Skip to main content

62


အခန်း (၆၂) ပါဆယ်ဝယ်စားဖို့ ပိုက်ဆံမရှိတော့ဘူး


စားသောက်ဆိုင်၏ မှန်နံရံကြီးမှတစ်ဆင့် မြင်တွေ့ခဲ့ရသည့် ဟင်းလင်းပြင်ကျယ်ကြီးထဲက မီးရှူးမီးပန်းများကို ယွီနျန့် ပြန်လည်တွေးတောမိရင်း သူ၏မျက်နှာထက်တွင် အပြုံးတစ်ခုက နေရာယူလာပါတော့သည်။


"ဟေး... နျန့်နျန့်၊ မင်းထင်တာကော ပြီးခဲ့တဲ့အခေါက်တုန်းက အဆောက်အအုံပေါ်မှာ LED မီးရောင်စုံပြပွဲနဲ့ မီးရှူးမီးပန်းတွေ စီစဉ်ပေးခဲ့တဲ့ အဲဒီလူနဲ့ အခုလူက တစ်ယောက်တည်းပဲလို့ ထင်လားဟင်"


"သေချာပေါက် တစ်ယောက်တည်းပဲ ဖြစ်မှာပါခင်ဗျာ၊"


ထိုလျှို့ဝှက်ဆန်းပြားသူကြီးအကြောင်းကို တွေးမိသောအခါ ယွီနျန့် စိတ်ထဲ


သူ အခုအချိန်ဆိုရင်တော့ အိပ်ပျော်နေလောက်ပြီ မဟုတ်လား။


ယွီချင်းက ဆက်ပြောလာသည်။


"ဒါတွေကို ဘေးဖယ်ထားမယ်ဆိုရင်တောင်... နျန့်နျန့်၊ မင်းရဲ့ အယ်လ်ဘမ်ရောင်းအားက ဒီနှစ်ပိုင်းအတွင်းမှာ တကယ့်ကို အံ့မခန်းပဲ။ ငါ့ရဲ့ ‘Nothing to Lose’ အယ်လ်ဘမ်တုန်းကတောင် မင်းရဲ့ အောင်မြင်မှုကို မမီခဲ့ဘူး။ အဲဒီတုန်းက ငါ့သီချင်းက ဇယားတွေမှာ စိုးမိုးထားနိုင်ခဲ့ပေမဲ့ မင်းလိုမျိုး အခွေရောင်းအား တအား ကောင်းနေတာမျိုးတော့ မရှိခဲ့ဘူး။ ဆုတွေရဖို့ကတော့ မင်းအတွက် သေချာသလောက်ပဲပေါ့"


ယွီနျန့်သည် လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ကာ နံရံကို မှီလိုက်သည်။


"ဒါက ကျွန်တော်နဲ့ အစ်ကိုမုန့် ကြိုတင်ခန့်မှန်းထားတာထက် ပိုပြီး ကောင်းမွန်နေတော့ ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေထက်တောင် ကျော်လွန်နေတာ"


"မင်း မျှော်လင့်ထားထား၊ မထားထား... ရောင်းအား အချက်အလက်တွေက သူ့ဘာသာသူ သက်သေပြနေတာပဲလေ။ မင်း မသိလို့ပါ... ငါ့ဘေးနားကလူတွေဆိုရင် မင်းရဲ့အယ်လ်ဘမ်ကို နတ်ဘုရားအဆင့် အယ်လ်ဘမ်လို့တောင် ခေါ်နေကြတာ။ ဘယ်အယ်လ်ဘမ်နဲ့မှ မတူတဲ့ လက်ရာမျိုးတဲ့၊ ဟားဟား!"


ယွီနျန့် အနည်းငယ် အားနာသွားသည်။


"သူတို့က အပိုတွေ ချီးကျူးနေကြတာပါ"


"ချီးကျူးတာတောင် နည်းသေးတယ်!"


ယွီချင်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့်


"ရက်ပေါင်း ဆယ်ရက်အတွင်းမှာတင် ယွမ်တစ်ရာတန်တဲ့ အခွေပေါင်း နှစ်သိန်းကို မင်းရောင်းလိုက်ရတာနော်။ အဲဒါ ဘယ်လောက်တောင် ဝင်ငွေအများကြီး ရလဲဆိုတာ မင်းသိရဲ့လား။ အရင်က မင်းကို အထင်သေးခဲ့ကြတဲ့သူတွေဆိုရင် ဒီကိန်းဂဏန်းတွေကို မြင်ပြီး သေချာပေါက် ငိုနေကြလိမ့်မယ်။ ချွိရှောက်ရန်ဆိုရင်လည်း အိမ်မက်ထဲကနေတောင် ပြုံးပြီး နိုးလာလောက်တယ်!"


"ဥက္ကဋ္ဌချွိအကြောင်းတော့ ကျွန်တော် မသိပေမဲ့... အစ်ကိုမုန့်ကတော့ အိမ်မက်ထဲကနေ ပြုံးပြီး နိုးလာတာ တကယ်ပါပဲ။ သူက အိမ်မက်ထဲမှာ ပိုက်ဆံတွေ ထိုင်ရေနေတာတဲ့၊ ပိုက်ဆံတွေ တအားရေလိုက်ရလို့ လက်ချောင်းတွေတောင် ကျိုးသွားတယ်လို့ လာပြောသေးတယ်"


ယွီချင်း တဟားဟား ရယ်မောပါတော့သည်။


"ဟားဟား... ငါသာ သူ့နေရာမှာဆိုရင်လည်း ပြုံးပြီး နိုးလာမှာပဲ! ဒါနဲ့ နျန့်နျန့်... မင်းမှာ ပါရမီရော၊ အရည်အချင်းပါ ရှိတယ်။ စာသား၊ ေတးသွား နဲ့ သီချင်းစီစဉ်မှုတွေကို ကိုယ်တိုင် လုပ်နိုင်တာဆိုတော့... ပါရမီရှိတဲ့ ဘက်စုံတော် အဆိုတော်တစ်ယောက် အဖြစ် မင်းရဲ့နေရာကိုသာ အခိုင်အမာ တည်ဆောက်ထားလိုက်တော့။ မင်းရဲ့ ဖန်တွေက မင်းရဲ့ ရုပ်ရည်ထက် မင်းရဲ့ သီချင်းတွေနဲ့ ပါရမီကို ပိုပြီး မြတ်နိုးကြတာလေ။ အဲဒါကြောင့် နောင်ကျရင် မင်း ရုတ်တရက် အိမ်ထောင်ပြုလိုက်ရင်တောင် ဘာမှဖြစ်မှာ မဟုတ်ဘူး။ အကယ်၍ မင်းက နာမည်ကြီး Idol ပုံစံမျိုးနဲ့ သွားမယ်ဆိုရင်တော့ ရည်းစားထားတာနဲ့တင် ဖန်တွေ အများကြီး လျော့သွားလိမ့်မယ်။ မင်းမှာ သဘောကျရတဲ့သူ ရှိနေပြီဆိုတော့ ကြိုတင်ပြင်ဆင်ထားတာ ပိုကောင်းတာပေါ့"

"ကျွန်တော်နဲ့ အစ်ကိုမုန့်လည်း အဲဒီအတိုင်းပဲ စီစဉ်ထားပါတယ်။ ကျွန်တော်က ကျွန်တော့်အဘွားလိုမျိုး ခေတ်အဆက်ဆက် တည်တံ့မယ့် သီချင်းကောင်းတွေကို ဖန်တီးချင်တာ။ တစ်နှစ်၊ နှစ်နှစ်လောက်ပဲ နာမည်ကြီးပြီး ပျောက်ကွယ်သွားမယ့် အမျိုးအစားမျိုး မဟုတ်ဘဲ... နောင်နှစ်ပေါင်းများစွာ ကြာတဲ့အထိ လူတွေ ဆက်ပြီး သီဆိုနေမယ့် သီချင်းမျိုးပေါ့ခင်ဗျာ"


