Skip to main content

58




အပိုင်း (၅၈) YouYu CP FanFic

ယွီနျန့်သည် အိပ်ရာမဝင်မီ ရှီရို့ထံမှ ပြန်စာကို ရရှိခဲ့သည်။

"ရှီရို့ အစ်ကိုမုန့်နဲ့ ဖုန်းပြောပြီးပါပြီ။ ဟုတ်ကဲ့၊ မနက်ဖြန်မနက် လာတဲ့အခါ အကုန်လုံး ဝယ်ခဲ့ပါ့မယ်။ ငါးလည်း မမေ့စေရပါဘူး။ စိတ်ချပါ"

နှစ်မိနစ်ခန့်အကြာတွင် သူမက အာမေဍိတ်လက္ခဏာများစွာနှင့်အတူ နောက်ထပ်စာတစ်စောင် ပို့လာပြန်သည် ။

"ဪ... ဒါနဲ့ နျန့်နျန့်! ဟိုမေးခွန်းလေ! ‘သမိုင်းကျမ်းကြီး ၂၄ စောင်’ ရဲ့ စာလုံးရေ သန်း ၄၀ ဆိုတာကြီး!"

"ကျွန်တော် မေးခွန်းတွေကို ဖြေပြီး စာရွက်ပေါ်မှာ ရေးထားပြီးပါပြီ။ ဒါပေမဲ့ ဆရာက ကျွန်တော့်ကိုမြင်ရင် စိတ်ရှုပ်တယ်လို့ ပြောလို့ ကိုယ်တိုင်သွားမပေးတော့ဘူးလေ။ အမြန်ချောပို့ နဲ့ပဲ ပို့လိုက်တာဆိုတော့ မနက်ဖြန် ရောက်လိမ့်မယ်" ဟု ပြန်ဖြေလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် နောက်တစ်နေ့ မွန်းတည့်ချိန်တွင် ဇင်ဟုန်ရင်း၏ Weibo အကောင့်၌ ဓာတ်ပုံ ၉ ပုံတက်လာသည်။ အလယ်ပုံတွင် သပ်ရပ်ပြတ်သားသော စုတ်တံလက်ရာများဖြင့် ရေးသားထားသည့် စာလုံးအလှစာမျက်နှာအပြည့်ကို ပြသထားပြီး ကျန် ၈ ပုံမှာမူ အနီးကပ်ရိုက်ချက် များ ဖြစ်ကြသည်။

ပို့စ်တွင် တိုတိုတုတ်တုတ် စာသားလေးတစ်ခု ပါရှိသည်။

"သဲနဲ့မြေကြီးကို_တူးဆွခြင်း_ဇင်ဟုန်ရင်း စာလုံးလေးတွေကတော့ ကြည့်ရုံနဲ့တင် ကျေနပ်စရာပဲ။ @ယွီနျန့်"

[စာအုပ်ကူးရမှာကို_စိတ်မဝင်စားတဲ့_လင်းချင်းဟယ် ကဲ... လာကြ၊ ငါပဲ ဘာသာပြန်ပေးမယ်။ ဆရာကြီး ဆိုလိုတာက ‘ဒီလက်ရေးက တကယ်ကို လှလွန်းတယ်! ငါတော့ ကြွားဖို့အတွက် Weibo မှာ ပို့စ်တင်ရမယ်။ မဟုတ်ရင် ဒီည အိပ်ပျော်မှာ မဟုတ်ဘူး!’ လို့ ပြောတာပါပဲ!]

[လူမှုဆက်ဆံရေးကို_ငြင်းပယ်တဲ့_ကျန်းရှောက်မင် လွတ်လပ်စွာ ဘာသာပြန်ဆိုချက်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ စာလုံးတွေကြားမှာ တည်ငြိမ်ရဲဝံ့ပြီး ယုံကြည်ချက်အပြည့် ရှိနေတာပဲ။ တစ်ပုဒ်လုံးက သန့်စင်ပြီး အေးချမ်းလှတယ်၊ လောဆယ်တာမျိုးလည်း မရှိဘူး။ အလျားလိုက် စုတ်ချက်တွေက ဂျုံနှံတွေလိုပဲ၊ ကြည်လင်တဲ့ ကောင်းကင်ယံမှာ လွင့်ပျံနေတဲ့ ပိုးသားအလား လှုပ်ရှားနေတာပဲ။]

[အပ်ချုပ်တာကို_စွဲလမ်းနေတဲ့_ရွှီလျန်ရန် ညီလေး... မင်းရဲ့လက်ရေးက ပိုပိုပြီး လှလာတာပဲ! မင်းရဲ့ အဖြေတွေကလည်း တကယ့်ကို ကောင်းပါတယ်။ ကြည့်ရတာတော့ စာအုပ်ကူးရမယ့် အခွင့်အရေး မရှိတော့ဘူးထင်တယ်! ပြီးတော့ စီနီယာကျန်း... မင်းကတော့ တကယ်ကို ထူးချွန်တာပဲ! (ခွေးခေါင်း အီမိုဂျီ)!]

