Skip to main content

9




အပိုင်း (၉)


“အဲ့ကောင်က ဆောင့်ကြွားကြွားနဲ့…မင်းသားလိုလို အားကစား သမားလိုလိုနဲ့…”

“ပညာတော့ ပေးရတော့မယ်”


“အိုင်တီမေဂျာက‌ကောင်တွေ ဆော်တွေကြားထဲနေပြီး…”


“ဘယ်သူ့အကြောင်းပြောနေတာလဲ”

ထွန်းကို ပါ ကြောင်အသွားလျက် ပေါက်ပေါက်ဖောက်နေတာတွေ ရပ်သွားပြီး သူ့ကို မော့ကြည့်လာသလို ပြောလက်စ ဖြစ်နေတဲ့ ‌ME က သုံးယောက်ကလည်း သူ့ကို လှည့်ကြည့်လာတယ်။ သူ့ကို သိတဲ့ပုံပဲ။

“မင်းက Civil နောက်တန်းကစားသမားမလား”

ခေါင်းညိတ်ပြလိုက်ပြီး သူသိချင်တာ တစ်ခုတည်းကိုပဲ ထပ်မေးလိုက်တယ်။

“ဘယ်သူ့ကို ပညာပေးမှာလဲ”

သုံးယောက်က တစ်ယောက်ကို တစ်ယောက်လည်း ကြည့်သလို သူ့ကိုလည်း မင်းနဲ့ ဘာဆိုင်လို့လဲ ဆိုတာမျိုးထင်၊ ရန်လိုနေလျက်က အူကြောင်ကြား အကြည့်တွေနဲ့ ပြန်ကြည့်လာတယ်။ မေးတာ‌တောင် ချက်ချင်းမဖြေသေးဘဲ ဘာတွေလုပ်နေတာလဲ။

“အိုင်တီက နေသစ်ထွန်း အကြောင်းလား”

ထိုအခါမှ ဘယ်လိုသိတာလဲ ဆိုတော့ အကြည့်က ရှေ့က အူကြောင်ကြား သုံးယောက်ဆီမှာပါ မက ထွန်းကို ဆီမှာပါ ရောက်သွားတယ်။

“ဟုတ်တယ်။ အဲ့ကောင် ဒီရက်ပိုင်း ဇောင်းကြွနေလို့…မင်းတို့နဲ့လည်း ငြိထားတယ်မလား”

ဘောလုံးပွဲမှာ ဖြစ်တဲ့ကိစ္စက ဘာများအရေးကြီးနေလို့လဲ။ လူကို ဝိုင်းချဖို့ စဥ်းစားရလောက်‌‌အောင်ထိ…

“ငါ ပါပါမယ်။ ငါ ချိန်းလိုက်မယ်”

သုံးကောင်လုံး ကြောင်အ သွားရုံမက ထွန်းကို ပါ ဆွံ့အသွားပြီး သူ့ကို မော့ကြည့်လာပြန်တယ်။

“ဆည်မှာ ချမယ်လို့…ငါ နဲ့ပဲ ချမယ်”

“ဘာလဲ မင်းက…”

“မင်းတို့ပြောသလို ငါတို့နဲ့ငြိထားတာလေ။ ပြီး‌တော့ သူက င့ါအစ်ကိုကို စိတ်ညစ်အောင်လုပ်ထားတာ။”

ဟိုကောင်တွေ နားကိုလည်မနေဘူး။ ဒါပေမဲ့ သူ့နောက်ကြောင်းတော့ ကြားဖူးကြလိမ့်မယ်။ ခန့်ဇေယျာကို ကို ထိရင် ခန့်ဇေယျာညီ နဲ့ ရှင်းရမယ်ဆိုတာမျိုးပေ့ါ… သူ ချက်ချင်း ဖုန်းထုတ်ပြီး သူသိနေပြီးသား ဖြစ်တဲ့ ဖုန်းနံပါတ်ကို စာပို့လိုက်တယ်။

[ငါ ခန့်ဇေယျာညီ ။ မင်း နဲ့ငါ ရှင်းစရာရှိတယ်။ ဆည်ကို ညနေလာခဲ့]

[ရုတ်တရက်ကြီး ဘာလား…အိုခေ အိုခေ လာခဲ့မယ်]

မက်ဆေ့ချ်ကို ‌ထောင်ပြတဲ့ အထိ ဟိုကောင်သုံးကောင် ကြောင်နေဆဲ။

“လိုက်ချင်ရင် ဆည်ကို လိုက်ခဲ့။ ဝင်တော့ မပါနဲ့”