"ကောင်းတယ်။ ဆက်ပြီး ကြိုးစားထားဦး။ ဒါနဲ့... ‘Ancient Road’ ရုပ်ရှင်က ရွှေထင်းရှူးဆုအတွက် တင်သွင်းခံရလိမ့်မယ်။ တကယ်လို့ ဆုရခဲ့ရင် ပရိုမိုးရှင်း လုပ်တဲ့နေရာမှာ မင်းအတွက် ပိုပြီး အရှိန်အဝါ ရလာမှာပေါ့။ ဇာတ်ဝင်သီချင်းကလည်း မကြာခင် ထွက်တော့မှာဆိုတော့ မုန့်ယွမ်ကို သေချာသတိထားခိုင်းလိုက်ဦး။ တို့တွေ ပရိုမိုးရှင်း လုပ်နေတဲ့အချိန်အတွင်းမှာ ဟို ယိုယိုက ပြဿနာလာရှာပြီး လူတွေကို စိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူး"


ထိုသို့ပြောပြီးနောက် ယွီချင်းက သူမကိုယ်သူမ ထပ်မံချီးကျူးလိုက်သည်။


"ကမ္ဘာကျော် ဒါရိုက်တာရယ်၊ ငါ့လိုမျိုး ထူးချွန်တဲ့ မင်းသမီးကြီးရယ်၊ ပြီးတော့ အခုလက်ရှိ နာမည်ကြီးနေတဲ့ မင်းရယ် ပေါင်းထားတာဆိုတော့... တို့တွေမှာ ယုံကြည်ချက်ကတော့ အပြည့်ပဲဟေ့!"


ယွီနျန့် သူမ၏ ကိုယ့်ကိုယ်ကိုယ် ချီးကျူးမှုကို မအောင့်နိုင်ဘဲ ရယ်မောမိသည်။


"အစ်မ... ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ဒီလောက်တောင် ရှိနေတာလားဟင်"


"ငါ့ဘာသာငါ ချီးကျူးတာပဲ၊ ဘာဖြစ်လဲ။ မင်းက ငါ့ကို လာရိုက်မလို့လား"


ယွီချင်းက စနောက်ရင်း "ကဲ... တော်ပြီ၊ ဒါရိုက်တာကခေါ်နေလို့။ နောက်မှ ထပ်ပြောကြတာပေါ့"


ယွီနျန့် ဖုန်းချလိုက်သောအခါ ရှီရို့က လှမ်းမေးသည်။


"နျန့်နျန့်... လေယာဉ်ကိစ္စကို မင်းသိပြီးပြီလား"


"အင်း... အစ်မ ပြောပြလို့ သိလိုက်ရတာ။"

ယွီနျန့်သည် ရှဲ့ယို့အကြောင်းကို ယွီချင်းအား မည်သည့်အချိန်တွင် အခြေအနေပေး၍ ဖွင့်ပြောရမည်နည်းဟု တွေးတောနေမိသည်။ သို့မဟုတ်ပါက သူ့အစ်မ၏ မောင်လေးအပေါ် အလွန်အမင်း ကာကွယ်တတ်ပြီး စိတ်ဆတ်သော စရိုက်အရ ရှဲ့ယို့ကို မြင်မြင်ချင်း ဝင်ကန်မိလိမ့်မည်။


ရှီရို့က စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်သည်။


"ဒီလောက်အထိ ကြီးကျယ်ခမ်းနားတဲ့ အစီအစဉ်ကြီးကို ဘယ်သူလုပ်တာလဲဆိုတာ ငါတကယ် စပ်စုချင်လာပြီ! တကယ့်ကို လက်ဖွာလွန်းတဲ့သူပဲ! လေယာဉ်ကွင်းက ပုံတွေကို ငါမြင်ခဲ့တယ်။ လေယာဉ်ပြေးလမ်းပေါ်မှာ စီတန်းရပ်ထားတဲ့ လေယာဉ်ကြီးတွေရဲ့ ကိုယ်ထည်ပေါ်မှာ မင်းရဲ့ အယ်လ်ဘမ်မျက်နှာဖုံးပုံတွေချည်းပဲ! တကယ့်ကို အမိုက်စားပဲ!"


ယွီနျန့်က အမှန်အတိုင်း ေပြာလိုက်သည် ။


"အဲဒါ... ရှဲ့ယို့ လုပ်တာပါ"


"ဟင်"


ရှီရို့ မျက်တောင်လေးခတ်ကာ ယွီနျန့်၏နဖူးကို လက်လှမ်း၍ စမ်းကြည့်ရင်း စိုးရိမ်တကြီး ဖြစ်သွားသည်။


"နျန့်နျန့်... မင်း ဒီရက်ပိုင်း အလုပ်တွေ အရမ်းများပြီး ပင်ပန်းနေလို့လား။ ဥက္ကဋ္ဌရှဲ့တစ်ယောက် မင်းကို ပြဿနာ လာမရှာရင်ပဲ တို့တွေ ဘုရားထူးရမလို ဖြစ်နေတာကို!"


ယွီနျန့် သက်ပြင်းချလိုက်မိသည် ။ ဒါကလည်း ဖြစ်သင့်ဖြစ်ထိုက်သော တုံ့ပြန်မှုပင်။


ထိုစဉ် မိတ်ကပ်ခန်းတံခါးကို ခေါက်၍ တွန်းဖွင့်လိုက်ပြီး၊ တင်ဆက်သူ ရှန်ယန်က ပြုံးရွှင်သော မျက်နှာဖြင့် ဝင်လာသည်။


"နျန့်နျန့်... တို့တွေ အတူတူ ထမင်းသွားစားကြမလား"


ယွီနျန့်ကလည်း ပြန်ပြုံးပြရင်း "ရတာပေါ့ခင်ဗျာ!"

ရှန်ယန်က နှုတ်ခမ်းပေါ် လက်တင်ကာ တိုးတိုးလေး ဆိုသည်။


"တိုးတိုးနော်၊ လျှို့ဝှက်ချက်။ တို့တွေ အသားကင် ပါဆယ်မှာထားတာ... လင်ဗန်းအကြီးကြီးပဲ!"


"အသားကင်လား" ယွီနျန့်လည်း လေသံကို လိုက်နှိမ့်ကာ "ကျွန်တော် အခုချက်ချင်း လာခဲ့ပါ့မယ်!"