[လိုင်းမရှိတဲ့_ချိုးချူယွဲ ဆရာကြီးက ဒီအဖြေလွှာကို အခါပေါင်း ရှစ်ရာလောက် ထုတ်ကြွားပြီး မိတ္တူတွေအများကြီးကူးကာ တို့တွေဆီ တစ်ယောက်တစ်စောင် လိုက်ပို့တော့မယ်ဆိုတာ ငါ ကြိုမြင်နေရတယ်။ (သက်ပြင်းချ.jpg)]

[အား... ယွီနျန့်ရဲ့ လက်ရေးက ဘာလို့ ဒီလောက်တောင် လှရတာလဲ နတ်ဘုရားတစ်ပါးရဲ့ လက်ရာအတိုင်းပဲ! ငါအားပေးနေတဲ့ ဒီရုပ်ချောချော ညီလေးက တကယ်တော့ ဘယ်သူလဲဆိုတာ သိချင်မိပါတယ်! ပြီးတော့ ဆရာကြီးကလည်း တအား ချစ်ဖို့ကောင်းတယ်!]

[ခုန်ပြီး လက်မြှောက်တယ်! ဆရာကြီးဇင်ခင်ဗျာ... ကျွန်မကို အဲဒီအဖြေလွှာ မိတ္တူတစ်စောင်လောက် ပေးလို့ရမလားဟင် အမြန်ချောပို့ခကို ကျွန်မ ကိုယ်တိုင်ပေးပါ့မယ်!]

[နောက်ဆုံးတော့ ငါ အသက်ဝဝ ရှူနိုင်သွားပြီ။ နျန့်နျန့် စာအုပ်တွေ လိုက်ကူးမနေရတော့ဘူးပေါ့။ ငါ ဘယ်လောက်တောင် စိုးရိမ်ခဲ့ရလဲ သိလား။ မနေ့ညက အိမ်မက်ထဲမှာတောင် နျန့်နျန့် ငိုပြီး ကူးထားတဲ့ စာရွက်တွေ စုတ်ပြဲကုန်လို့ ပြန်ဆက်လို့ မရတော့ဘူးလို့ လာပြောနေသေးတာ!]


ယွီနျန့် ရေခဲသေတ္တာထဲ ပစ္စည်းတွေ စီထည့်နေစဥ်မှာပဲ ရှီရို့၏ ရယ်မောသံကို ကြားလိုက်ရသဖြင့် ခေါင်းလှည့်ကာ "ဘာလို့ ဒီလောက်တောင် ပျော်နေရတာလဲဟင်" ဟု မေးလိုက်သည်။

"နျန့်နျန့်... မင်းရဲ့ စီနီယာတွေက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ။ဟား ဟား "

ယွီနျန့်လည်း လိုက်ပြီး ရယ်မောကာ

"ဟုတ်တယ်။ ဆရာ့မှာ တပည့်တွေ အများကြီးရှိပေမဲ့ တရားဝင် ညီအစ်ကိုဖြစ်လာတဲ့သူကတော့ ကျွန်တော်တို့ ငါးယောက်ပဲ ရှိတာ။ သူတို့အားလုံးက ကျွန်တော့်ထက် အသက်အများကြီးကြီးကြပြီး တကယ့်ကို ပါရမီရှင်တွေလေ။ ပုံမှန်ဆိုရင် နေရာအနှံ့မှာ ကိုယ့်အလုပ်နဲ့ကိုယ် အလုပ်ရှုပ်နေကြပေမဲ့ အားလုံးက လူကောင်းတွေချည်းပဲ။"

သူ ရေခဲသေတ္တာတံခါးကို ပိတ်လိုက်ပြီး ရှီရိုကို လိမ္မော်သီးတစ်လုံး ကမ်းပေးလိုက်သည်။

"အချိန်လည်း ရောက်တော့မှာဆိုတော့ ပြင်ဆင်ကြရအောင်။ ရိုက်ကူးရေးအဖွဲ့က မကြာခင် လာတော့မှာဆိုတော့ ထွက်ဖို့ အဆင်သင့် ဖြစ်နေရမယ်"

မွန်းတည့်ချိန်တွင် သတ်မှတ်ထားသည့်အတိုင်း ရိယောင်မိုဘိုင်းလ်ဖုန်းအဖွဲ့က သူတို့၏ ဘရန်းသံတမန်အသစ်ကို ကြေညာခဲ့သည်။ မုန့်ယွမ်ကပင်

