Skip to main content

19




အပိုင်း (၁၉)


“မမလတ်ပါ သားနဲ့ စကားပြောချင်လို့”

“ဟုတ်”

ငြိမ်းချမ်းအေးဆေးတဲ့ မမလတ် မောင်းတဲ့ ကားဘေးထိုင်စီးပြီး လူရှင်းတဲ့ ဆိုင်တစ်ခုကို ရောက်လာတယ်။ 
နေသစ် အတွက် ကျောင်းက လူကြီးတွေကို လာတွေ့ကြရတယ်ဆိုတာ သိထားတော့…

"တောင်းပန်ပါတယ်"

"နေသစ်က ဒီကိစ္စတွေထဲ ခန့်ညီ နာမည်ကို လုံးဝမထွက်လာစေချင်တာ...သူက ခန့်ညီကိုအိမ်နဲ့ ပြဿနာတက်မှာမျိုး မဖြစ်စေချင်ဘူး။ မမလတ်တို့ ဒီနေ့ပဲ သူတို့မေဂျာဌာနမှူးနဲ့ရော ဘောလုံးအသင်းတာဝန်ခံနဲ့ပါတွေ့လာတာ။ ပုံကို စရိုက်တာခန့်ညီ ဆိုတာကိုသူကဘယ်သူ့ကိုမှမသိစေချင်ဘူး"

အာ…နေသစ်က သူ့အိမ်နဲ့ အဆင်မပြေမှာ စိတ်ပူနေတာလား။ အဲ့လို မရှိပါဘူး။ သူပြောလိုက်ရင် မေမေက လက်ခံရမှာပဲ။ လက်မခံချင်လည်း မေမေက ဘာမှလုပ်မရဘူးဆိုတာ သူနဲ့ မေမေနဲ့ စိတ်ထဲကနေ သိနေတဲ့ ကိစ္စ။
မေမေ ကိုကို့ ကိုသာ ထိန်းချုပ်လို့ရမယ်။ သူ့ကို မရဘူးဆိုတာ ငယ်ငယ်လေးတည်းက သူသိနေတယ်။ ဒါ သူနဲ့ မိဘတွေကြားထဲက ဘာမှန်းမသိတဲ့ နားလည်မှုတစ်ခုပဲ။

"ခန့်ညီက ဘာလို့ နေသစ်ကို တာဝန်ယူပေးမယ်ပြောရတာလဲ။ မမလတ်သိသလောက်တော့ နေသစ်က သူ့ဘာသာသူရပ်တည်နိုင်တယ်လေ။ အွန် သားဘာလို့ သူ့ကိုစောင့်ရှောက်ချင်ရတာလဲ"

သူ့ဘာသာသူ စောင့်ရှောက်နိုင်တယ်တဲ့။ သူက နေသစ်အတွက် လူပိုလား။ သူ့မှာ အိမ်ပိုင် မရှိသေးဘူး။ နေသစ် မပူမပင် စားဖို့သောက်ဖို့ အတွက် ပိုက်ဆံလည်း အဲ့လောက်အများကြီးမရှိသေးဘူး။ သူ့မှာ ကိုယ်ပိုင် အလုပ်‌တောင် မရှိသေးဘူး။

"လူတစ်ယောက်က တစ်ယောက်ကိုစောင့်ရှောက်တယ် ဆိုတာ အဲ့လူအပေါ် မေတ္တာအခြေခံလေးရှိလို့ပဲ။ အခု မမလတ် သိရသလောက် ခန့်ညီက အစ်ကိုကို မပေးချင်လို့လေ...ဟုတ်တယ်မလား"

မေတ္တာလား…မိဘတွေလိုတော့ ဘယ်ဟုတ်မလဲ။ နေသစ် နဲ့ သူက အိမ်ထောင်ရေးတစ်ခုလိုပဲလေ။ မမလတ်ပြောတဲ့ မေတ္တာဆိုတာ သူသေချာမသိနေဘူး။ အဲ့ဒါ နားလည်ဖို့ အရမ်းခက်တဲ့ စကားလုံးပဲ။ စိတ်ထားဖို့လည်း ခက်တယ်လေ။ လွယ်လွယ်ကူကူ ဖြစ်တည်လာတဲ့အရာမဟုတ်ဘူး။ နေသစ်ကို အကြောင်းရင်း များစွာနဲ့ သူ တို့ အတူတူ နေထိုင်သွားချင်စိတ်က အဲ့မေတ္တာလို့တော့ တထစ်ချ ပြောမရဘူး။

"အခု...သားအစ်ကိုကိုလည်း နေသစ်ကမနှောင့်ယှက်တော့ဘူးတဲ့ ။ ဒီတော့ သားလည်း နေသစ် ကိုစောင့်မ
ကြည့်လည်းဖြစ်နေပြီမို့...နေသစ်နားမသွားနဲ့တော့နော်။ သား ကို နေသစ်ကသူနဲ့တွဲတွေ့နေတာမျိုး မမြင်စေချင်ဘူးတဲ့"

နေသစ် ပြောပြီးသားတွေ ထပ်မပြောပါနဲ့။ တစ်ခါကြားရုံလောက်နဲ့တင် ဘယ်လောက် နေရခက် ၊ အအိပ်ပျက် ၊ အစားပျက်ရလည်း သူပဲ သိတာမို့…

သူသိပြီးသား။ သူမကြားချင်တာတွေကို ဘာလို့ လာပြောနေရတာလဲ။ ဆေးစစ်ဖို့လည်း ပြောသွားသေးတယ်။

ဘာလဲ။ ဒီခန္ဓာကိုယ်က ဘယ်လောက် သန့်ရှင်းစင်ကြယ်လဲ။ ဘယ်သူမှ လွယ်လွယ်ထိလို့ မရတဲ့ ခန္ဓာကိုယ်မျိုးပါ။
နေသစ်ကရော…သူ့တုန်းကရော…ဘယ်သူက အဲ့လိုတွေ ဂရုစိုက်ပေးခဲ့ကြလို့လဲ။

ဒီအတိုင်း သူ…သေဆုံးခဲ့ရတာ မဟုတ်ဘူးလား။

အခုရော သူက ဘာတွေ ချို့ယွင်းနေလို့လဲ ။ နေသစ်နဲ့ ပတ်သတ်ပြီးတည်းက သူပိုပြီး လိမ္မာ‌အောင်နေတယ်။ နေသစ် မျက်နှာမငယ်ရအောင် ပိုကြိုးစားတယ်။ အဆက်ဆက်မှာ သူက တန်ဖိုးရှိပါတယ်။ အဲ့လောက်ထိ နေသစ် ပြောချင်ရာ ပြော ၊ လုပ်ချင်ရာ လုပ်တာတွေ ငြိမ်ခံနေတာ သူ အောက်ကျလို့မှ မဟုတ်တာ။ နေသစ်နဲ့ အတူတူ နေချင်ရုံပါ။

နေသစ်နဲ့ပဲ နေချင်ရုံပါ။ ဘာလို့ အဲ့လောက်ထိ ခက်ခဲနေရတာလဲ။

***



Comments

  1. ရင်ထဲနာပြီး မျက်ရည်ပေါက်ပေါက်ကျ

    ReplyDelete
  2. ကလေးရယ် 😭

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...