မိတ်ကပ်ဖျက်ပြီးနောက် ယွီနျန့်သည် ရှန်ယန်၏ နားနေခန်းထဲသို့ ဝင်ခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ယခင်က အစီအစဉ် အတူတူရိုက်ကူးခဲ့ဖူးသော ဝေလုနှင့် ဖန်းရိယန် တို့ ရောက်နှင့်နေကြပြီ။ သူလည်း တွန့်ဆုတ်မနေဘဲ ဝင်ထိုင်လိုက်ပြီး၊ ပဲပြားခြောက်ကင် တစ်တုတ်ကို ယူ၍ ကိုက်လိုက်ရာ တအားပူလွန်းသဖြင့် အာခေါင်ပင် ကျိန်းသွားရသည်။

ဝေလုသည် တူကို ချလိုက်ပြီး၊ ဟန်ဆောင်မှုမရှိသော ယွီနျန့်ကို ကြည့်ကာ ပိုမိုနူးညံ့သော လေသံဖြင့် စကားဆိုသည် ။


"ရှောက်ယွီ... ငါ့သမီးက ငါဒီအစီအစဉ် လာရိုက်မယ်ဆိုတာ သိတော့ မင်းကို တစ်ခုလောက် မေးခိုင်းလိုက်တယ်ကွ"


ယွီနျန့် လက်ဖက်ရည်အေးကို တစ်ငုံသောက်ကာ အလျင်အမြန် ပြန်ဖြေသည်။


"ဘာမေးခိုင်းတာလဲ အစ်ကိုဝေ"


"မင်း ရဲ့ချန်က ပြန်လာတုန်းက လေယာဉ်ကွင်းမှာ သားရေဖိနပ် အတိုလေး စီးလာတယ်မလား။ ငါ့သမီးက အဲဒီဖိနပ်မျိုး ဝယ်စီးချင်လို့တဲ့၊ ဒါပေမဲ့ အွန်လိုင်းမှာ အတုတွေတောင် အကုန် ပြတ်နေလို့လေ။ အဲဒါကြောင့် အဲဒီဖိနပ်က ဘယ်ဘရန်းလဲဆိုတာ ကူမေးပေးပါ၊ သူ လိုက်ဝယ်ကြည့်ချင်လို့တဲ့"


ရှန်ယန်က ပြုံးလျက် ဝင်ပြောသည်။


"ဟုတ်တယ်၊ တို့ရဲ့ စီစဉ်သူအဖွဲ့ထဲက ကောင်မလေးတွေဆိုရင်လည်း မင်းကို အရူးအမူးပဲ နျန့်နျန့်ရာ။ သူတို့မျက်စိက အဲဒီဖိနပ်ပေါ်အထိ ရောက်နေကြတာ!"


ယွီနျန့် နားမလည်နိုင်ဖြစ်ကာ "ဒါပေမဲ့ အဲဒါက မိန်းကလေးတွေ စီးလို့ အဆင်ပြေရဲ့လားဟင်"

ရှန်ယန်က အသားကင်တုတ်ကို လှည့်ကစားရင်း


"သူတို့ပြောပုံအရဆိုရင်... ယွီနျန့်ကို ပိုင်ဆိုင်ခွင့်မရရင်တောင် ယွီနျန့်ရဲ့ ဖိနပ်ကိုတော့ ပိုင်ဆိုင်ရမယ် တဲ့!"


အားလုံး တဟားဟား ရယ်မောကြတော့သည်။


"အဲဒီဖိနပ်ကို စတိုင်လစ်က ရွေးပေးတာပါ။ ဘရန်းနာမည်ကိုတော့ ကျွန်တော် မှတ်မိပါတယ်။"


ယွီနျန့်သည် ဘရန်းအမည်ကို စာရွက်လေးပေါ်တွင် ရေးသား၍ ဝေလုထံ ကမ်းပေးလိုက်သည်။

ဘေးတွင်ရှိနေသော ဖန်းရိယန်က ကိုကာကိုလာကို တစ်ငုံသောက်ကာ ရယ်မောသည်။


"နျန့်နျန့်... မင်းက ဒီရက်ပိုင်း ကြော်ငြာမင်းသားလေး ဖြစ်နေတာပဲ။ မင်း လေယာဉ်ကွင်းမှာ ဝတ်သမျှ ဦးထုပ်ကနေ ခြေအိတ်အဆုံး အကုန်လုံးက ရောင်းအကောင်းဆုံး ပစ္စည်းတွေ ဖြစ်ကုန်တာ။ မင်းကိုင်လာတဲ့ အချိုရည်နဲ့ ဒိန်ချဉ်တွေတောင် အပြတ်အသတ် ရောင်းရကုန်တယ်လေ"


ရှန်ယန်က စပ်စုသည် ။


"အစ်ကိုဖန်းက ဒါတွေကို ဘယ်လိုလုပ် သိနေတာလဲ"


ဖန်းရိယန်က သက်ပြင်းချရင်း


"ငါ့သားလေ... သူက အခု အသံပြောင်းလဲတဲ့အရွယ်ရောက်နေတာကို ငါ့နားထဲမှာ ‘Elegant’ နဲ့ ‘Mountain Snow’ ကို တစ်ချိန်လုံး လာလာဆိုနေတာ။ သူ့အသံက ဘဲအော်သံလိုလို၊ မောင်းကျိုးသံလိုလိုနဲ့... နားထဲကို စူးနေတာပဲ!"


အားလုံး နောက်ထပ်တစ်ကြိမ် တဟားဟား ရယ်မောကြပြန်သည်။ ကားပေါ်သို့ တက်ကြသောအခါ ရှီရို့က တိုးတိုးလေး ဆိုသည်။


"နျန့်နျန့်... မင်း အထဲမှာ အသားကင်စားနေတုန်း၊ ဝေလုတို့ရဲ့ အကူတွေနဲ့ ငါက တခြားအခန်းထဲမှာ ရှိနေတာ။ သူတို့ကလေ..."

သူမ ခေတ္တရပ်ကာ သင့်တော်မည့် စကားလုံးကို စဉ်းစားပြီး "သူတို့က ငါ့ကို တအား ဂရုစိုက်ကြတာပဲ!"

သူမက ေပြာရင်း သက်ပြင်းချပြန်သည်။


"ဖျော်ဖြေရေးလောကက တကယ်ကို လက်တွေ့ဆန်လွန်းတာပဲ။ မင်း လူသစ်ဖြစ်နေတုန်းကဆိုရင် ငါ့ဘာသာငါ ဘေးနားမှာ အေးအေးဆေးဆေး ဖုန်းထိုင်ဆော့နေလည်း ဘယ်သူမှ လှည့်မကြည့်ကြဘူး။ အခုကျတော့ တအားအလုပ်ရှုပ်လွန်းလို့ ဖုန်းဆော့ဖို့အချိန်တောင် မရှိတော့ဘူး"


ရှီရို့၏ ပုံကြီးချဲ့ပြောဆိုသော လေသံကြောင့် ယွီနျန့် တဟားဟား ရယ်မောလိုက်မိသည်။


"အင်း... တကယ် ပင်ပန်းမှာပဲနော်"


"ဟုတ်တယ်၊" ရှီရို့က လက်ချောင်းလေးတွေ ရေတွက်ရင်း "သူတို့က ငါ့ဆီကနေ မင်းရဲ့ အလုပ်အစီအစဉ်တွေ၊ မင်းလက်ခံထားတဲ့ ကြော်ငြာတွေနဲ့ နောက်ထပ်ရိုက်မယ့် ကြော်ငြာတွေအကြောင်းကို မသိမသာနဲ့ လာလာစပ်စုကြတာ။ ငါလည်း ဝေဝေဝါးဝါးပဲ ပြန်ဖြေလိုက်တယ်။ သူတို့က ငါ့ကို အရာအားလုံး ထုတ်ပြောပြလောက်တဲ့အထိ အူတူတူ ထင်နေကြတာလား မသိဘူး"


ယွီနျန့် တအားပင်ပန်းနေသည်ကို မြင်သဖြင့် ရှီရို့ စကားဆက်မပြောတော့ဘဲ ကားထဲက အပူပေးစက်ကို တိုးမြှင့်ပေးလိုက်သည်။


"နျန့်နျန့်... ခဏလောက် အိပ်လိုက်ဦးနော်။ မိနစ်သုံးဆယ်လောက် ပိုအိပ်လို့ရရင်တောင် အိပ်ထားလိုက်ဦး။ ဒီရက်ပိုင်း မင်း တအား အလုပ်များနေတာ"