"ရိယောင်ဖုန်းက သူတို့ဘရန်းနာမည်အတိုင်း နေအပူဆုံး မွန်းတည့်ချိန်ကို ရွေးပြီး ကြေညာတာပဲ" ဟု စနောက်ခဲ့သေးသည်။

သိပ်မကြာမီမှာပင် ရိယောင်ဖုန်း အရောင်းကောင်တာများနှင့် ဆိုင်ကြီးများတွင် ယွီနျန့်၏ ပိုစတာအသစ်များနှင့် ဆိုင်းဘုတ်ကြီးများဖြင့် ဝေဆာသွားပါတော့သည်။ ပုံများတွင် ယွီနျန့်သည် ကင်မရာဘက်သို့ ဘေးတိုက်လှည့်ကာ အဖြူရောင် ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး နောက်ဆုံးပေါ် ဖုန်းမော်ဒယ်ကို ကိုင်ဆောင်ထားသည်။ သူက ခေါင်းလေးကို အသာစောင်းကာ မျက်လုံးလေးများ မှေးလျက် အပြုံးနုနုလေး ပြုံးနေသည်။ သူ၏ ရှည်လျားသော လည်တိုင်၊ ထင်ရှားသော adem’s apple နှင့် နုနယ်သော ရုပ်ရည်တို့မှာ တကယ့်ကို ပြည့်စုံလွန်းသည့် ပန်းပုလက်ရာတစ်ခုကဲ့သို့ပင်။ အဖြူရောင် နားကြပ်ကြိုးလေးမှာ မေးရိုးတစ်လျှောက်မှတစ်ဆင့် အင်္ကျီကော်လာထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပုံမှာ သန့်ရှင်းပြီး ဆွဲဆောင်မှု အပြည့်နှင့်။

ဘရန်းသည် Weibo တွင် Splash screen ကြော်ငြာကိုပါ ဝယ်ယူထားသဖြင့် ယွီနျန့် အက်ပ်ကို ဖွင့်လိုက်တိုင်း စခရင်ပေါ်တွင် မိမိကိုယ်မိမိ မျက်စိတစ်ချက် မှိတ်ပြနေသည်ကို မြင်တွေ့နေရပါသည်။

ဘရန်းပွဲ အောင်မြင်စွာ ပြီးဆုံးပြီး ရိုက်ကူးရေးများလည်း ချောချောမောမော ဖြစ်သွားသောအခါ ယွီနျန့်သည် အဖွဲ့သားများကို ယဉ်ကျေးစွာ နှုတ်ဆက်ပြီး အိမ်သို့ အလျင်အမြန် ပြန်လာခဲ့သည်။ သူသည် စွပ်ပြုတ်ကို တည်လျက် လတ်ဆတ်သော ငါးသလောက်ကို ပြင်ဆင်ပြီးနောက် လက်ဆေးကာ စာကြည့်ခန်းထဲသို့ ဝင်ခဲ့သည်။ သူသည် ရှမင်ရှီး၏ ရုပ်ရှင်အတွက် ရေးသားထားသော ပရိုမိုးရှင်း သီချင်းကို အချောသတ်ပြီး ရိုက်ကူးရေးအဖွဲ့ထံသို့ ပို့လိုက်သည်။

သူ အလုပ်ဇယားတွင် မှတ်သားပြီးနောက် ရုံယွဲထံမှ ဖုန်းပြောရန် အဆင်ပြေမလားဟူသော မက်ဆေ့ချ် ရောက်လာသည်။ ယွီနျန့်က အရေးကြီးကိစ္စ ဖြစ်နိုင်သည်ဟု တွေးကာ "အဆင်ပြေပါတယ်" ဟု ပြန်ပို့လိုက်ရာ စက္ကန့်ပိုင်းအတွင်းမှာပင် ရုံယွဲ ဖုန်းခေါ်လာပါတော့သည်။

"နျန့်နျန့်... ဟို ‘နွေဦးမှာ လှည့်လည်တဲ့ မြင်းမူးလေး’ ပန်းချီကားကိစ္စလေ။"

ယွီနျန့်သည် စားပွဲအစွန်းတွင် ရပ်ရင်း ခဲတံတစ်ချောင်းကို ကိုင်ကာ နားမလည်နိုင်ဖြစ်လျက် "‘နွေဦးမှာ လှည့်လည်တဲ့ မြင်းမူးလေး’ လား ဘာဖြစ်လို့လဲဟင်" ဟု မေးလိုက်သည်။