သူထွက်လာတဲ့ အထိ သုံးကောင်လုံး ခေါင်းတွေ ကုတ်လိုက် ၊ ပွစိပွစိ ပြောလိုက်နဲ့ ကျန်ခဲ့ကြတယ်။ ထွန်းကိုကလည်း

“ခန့်ညီ မင်း ရန်ဖြစ်ရင် ကျောင်းထုတ်ခံရမှာနော်”

“ကျောင်းထဲမှာ ဖြစ်တာမဟုတ်ဘူး။ ပြီးတော့ ကျောင်းဝတ်စုံနဲ့ ဖြစ်မှာ မဟုတ်ဘူး”

သူ table tennis လေ့ကျင့်ရင် ဝတ်နေကျ အိမ်နေရင်း တီရှပ်အဟောင်းနဲ့ ဘောင်းဘီတိုက ကားထဲမှာ အဆင်သင့် ရှိပြီးသား။

ဘယ်နှစ်ဘဝစာ စုမိထားတဲ့ မကျေနပ်ချက်တွေလဲတော့ သူလည်း မသိတော့ဘူး။ ခေါင်းထဲမှာလည်း ဘိုရုပ်ကလေးတွေပဲ ကြိုက်တာမလားဆိုတာက စွဲနေပြီး…အခု ယောကျာ်းလေးကိုမှ သူနဲ့တစ်ရုပ်တည်း တူတဲ့ အမွှာအစ်ကိုကို လာကြိုက်တာလေ။
ပြီးတော့ နေသစ်က သူ့ကို အရင် “မင်းဘာသာမင်း နေစမ်းပါ” ဆိုပြီး အရေးမပါသလို ဆက်ဆံတာ။ သူ့သွေးတွေ ပွက်ပွက်ဆူလာတာ။ သူ့ကို မြင်တော့ မြူးတူးနေတဲ့ မျက်နှာပေးအပြင်ကိုမှ

“ခန့်ရဲ့ညီလေး” ဆိုပြီး နှုတ်ဆက်တည်းက အဲ့ ပါးစပ်ကို တစ်ချက်ရိုက်လိုက်ချင်လာတော့တာပဲ။ သူ့စိတ်တွေ လွတ်သွားခဲ့တယ်။ ရန်ဖြစ်ရင် လူတွေ ဆဲဆိုတတ်သမျှ စကားလုံးတွေ အကုန် ပါးစပ်ထဲက ထွက်လာပြီး အော်ဟစ်မိတယ်။ သူ့အောက်က လူကို ထုရိုက်မိတယ်။ နေသစ်လည်း ကြောင်အနေမယ် ဆိုတာ သူတွေးမိပါတယ်။ ဒါပေမဲ့ ဘယ်ဘဝက အငြိုးတွေ ဒေါသတွေလဲ‌တော့ သူမသိတော့ဘူး။

စိတ်ထဲမှာသာ ဘိုရုပ်ကလေးတွေပဲ ကြိုက်တာဆို လို့‌ အော်ဟစ်နေရင်းမှ တကယ်တမ်းနှုတ်က ထွက်လာတာ

“စောက်ခြောက် ငါ့ အစ်ကို ကို လာမကြိုက်နဲ့” ဆိုတာပဲ။

ထူးဆန်းစွာပဲ နေသစ်က သူ့ကို ထိထိမိမိ ပြန်မလုပ်ခဲ့ဘူး။ နောက်ဆုံး မခံနိုင်လွန်းလို့ထင် လက်တစ်ဖက် မြောက်တတ်လာပြီး သူ့ကို လက်‌ဖျံနဲ့ တစ်ချက်ရိုက်လိုက်တယ်။

ပါးစောင်တစ်ခုလုံး ပူထူသွားတဲ့ နာကျင်မှုကြောင့် သူ့စိတ်တွေ ပိုလောင်မြိုက်တယ်။ ငါ့ကို နာအောင် လုပ်တယ်။ မင်းက ရာရာစစ ငါ့ကို နာ‌‌အောင်လုပ်တယ်။ ဘယ်သူက အပြစ်လုပ်ထားတာလဲ ဆိုတဲ့ စကားတွေက ရင်ထဲမှာပဲ မီးတောင်တွေ အဆင့်ဆင့် ပေါက်ကွဲသလို ကွဲထွက်လာတယ်။

နောက်ဆုံး အရှိန်လွန်ပြီး သူ့လက်ကောက်ဝတ် ကျိုးသွားတော့မှ သူ အားခနဲ တစ်ချက် အော်မိတယ်။ ခန္ဓာကိုယ်က နာကျင်မှု ရော စိတ်အတွင်းပိုင်းက နာကျင်မှုတွေ အားလုံး လှိုက်တက်လာသလိုပါပဲ။ ကျနေ ပူပူမှာ သူ ပစ်လဲကျသွားတော့တယ်။