ယွီနျန့် ခေါင်းညိတ်ပြီး မျက်စိမှိတ်လိုက်ရာ စက္ကန့်ပိုင်းအတွင်းမှာပင် အိပ်ပျော်သွားပါတော့သည်။

နောက်တစ်နေ့မနက် ခုနစ်နာရီကျော်တွင် ယွီနျန့် တစ်ပိုင်းတစ်စ နိုးရုံသာ ရှိသေးစဉ်မှာပင် ဒါရိုက်တာ ရှန့်လန် ထံမှ ဖုန်းဝင်လာသည်။ ‘Ancient Road’ ရုပ်ရှင်ကို ရွှေထင်းရှူးဆု အတွက် တင်သွင်းမည့်အကြောင်း ဆွေးနွေးလာခြင်း ဖြစ်သည်။


"မင်းက ဒီရုပ်ရှင်ထဲမှာ ဇာတ်ပို့သရုပ်ဆောင်အဖြစ် ပါဝင်ထားသလို... ပရိုမိုးရှင်းသီချင်း သီဆိုသူနဲ့ ဇာတ်ဝင်သီချင်း ဖန်တီးသူလည်း ဖြစ်နေတာဆိုတော့၊ ငါတို့တွေ သေချာပေါက် Red Carpet ပေါ်မှာ အတူတူ လမ်းလျှောက်ရမှာပေါ့၊"

ရှန့်လန်က တဟားဟား ရယ်မောရင်း

"ငါ့မျက်စိက တကယ်စူးရှတာပဲ၊ ငါလောင်းကြေးထပ်တာ မှန်သွားတာပဲကွ! အရင်ကတည်းက မင်းက ရူရူ ထက်တောင် ပိုပြီး နာမည်ကြီးလာလိမ့်မယ်လို့ ငါပြောခဲ့သားပဲ၊ အခု ကြည့်စမ်း!"


ယွီနျန့် အိပ်ရာမှထကာ လိုက်ကာကို ဖွင့်လိုက်စဉ်၊ မျက်စိကျိန်းမတတ် တောက်ပနေသော နေရောင်ခြည်ကြောင့် မျက်လုံးကို ကာလိုက်ရသည်။


"ကျွန်တော့်ကို ဒီအခွင့်အရေးနှစ်ခု ပေးခဲ့တဲ့အတွက် ဒါရိုက်တာကြီးကို အမြဲတမ်း ကျေးဇူးတင်နေပါတယ်ခင်ဗျာ"


"အဲဒီလို အားနာစရာ စကားတွေ ပြောမနေပါနဲ့ကွာ။ မင်းက ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့သူပဲဟာ။ ဒါနဲ့ ငါ့ရဲ့ နောက်ထပ်ရိုက်မယ့် ရုပ်ရှင်အတွက် သီချင်းကိုလည်း မင်းကိုပဲ အားကိုးရမှာနော်"


ယွီနျန့်က သဘောတူလိုက်သည်။


"ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲခင်ဗျာ"


အလုပ်ကိစ္စများ ဆွေးနွေးပြီးနောက် ရှန့်လန်တစ်ယောက် အတင်းပြောချင်စိတ်ကို မထိန်းနိုင်တော့ပေ။


"ဒါနဲ့ နျန့်နျန့်... အင်တာနက်မှာ ကြားတာတော့ မင်းရဲ့အေဖက ယွီဟယ်ဆို၊ ဟုတ်လား"


ယွီနျန့် ပင် ကြောင်အသွားရသည်။


"ယွီဟယ်... ဆိုတာ ဘယ်သူလဲဟင်"

ရှန့်လန် အထင်မှားသွားမှန်း သိသွားပြီး ရယ်မောတော့သည်။


"အာ... အွန်လိုင်းပေါ်မှာ သူတို့တွေက အချက်အလက်တွေကို အသေးစိတ် လိုက်တွက်ချက်ပြီး ရေးထားကြတာဆိုတော့ ငါတောင် တကယ် ထင်သွားတာကွ! ယွီဟယ်ဆိုတာ ငယ်ငယ်ကတည်းက ပြည်ပကို အခြေချသွားတဲ့ ချမ်းသာတဲ့ တရုတ်စီးပွားရေးသမားကြီးလေ၊ အခုတော့ ပြည်ပမှာပဲ နေတာ။ ထားလိုက်ပါတော့... မင်းလည်း အလုပ်ရှုပ်နေတာဆိုတော့"

ယွီနျန့် မှောင်ကျသွားသော သူ၏ဖုန်းစခရင်ကို ကြည့်ရင်း ခဏမျှ စဉ်းစားကြည့်သည်။ ထို့နောက် သူ အွန်လိုင်းပေါ်တွင် ရှာဖွေကြည့်လိုက်ရာ ရလဒ်များမှာ ဖရိုဖရဲ ဖြစ်နေသည်ကို တွေ့ရသည်။

တချို့က သူသည် ချမ်းသာသော မိသားစုကြီးတစ်ခု၏ တရားမဝင် ရရှိလာသော သားဖြစ်ပြီး၊ ထိုအကြောင်းရင်းကြောင့် မျိုးရိုးနာမည်ကို ပြောင်းလဲကာ ဖျော်ဖြေရေးလောကထဲသို့ လျှို့ဝှက် ဝင်ရောက်လာခဲ့ခြင်း ဖြစ်တယ်ဟု ဆိုကြသည်။ အချို့ကမူ သူ၏ဖခင်မှာ တရုတ်ပြည်က ချမ်းသာသော စီးပွားရေးသမားကြီးတစ်ဦး ဖြစ်ပြီး သားဖြစ်သူကို သာမန်လူတစ်ယောက်၏ လူနေမှုဘဝကို အတွေ့အကြုံ ယူစေချင်သဖြင့်၊ တရုတ်ပြည်သို့ တစ်ယောက်တည်း စေလွှတ်ကာ တက္ကသိုလ်တက်ခိုင်းခဲ့ခြင်း ဖြစ်တယ်ဟု ရေးသားထားကြသည်။ ထို့ပြင် သူ၏ဖခင်မှာ အဆင့်မြင့် အရာရှိကြီးတစ်ဦး ဖြစ်ပြီး ဝေဖန်မှုများကို ရှောင်ရှားရန်အတွက် မိသားစုနောက်ခံကို လျှို့ဝှက်ထားခြင်း ဖြစ်တယ်ဟူသော ကောလာဟလများပင် ရှိနေသည်။ စွပ်စွဲချက်တစ်ခုချင်းစီကို အချက်အလက်များဖြင့် သေသေချာချာ ဆန်းစစ်ရေးသားထားကြသဖြင့်၊ ဖတ်ကြည့်ပြီးနောက် ယွီနျန့်ကိုယ်တိုင်ပင် ထိုအချက်များကို အဟုတ်ကြီး ထင်မှတ်သွားမိလုနီးပါးပင်။


မုန့်ယွမ်ကို တွေ့သောအခါ ယွီနျန့်က ထိုအကြောင်းကို စကားစလိုက်သည်။


"အစ်ကိုမုန့်... အင်တာနက်ပေါ်က အဲဒီဆောင်းပါးတွေကို တို့အဖွဲ့က တင်တာလားဟင်"