ရုံယွဲက အမှန်အတိုင်း ဆိုသည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ ကနေဒါက ချမ်းသာတဲ့ စီးပွားရေးသမားတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ လေလံပွဲတွေမှာ သူ့ကို နှစ်ခေါက်၊ သုံးခေါက်လောက် တွေ့ဖူးတယ်။ သူက လူကြုံကတစ်ဆင့် ငါ့ကို လာရှာပြီး ‘နွေဦးမှာ လှည့်လည်တဲ့ မြင်းမူးလေး’ ကို စိတ်ဝင်စားတယ်လို့ ပြောခဲ့တာ။ အဲဒီတုန်းကတော့ ငါ ဘာမှရေရေရာရာ ပြန်မပြောခဲ့ဘူး။ ဒါပေမဲ့ ဒီနေ့ သူပြန်လာပြီး... သူ့အဘွားက တရုတ်ပြည်ကဖြစ်လို့ သူ တရုတ်ပန်းချီကားတွေကို အမြဲတမ်း သဘောကျခဲ့တာတဲ့။ အခု အဲဒီပန်းချီကားကို လျှို့ဝှက်ဝယ်ယူသူတစ်ယောက်က ဝယ်သွားပြီလို့ ကြားတော့... ငါ့ကို ကြားခံထားပြီး ဈေးကြီးပေးပြီး ပြန်ဝယ်ချင်လို့ ကူညီပေးပါလို့ လာတောင်းဆိုနေတာ"

ယွီနျန့် ခဲတံကို လက်ချောင်းကြားတွင် လှည့်ကစားရင်း ပြုံးလိုက်သည်။

"သူ တအားမြင့်တဲ့ ဈေးတစ်ခု ပေးခဲ့တာ သေချာပါတယ်။ အဲဒါကြောင့်လည်း အန်ကယ်ရုံ တုံ့ဆိုင်းနေတာပေါ့"

"ဈေးကတော့ တကယ်မြင့်တယ်။ သူဝယ်နိုင်မယ်ဆိုရင် ဂဏန်းကိုးလုံးနီးပါး ပေးဖို့အထိ အဆင်ပြေတယ်လို့ ပြောတယ်။ အဲဒါကြောင့် မင်းကို အရင်လာမေးတာ"

ယွီနျန့်သည် လက်ထဲက ကျိုးနေသော ခဲတံလေးဖြင့် စာရွက်ပေါ်တွင် မျဉ်းကြောင်းပါးပါးလေးတွေ ဆွဲရင်း ခေါင်းငုံ့ကာ ပြုံးလိုက်သည်။

"အန်ကယ်ရုံလည်း သိတာပဲ... ကျွန်တော် ဒီပစ္စည်းတွေကို ဝယ်တာက ပြန်ရောင်းဖို့ မဟုတ်သလို၊ ပြည်ပကို ရောင်းထုတ်ဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်ပါဘူး"

"အေးပါ၊ ဒါဆို ငါ ပြန်ငြင်းလိုက်ပါ့မယ်။"

သူက ထပ်မံ အတည်ပြုသည်။

"မင်း တကယ် မရောင်းဘူးပေါ့နော်"

"ဟုတ်ကဲ့။ သန်းတစ်ရာ ပေးရင်တောင် မရောင်းပါဘူးခင်ဗျာ"

"အိုကေ၊ ဒါနဲ့... ဟို ‘အိပ်မပျော်ခြင်းစာလိပ်’ အကြောင်း သတင်းတစ်ခု ရထားတယ်"

ယွီနျန့် မသိစိတ်ဖြင့် လက်ထဲက ခဲတံကို အားထည့်လိုက်မိရာ ကရက်ခနဲ အသံနှင့်အတူ ခဲတံလေး ကျိုးသွားပါတော့သည်။ သူ လှုပ်ရှားမှုများကို ရပ်လိုက်ပြီး မတ်မတ်ထိုင်ကာ

"တကယ်လားဟင်"

"တကယ်။ ကလိုင်းယင့်တစ်ယောက်နဲ့ စကားပြောရင်း ကြားခဲ့တာ။ အဲဒီ စာစောင်က ရာစုနှစ်တစ်ခုနီးပါး လူမြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့တာလေ။ နာမည်သာ ကြားဖူးပြီး ဘယ်သူမှ မမြင်ဖူးကြဘူး။ အခု အဲဒါ ပေါ်လာပြီဆိုတော့ လူဘယ်နှယောက်လောက် လုကြမလဲ မသိဘူး"

"ရတနာက တန်ဖိုးရှိတော့ အားပြိုင်မှုတွေ ရှိလာတာ သဘာဝပါပဲ"

ယွီနျန့် သေသေချာချာ ပြန်စဉ်းစားကြည့်သည်။

"ကျွန်တော် မှတ်မိသလောက်တော့ ‘အိပ်မပျော်ခြင်း စာလိပ်’ နဲ့ ပတ်သက်တဲ့ နောက်ဆုံးသတင်းက... ကျန့်လို့ မျိုးရိုးနာမည်ရှိတဲ့သူတစ်ယောက်က ရွှေဒင်္ဂါး ငါးရာနဲ့ ဝယ်သွားတယ်ဆိုတာပဲ။ ဟုတ်တယ်မလား"

