမဆုံးပို့စ်မှာ အတည်ပြုပြီးသား အကောင့်ပိုင်ရှင်တစ်ဦး၏ ဗဟုသုတပေး ရှင်းလင်းချက် ဖြစ်သည်။

“ယွီနျန့်ရဲ့ အဝတ်အစားတွေက ဈေးပေါတယ်လို့ ပြောရဲကြတာလား။ Jones Kenton ဆိုပြီး အမြန်လေး ရှာကြည့်လိုက်ကြပါဦး။ ယွီနျန့် ဝတ်ထားတဲ့ ဝတ်စုံက ဒီစတူဒီယိုကပါ။ အကယ်၍ ဈေးနှုန်းက ဂဏန်းခုနစ်လုံး အောက်မှာသာ ရှိနေရင် ကျွန်တော် Weibo ကနေ ထွက်သွားလိုက်မယ်။ ပြီးတော့ ဒီဘရန်းက အဝတ်အစားတွေကို ငှားလို့မရပါဘူး။ ဆိုလိုတာက မင်း ဝတ်ချင်ရင် အပြည့်အဝ ဝယ်မှရတာပါ။ ကျွန်တော်ပြောတာကို အားလုံး နားလည်ကြရဲ့လား။”

[ဘုရားရေ... ကျွန်မ ဒါကို ကောင်းကောင်းမှတ်မိနေတယ်! မနှစ်က ကျွန်မရဲ့ အိုင်ဒေါ Pusen ရုပ်ရှင်ပွဲတော်မှာ ဒီဘရန်းကို ဝတ်ခဲ့တာ။ အဲဒီတုန်းက သူက ဒီဝတ်စုံကို ယူရို ၃ သိန်း ပေးခဲ့ရတယ်လို့ ပြောခဲ့ဖူးတယ်။ အဲဒါက ယွမ် ၂ သန်းကျော်လေ!]

[ဒါက တကယ့် ဗဟုသုတပဲ! ငါတို့လို သာမန်လူတွေက ချမ်းသာတဲ့သူတွေရဲ့ ကမ္ဘာကို နားမလည်ကြဘူးပဲ! ယွီနျန့်က တစ်ကိုယ်လုံးမှာ အိမ်တစ်လုံးစာ ဝတ်ထားတာပေါ့! လေးနေမလား။ ဟားဟားဟား~]

[သာမန်လူတစ်ယောက်အနေနဲ့ ပြောရရင်! အရင်ကတော့ သဘာဝအတိုင်း ကျော့ရှင်းနေတာမျိုးကို မယုံခဲ့ဘူး။ ဒါပေမဲ့ ဒီတစ်ခါတော့ တကယ် မြင်လိုက်ရပြီ! ယွီနျန့်ဆီကနေ မျိုးရိုးစဉ်ဆက် ချမ်းသာကြွယ်ဝပြီး ဇိမ်ကျကျ နေလာတဲ့ မိသားစုက မွေးဖွားလာတဲ့ အရှိန်အဝါမျိုး ထွက်နေတာ!]

[အပေါ်ကလူပြောတာ မှန်တယ်! အဲဒီ GIF လေးကို မြင်ပြီး ကျွန်မတော့ လုံးဝကို အရှုံးပေးလိုက်ရပြီ! လုံးဝပါပဲ!]

မုန့်ယွမ်က သူ၏ စားပွဲကို ရှင်းလင်းလိုက်ပြီး စိတ်ကြည်လင်စွာဖြင့်

“အဝတ်အစားကိစ္စက ပြဿနာအကြီးကြီး မဟုတ်ပါဘူး။ Red Carpet ပွဲတစ်လျှောက်လုံးမှာ မင်း တကယ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။ ဒီမနက်စောစောတင် ဖက်ရှင်ဘရန်း နှစ်ခုက လက်တွဲဖို့ စိတ်ဝင်စားကြောင်း ကမ်းလှမ်းလာကြတယ်။ ဒါနဲ့... မင်း ဒီနေ့ ကုမ္ပဏီကို ဘာလို့ ဒီလောက်တောင် စောစောရောက်နေရတာလဲ။”