"မဟုတ်ဘူး။ ငါတို့ တင်တာ မဟုတ်ဘူး။ မင်းက အခု တအား နာမည်ကြီးနေတော့ အဲဒီအတင်းအဖျင်း ကြော်ငြာအကောင့်တွေက မင်းရဲ့ နာမည်ကြီးမှုကို အသုံးချပြီး ကြည့်ရှုသူ တက်အောင် လုပ်နေကြတာလေ။ သူတို့က မင်းရဲ့ ဘဝအကြောင်းကို ဘက်ပေါင်းစုံကနေ လိုက်ပြီး ဆန်းစစ်ပြနေကြတာ။ အကယ်၍ မင်းသာ အသက် ၂၂ နှစ်ပဲ ရှိသေးတာ မဟုတ်ရင်... သူတို့တွေ ရေးတာနဲ့တင် မင်းမှာ အခုဆို တရားမဝင် ကလေး လေးငါးယောက်လောက်တောင် ရှိနေလောက်ပြီ"


ထို့နောက် မုန့်ယွမ်က လျှို့ဝှက်ဆန်းပြားသော အမူအရာဖြင့်


"ကဲ... အခု ငါ့လက်ထဲမှာ ဘာရှိလဲဆိုတာ ခန့်မှန်းကြည့်စမ်း!" ဟု မေးလိုက်သည်။


ယွီနျန့် မုန့်ယွမ်၏ နောက်ကျောဘက်သို့ ဝှက်ထားသော လက်များကို ကြည့်ရင်း ခဏမျှ စဉ်းစားကြည့်သည်။


"ကြည့်ရတာ ပေါ့ပေါ့ပါးပါးနဲ့ အရာအသေးလေးတစ်ခု ဖြစ်မယ်ထင်တယ်။ စာချုပ်တစ်ခုခုလားဟင်"

မုန့်ယွမ် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ ထိုအရာကို ချက်ချင်း ထုတ်ပြလိုက်သည်။


"စာချုပ် မဟုတ်ပါဘူးကွ၊ ဒါက 'Hersey' ရဲ့ Spring & Summer ပြပွဲအတွက် ဖိတ်စာလေ! အဲဒီဘရန်းက အနုပညာရှင် သုံးယောက်ပဲ ဖိတ်တာ၊ မင်းက အဲဒီထဲမှာ တစ်ဦးတည်းသော အမျိုးသား အနုပညာရှင်ပဲ!"


ရှီရို့ စိတ်လှုပ်ရှားသွားပြီး ထိုင်ခုံနောက်ကျောကို မှီရင်း "ဒါဆိုရင်... တို့တွေ အဲဒီဘရန်းရဲ့ ကြော်ငြာရဖို့ အခွင့်အရေး ရှိတာပေါ့နော်" ဟု မေးသည်။


"မင်း ခန့်မှန်းတာ မှန်တယ်!"


မုန့်ယွမ်က ဖိတ်စာကို ယွီနျန့်ထံ ကမ်းပေးလိုက်သည်။


"မင်း ဖက်ရှင်ပြပွဲကို ဖိတ်ခံရတယ်ဆိုတာက မင်းဟာ သူတို့ရဲ့ ဘရန်းသံတမန် ဖြစ်လာဖို့ အလားအလာရှိတဲ့ စာရင်းထဲကိုရောက်သွားပြီလို့ ဆိုလိုတာပဲ။ အခုကစပြီး ပွဲတက်ရင် တို့တွေ Hersey ဝတ်စုံတွေကိုပဲ ဝတ်ကြမယ်။ ဘရန်းဘက်က ဒါကို အရိပ်အမြွက် ပြထားတာဆိုတော့ တို့ဘက်ကလည်း ပြန်လည် တုံ့ပြန်ပြရမယ်လေ"


ယွီနျန့် ဖိတ်စာကို ကြည့်ပြီး ပြုံးလိုက်သည်။


"ကောင်းပါပြီ၊ ကျွန်တော် အစ်ကိုမုန့် ပြောတဲ့အတိုင်းပဲ လုပ်ပါ့မယ်"


ကားလေးသည် အိုးမူနာရီဘရန်းပွဲ ကျင်းပမည့် နေရာအပြင်ဘက်သို့ ဆိုက်ရောက်လာခဲ့၏။ အပြင်တွင် သတင်းထောက်များစွာက စောင့်ဆိုင်းနေကြလျက် မုန့်ယွမ် ကားပေါ်ကနေ အရင်ဆုံး ဆင်းသွားသော်လည်း၊ ယွီနျန့် ကားပေါ်က ဆင်းဆင်းချင်းမှာပင် မရေမတွက်နိုင်သော မိုက်ခရိုဖုန်းများစွာက သူ၏ မျက်နှာရှေ့သို့ ချက်ချင်း ရောက်ရှိလာပါတော့သည်။


"မင်းနဲ့ တက္ကသိုလ်တစ်ခုတည်း တက်ခဲ့တဲ့ စီနီယာတစ်ယောက်က ဖွင့်ချလိုက်တာကတော့... မင်း ဘွဲ့ရတုန်းက ပါဆယ် တောင် ဝယ်မစားနိုင်လောက်အောင် ဆင်းရဲခဲ့တာဆို၊ အဲဒါ အမှန်ပဲလားခင်ဗျာ"

"အွန်လိုင်းပေါ်မှာ ပြောနေကြတာကတော့... မင်းရဲ့ စီနီယာကိုယ်တိုင်က မင်းရဲ့ အပေါ်ယံပုံရိပ်ကို ကြည့်ပြီး သည်းမခံနိုင်လို့ အမှန်တရားကို ချပြလိုက်တာဆိုတော့၊ အဲဒီအပေါ် မင်းရဲ့ အမြင်က ဘယ်လိုရှိလဲဟင်"


"မင်းက ပါဆယ်တောင် ဝယ်မစားနိုင်လောက်အောင် တကယ်ပဲ ဆင်းရဲခဲ့တာလား။ မင်း ပိုက်ဆံရှာချင်ဇောနဲ့ ကိုယ်တက်ခဲ့တဲ့ မေဂျာကို စွန့်လွှတ်ပြီး ဖျော်ဖြေရေးလောကထဲ ဝင်လာခဲ့တာလားခင်ဗျာ"


"အွန်လိုင်းပေါ်မှာ ပြောနေကြတာ တကယ်ပဲလား။ မင် လောင်းကစားစွဲပြီး ၊ သီချင်းရေးလို့ ရသမျှ ပိုက်ဆံတွေကို လောင်းကစားမှာ အကုန်ရှုံးခဲ့တာဆိုတာ တကယ်ပဲလားဟင်"


အခြေအနေတစ်ခုခု မှားယွင်းနေမှန်း မုန့်ယွမ် ရိပ်မိသွားသဖြင့် သူ ယူဆောင်လာသော မက်ခ်ကို ယွီနျန့်ထံ အမြန် ကမ်းပေးလိုက်သည်။ ထို့နောက် လုံခြုံရေးဝန်ထမ်းများနှင့်အတူ သတင်းထောက်များ၏ အတင်းတိုးဝှေ့နေမှုကြားမှ ခက်ခက်ခဲခဲ ဖြတ်ကျော်ပြီး ပွဲကျင်းပရာ နေရာအတွင်းသို့ ဝင်ခဲ့ကြရသည်။


မိတ်ကပ်ခန်းတံခါးကို ပိတ်ပြီး ဂျက်ချလိုက်သောအခါမှသာ ရှီရို့ မအောင့်နိုင်ဘဲ အော်တော့သည်။


"ငါတော့ ညှပ်ပြီး သေတော့မလို့ပဲ! ဒါနဲ့ အပြင်မှာ ဘာတွေဖြစ်သွားတာလဲ။ အဲဒီသတင်းထောက်တွေက ရူးသွားကြတာလား! ငါ ကြားလိုက်ရတာ ‘ပါဆယ်တောင် ဝယ်မစားနိုင်ဘူး’ ဆိုတာရယ်၊ ‘စီနီယာ’ ဆိုတာရယ်ပဲ ကြားလိုက်ရတယ်!"