"ဟုတ်တယ်။ ငါရထားတဲ့ သတင်းလည်း အဲဒီအတိုင်းပဲ။ မကြာခင်ကပဲ ရှိုးကျိုးက ကျန့်မိသားစုရဲ့ နောက်ဆုံး ဝါရင့်ပညာရှင်ကြီး ကွယ်လွန်သွားခဲ့တယ်။ သူတို့ မိသားစုရဲ့ မျိုးဆက်သစ်တွေကလည်း ပြည်ပကို အခြေချဖို့ ထွက်သွားကြပြီ။ အဲဒီတော့ သူတို့ရဲ့ စာကြည့်တိုက်ထဲမှာ သိမ်းထားတဲ့ ရှေးဟောင်း စာရွက်စာတမ်းတွေနဲ့ မှင်စာတွေကို အကုန်လုံး ထုတ်ရောင်းဖို့ ပြင်နေကြတာ။ အဲဒါကြောင့် လူတော်တော်များများက ခန့်မှန်းနေကြတာက... အဲဒီတုန်းက စာလိပ်ကို ဝယ်ခဲ့တဲ့သူကလည်း မျိုးရိုးနာမည် ကျန့် ဖြစ်ပြီး၊ ဒီလိပ်စာစောင်က ကျန့်မိသားစုရဲ့ စာကြည့်တိုက်ထဲမှာ နှစ်ပေါင်း ရာချီအောင် ရှိနေခဲ့တာ ဖြစ်နိုင်တယ်လို့ပေါ့"

သူက ထပ်ဖြည့်ပြောသည်။

"ဒါပေမဲ့ ကျန့်မိသားစုရဲ့ မျိုးဆက်သစ်တွေက ပြည်ပကရော ပြည်တွင်းကပါ စုဆောင်းသူတွေနဲ့ အဆက်အသွယ် ရှိနေကြတာဆိုတော့ ဘာဆက်ဖြစ်မလဲဆိုတာ မသေချာသေးဘူး"

"ရပါတယ်။ ပြောရရင် ကျွန်တော် ငယ်ငယ်ကတည်းက ‘အိပ်မပျော်ခြင်း စာလိပ်’ နဲ့ ပတ်သက်ပြီး ကောလာဟလမျိုးစုံ ကြားခဲ့ဖူးပေမဲ့ တစ်ခုမှ အစစ်မဟုတ်ခဲ့ဘူးလေ၊"

ယွီနျန့် ပြုံးလိုက်သည်။

"ဒါပေမဲ့ အစစ်ဟုတ်ဟုတ်၊ မဟုတ်ဟုတ် သတင်းရတာကတော့ ကောင်းတဲ့အချက်ပဲပေါ့"

"ဟုတ်တယ်။ယွီနျန့်... မင်း ပိုက်ဆံတွေ အသည်းအသန် ရှာရတော့မယ်နော်"

"ဟုတ်ကဲ့၊ နံပါတ်တစ် စာလိပ်ဖြစ်ပြီး နှစ်ပေါင်း ရာချီအတွင်း ပထမဆုံး ပေါ်လာတာဆိုတော့ ဈေးက ဘယ်လောက်အထိ တက်သွားမလဲ မသိဘူး၊"

ယွီနျန့် လက်ထဲက ကျိုးနေသော ခဲတံလေးကို ချလိုက်သည်။ သူ စိတ်အခြေအနေ တအား ကောင်းနေသည်။

"ဒါဆိုရင် အန်ကယ်ရုံ... ဒီကိစ္စကို ဆက်ပြီး စောင့်ကြည့်ပေးပါဦးနော်။ ကျွန်တော် မီးဖိုချောင်ထဲမှာ စွပ်ပြုတ်တည်ထားတာရှိလို့ သွားကြည့်လိုက်ဦးမယ်"


သူသည် ဝက်နံရိုးစွပ်ပြုတ်နှင့် ငါးသလောက်ပေါင်းတို့ကို သီးခြားစီ အပူထိန်းဗူးများထဲသို့ ထည့်ပြီး ဆေးရုံသို့ ယူဆောင်လာခဲ့သည်။