ယွီနျန့်က သူ၏ဖုန်းကို အနေမခက်ဘဲ ချလိုက်ပြီး တည်ငြိမ်စွာပင်

“အစ်ကိုမုန့်... ကျွန်တော် ပိုက်ဆံ အရေးပေါ် လိုနေလို့ပါ” ဟု ဆိုသည်။

မုန့်ယွမ်က မတ်မတ်ထိုင်လိုက်ပြီး “ဘယ်လောက်အထိ အရေးကြီးနေလို့လဲ။” ဟု မေးသည်။

“နှစ်လလောက်အတွင်းမှာပါ”

မုန့်ယွမ်သည် သူ၏လက်ချောင်းများဖြင့် စားပွဲကို အသာအယာ တောက်ရင်း စက္ကန့်အနည်းငယ်မျှ စဉ်းစားခန်း ဝင်သွားသည်။

“နှစ်လဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်။ ငါ ကြော်ငြာနှစ်ခုအတွက် စဉ်းစားထားတယ်။ တစ်ခုက သောက်ရေသန့်ပြီး နောက်တစ်ခုကတော့ မိုဘိုင်းလ်ဖုန်း ကြော်ငြာပဲ။ Florence ရဲ့ ရောင်းအားအချက်အလက်တွေကို မြင်ပြီးတာနဲ့ ဒီဘရန်းနှစ်ခုလုံးက ငါတို့ဆီကို အရင်လာကမ်းလှမ်းကြတာ။ ကြည့်ရတာတော့ အလားအလာ ကောင်းပါတယ်။ မင်းဘက်ကလည်း အဆင်ပြေတယ်ဆိုရင် စာချုပ်ချုပ်လိုက်လို့ ရပြီ။ လုပ်ငန်းစဉ်ကတော့ အတော်လေး မြန်မှာပါ”

“ပြီးတော့ မင်းရဲ့ သီချင်းတွေလည်း ရှိသေးတာပဲ။ ငါ နောက်ထပ် သုံးပုဒ်လောက် ထပ်ရောင်းပေးရင် မင်းအတွက် ပိုက်ဆံအတော်များများ ရလာလိမ့်မယ်”

ယွီနျန့်သည် စိတ်ထဲတွင် အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်ပြီးနောက် ကျေးဇူးတင်စကား ဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုမုန့်။ ကျွန်တော့်အတွက် လုပ်ပေးတာတွေအတွက် တကယ်ကို ကျေးဇူးတင်ပါတယ်"

"ကျေးဇူးတင်နေစရာ မလိုပါဘူးကွာ။ ငါက မင်းရဲ့ မန်နေဂျာပဲဟာ။ မင်း အောင်မြင်မှုအကြီးကြီး ရလာမယ့်နေ့ကို စိတ်ရောကိုယ်ပါ မျှော်လင့်နေတာ။ ငါ့ရဲ့ ထမင်းအိုးက မင်းအပေါ်မှာ မူတည်နေတာလေ၊"

မုန့်ယွမ်က လက်ယမ်းပြရင်း ဆက်ပြောသည်။

"မင်းက ငယ်ပါသေးတယ်။ ဒီလောကထဲမှာ နာမည်ကျော်ကြားမှုနဲ့ စည်းစိမ်တွေက လူတွေရဲ့ မျက်စိကို ကျိန်းစေနိုင်တယ်။ မထိသင့်တဲ့အရာတွေကို မထိနဲ့။ မင်းရဲ့ အနာဂတ်ကို ဖျက်ဆီးမယ့်အရာတွေကိုလည်း ဘယ်တော့မှ မလုပ်ပါနဲ့"

ယွီနျန့်က တဟားဟား ရယ်မောလိုက်သည်။

"အစ်ကိုမုန့်... ကျွန်တော် မူးယစ်ဆေးသုံးမှာ ဒါမှမဟုတ် လောင်းကစားလုပ်မှာကို စိုးရိမ်နေတာလား။"

"ငါ အဲဒီလို မပြောပါဘူး!"