မုန့်ယွမ်က ထိုသတင်းကို အလျင်အမြန်ပင် ရှာဖွေကြည့်လိုက်ရာ တွေ့သွားသည်။


“ဗီဒီယိုက အခုတင် တင်ထားတာပဲ။ အချိန်ကို ကြည့်ရသလောက်တော့ တို့တွေ ကားပေါ်မှာ ရှိနေတဲ့အချိန်တုန်းက ဖြစ်ပွားခဲ့တာ ဖြစ်ရမယ်။”


ရှီရို့ကလည်း သူမ၏ဖုန်းကို ထုတ်လိုက်ပြီး ခေါင်းစီးသတင်းကို အသံထွက်ကာ ဖတ်ပြသည်။


“ပုံရိပ်တွေ ပျက်စီးသွားပြီလား။ တက္ကသိုလ်တစ်ခုတည်းက စီနီယာတစ်ယောက်ရဲ့ ဖွင့်ချချက်အရ ယွီနျန့်ဟာ ဘွဲ့ရခါစတုန်းက ပါဆယ်တောင် ဝယ်မစားနိုင်ခဲ့ဘူးတဲ့!”

“ဒီလောက် အချိန်တိုလေးအတွင်းမှာတင် share အရေအတွက်က တစ်သိန်းတောင် ပြည့်တော့မယ်!”


မုန့်ယွမ်က ရှီရို့၏ အံ့ဩနေမှုကို ဂရုမစိုက်အားဘဲ ယွီနျန့်ဘက်သို့ လှည့်ကာ


“မင်းအကြောင်းကို ဖွင့်ချလိုက်တဲ့သူကို ငါသိတယ်။ သူက ချီကျဲ ပဲ၊ မင်းရဲ့ စီနီယာစစ်စစ်ပါ။ အရင်တုန်းက သူ ရှင်းယောင်မှာ အလုပ်သင် ဆင်းနေတုန်းက ငါ့ကို မင်းရဲ့ဓာတ်ပုံ ပြပြီး လာမိတ်ဆက်ပေးခဲ့တာလေ။”


ယွီနျန့်သည် မိတ်ကပ်ခန်းထဲ ဝင်လာကတည်းက စကားတစ်ခွန်းမှ မပြောခဲ့သော်လည်း မုန့်ယွမ်၏ စကားကို ကြားသောအခါမှ ပြန်ဖြေသည် ။


“ဟုတ်ကဲ့။”


“အဲဒီတုန်းက မင်းနဲ့သူနဲ့ ဆက်ဆံရေး ကောင်းခဲ့ကြလို့လား”


“ဟုတ်ကဲ့၊”


ယွီနျန့် နှစ်စက္ကန့်ခန့် တုံ့ဆိုင်းပြီးမှ ပြန်ဖြေသည်။


“ကျွန်တော်တို့ ဆက်ဆံရေး ကောင်းခဲ့ကြပါတယ်။ ကျွန်တော် သူ့ကို နှစ်ခေါက်လောက် ကူညီပေးခဲ့ဖူးလို့... သူက ကျွန်တော့်အပေါ် အကြွေးတင်နေတယ်ဆိုပြီး အစ်ကို့ဆီ လာမိတ်ဆက်ပေးခဲ့တာလေ။”


သူ ခပ်တိုးတိုး ရယ်မောလိုက်သည်။


“ဒါပေမဲ့ သူပြောတာက လုံးဝကြီး မှားနေတာတော့ မဟုတ်ပါဘူး။ အဲဒီတုန်းက ကျွန်တော် ပါဆယ်တောင် ဝယ်မစားနိုင်လောက်အောင် ဖြစ်ခဲ့တာ အမှန်ပါပဲ။ အစ်ကိုမုန့်ဆီကနေ လစာကြိုထုတ်ပေးဖို့ တောင်းခဲ့ရသေးတာပဲလေ။”


ရှီရို့ နားမလည်နိုင်ဖြစ်ကာ “ဒါက အဓိပ္ပာယ်မရှိဘူးလေ! သူက ဘာဖြစ်လို့ ရုတ်တရက်ကြီး ဒီအကြောင်းတွေကို လာချပြရတာလဲ။ မင်း သူ့ကို မကြာခင်က စိတ်ဆိုးအောင် လုပ်မိလို့လား”

“မလုပ်မိပါဘူး၊ ကျွန်တော်တို့က အရင်တည်းက အဲဒီလောက်အထိ ရင်းနှီးခဲ့ကြတာ မဟုတ်ဘူး။ ကျွန်တော် ဒီလောကထဲ ဝင်လာပြီးကတည်းက သူနဲ့ အဆက်အသွယ် ပြတ်နေတာ ကြာပါပြီ။ တရုတ်နှစ်သစ်ကူးနဲ့ မီးထွန်းပွဲတော်တုန်းကတော့ ကျွန်တော် သူ့ဆီ ဆုတောင်းမက်ဆေ့ချ် ပို့ခဲ့ဖူးတယ်။ သူလည်း ပြန်စာ ပို့ခဲ့တာပဲ။”


“ဒါဆို ထူးဆန်းတယ်။ နာမည်ကြီးချင်လို့လား။ဒါမှမဟုတ် ပိုက်ဆံအတွက်လား”


မုန့်ယွမ် မေးကို ပွတ်ရင်း ဆက်ပြောသည်။


“ဒါပေမဲ့ အမှန်အတိုင်း ပြောရရင်... သူ ဖွင့်ချလိုက်တဲ့ အချက်က သိပ်ပြီး အရေးမကြီးပါဘူး။ မင်း ပွဲဦးထွက်တုန်းက ငါက မင်းကို ချမ်းသာတဲ့ သခင်လေးတစ်ယောက်ရဲ့ ပုံရိပ်မျိုးပေးဖို့ စီစဉ်ခဲ့တာ။ တစ်ဖက်ကကြည့်ရင် ဒါက မင်းရဲ့ သဘာဝကျော့ရှင်းတဲ့ အရှိန်အဝါနဲ့ ကိုက်ညီသလို၊ နောက်တစ်ဖက်ကလည်း ဘရန်းကြော်ငြာတွေ ဆွဲဆောင်နိုင်ဖို့လေ။ ဒါပေမဲ့ လက်တွေ့မှာတော့ တို့တွေ အဲဒီပုံရိပ်ကို သီးသန့်ကြီး ပုံဖော်ဖို့ အာရုံမစိုက်ခဲ့ကြပါဘူး။ ကြေညာချက်တွေတောင် သိပ်မထုတ်ခဲ့ဘူးလေ။ အဓိကအချက်က... မင်းရဲ့ ပါရမီက စံနှုန်းတွေကို ချိုးဖျက်နိုင်လောက်အောင် ကောင်းလွန်းတာပဲ။ မင်းအိမ်က နံရံတွေအကုန် ပေါက်ပြဲနေပြီး ပါဆယ်တောင် ဝယ်မစားနိုင်ခဲ့ဘူးဆိုရင်တောင်... မင်းရဲ့ ဖန်တွေနဲ့ နားထောင်သူတွေက မင်းကို ပိုပြီးတော့တောင် တန်ဖိုးထားကြဦးမှာ။ ‘အောင်မြင်မှုအတွက် ရုန်းကန်ခဲ့ရတဲ့ ဆင်းရဲပေမဲ့ ပါရမီပါတဲ့ လူငယ်လေးကနေ မျိုးဆက်သစ်ရဲ့ နာမည်ကြီးအဆိုတော် ဖြစ်လာခြင်း’ ဆိုပြီးတော့ပေါ့။ ကြည့်စမ်း... ငါတောင် ခေါင်းစီးသတင်းကို စဉ်းစားလို့ ပြီးသွားပြီ!”