ထိုအထပ်တစ်ခုလုံးတွင် ရှဲ့ယို့တစ်ယောက်တည်းသာ နေထိုင်သဖြင့် တိတ်ဆိတ်နေသည်။ အခန်းတံခါးဝက သက်တော်စောင့်က သူ့ကို မတားဆီးသဖြင့် ယွီနျန့် တံခါးတွန်းဖွင့်ကာ ဝင်လိုက်သောအခါ အထဲတွင် ဝတ်စုံအပြည့်နှင့် အမျိုးသား ဆယ်ဂဏန်းကျော် ရှိနေသည်ကို တွေ့လိုက်ရသည်။

ရှဲ့ယို့သည် ဆိုဖာခုံတွင် မတ်မတ်ထိုင်နေသည်။ အသံကြားသဖြင့် သူ လှည့်ကြည့်လိုက်သည်။

ယွီနျန့် လမ်းခုလတ်တွင် ရပ်တန့်သွားသည်။ ရှဲ့ယို့တို့ အစည်းအဝေး လုပ်နေခြင်းမှန်း သိသဖြင့် သူက အနှောင့်အယှက်မဖြစ်စေရန် တံခါးပြန်ပိတ်ပြီး ထွက်သွားရန် ပြင်စဉ် ရှဲ့ယို့က

"အပြင်မှာ အေးပါတယ်။ အရင်ဝင်လာခဲ့ပါလား အစည်းအဝေးက နောက်ထပ် ၁၀ မိနစ်ဆို ပြီးပါပြီ" ဟု ဆိုသည်။

ယွီနျန့်ဘက် လှည့်ပြောသော ရှဲ့ယို့၏ လေသံမှာ ပုံမှန်ထက် ပိုမိုနူးညံ့နေသဖြင့် ဘေးတွင်ထိုင်နေသော အတွင်းရေးမှူးနှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မျက်ဝန်းထဲက အံ့ဩမှုများကို ဖုံးကွယ်ထားကြရသည်။

ယွီနျန့်လည်း မငြင်းတော့ပေ။ သူ လှည့်ကာ တံခါးကို ပိတ်လိုက်ပြီး အထဲသို့ ကျော့ရှင်းစွာ ဝင်လာခဲ့သည်။ သူ့ကို စူးစမ်းကြည့်နေကြသော လူများကို ခေါင်းညိတ်နှုတ်ဆက်လိုက်ပြီး ရှဲ့ယို့ကို

"ကျွန်တော် အထဲက အခန်းထဲမှာ စောင့်နေပါ့မယ်။ ပြီးရင် လာခေါ်ပါဦးနော်။"

သူ၏ အကြည့်က ရှဲ့ယို့ ဝတ်ထားသော အဖြူရောင် ရှပ်အင်္ကျီဆီသို့ ကျရောက်သွားပြီး မသိစိတ်ဖြင့် သတိပေးမိသည် ။

"အပေါ်အင်္ကျီ ဝတ်ထားဦးနော်၊ အေးမိနေဦးမယ်"

အတွင်းခန်းတံခါးလေး ညင်သာစွာ ပိတ်သွားပြီးနောက်တွင်မှ အမှုဆောင်များက သူတို့၏ အကြည့်များကို ပြန်ရုပ်ကာ အလုပ်ဘက်သို့ အာရုံပြန်သွင်းကြသည်။ ရှဲ့ယို့ လက်ထဲက စာရွက်စာတမ်းများကို ချလိုက်ပြီး ဘေးက အတွင်းရေးမှူးကို ကြည့်ကာ

"အင်္ကျီ ကမ်းပေးပါအုံး"

အတွင်းရေးမှူးမှာ ခေတ္တကြောင်သွားပြီးမှ အလျင်အမြန် ထရပ်ကာ ချိတ်ထားသော အပေါ်အင်္ကျီကို ယူ၍ ရှဲ့ယို့ထံ ကမ်းပေးသည်။ အင်္ကျီဝတ်ပြီးနောက် ရှဲ့ယို့ အခန်းထဲက လူများကို ဝေ့ကြည့်ကာ ပုံမှန်အတိုင်း အေးစက်စက် လေသံဖြင့် ပြန်ပြောသည်။

"ဆက်လုပ်ကြမယ်။ ဆုံးဖြတ်ချက်ချဖို့ ၁၀ မိနစ်ပဲ ရှိတယ်"


အတွင်းခန်းထဲတွင် ရှိနေသော ယွီနျန့်သည် အပြင်ဘက်မှ လူများထွက်ခွာသွားသည့် အသံနှင့် တံခါးပိတ်သံများကို ကြားရသောအခါမှ တံခါးဖွင့်ပြီး ထွက်လာခဲ့သည်။

"အရေးပေါ်အလုပ်လေး ရှိလို့ အဆင်မပြေဘဲ အစည်းအဝေး လုပ်လိုက်ရတာ"

"ဪ... ကျွန်တော်က စောရောက်သွားတာကိုး။"