အဲ့တော့လည်း သူ့ကို အရင်ပွေ့ထူတာ နေသစ် ပါပဲ။ မကြာဘူး ထွန်းကိုကို နဲ့ အဖော်လိုက်လာတဲ့ ငတုံးသုံးကောင်ပါ သူ့ကို ဝိုင်းသယ်ပိုးပြီး ဆေးရုံ ခေါ်သွားပေးတယ်။ လမ်းတလျောက်မှာ သူ နာကျင်လွန်းလို့ သူ့ကို ဖက်ပေးထားတဲ့ ထွန်းကို ကိုယ်ကို ကပ်ပြီး အသံတိတ် မျက်ရည်တွေ အများကြီး ကျခဲ့တယ်။

အိပ်မက်တွေ ဆက်မမက်တော့ရင် ကောင်းမယ်။ အိပ်မက်ထဲက ဘိုရုပ်က‌လေးတွေကို ကြိုက်တတ်တဲ့ တစ်ယောက်က တကယ်မရှိရင် ကောင်းမယ်။

***

Comments

  1. ငါ့ကလေးရယ် တစ်ယောက်ထဲအများကြီးပင်ပန်းခဲ့ရမှာ😭

    ReplyDelete
  2. စိတ်မကောင်းလိုက်တာခန့်ညီလေးရယ်။ရင်ထဲကိုနင့်သွားတာပဲ။သူ့ခမျာတစ်ယောက်တည်းကြိတ်ချစ်ကြိတ်ခံစားနေရရှာတာ

    ReplyDelete
  3. ငါ့ကလေးလေးရယ်😭

    ReplyDelete
  4. ဘိုရုပ်ကလေးကိုကြိုက်တာဘယ်သူ့ကြောင့်လဲလို့

    ReplyDelete

Post a Comment

Popular posts from this blog

1

အခန်း (၁) ရှန်ယွီ သည် ကားနောက်ခန်းတွင် ဘေးတစောင်းမှီလျက် ထိုင်နေရင်း သူ၏ခေါင်းမှာ ကားမှန်ပြတင်းနှင့်ထိုင်ခုံနောက်မှီကြားတွင် ခုန်ပေါက်နေသော ပင်ပေါင်ဘောလုံးလေးတစ်လုံး ကဲ့သို့ ဟိုဘက်ဒီဘက် ဆောင့်မိနေလျက်။ တစ်နာရီကျော်ကြာသည်အထိ လမ်းမှာ ဆိုးရွားနေခဲ့ပြီး တစ်နေရာလေးတောင် ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကားထဲတွင်လည်း နားကွဲမတတ် ကျယ်လောင်သည့် တေးသီချင်းသံများဖြင့် ပြည့်နှက်နေပြီး ၊ အပြင်ဘက်မှာလည်း မိုးများ သည်းထန်စွာ ရွာသွန်းနေသည်။ အဆက်မပြတ် ကားနှင့် ခေါင်း ဆောင့်နေသည့်ဒဏ်နှင့် ဆူညံသံများကြောင့် ရှန်ယွီ ခေါင်းမူးလာသည်။ သူ၏လည်ပင်းမှာလည်း နာကျင်နေပြီဖြစ်ရာ ခေါင်းကို ငြိမ်အောင်ထားရန်ပင် မကြိုးစားချင်တော့ပေ။ ရှေ့မှ ကားမောင်းနေသော လျူဝူ က တစ်ခုခုပြောလိုက်သော်လည်း သူ သေချာမကြားရ။ “ဟင်...” ရှန်ယွီက ခေါင်းကိုခါယမ်းရင်း ပြန်ထူးလိုက်သည်။ ထိုအခါ လျူဝူက ဘေးလူထိုင်ခုံပေါ်မှ ကာရာအိုကေ မိုက်ကရိုဖုန်းကို ကောက်ကိုင်လိုက်ပြီး “ဝမ်းကွဲအစ်ကိုကြီး... ဖုန်းကိုင်ပါဦးခင်ဗျား!” ဟု ဟစ်အော်ပြောလိုက်လေသည်။ ရှန်ယွီ ခဏလောက် စမ်းတဝါးဝါး ရှာဖွေပြီးနောက် ထိုင်ခုံကြားထဲကနေ သူ့ဖုန်းကို နှိုက်ထုတ်လိုက်နိုင်၏ ။ Spam အဖြစ် မှတ်သားထား...