မုန့်ယွမ်၏ ရှင်းပြချက်ကို ကြားရမှသာ ရှီရို့လည်း စိတ်အေးသွားသည်။


“ဟုတ်သားပဲ၊ အစ်ကိုပြောတာ မှန်တယ်။ အဆင်ပြေပါတယ်၊ ဒါက ပြဿနာအကြီးကြီး မဟုတ်ပါဘူး!”


ထိုအခိုက်အတန့်တွင် ယွီနျန့်၏ဖုန်း မြည်လာသဖြင့် သူ လက်ခံဖြေကြားလိုက်သည်။


“စီနီယာချိုး”


အပိုစကားများစွာ မပြောဘဲ ချိုးချူယွဲ က လက်တန်းရှင်းပြတော့သည်။


“ချီကျဲရဲ့ ကိစ္စပဲ။ ငါ အဲဒီအကြောင်းရင်းကို နည်းနည်း သိထားလို့။”


ယွီနျန့် ဖုန်းကို တင်းတင်းဆုပ်ကာ


“စပီကာ ဖွင့်လိုက်လို့ ရမလားဟင်။ ကျွန်တော့်မန်နေဂျာလည်း ဒီမှာ ရှိနေလို့ပါ” ဟု မေးလိုက်သည်။


“ရတာပေါ့၊ အဆင်ပြေပါတယ်။”


ချိုးချူယွဲက ဆက်ပြောသည်။


“ချီကျဲက မင်းထက် တစ်နှစ်ကြီးတဲ့ စီနီယာလေ။ သူလည်း ဆင်းရဲတဲ့ မိသားစုကလာတာ။ ကျောင်းတက်တုန်းက တအား ကြိုးစားပမ်းစား လုပ်ခဲ့တာမို့ ငါလည်း သူ့ကို လေးစားခဲ့တာ။ သူ့အကြောင်းကို ငါ မှတ်မှတ်ရရ ရှိနေရတဲ့ အကြောင်းရင်းကတော့... သူက ဆရာကြီးနဲ့အတူ သုတေသန လုပ်ချင်လွန်းလို့ ငါ့ဆီကို အကြိမ်ကြိမ် လာပြီး ဆက်သွယ်ခဲ့ဖူးလို့ပဲ။”


ယွီနျန့်၏ မျက်တောင်လေးများ အနည်းငယ် တုန်ခါသွားသည်။


“ဒါပေမဲ့ ဆရာက သုတေသနကျောင်းသားတွေကို လက်မခံတော့တာ ကြာပြီ မဟုတ်လားဟင်”


“ဟုတ်တယ်။ ချီကျဲက ဆရာ့ဆီမှာ တရားဝင် တပည့်ရင်းအဖြစ် ဝင်ချင်ခဲ့တာ။ ဒါပေမဲ့ မင်းလည်း သိတဲ့အတိုင်း ဆရာက နောက်ထပ် တပည့်တွေကို မလိုချင်တော့လို့... မင်းကလွဲရင် ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ဘယ်သူ့ကိုမှ လက်မခံခဲ့ဘူးလေ။ ဆရာက မင်းကို သူ့ရဲ့ နောက်ဆုံးပိတ် တပည့်ရင်းလို့ ပြတ်ပြတ်သားသား ပြောခဲ့တာကို... ချီကျဲကတော့ ဇွတ်တရွတ်နိုင်ပြီး မင်းတောင် လုပ်နိုင်ရင် သူက ဘာလို့ မလုပ်နိုင်ရမှာလဲ လို့ ထင်နေခဲ့တာ။”


“ဒါဆိုရင်...” ဟု ဆိုသော်လည်း ယွီနျန် စကားကို ဆက်မပြောနိုင်တော့ပေ။


“ဒါကြောင့်ပဲ... မင်းတို့ ကျောင်းတက်တုန်းက စာကြည့်တိုက်မှာရော၊ ထမင်းစားဆောင်မှာပါ မင်းနဲ့သူက ခဏခဏ ဆုံနေခဲ့တာပေါ့။ သူက မင်းနဲ့ ရင်းနှီးအောင် တမင်တကာ ချဉ်းကပ်ပြီး မင်းရဲ့ ပုံစံအတိုင်း လိုက်လုပ်ချင်ခဲ့တာ၊”

ချိုးချူယွဲက သက်ပြင်းချရင်း

“နောက်ပိုင်းကျတော့ မင်းက ဖျော်ဖြေရေးလောကထဲဝင်သွားတော့... သူက ဆရာ့ဆီ သွားပြီးတော့ မင်းက ပိုက်ဆံနောက်ကို လိုက်ပြီး ဖျော်ဖြေရေးလောကထဲ ဝင်သွားတာမို့ ဆရာ့ရဲ့ မျှော်လင့်ချက်တွေကို စွန့်ပစ်ခဲ့တာပါ၊ သူကတော့ မင်းလို ဖြစ်မှာ မဟုတ်ပါဘူးလို့ သွားပြောခဲ့တာလေ။”


မုန့်ယွမ် ထိုစကားကို ကြားလိုက်ရချိန် ယွီနျန့် မျက်နှာကို ဆက်ပြီး မကြည့်ရက်တော့ပေ။

သူ ပြန်လည်သတိရမိသည်မှာ ချီကျဲသည် အပြင်ပန်းတွင် ရိုးသားဖြောင့်မတ်ပုံရသော်လည်း၊ အမှန်တကယ်တွင် လူတို့၏ ခံစားချက်များကို ကစားတတ်ပြီး သူ၏လမ်းခရီးတွင် အတားအဆီးဖြစ်သမျှကို ဖယ်ရှားပစ်တတ်သည့် ပါးနပ်လှည့်ပတ်သူတစ်ဦး ဖြစ်သည်။


“ဒါပေမဲ့ တို့တွေရဲ့ ဆရာက အမြင် အရမ်းစူးရှတော့ ချီကျဲကို သဘောမကျခဲ့ဘူး။ သူက မင်းအကြောင်းကို လာပြီး မကောင်းပြောတာ ကြားတော့... ဆရာက ချက်ချင်း နှုတ်ခမ်းမွေးတလှုပ်လှုပ်နဲ့ မျက်လုံးပြူးပြီး သူ့ကို အခန်းထဲကနေ မောင်းထုတ်ပစ်ခဲ့တာလေ။ ဘာပဲဖြစ်ဖြစ် မင်းက သူ့ရဲ့ တပည့်ပဲလို့ ဆရာက ပြောခဲ့တာ၊”


ချိုးချူယွဲက အခြေအနေကို သုံးသပ်ပြသည်။


“ဒီတစ်ခါကျတော့ ဆရာက သူအချစ်ဆုံး တပည့်လေးဘက်ကနေ အပြတ်အသတ် ကာကွယ်ပေးပြီး ကျိချောင်တယ်ကို တိုက်ရိုက် ပြန်ချေပလိုက်တာဆိုတော့... အဲဒီအချက်က ချီကျဲကို သွားပြီး စိတ်ဆွလိုက်သလို ဖြစ်သွားတာနေမှာပေါ့။”


“ကျေးဇူးတင်ပါတယ် စီနီယာ။”