ယွီနျန့် လှည့်ကာ သူယူလာသော ပစ္စည်းများကို စားပွဲပေါ် တင်လိုက်သည်။

"နျန့်နျန့်... ဒီနေ့ ကြည့်ရတာ စိတ်အခြေအနေ တအားကောင်းပုံရတယ်နော်"

"ဒါက သိသာနေလို့လား"

ယွီနျန့် သူ၏ အနွေးထည်အထူကြီးကို ချွတ်လိုက်ရာ အောက်တွင် အရောင်ဖျော့ဖျော့ ဆွယ်တာနှင့် ဂျင်းဘောင်းဘီကိုသာ ဝတ်ဆင်ထားသည်။ သူက ပြုံးလျက် အပူထိန်းဘူးများကို ပြင်ဆင်ရင်း

"အင်း... ကျွန်တော် အကြာကြီး လိုက်ရှာနေတဲ့ ပစ္စည်းတစ်ခုရဲ့ သတင်းကို ကြားခဲ့ရလို့ပါ။ အစစ်ဟုတ်ဟုတ်၊ မဟုတ်ဟုတ် မသေချာသေးပေမဲ့ တအားဝမ်းသာမိတာတော့ အမှန်ပဲ"

သူ ဝက်နံရိုးစွပ်ပြုတ်ကို ပန်းကန်လုံးအသေးလေးထဲ ထည့်ပြီး သေချာမှုတ်ကာ ကမ်းပေးလိုက်သည်။

"ဗိုက်ဆာနေပြီလား အရင်မြည်းကြည့်ပါဦး၊ ဘယ်လိုနေလဲလို့"

ရှဲ့ယို့က ပန်းကန်လုံးလေးကို လက်တစ်ဖက်ဖြင့် လှမ်းယူကာ တစ်ငုံသောက်လိုက်သည်။

"အရသာ ရှိပါတယ်။ ကျေးဇူးတင်ပါတယ်"

"အဆင်ပြေရင် ပြီးတာပါပဲ။"

ယွီနျန့် တစ်ခုခုကို သတိရသွားသည်။

"မင်း မနက်ဖြန်မနက် ဆေးရုံဆင်းရမှာ ဟုတ်တယ်မလား"

"အင်း... မနက်ဖြန်မနက် ဆင်းမှာပါ"

"ကျွန်တော်ကတော့ မနက်ဖြန်မနက်ပိုင်း အလုပ်ရှိလို့ ရက်ရွှေ့လို့မရတာနဲ့... လာပြီး မပို့နိုင်တော့ဘူးနော်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါဦး၊ အထူးသဖြင့် ညာဘက်လက်ကို သတိထားနော်။ ဒဏ်ရာ ပြန်ပွင့်သွားရင် မကောင်းဘူး။"

ယွီနျန့် ရှဲ့ယို့၏ ဘေးနားတွင် တင်ထားသော ဖုန်းမှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျတော့မည့်အခြေအနေ ဖြစ်နေသည်ကို သတိပြုမိသဖြင့် လှမ်းကောက်ပေးလိုက်ရာ၊ ရှဲ့ယို့၏ မျက်နှာတွင် ရုတ်တရက် ပျာယာခတ်သွားသည်ကို တွေ့လိုက်ရသည်။

"ဘာဖြစ်လို့လဲဟင်"

"ဘာမှမဖြစ်ပါဘူး။"

ရှဲ့ယို့ ဖုန်းကို ဆက်မကြည့်တော့ဘဲ မျက်နှာလွှဲကာ ငါးပေါင်းကိုသာ ဆက်စားနေပါတော့သည်။

ယွီနျန့် ပြန်သွားပြီးနောက် ဆေးရုံခန်းထဲတွင် ပြန်လည်တိတ်ဆိတ်သွားသည်။ ရှဲ့ယို့ တော်တော်ကြာအောင် တုံ့ဆိုင်းနေပြီးမှ ဖုန်းကိုကောက်ကိုင်ကာ ခုနက ဖွင့်ထားသည့် စာမျက်နှာကို ပြန်ကြည့်လိုက်သည်။

...ယွီနျန့်သည် ရှဲ့ယို့၏ အနက်ရောင် ဝတ်စုံအင်္ကျီကြီးကို လွှမ်းခြုံထားရင်း၊ လက်လှမ်းကာ ရှဲ့ယို့၏ သေးသွယ်သော ခါးလေးကို ဖက်တွယ်လိုက်သည်။ သူသည် တစ်ဖက်လူ၏ ရင်ခွင်နွေးနွေးထဲတွင် နစ်ဝင်နေရင်း စိတ်လှုပ်ရှားစွာဖြင့် ‘ငါ သိပါတယ်... မင်း ငါ့ကို ချစ်တယ်ဆိုတာ’ ဟု ဆိုသည်။