ဇာတ်လမ်း မိတ်ဆက်

  Qiu Zao (秋燥) / by Wu Zhe / ဆောင်းဦးမြို့က ရွက်ကြွေနီ/ translated by Hsu Chi Ko ဇာတ်လမ်း မိတ်ဆက်  Slice of Life, First Love, Romance, & Second Family ရိုးရှင်းပြီး ငယ်ရွယ်တဲ့ အချစ်ဦးပုံပြင် ၊ နေ့စဥ်ဘဝမှာ ပင် သင်လည်း တွေ့ဆုံ ကြုံကြိုက်နိုင်တဲ့ မေတ္တာ ၊  စိတ်ကူးယဥ် ကမ္ဘာပေမဲ့… အဲ့လောက်ကြီး ကျ မဖြစ်နိုင်ဘူးလို့ ငြင်းလို့မရတဲ့ လက်တွေ့ဆန်မှု ။ ဒီနေရာမှာ အားလုံးရှိတယ်။ Wu Lao Shi ရဲ့ ထုံးစံအတိုင်း အချင်းချင်းဖေးမ စောင့်‌ရှောက် ၊ အတူတူ ကြီးပြင်းဆိုတာလေးတွေကို ဒီမှာ အပြည့်အဝတွေ့ရမယ်။ Age gap 6 နှစ်လေးကလည်း စွဲမက်စရာအပြင်ကိုမှ GeGe Shan Yu  ရဲ့ အပြောတစ်ပေါက် လျှမ်းလျှမ်းတောက်မှုတွေကိုလည်း တွေ့ရမယ်။ Introvet လေးပေမဲ့ ဘော့စ်ရှန်ရဲ့ Problem solving skill , Human resource management , collaboration skill နဲ့ ပိုက်ဆံကို လက်မကပ်ဘဲ Happy Money အဖြစ် သုံးစရာရှိတဲ့ နေရာမှာ သုံးချလိုက်တာတွေက အတုယူစရာပဲ။ ပါးစပ်ထဲကလျှာကတော့ အသွားနှစ်ဖက်ဓားလို ထက်လွန်းလို့ ဒါဖတ်ပြီးရင် အရမ်း ပက်ခနဲ ပက်ခနဲ ပြောပြီးစွာချင်လာလို့ မနည်းထိန်းရတဲ့အထိပဲ ။ တကယ်ကိုယ်တွေ့ပါ။ Wu Lao Shi သားတွေထဲ သူအစွာဆုံးပဲ...

2

အခန်း (၂) မိုးမှာ တဖွဲဖွဲတစ်လှည့်၊ သည်းထန်စွာတစ်လှည့် ဆက်လက်ရွာသွန်းနေဆဲ…ဆိုင်တံခါးအပြင်ဘက်ရှိ မိုးကာအမိုးပေါ်တွင် ရေများပြည့်လျှံနေပြီး အချိန်မရွေး ပြိုကျတော့မည့်အလား ။ လျူဝူသည် ထိုအမိုးကို ခေတ္တမျှ စောင့်ကြည့်နေပြီးနောက် လက်ညှိုးထိုးပြကာ မေးမြန်းစူးစမ်းခန်းစသည်။ “အဲ့ဒီဟာက ရေတွေကို အလိုအလျောက် စီးဆင်းအောင် လုပ်ပေးနိုင်တာလား” “ဟုတ်တယ်” ချန်ကျန် ခပ်တိုတိုပဲ ပြန်ဖြေ၏။ “ဟင်” လျူဝူသည် အံ့အားသင့်သွားပြီး “တကယ်ကြီး အလိုအလျောက်လား” ဟု ထပ်မေးသည်။ “အသံနဲ့ ခိုင်းရတာလေ” “ဗျာ” ချန်ကျန့် အဖြေကြောင့် လျူဝူမှာ ပို၍ပင် ဝေခွဲမရဖြစ်သွားတော့သည်။ ရှန်ယွီသည် သက်ပြင်းချရင်း မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်ရ‌တော့၏။ ချန်ကျန် မတ်တတ်ရပ်လိုက်ပြီး တံခါးဘေးရှိ ခွတစ်ခုကို ယူကာ မိုးကာအမိုးအောက်သို့ လမ်းလျှောက်သွားသည်။ ထို့နောက် အမိုး၏ အပေါ်ဘက်ကို နှစ်ချက်ခန့် ဆွလိုက်ရာ စုပုံနေသော မိုးရေများမှာ ဝေါကနဲ စီးကျသွားပြီး မိုးကာအမိုးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ “မင်း ပြောလိုက်တဲ့ ခဏမှာပဲ ရေတွေက စီးဆင်းသွားတာလေ” ချန်ကျန် ပြန်လည်ထိုင်လိုက်ရင်း “အသံနဲ့ ခိုင်းရတာဆိုတာ အဲ့ဒါကို ပြောတာ” ဟု ဆိုသည်။ “အသံနဲ့ ခိုင်းရတယ်ဆို...