ချိုးချူယွဲ ယွီနျန့်ကို နှစ်သိမ့်စကား အနည်းငယ် ပြောချင်သော်လည်း သူ့ညီစရိုက်ကို သိသဖြင့် ထပ်မပြောတော့ပေ။


“ငါ သုတေသန ဆွေးနွေးပွဲ တက်ဖို့ ရှိသေးလို့ အခုတော့ ဒီလောက်ပဲ ပြောကြရအောင်။ ဒီကိစ္စကို မင်းဘာသာမင်း အဆင်ပြေအောင် ဖြေရှင်းလိုက်နော်။”


“ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ် စီနီယာ။ ဂရုစိုက်ပါဦးနော်။”


ဖုန်းချပြီးနောက် မုန့်ယွမ်က ယွီနျန့်၏ အမူအရာကို အကဲခတ်ရင်း စိုးရိမ်တကြီး မေးသည် ။

“နျန့်နျန့်... ခဏလောက်အနားယူ မလား”

ယွီနျန့် တိတ်ဆိတ်နေပြီးမှ ခေါင်းခါပြလျက် ပြုံးပြသည်


“မလိုပါဘူး အစ်ကိုမုန့်။ စိတ်မကောင်းဖြစ်ရတာတော့ အမှန်ပေမဲ့ ကိစ္စအကြီးကြီး မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ အလုပ်တွေကိုတော့ နောက်ကျလို့ မဖြစ်ဘူးလေ။”


မုန့်ယွမ်က ယွီနျန့်၏ ပုခုံးကို ပုတ်ပေးလိုက်သည်။


“အလုပ်ကိုပဲ အာရုံစိုက်ထားပါ။ အင်တာနက်ပေါ်က လူထုဝေဖန်မှုတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ငါ ကောင်းကောင်း သိပါတယ်။”


ဘရန်းပွဲ၏ အစီအစဉ်များဖြစ်သော ဓာတ်ပုံရိုက်ခြင်း၊ အင်တာဗျူးဖြေခြင်း၊ လက်မှတ်ရေးထိုးခြင်းနှင့် ကံစမ်းမဲနှိုက်ခြင်း စသည့် လုပ်ငန်းစဉ်အားလုံးမှာ ချောချောမောမောပင် ပြီးဆုံးသွားခဲ့သည်။ ယွီနျန့် စင်ပေါ်ကနေ ဆင်းလာသောအခါ မုန့်ယွမ်တစ်ယောက် စိုးရိမ်ပူပန်နေသော မျက်နှာပေးဖြင့် အနားသို့ အပြေးအလွှား ရောက်လာသည်ကို မြင်လိုက်ရသည်။


“အစ်ကိုမုန့်... ဘာဖြစ်လို့လဲဟင်”


မုန့်ယွမ်၏ မျက်နှာအမူအရာမှာ အနည်းငယ် အနေရခက်နေသည်။


“မင်းအတွက် အမြဲတမ်း Support အကြီးကြီးတွေ လုပ်ပေးလေ့ရှိတဲ့ အဲဒီအမာခံပရိသတ်ကြီးက... အခု ထပ်ပြီး ပြဿနာတစ်ခု ရှာလိုက်ပြန်ပြီကွ။”


ရှဲ့ယို့လား။

ယွီနျန့်၏ ရင်ထဲက စိတ်မကောင်းဖြစ်မှုများမှာ ချက်ချင်းပင် လွင့်ပျယ်သွားပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်သည် ။


“ဘာဖြစ်လို့လဲ”


မုန့်ယွမ်က ယွီနျန့်ထံသို့ ဓာတ်ပုံများကို ပြလိုက်သည် ။

“ကြည့်ဦး... ခုနလေးတင် ဘဏ္ဍာရေးဗဟိုဌာနက အဆောက်အအုံတစ်ခုရဲ့ LED စခရင်ပေါ်မှာ စာလုံးအကြီးကြီးတွေ ပေါ်လာတာ။”

ယွီနျန့် အာရုံစိုက်ပြီး ထိုစာသားကို ဖတ်ကြည့်လိုက်ရာ ရေးထားသည်မှာ


“နျန့်နျန့်... စိတ်မကောင်းမဖြစ်ပါနဲ့။” ဟူ၍ ဖြစ်ပြီး၊ နောက်ခံတွင်လည်း အရောင်စုံ ကာလာစုံ ပူဖောင်းလေးများ တရိပ်ရိပ် တက်နေသည့် ပုံစံ ဖြစ်သည်။


ထိုအခိုက်အတန့်မှာပင် မက်ဆေ့ချ်တစ်ခု ဝင်လာသည်။ ယွီနျန့် ဖွင့်ကြည့်လိုက်ရာ ရှဲ့ယို့ထံမှ ဖြစ်သည်။


“အခု စိတ်သက်သာရာ ရသွားပြီလား”


Comments

  1. ချစ်တတ်မှုကြီးကို အားကျနေရပြီ

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

1

ညင်းသဲ့လေသွေး ခေါ်ဆောင်ယူရာ အရပ်၌… မြတ်နိုးခြင်းများ ဦးဆွေးဆံမြည့် *** အပိုင်း (၁) အာ...သူ သေဆုံးသွားခဲ့ပြီပဲ... မြူတွေဆိုင်းနေတဲ့ ဝန်းကျင်မှာ လဲလျောင်းငြိမ်သက်နေတဲ့ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တယ်။ ပါးနှစ်ဖက်ဟာ ချိုင့်ခွက်လျက်...မျက်ကွင်းတွေက ခပ်နက်နက် ဖြစ်နေပြီးညိုမည်းနေတယ်။ နှုတ်ခမ်းတွေဟာလည်း အအေးဓာတ်ကြောင့်ပြာနှမ်းလို့... အမြဲတမ်း ပန်းရောင်ဆားခဲလို ဖြစ်ခဲ့တဲ့ သူ့အသားအရေတွေဟာလည်း သွေးမရှိသလို ဖြူဆုတ်ပြီး...သူ့ဆံပင်တွေဟာ ကျဲပါးလွန်းတာ‌ကြောင့် ဦးရေပြားကိုတောင် မြင်နေရတယ်။ သူငိုချင်သွားတယ်။ ဒီလို ပုံဆိုးပန်းဆိုးပုံစံကြီးနဲ့ ခမ်းလျန်နား နေခဲ့တာတဲ့လား။ ဒါကိုတောင် ခမ်းလျန်က ကြင်ကြင်နာနာ နဲ့ အနမ်းလေးတွေပေးခဲ့တာတဲ့လား။ ဘုရားရေ...ခမ်းလျန် ။ ခမ်းလျန် သူနဲ့တူတူရှိနေခဲ့တာ။ မြူတွေကြားထဲမှ သူ့ခန္ဓာကိုယ်ကို ဖက်ထားဆဲဖြစ်တဲ့ လက်ဖြူဖြူလေး။ လက်သည်းတွေဟာ တုံးတိတိဖြစ်လျက် ပိုးသတ်ဆေးတွေကြောင့် အရေခွံတွေ လန်ကာ ခပ်ကြမ်းကြမ်းဖြစ်နေတဲ့ လက်ချောင်းထိပ်လေးတွေ။ မဖြစ်ရဘူး။ မဖြစ်ရဘူး လို့ သူ့စိတ်ထဲ အော်ဟစ်ပြီး ခမ်းလျန်ကို ငုံ့မိုးကြည့်မိတယ်။ ထိတ်လန့်တုန်လှုပ်စိတ်နဲ့ သူ့ကို ကျစ်နေအောင် ဖက်ထားတဲ့ ခမ်းလျန်ကိုပုတ်နှိုး...