ရှဲ့ယို့က ထိုလူကို ရင်ခွင်ထဲတွင် တင်းတင်းကြပ်ကြပ် ပွတ်သပ်ဖက်ထားရင်း၊ ဦးခေါင်းထိပ်လေးကို အသာနမ်းကာ မိစ္ဆာတစ်ကောင်ပမာ ပြုံးလိုက်သည် ‘ဒါပေါ့... မင်းက ငါ့လူပဲဟာ။ ငါက မင်းကိုမချစ်ရင် ဘယ်သူ့ကို ချစ်ရမှာလဲ’

ရှဲ့ယို့သည် မှတ်ချက်ကဏ္ဍတွင် တွေ့ရသော ‘ယွီနျန့်နှင့် ရှဲ့ယို့’ CP fanfiction ကို ကြည့်ရင်း မျက်နှာလေး အနည်းငယ် နီရဲလာပြီး နားရွက်လေးများပါ ပူထူးလာသလို ခံစားလိုက်ရသည်။

သူ ဤစာပိုဒ်ကို ထပ်မံဖတ်ကြည့်သည်။ နျန့်နျန့် အေးနေချိန်တွင် သူ၏ အပေါ်အင်္ကျီကို ချွတ်ပေးတာ၊ တင်းတင်းကြပ်ကြပ် ဖက်ထားတာ၊ နမ်းတာတွေကိုတော့ သူ နားလည်နိုင်ပါသည်။

ဒါပေမဲ့... အဲဒီ ‘မိစ္ဆာတစ်ကောင်ပမာ ပြုံးလိုက်တယ်’ ဆိုတာကြီးက ဘယ်လိုပုံစံမျိုး ဖြစ်မလဲ


Comments

  1. အေးလေ ရှဲ့ယိုလိုပဲ တို့လည်း မိစ္ဆာတစ်ကောင်အပြုံးက
    ကိုကိုဦး အပြုံးလားတွေးနေမိ နားမလည်လို့

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

1

ညင်းသဲ့လေသွေး ခေါ်ဆောင်ယူရာ အရပ်၌… မြတ်နိုးခြင်းများ ဦးဆွေးဆံမြည့် *** အပိုင်း (၁) အာ...သူ သေဆုံးသွားခဲ့ပြီပဲ... မြူတွေဆိုင်းနေတဲ့ ဝန်းကျင်မှာ လဲလျောင်းငြိမ်သက်နေတဲ့ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တယ်။ ပါးနှစ်ဖက်ဟာ ချိုင့်ခွက်လျက်...မျက်ကွင်းတွေက ခပ်နက်နက် ဖြစ်နေပြီးညိုမည်းနေတယ်။ နှုတ်ခမ်းတွေဟာလည်း အအေးဓာတ်ကြောင့်ပြာနှမ်းလို့... အမြဲတမ်း ပန်းရောင်ဆားခဲလို ဖြစ်ခဲ့တဲ့ သူ့အသားအရေတွေဟာလည်း သွေးမရှိသလို ဖြူဆုတ်ပြီး...သူ့ဆံပင်တွေဟာ ကျဲပါးလွန်းတာ‌ကြောင့် ဦးရေပြားကိုတောင် မြင်နေရတယ်။ သူငိုချင်သွားတယ်။ ဒီလို ပုံဆိုးပန်းဆိုးပုံစံကြီးနဲ့ ခမ်းလျန်နား နေခဲ့တာတဲ့လား။ ဒါကိုတောင် ခမ်းလျန်က ကြင်ကြင်နာနာ နဲ့ အနမ်းလေးတွေပေးခဲ့တာတဲ့လား။ ဘုရားရေ...ခမ်းလျန် ။ ခမ်းလျန် သူနဲ့တူတူရှိနေခဲ့တာ။ မြူတွေကြားထဲမှ သူ့ခန္ဓာကိုယ်ကို ဖက်ထားဆဲဖြစ်တဲ့ လက်ဖြူဖြူလေး။ လက်သည်းတွေဟာ တုံးတိတိဖြစ်လျက် ပိုးသတ်ဆေးတွေကြောင့် အရေခွံတွေ လန်ကာ ခပ်ကြမ်းကြမ်းဖြစ်နေတဲ့ လက်ချောင်းထိပ်လေးတွေ။ မဖြစ်ရဘူး။ မဖြစ်ရဘူး လို့ သူ့စိတ်ထဲ အော်ဟစ်ပြီး ခမ်းလျန်ကို ငုံ့မိုးကြည့်မိတယ်။ ထိတ်လန့်တုန်လှုပ်စိတ်နဲ့ သူ့ကို ကျစ်နေအောင် ဖက်ထားတဲ့ ခမ်းလျန်ကိုပုတ်နှိုး...