မုန့်ယွမ်က ချက်ချင်းငြင်းဆိုလိုက်ပြီး

"မင်း ပိုက်ဆံသုံးတာက မြစ်ရေစီးသလို မဟုတ်ဘဲ ရေတံခွန်က ရေတွေ ကျသလိုမျိုး ဖြစ်နေလို့ပါ။ မင်း ပိုက်ဆံဘယ်လိုသုံးတယ်ဆိုတာက မင်းရဲ့ လွတ်လပ်ခွင့်မို့ ငါ ဝင်မစွက်ဖက်ပါဘူး၊ ဒါပေမဲ့ မင်းရဲ့ မန်နေဂျာတစ်ယောက်အနေနဲ့ သတိပေးဖို့တော့ လိုတယ်လေ"

မုန့်ယွမ်သည် သူ့အပေါ် စေတနာထားမှန်း သိသဖြင့် ယွီနျန့်က ပြုံးလျက် သဘောတူလိုက်သည်။

"စိတ်မပူပါနဲ့ အစ်ကိုမုန့်။ ကျွန်တော့်ကိုယ်ကျွန်တော် ထိန်းနိုင်ပါတယ်"

"အေး... အဲဒါဆိုလည်း ကောင်းတာပေါ့။ ဒါနဲ့... မင်းနေတဲ့ အထပ်မှာပဲ အခန်းလွတ် တစ်ခန်းရှိသေးတယ်။ ပိုကျယ်တဲ့ အခန်းမျိုးပေါ့။ အရင်က အဲဒီမှာ တီးဝိုင်းတစ်ခု နေဖူးတယ်။ သူတို့ နာမည်မကြီးခင်တုန်းကပေါ့။ အဲဒီက အဆိုတော်နဲ့ ဂစ်တာသမားက လောင်းကစားလုပ်ရင်း ရှုံးပြီး အကြွေးတွေ မဆပ်နိုင်ဖြစ်သွားတယ်။ နောက်ဆုံးတော့ အတိုးကြီးပေးရတဲ့ ငွေတိုးချေးစားသူတွေဆီက ချေးမိပြီး အကြွေးတောင်းတဲ့လူတွေက သူတို့လက်တွေကို ရိုက်ချိုးပစ်လိုက်ကြတယ်။ သူတို့ဘဝတွေကတော့ လုံးဝကို ပျက်စီးသွားတာပဲ"

"ဟား ဟား ကျွန်တော်ကတော့ အဲဒီလို ဖြစ်လာမှာ မဟုတ်ပါဘူး။ ကျွန်တော့်အစ်မက ကျွန်တော့်ကို မျက်စိဒေါက်ထောက် ကြည့်နေတာလေ"

ယွီချင်းအကြောင်း တွေးမိသောအခါ မုန့်ယွမ်က ဆက်ပြီး နားမပူတော့ပေ။

"ဒါလည်း ဟုတ်တာပဲ။ မင်းအစ်မရဲ့ အရှိန်အဝါနဲ့ဆိုရင်တော့ မင်းသာ ကာစီနိုသွားရဲရင် သူက မင်းကို လမ်းပေါ်ရောက်အောင် ကန်ထုတ်ပစ်မှာ သေချာတယ်"

***

ညနေပိုင်းတွင် ယွီနျန့် ဓာတ်လှေကားထဲမှ ထွက်လာသောအခါ လူသွားလမ်းမှာ တိတ်ဆိတ်နေသည်။ ဖုန်းတုန်ခါသံကြောင့် ကြည့်လိုက်ရာ ရှဲ့ယို့ထံမှ မက်ဆေ့ချ်တစ်ခု ရောက်နေသည်။

သူ့အသံမှာ အပြုံးရိပ်များ ပါဝင်နေသည်။

"Good evening ပါ"

"Good evening" ဟု ယွီနျန့်က ပြန်ဖြေလိုက်ရာ ရှဲ့ယို့က "မင်း အခု ဘယ်မှာလဲ။" ဟု မေးသည်။

"ခုနလေးတင် ဓာတ်လှေကားထဲက ထွက်လာတာ။ ဘာလို့လဲဟင်။"

ရှဲ့ယို့၏ အသံမှာ နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက် "ယွီနျန့်... လူသွားလမ်းက မီးတွေကို ပိတ်လိုက်ပါ"

"မီးပိတ်ရမယ်။ ဟုတ်ကဲ့။"

ယွီနျန့်မှာ ဇဝေဇဝါ ဖြစ်သွားသော်လည်း သူခိုင်းသည့်အတိုင်း လုပ်လိုက်သည်။ ခလုတ်နှိပ်လိုက်သည့် အသံလေးနှင့်အတူ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်ကျသွားသည်။ ကြမ်းပြင်ပေါ်ရှိ ဝေဝါးနေသော အလင်းပြန်ရိပ်များကို ကြည့်ရင်း ယွီနျန့် ခေတ္တမျှ ကြောင်အသွားမိသည်။

"ယွီနျန့်... မော့ကြည့်လိုက်ပါ"

ရှဲ့ယို့၏ စကားအတိုင်း မသိစိတ်ဖြင့် လိုက်ပါကြည့်လိုက်သောအခါ ယွီနျန့်၏ အသက်ရှူသံမှာ ရင်ဘတ်ထဲမှာတင် ရပ်တန့်သွားပါတော့သည်။

သူ့ခေါင်းပေါ်တွင် တလက်လက်တောက်ပနေသော မီးလေးများရှိနေပြီး ကြယ်တာရာ ဂလက်ဆီ တစ်ခုအသွင် ဖြစ်ပေါ်နေသည်။

"သဘောကျရဲ့လား။ အခုဆိုရင် မင်း အိမ်ပြန်လာတိုင်း မော့ကြည့်လိုက်ရုံနဲ့တင် ကြယ်တွေနဲ့ ပြည့်နေတဲ့ ကောင်းကင်ကြီးကို မြင်နေရမှာပါ"

တော်တော်ကြာမှ ယွီနျန့်သည် သူ၏ အရှိန်အဟုန်ပြင်းပြင်း ခုန်နေသော နှလုံးခုန်သံကို ထိန်းချုပ်လိုက်နိုင်ပြီး တိုးတိုးလေး မေးလိုက်သည်။

"ဒါ... ဒါကို ဘယ်လိုလုပ်လိုက်တာလဲ။"

"မင်း မြင်ချင်တယ်ဆိုရင်... ငါ ဖြစ်အောင် လုပ်ပေးမှာပေါ့"











Comments

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

1

ညင်းသဲ့လေသွေး ခေါ်ဆောင်ယူရာ အရပ်၌… မြတ်နိုးခြင်းများ ဦးဆွေးဆံမြည့် *** အပိုင်း (၁) အာ...သူ သေဆုံးသွားခဲ့ပြီပဲ... မြူတွေဆိုင်းနေတဲ့ ဝန်းကျင်မှာ လဲလျောင်းငြိမ်သက်နေတဲ့ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တယ်။ ပါးနှစ်ဖက်ဟာ ချိုင့်ခွက်လျက်...မျက်ကွင်းတွေက ခပ်နက်နက် ဖြစ်နေပြီးညိုမည်းနေတယ်။ နှုတ်ခမ်းတွေဟာလည်း အအေးဓာတ်ကြောင့်ပြာနှမ်းလို့... အမြဲတမ်း ပန်းရောင်ဆားခဲလို ဖြစ်ခဲ့တဲ့ သူ့အသားအရေတွေဟာလည်း သွေးမရှိသလို ဖြူဆုတ်ပြီး...သူ့ဆံပင်တွေဟာ ကျဲပါးလွန်းတာ‌ကြောင့် ဦးရေပြားကိုတောင် မြင်နေရတယ်။ သူငိုချင်သွားတယ်။ ဒီလို ပုံဆိုးပန်းဆိုးပုံစံကြီးနဲ့ ခမ်းလျန်နား နေခဲ့တာတဲ့လား။ ဒါကိုတောင် ခမ်းလျန်က ကြင်ကြင်နာနာ နဲ့ အနမ်းလေးတွေပေးခဲ့တာတဲ့လား။ ဘုရားရေ...ခမ်းလျန် ။ ခမ်းလျန် သူနဲ့တူတူရှိနေခဲ့တာ။ မြူတွေကြားထဲမှ သူ့ခန္ဓာကိုယ်ကို ဖက်ထားဆဲဖြစ်တဲ့ လက်ဖြူဖြူလေး။ လက်သည်းတွေဟာ တုံးတိတိဖြစ်လျက် ပိုးသတ်ဆေးတွေကြောင့် အရေခွံတွေ လန်ကာ ခပ်ကြမ်းကြမ်းဖြစ်နေတဲ့ လက်ချောင်းထိပ်လေးတွေ။ မဖြစ်ရဘူး။ မဖြစ်ရဘူး လို့ သူ့စိတ်ထဲ အော်ဟစ်ပြီး ခမ်းလျန်ကို ငုံ့မိုးကြည့်မိတယ်။ ထိတ်လန့်တုန်လှုပ်စိတ်နဲ့ သူ့ကို ကျစ်နေအောင် ဖက်ထားတဲ့ ခမ်းလျန်ကိုပုတ်နှိုး...